credit;
Unicode
“မမ”ဆိုတာ ၁၅,၁၆ကို ခေါ်တာမဟုတ်ဘူး အနည်းဆုံးအသက်က ၂၃အထက် ဖြစ်ရမယ်…”
တချက်ကြည့်လိုက်တာနဲ့ တည်ငြိမ်ပီး ရင့်ကျက်နေရမယ်….
“မမရေ”လို့ခေါ်လိုက်တာနဲ့ သူ ထူးလိုက်တဲ့ “ရှင်”ဆိုတဲ့အသံက နွေးထွေးမှုအပြည့်ရှိရမယ်….
အသားခပ်လတ်လတ် မျက်ခုံးကောင်းကောင်း အနည်းဆုံး အရပ် ၅’၆” ရှိရမယ်….
ဆံပင်ကို အပေါစား ဆိုးဆေးတွေ ဆိုးမထားပဲ သဘာဝ အနက်ရောင်အတိုင်း သပ်သပ်ရပ်ရပ် ဖီးသင်ထားရမယ်…
လုံချည် ကောင်းကောင်းဝတ်တတ်ရမယ် (မုန့်ဖက်ထုပ် ဖင်ကျပ်ဘောင်းဘီ)မဟုတ်ပဲ လူကြီးဆန်ဆန် ဝတ်တတ်ရမယ်…
မသိတာ မတတ်တာ မေးတဲ့အခါ အမြဲတမ်း welcome ဖြစ်နေပီး ဖြေရှင်းချက်ပေးနိုင်တဲ့ ဆရာဆန်ဆန်ပုံမျိုး ဖြစ်ရမယ်..
အမှားလုပ်ပီး “မမတောင်းပန်ပါတယ်” ဆိုတာမျိုးထက် အမှားကင်းပီး “မမ” မကြိုက်တာတွေ သိပ်မလုပ်နဲ့ခလေး”ဆိုတာမျိုးဖြစ်နေရမယ်….
မမ စိတ်ဆိုးအောင်လုပ်ရင် မမ ချော့ရမယ်… ခလေး စိတ်ဆိုးအောင်လုပ်ရင်လဲ မမက ချော့တတ်ရမယ်…
အာ့လို ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံမှ “မမ”လို့ခေါ်တယ်ကွဲ့…
2000,2001 ဖွား ညီမလေးတို့ ဘေးဖယ်နေစေချင်တယ် အဟက် :
credit;



