ၾကားသိရသမွ်

လမ်းဘေးမှာ တောင်းစားနေတဲ့ကလေးငယ်ကို ငရုတ်သီးစိမ်းဝါးစားခိုင်းပြီးမှ ပိုက်ဆံပေးခဲ့တဲ့အမျိုးသားရဲ့ စာနာစိတ်မရှိတဲ့လုပ်ရပ်

လမ်းဘေးမှာ တောင်းစားနေတဲ့ကလေးငယ်ကို ငရုတ်သီးစိမ်းဝါးစားခိုင်းပြီးမှ ပိုက်ဆံပေးခဲ့တဲ့အမျိုးသားရဲ့ စာနာစိတ်မရှိတဲ့လုပ်ရပ် (ရုပ်သံ)

 

တစ်ချို့သောစာနာစိတ်မရှိသူတွေဟာ ဆာလောင်ငတ်မွတ်သူတွေကို ပိုက်ဆံပေးပြီး အရှက်ခွဲလှောင်ပြောင်တတ်ကြပါတယ် ။

ဒီတစ်ခေါက်မှာလည်း Hassan Mohamed Hussein အမည်နဲ့ Facebook အသုံးပြုသူတစ်ယောက် အရှေ့အလယ်ပိုင်နိုင်ငံလို့ယူဆရတဲ့ နိုင်ငံတစ်ခုရဲ့လမ်းမဘေးမှာထိုင်ပြီး တောင်းရမ်းစားသောက်နေခဲ့တဲ့ ကလေးမလေးကို အမျိုးသားတစ်ယောက်က ပိုက်ဆံပေးပြီး ငရုတ်သီးအစိမ်းကိုကိုက်စားပြခိုင်းခဲ့ပါတယ် ။

Hussan ရေးသားထားတာကတော့ ” ဆင်းရဲသားတွေရဲ့မျက်ရည်နဲ့ အပျော်ရှာကြတဲ့လူချမ်းသာတွေရဲ့လုပ်ရပ်ဟာ အတော်လေးကိုရင်နာဖို့ကောင်းလွန်းလှပါတယ် ၊ ပိုက်ဆံအနည်းငယ်ရဖို့ ငရုတ်သီးကိုကိုက်စားခဲ့တဲ့ ကလေးမရဲ့ဝမ်းဗိုက်ဘယ်လောက်တောင် ပူလောင်နေလိမ့်မလဲ ၊ ဆင်းရဲသားကလေးတွေရဲ့ မျက်ရည်နဲ့အပျော်ရှာတဲ့ လူချမ်းသာတွေရဲ့လုပ်ရပ်က စက်ဆုပ်ဖို့ကောင်းလွန်းလှပါတယ် ” ဆိုပြီး ရေးသားထားခဲ့တာပါ ။

 

Video ထဲမှာတော့ ကလေးငယ်ဟာ အဆိုပါအမျိုးသားကမ်းပေးလိုက်တဲ့ ငရုတ်သီးကို အားရပါးရကိုက်စားပြခဲ့ပါတယ် ။ ခဏအကြာမှာတော့ ကလေးမလေးက အတော်စပ်နေပုံရပြီး ၊ မစပ်သလိုဟန်ဆောင်နေခဲ့ပေမဲ့

မျက်ရည်တွေကတော့ ပူလောင်မှုဒဏ်ကြောင့် အဆက်မပျက်စီးကျလာခဲ့ပါတော့တယ် ။ ထို့နောက် အဆိုပါအမျိုးသားက ကလေးမလေးကို ပိုက်ဆံအနည်းငယ်ပေးလိုက်ပြီး အားရပါးရရယ်မောနေခဲ့ပါတော့တယ် ။

အဆိုပါ video လေးဟာ ကြည့်ရှုမိသူတိုင်းရဲ့ ရင်ထဲကိုအတော်လေးထိခိုက်နာကျင်စေခဲ့ပါတယ် ။ ရိုးရိုးရှင်းရှင်း ပိုက်ဆံကိုပေးကမ်းစွန့်ကျဲရင်ရပါလျက်နဲ့ ယခုလိုလှောင်ပြောင်ရယ်မောခဲ့တဲ့ အဆိုပါ

အမျိုးသားကို လူအတော်အများကစိတ်ဆိုးခဲ့ကြပြီး comment မှာ မျိုးစုံဝေဖန်ပေးခဲ့ပါတော့တယ် ။ ဘယ်လောက်ကြီးပဲ ချမ်းသာနေပါစေ ပိုက်ဆံဆိုတဲ့အရာက လူ့ရဲ့ဂုဏ်သိက္ခာအဆင့်အတန်းကိုတော့ ပြန်ဝယ်လို့မရဘူးဆိုတာ အဆိုပါအမျိုးသားက သဘောပေါက်သွားပြီလို့တော့ ထင်မြင်မိပါတယ် ။ ခရက်ဒစ်

&;

Zawgyi

လမ္းေဘးမွာ ေတာင္းစားေနတဲ့ကေလးငယ္ကို င႐ုတ္သီးစိမ္းဝါးစားခိုင္းၿပီးမွ ပိုက္ဆံေပးခဲ့တဲ့အမ်ိဳးသားရဲ႕ စာနာစိတ္မရွိတဲ့လုပ္ရပ္ (႐ုပ္သံ)တစ္ခ်ိဳ႕ေသာစာနာစိတ္မရွိသူေတြဟာ ဆာေလာင္ငတ္မြတ္သူေတြကို ပိုက္ဆံေပးၿပီး အရွက္ခြဲေလွာင္ေျပာင္တတ္ၾကပါတယ္ ။

ဒီတစ္ေခါက္မွာလည္း Hassan Mohamed Hussein အမည္နဲ႔ Facebook အသုံးျပဳသူတစ္ေယာက္ အေရွ႕အလယ္ပိုင္ႏိုင္ငံလို႔ယူဆရတဲ့ ႏိုင္ငံတစ္ခုရဲ႕လမ္းမေဘးမွာထိုင္ၿပီး ေတာင္းရမ္းစားေသာက္ေနခဲ့တဲ့ ကေလးမေလးကို အမ်ိဳးသားတစ္ေယာက္က ပိုက္ဆံေပးၿပီး င႐ုတ္သီးအစိမ္းကိုကိုက္စားျပခိုင္းခဲ့ပါတယ္ ။

Hussan ေရးသားထားတာကေတာ့ ” ဆင္းရဲသားေတြရဲ႕မ်က္ရည္နဲ႔ အေပ်ာ္ရွာၾကတဲ့လူခ်မ္းသာေတြရဲ႕လုပ္ရပ္ဟာ အေတာ္ေလးကိုရင္နာဖို႔ေကာင္းလြန္းလွပါတယ္ ၊ ပိုက္ဆံအနည္းငယ္ရဖို႔ င႐ုတ္သီးကိုကိုက္စားခဲ့တဲ့ ကေလးမရဲ႕ဝမ္းဗိုက္ဘယ္ေလာက္ေတာင္ ပူေလာင္ေနလိမ့္မလဲ ၊ ဆင္းရဲသားကေလးေတြရဲ႕ မ်က္ရည္နဲ႔အေပ်ာ္ရွာတဲ့ လူခ်မ္းသာေတြရဲ႕လုပ္ရပ္က စက္ဆုပ္ဖို႔ေကာင္းလြန္းလွပါတယ္ ” ဆိုၿပီး ေရးသားထားခဲ့တာပါ ။

Video ထဲမွာေတာ့ ကေလးငယ္ဟာ အဆိုပါအမ်ိဳးသားကမ္းေပးလိုက္တဲ့ င႐ုတ္သီးကို အားရပါးရကိုက္စားျပခဲ့ပါတယ္ ။ ခဏအၾကာမွာေတာ့ ကေလးမေလးက အေတာ္စပ္ေနပုံရၿပီး ၊ မစပ္သလိုဟန္ေဆာင္ေနခဲ့ေပမဲ့

မ်က္ရည္ေတြကေတာ့ ပူေလာင္မႈဒဏ္ေၾကာင့္ အဆက္မပ်က္စီးက်လာခဲ့ပါေတာ့တယ္ ။ ထို႔ေနာက္ အဆိုပါအမ်ိဳးသားက ကေလးမေလးကို ပိုက္ဆံအနည္းငယ္ေပးလိုက္ၿပီး အားရပါးရရယ္ေမာေနခဲ့ပါေတာ့တယ္ ။

အဆိုပါ video ေလးဟာ ၾကည့္ရႈမိသူတိုင္းရဲ႕ ရင္ထဲကိုအေတာ္ေလးထိခိုက္နာက်င္ေစခဲ့ပါတယ္ ။ ႐ိုး႐ိုးရွင္းရွင္း ပိုက္ဆံကိုေပးကမ္းစြန႔္က်ဲရင္ရပါလ်က္နဲ႔ ယခုလိုေလွာင္ေျပာင္ရယ္ေမာခဲ့တဲ့ အဆိုပါ

အမ်ိဳးသားကို လူအေတာ္အမ်ားကစိတ္ဆိုးခဲ့ၾကၿပီး comment မွာ မ်ိဳးစုံေဝဖန္ေပးခဲ့ပါေတာ့တယ္ ။ ဘယ္ေလာက္ႀကီးပဲ ခ်မ္းသာေနပါေစ ပိုက္ဆံဆိုတဲ့အရာက လူ႔ရဲ႕ဂုဏ္သိကၡာအဆင့္အတန္းကိုေတာ့ ျပန္ဝယ္လို႔မရဘူးဆိုတာ အဆိုပါအမ်ိဳးသားက သေဘာေပါက္သြားၿပီလို႔ေတာ့ ထင္ျမင္မိပါတယ္ ။ ခရက္ဒစ္