အခ်စ္ေရး

ပေါတောတောနေတဲ့သူတွေကို လုံးပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်ဝလျှော့မတွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်

ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်

တစ်ခါတလေမှာ ပေါတောတောနေတတ်တဲ့သူတွေဟာ

ဘဝကိုလေးလေးနက်နက်မရှိဘူး၊

ခံစားချက်မရှိဘူးလို့အထင်ခံရတတ်ပါတယ်။

ဒါပေမယ့်လည်း ဒီလိုမဟုတ်ပါဘူး။

ပေါတောတောနေတဲ့သူတွေကို

လုံးဝလျှော့မတွက်သင့်တဲ့

အကြောင်းရင်းတွေကိုဖော်ပြ ပေးလိုက်ပါတယ်။

(၁) လူတွေရဲ့စိတ်ကို အလွယ်တကူမြင်နိုင်တယ်

ပေါတောတောနေတတ်တဲ့သူတွေဟာ

ဘာကိုမှမစဉ်းစားပဲ နေတတ်တဲ့သူတွေလို့ ထင်ရတတ်ပါတယ်။

ဒါပေမယ့်လည်း မဟုတ်ပါဘူး။

အသေးစိတ်ကအစ

ကောင်းကောင်းဝေဖန်သုံးသပ်တတ်တဲ့ သူတွေပါ။

ဒါကြောင့်လူတွေရဲ့ စိတ်ကို အလွယ်တကူမြင်နိုင်ပါတယ်။

မျက်နှာဖုံးတွေ နောက်ကွယ်မှာ ဘယ်သူကောင်းလဲ၊

ဘယ်သူဆိုးလဲဆိုတာကို ကောင်းကောင်းသိနိုင်တဲ့သူတွေပါ။

(၂) ဖုံးကွယ်ထားတဲ့စိတ်ခံစားချက်တွေရှိတယ်

ပေါတောတောနေတတ်တဲ့သူတွေမှာ ဖုံးကွယ်ထားတဲ့

စိတ်ခံစားချက်တွေ ရှိပါတယ်။

သူတို့ရဲ့ ဘဝမှာ ဒီလိုပေါတောတောနေလိုက်ဖို့

ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းတွေလည်း ရှိနေတတ်ပါတယ်။

သာမန်လူတွေတောင် မခံစားနိုင်လောက်တဲ့

စိတ်ဒဏ်ရာတွေလည်းရှိနေတတ်ပါတယ်။

(၃) လူတွေကိုပျော်ရွှင်စေနိုင်တယ်

ပေါတောတောနေတဲ့သူတွေဟာ လူတွေကို

ပျော်ရွှင်စေချင်တဲ့သူတွေဖြစ်ပြီး

ပျော်အောင်လည်း တကယ်လုပ်နိုင်တဲ့သူတွေပါ။

လူတွေကိုပျော်ရွှင်စေချင်တဲ့အတွက်

ကိုယ့်ရဲ့ ခံစားချက်တွေကို ဖုံးကွယ်ပြီး

ပေါတောတောနေပေးတာဖြစ်ပါတယ်။

တစ်ဖက်တလမ်းကနေ

လူသားတွေကို အကျိုးပြုနေတဲ့သူတွေပါ။

(၄) တစ်ယောက်တည်းကြိတ်ခံစားတတ်တယ်

ပေါတောတောနေတတ်တဲ့သူတွေဟာ

ခံစားချက်တွေကို ထုတ်မပြတတ်တဲ့သူတွေပါ။

ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ

တစ်ယောက်တည်း ကြိတ်ခံစားမယ့်သူတွေ ဖြစ်ပါတယ်။

လူတွေနဲ့ဝေးရာမှာတစ်ယောက်တည်း

ခံစားတတ်တဲ့သူတွေဖြစ်ပါတယ်။

အရာရာကိုပေါ့ပျက်ပျက်တွေးတတ်တဲ့သူတွေလို့မထင်ပါနဲ့

အရမ်းကိုထိခိုက်ခံစားလွယ်တဲ့သူတွေပါ။

(၅) ကြီးမားတဲ့အနာဂတ်အစီအစဉ်တွေရှိတယ်

ပေါတောတောနေတတ်တဲ့သူတွေဟာ

မထင်မှတ်ထားလောက်အောင် ထက်မြက်နေတတ်ပါတယ်။

သူတို့မှာ သူများနဲ့မတူတဲ့ အကြံဉာဏ်တွေ၊

ဘဝရည်မှန်းချက်တွေ၊ အနာဂတ်အစီအစဉ်ကောင်းတွေ

ရှိနေတတ်ပါတယ်။

မလုပ်ရင်လည်း မလုပ်ဘူး၊ လုပ်ပြီဆိုရင်လည်း

လူတိုင်းအံံ့သြသွားလောက်အောင် လုပ်နိုင်တဲ့သူတွေပါ။

Unicode

လူတိုင်းအံ့သြသွားလောက်အောင် လုပ်နိုင်တဲ့သူတွေပါ။