အလွပေရးရာ

အရွယ်မတိုင်ခင် ဆံဖြူခြင်းကို ကာကွယ်ရန် နည်းလမ်း(၇)သွယ်

အရွယ်မတိုင်ခင် ဆံဖြူခြင်းကို ကာကွယ်ရန် နည်းလမ်း(၇)သွယ်

ပျိုမေတို့ဟာ အရွယ်မတိုင်ခင်အသားအရေ အိုမင်းရင့်ရော်မှုမဖြစ်စေဖို့ကို အလွန်အာရုံစိုက် ဂရုပြုကြရသလို အဲဒီလိုပဲ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကိုလည်း ဂရုပြုကြရပါမယ်။

မိန်းမသားအများစုအတွက် တောက်ပတဲ့ ကျက်သရေဟာ ဆံကေသာပဲဖြစ်ပါတယ်။ ဒီဆံကေသာအတွက် ပစ္စည်းကိရိယာတွေ၊ အလှကုန်တွေ၊ အချိန်တွေ၊ ငွေတွေ အများကြီးပေးပြီး အသုံးပြုနေပေမဲ့ ဆံပင်ဖြူတာကို ကာကွယ်ဖို့အတွက်တော့ မေ့လျော့နေတတ်ကြပါတယ်။ အချိန်က ဆံပင်ရဲ့ အရောင်နဲ့ အရည် အသွေးကို ပြောင်းလဲစေနိုင်ပါတယ်။ ဇရာကို ရှောင်ကြဉ်လို့မရတဲ့အတွက် ဆံကေသာကို အံ့သြဖွယ်ကောင်းလောက်အောင် ကြည့်ကောင်းစေပြီး အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ဖို့အတွက်နည်းလမ်း အချို့ကို သိထားဖို့လိုအပ်ပါတယ်။

၁။ ဦးရေပြားကို သန့်ရှင်းပါစေ

ဦးရေပြားရဲ့ အရေးကြီးမှုကို မဖော်ပြဘဲ နဲ့ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ဖို့အကြောင်း ပြောလို့မရပါဘူး။ ဆံပင်ဖြူတော့မယ့် လက္ခဏာတွေထဲကတစ်ခုကတော့ ဆံပင်ပါးလာခြင်းပဲဖြစ်တယ်။ ဒါပေမဲ့ ဦးရေပြားကို သန့်ရှင်းအောင် ဂရုတစိုက်နဲ့ ထိန်းသိမ်းမယ်ဆိုရင်တော့ ပိုမိုကျန်းမာတဲ့ ဆံသားကို ရရှိနိုင််ပြီး ဆံပင်ကျွတ်ခြင်းကိုလည်း လျော့နည်းစေပါတယ်။ ဦးရေပြားပေါ်က ချွေးပေါက်တွေကို သန့်ရှင်းနေစေဖို့အတွက် သန့်စင်ရည်တစ်မျိုးမျိုးနဲ့ ပြုပြင်မွမ်းမံနိုင်ပါတယ်။ ဒါမှလည်း နူးညံ့ချောမွတ်တဲ့ဆံကေသာကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

၂။ သန့်ရှင်းသော အစားအစာများကိုစားပါ

ဆံပင်အမျိုးအစားအားလုံးအတွက် အရေးကြီးတဲ့အချက်ကတော့ ကျန်းမာရေးနဲ့ လိုက်လျောညီထွေဖြစ်အောင် စားသောက်ခြင်းပဲဖြစ်ပါတယ်။ ဆံကေသာကို တောက်ပပြီး ဆွဲဆောင်မှုရှိစေဖို့ အဓိကသော့ချက်ကတော့ သန့်သန့်ရှင်းရှင်း စားသောက်ဖို့ပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ဆံကေသာကို ပိုင််ဆိုင်စေဖို့ ပရိုတိန်းနဲ့ ဗီတာမင်တို့ကို ပေးစွမ်းနိုင်တဲ့ အစားအစာမျိုးကို စားသုံးသင့်ပါတယ်။ ဥပမာ ဆော်လမွန်ငါး၊ ပဲနီကလေး၊ ဒိန်ချဉ်၊ စပျစ်စတဲ့ အစားအစာမျိုးတွေကို စားသုံးနိုင်ပါတယ်။

၃။ အပူအတိုင်းအတာ

ဆံကေသာကို အပူပေးကိရိယာအကန့် အသတ်နဲ့ အတိုင်းအတာတစ်ခုအရ အသုံးပြုခြင်းကလည်း အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ Dryer ကို ဦးရေပြား နဲ့ ဆံပင်တွေနားကပ်ပြီး အပူပေးအခြောက်ခံလေ့ရှိရင် အဲဒီအလေ့အကျင့် ဆိုးကြီးကို ဖျောက်ဖျက်ပစ်ရမှာဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ အပူဟာ ဆံပင်ဖြူခြင်းနဲ့ ဆံပင်ပေါက်စေတဲ့ ပရိုတိန်းဓာတ်ကို လျော့နည်းစေတဲ့ အကြီးမားဆုံးသော အန္တ့ရာယ် ပဲလို့ ပြောပါတယ်။ အပူဟာ ဆံပင်နဲ့ ဦးရေပြားက အစိုဓာတ်တွေအားလုံးကို ဖယ်ရှားသုတ်သင်နိုင်ပါတယ်။ ဒါ့ကြောင့် အပူပေးကိရိယာတွေကို ဆက်တိုက် အသုံးမပြုမိဖို့ အရေးကြီးပါတယ်။

၄။ ခေါင်းဖြီးခြင်း

”တစ်နေ့မှာ ဆံပင်ကိုအကြိမ်(၁ဝဝ) ဖြီးရမယ်”ဆိုတဲ့ ခေတ်မမီတော့တဲ့ ဆံပင်ထိန်းသိမ်းနည်းကို ပျိုမေတို့ကြားဖူးမယ်လို့ ထင်ပါတယ်။ အဲဒီခေတ်ဟောင်းအယူအဆကြီးကို စိတ်ထဲကနေ ဖယ်ထုတ်လိုက်ပါ။ ဘာလို့လဲဆိုတော့ ဆံပင်ကို အလွန်အကျွံဖြီးခြင်းက ဆံပင် ဖြူခြင်းကို အားပေးရာရောက်ပါတယ်။ ဆံပင် မကြာခဏဖြီးခြင်းနဲ့ အားပြင်းပြင်း ဖြီးခြင်းတို့က ဆံပင်ရဲ့ အရင်းပိုင်းတွေကို ပျက်စီးစေပြီး ဆံနွယ်ကို အားနည်းစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဆံကေသာ ကျန်းမာစေဖို့အတွက် ခေါင်းဖြီးဖို့ လိုအပ်ပေမယ့် အရမ်းပြင်းပြင်း မဖြီးမိစေဖို့နဲ့ အလွန်အကျွံမဖြီးမိစေဖို့ အထူးသတိပြုစေချင်ပါတယ်။

၅။ ဆံပင်ကို ထူထူပွပွနဲ့ ဖောင်းအောင်မလုပ် မိပါစေနဲ့

ဆံပင်ကို ထူထူပွပွဖြစ်အောင်၊ ဖောင်းပွ အောင်ပြုလုပ်ခြင်းဟာ ဆံပင်ထူပြီး မြင့်သွားစေပေမယ့် အဲဒီလိုလုပ်ခြင်းဟာ ဆံပင်တွေကို ပျက်စီးစေပြီး ဆံပင်အမြန်ဆုံးဖြူစေတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ အခုလောလောဆယ်မှာ အဲဒီလိုလုပ်တာ အဆင်ပြေနေပေမယ့် နောက်ပိုင်းမှာတော့ ဆံပင်ကို ပျက်စီးစေပြီး ဆံပင်အဖြူမြန်နိုင်ပါတယ်။ ဒါ့ကြောင့် ဒါကို ကာကွယ်ဖို့ ဆံကေသာစွမ်းအင်ဖြည့် spray တစ်မျိုးမျိုးကိုသုံးဖို့ စဉ်းစားသင့်ပါတယ်။

၆။ စိတ်ဖိစီးမှုကိုလျော့ချပါ

အသားအရေကစလို့ ဆံကေသာအထိပါ စိတ်ဖိစီးမှုရဲ့ လက္ခဏာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုရဲ့ အကျိုးဆက်ကတော့ သေချာပေါက်ဆံပင်ဖြူခြင်းကို အားပေးပါတယ်။ အခုလို စိတ်ဖိစီးမှုတွေနဲ့ ပြည့်ကျပ်နေတဲ့ ကမ္ဘာမြေကြီးပေါ်မှာ စိတ်ဖိစီးမှုကို လျော့ချပစ်ဖို့အတွက် ခက်ခဲတယ်ဆိုတာကို သဘောပေါက်ပေမဲ့ စိတ်ဖိစီးမှုရဲ့ အကျိုးရလဒ်တွေကို ပြောင်းလဲသွားအောင်တော့ အများကြီးလုပ်လို့ရပါ တယ်။ အသက်ပြင်းပြင်းရှူတဲ့လေ့ကျင့်ခန်း၊YOGA (သို့) တရားထိုင်ခြင်းတွေက ခန္ဓာကိုယ်အတွင်းပိုင်းက စိတ်ဖိစီးမှုတွေကို ပိုမိုလျော့ကျစေဖို့အတွက် ကူညီပေးပါလိမ့်မယ်။

၇။ ဦးရေပြားကို ဂရုစိုက်ပါ

ဦးရေပြားကို သန့်စင်စေခြင်းအားဖြင့် ဆံပင်ဖြူခြင်းကို ကာကွယ်နိုင်ပါတယ်။ အဲဒါကတော့ ဦးရေပြားကိုနှိပ်နယ်ပေးခြင်း၊ ဘောက် မရှိအောင်၊ အစိုဓာတ်ကို ရရှိနိုင်အောင် ပစ္စည်း တစ်မျိုးမျိုးသုံးခြင်းဖြင့် ဦးရေကို ဂရုတစိုက် ထိန်းသိမ်းနိုင်ပါတယ်။ အဲဒီလိုပစ္စည်းမျိုးကို အိမ်မှာ ကိုယ်တိုင်ပြုလုပ်နိုင်သလို အလှကုန် စတိုးဆိုင်တွေမှာလည်း အလွယ်တကူ ဝယ်ယူရ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ကောင်းမွန် တဲ့ Treatment တစ်ခုခုကိုသုံးပြီး ဆံကေသာအတွက် ကျန်းမာသန်စွမ်းမှုတွေ ပေးစွမ်းလိုက်ပါ။ဆံကေသာ ပျက်စီးစေနိုင်တဲ့ အရာတော်တော်များများကို ကြိုးစားထိန်းချုပ်လို့ရပါတယ်။ ဒါပေမဲ့ အသက်အရွယ်ကတော့ ထိန်းချုပ်လို့မရတဲ့ အရာတစ်ခုပါ။ ဆံကေသာ နုပျို ကျန်းမာနေစေဖို့ အတွက် ဖော်ပြပါနည်းလမ်းတွေကို သုံးနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ပါ။ ကျန်းမာစေနိုင်တဲ့ နေထိုင်စားသောက်မှုမျိုးကို ထိန်းသိမ်းလိုက်နာခြင်းက ကောင်းမွန်မှုဖြစ်သလို ဆံကေသာအတွက်ပါ အကျိုးဖြစ်စေပါတယ်။

Credit : Myanmar Spectrum

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်…

အရြယ္မတိုင္ခင္ ဆံျဖဴျခင္းကို ကာကြယ္ရန္ နည္းလမ္း(၇)သြယ္

ပ်ိဳေမတို႔ဟာ အရြယ္မတိုင္ခင္အသားအေ၇ အိုမင္းရင့္ေရာ္မႈမျဖစ္ေစဖို႔ကို အလြန္အာ႐ံုစိုက္ ဂ႐ုျပဳၾကရသလို အဲဒီလိုပဲ အရြယ္မတိုင္ခင္ ဆံပင္ျဖဴျခင္းကိုလည္း ဂ႐ုျပဳၾကရပါမယ္။

မိန္းမသားအမ်ားစုအတြက္ ေတာက္ပတဲ့ က်က္သေရဟာ ဆံေကသာပဲျဖစ္ပါတယ္။ ဒီဆံေကသာအတြက္ ပစၥည္းကိရိယာေတြ၊ အလွကုန္ေတြ၊ အခ်ိန္ေတြ၊ ေငြေတြ အမ်ားႀကီးေပးၿပီး အသံုးျပဳေနေပမဲ့ ဆံပင္ျဖဴတာကို ကာကြယ္ဖို႔အတြက္ေတာ့ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ အခ်ိန္က ဆံပင္ရဲ႕ အေရာင္နဲ႔ အရည္ အေသြးကို ေျပာင္းလဲေစႏိုင္ပါတယ္။ ဇရာကို ေရွာင္ၾကဥ္လို႔မရတဲ့အတြက္ ဆံေကသာကို အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ ၾကည့္ေကာင္းေစၿပီး အရြယ္မတိုင္ခင္ ဆံပင္ျဖဴျခင္းကို ကာကြယ္ဖို႔အတြက္နည္းလမ္း အခ်ဳိ႕ကို သိထားဖို႕လိုအပ္ပါတယ္။

၁။ ဦးေရျပားကို သန္႔ရွင္းပါေစ

ဦးေရျပားရဲ႕ အေရးႀကီးမႈကို မေဖာ္ျပဘဲ နဲ႔ အရြယ္မတိုင္ခင္ ဆံပင္ျဖဴျခင္းကို ကာကြယ္ဖို႔အေၾကာင္း ေျပာလို႔မရပါဘူး။ ဆံပင္ျဖဴေတာ့မယ့္ လကၡဏာေတြထဲကတစ္ခုကေတာ့ ဆံပင္ပါးလာျခင္းပဲျဖစ္တယ္။ ဒါေပမဲ့ ဦးေရျပားကို သန္႔ရွင္းေအာင္ ဂ႐ုတစိုက္နဲ႔ ထိန္းသိမ္းမယ္ဆိုရင္ေတာ့ ပိုမိုက်န္းမာတဲ့ ဆံသားကို ရရွိႏိုင္္ၿပီး ဆံပင္ကြၽတ္ျခင္းကိုလည္း ေလ်ာ့နည္းေစပါတယ္။ ဦးေရျပားေပၚက ေခြၽးေပါက္ေတြကို သန္႔ရွင္းေနေစဖို႔အတြက္ သန္႔စင္ရည္တစ္မ်ဳိးမ်ဳိးနဲ႔ ျပဳျပင္မြမ္းမံႏိုင္ပါတယ္။ ဒါမွလည္း ႏူးညံ့ေခ်ာမြတ္တဲ့ဆံေကသာကို ပိုင္ဆိုင္ေစမွာျဖစ္ပါတယ္။

၂။ သန္႔ရွင္းေသာ အစားအစာမ်ားကိုစားပါ

ဆံပင္အမ်ဳိးအစားအားလံုးအတြက္ အေရးႀကီးတဲ့အခ်က္ကေတာ့ က်န္းမာေရးနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ စားေသာက္ျခင္းပဲျဖစ္ပါတယ္။ ဆံေကသာကို ေတာက္ပၿပီး ဆြဲေဆာင္မႈရွိေစဖို႔ အဓိကေသာ့ခ်က္ကေတာ့ သန္႔သန္႔ရွင္းရွင္း စားေသာက္ဖို႔ပဲျဖစ္ပါတယ္။ က်န္းမာသန္စြမ္းတဲ့ဆံေကသာကို ပိုင္္ဆိုင္ေစဖို႔ ပ႐ိုတိန္းနဲ႔ ဗီတာမင္တို႔ကို ေပးစြမ္းႏိုင္တဲ့ အစားအစာမ်ဳိးကို စားသံုးသင့္ပါတယ္။ ဥပမာ ေဆာ္လမြန္ငါး၊ ပဲနီကေလး၊ ဒိန္ခ်ဥ္၊ စပ်စ္စတဲ့ အစားအစာမ်ဳိးေတြကို စားသံုးႏိုင္ပါတယ္။

၃။ အပူအတိုင္းအတာ

ဆံေကသာကို အပူေပးကိရိယာအကန္႔ အသတ္နဲ႔ အတိုင္းအတာတစ္ခုအရ အသံုးျပဳျခင္းကလည္း အရြယ္မတုိင္ခင္ ဆံပင္ျဖဴျခင္းကို ကာကြယ္ေပးႏိုင္တဲ့ နည္းလမ္းတစ္ခုပါ။ Dryer ကို ဦးေရျပား နဲ႔ ဆံပင္ေတြနားကပ္ၿပီး အပူေပးအေျခာက္ခံေလ့ရွိရင္ အဲဒီအေလ့အက်င့္ ဆိုးႀကီးကို ေဖ်ာက္ဖ်က္ပစ္ရမွာျဖစ္ပါတယ္။ ကြၽမ္းက်င္သူေတြကေတာ့ အပူဟာ ဆံပင္ျဖဴျခင္းနဲ႔ ဆံပင္ေပါက္ေစတဲ့ ပ႐ိုတိန္းဓာတ္ကို ေလ်ာ့နည္းေစတဲ့ အႀကီးမားဆံုးေသာ အႏၲ႕ရာယ္ ပဲလို႔ ေျပာပါတယ္။ အပူဟာ ဆံပင္နဲ႔ ဦးေရျပားက အစိုဓာတ္ေတြအားလံုးကို ဖယ္ရွားသုတ္သင္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အပူေပးကိရိယာေတြကို ဆက္တိုက္ အသံုးမျပဳမိဖို႔ အေရးႀကီးပါတယ္။

၄။ ေခါင္းၿဖီးျခင္း

”တစ္ေန႔မွာ ဆံပင္ကိုအႀကိမ္(၁ဝဝ) ၿဖီးရမယ္”ဆိုတဲ့ ေခတ္မမီေတာ့တဲ့ ဆံပင္ထိန္းသိမ္းနည္းကို ပ်ိဳေမတို႔ၾကားဖူးမယ္လို႔ ထင္ပါတယ္။ အဲဒီေခတ္ေဟာင္းအယူအဆႀကီးကို စိတ္ထဲကေန ဖယ္ထုတ္လိုက္ပါ။ ဘာလို႔လဲဆိုေတာ့ ဆံပင္ကို အလြန္အကြၽံၿဖီးျခင္းက ဆံပင္ ျဖဴျခင္းကို အားေပးရာေရာက္ပါတယ္။ ဆံပင္ မၾကာခဏၿဖီးျခင္းနဲ႔ အားျပင္းျပင္း ၿဖီးျခင္းတို႔က ဆံပင္ရဲ႕ အရင္းပိုင္းေတြကို ပ်က္စီးေစၿပီး ဆံႏြယ္ကို အားနည္းေစမွာျဖစ္ပါတယ္။ ဒါေပမဲ့ ဆံေကသာ က်န္းမာေစဖို႔အတြက္ ေခါင္းၿဖီးဖို႔ လိုအပ္ေပမယ့္ အရမ္းျပင္းျပင္း မၿဖီးမိေစဖို႔နဲ႔ အလြန္အကြၽံမၿဖီးမိေစဖို႔ အထူးသတိျပဳေစခ်င္ပါတယ္။

၅။ ဆံပင္ကို ထူထူပြပြနဲ႔ ေဖာင္းေအာင္မလုပ္ မိပါေစနဲ႔

ဆံပင္ကို ထူထူပြပြျဖစ္ေအာင္၊ ေဖာင္းပြ ေအာင္ျပဳလုပ္ျခင္းဟာ ဆံပင္ထူၿပီး ျမင့္သြားေစေပမယ့္ အဲဒီလိုလုပ္ျခင္းဟာ ဆံပင္ေတြကို ပ်က္စီးေစၿပီး ဆံပင္အျမန္ဆံုးျဖဴေစတဲ့ နည္းလမ္းေတြပဲျဖစ္ပါတယ္။ အခုေလာေလာဆယ္မွာ အဲဒီလိုလုပ္တာ အဆင္ေျပေနေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဆံပင္ကို ပ်က္စီးေစၿပီး ဆံပင္အျဖဴျမန္ႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ဒါကို ကာကြယ္ဖို႔ ဆံေကသာစြမ္းအင္ျဖည့္ spray တစ္မ်ဳိးမ်ဳိးကိုသံုးဖို႔ စဥ္းစားသင့္ပါတယ္။

၆။ စိတ္ဖိစီးမႈကိုေလ်ာ့ခ်ပါ

အသားအေရကစလို႔ ဆံေကသာအထိပါ စိတ္ဖိစီးမႈရဲ႕ လကၡဏာေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ စိတ္ဖိစီးမႈရဲ႕ အက်ဳိးဆက္ကေတာ့ ေသခ်ာေပါက္ဆံပင္ျဖဴျခင္းကို အားေပးပါတယ္။ အခုလို စိတ္ဖိစီးမႈေတြနဲ႔ ျပည့္က်ပ္ေနတဲ့ ကမၻာေျမႀကီးေပၚမွာ စိတ္ဖိစီးမႈကို ေလ်ာ့ခ်ပစ္ဖို႔အတြက္ ခက္ခဲတယ္ဆိုတာကို သေဘာေပါက္ေပမဲ့ စိတ္ဖိစီးမႈရဲ႕ အက်ဳိးရလဒ္ေတြကို ေျပာင္းလဲသြားေအာင္ေတာ့ အမ်ားႀကီးလုပ္လို႔ရပါ တယ္။ အသက္ျပင္းျပင္း႐ွဴတဲ့ေလ့က်င့္ခန္း၊YOGA (သို႔) တရားထိုင္ျခင္းေတြက ခႏၶာကိုယ္အတြင္းပိုင္းက စိတ္ဖိစီးမႈေတြကို ပိုမိုေလ်ာ့က်ေစဖို႔အတြက္ ကူညီေပးပါလိမ့္မယ္။

၇။ ဦးေရျပားကို ဂ႐ုစိုက္ပါ

ဦးေရျပားကို သန္႔စင္ေစျခင္းအားျဖင့္ ဆံပင္ျဖဴျခင္းကို ကာကြယ္ႏုိင္ပါတယ္။ အဲဒါကေတာ့ ဦးေရျပားကိုႏွိပ္နယ္ေပးျခင္း၊ ေဘာက္ မရွိေအာင္၊ အစိုဓာတ္ကို ရရွိႏိုင္ေအာင္ ပစၥည္း တစ္မ်ဳိးမ်ဳိးသံုးျခင္းျဖင့္ ဦးေရကို ဂ႐ုတစိုက္ ထိန္းသိမ္းႏိုင္ပါတယ္။ အဲဒီလိုပစၥည္းမ်ဳိးကို အိမ္မွာ ကိုယ္တိုင္ျပဳလုပ္ႏုိင္သလို အလွကုန္ စတိုးဆိုင္ေတြမွာလည္း အလြယ္တကူ ဝယ္ယူရ ရွိႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ေကာင္းမြန္ တဲ့ Treatment တစ္ခုခုကိုသံုးၿပီး ဆံေကသာအတြက္ က်န္းမာသန္စြမ္းမႈေတြ ေပးစြမ္းလိုက္ပါ။ဆံေကသာ ပ်က္စီးေစႏိုင္တဲ့ အရာေတာ္ေတာ္မ်ားမ်ားကို ႀကိဳးစားထိန္းခ်ဳပ္လို႔ရပါတယ္။ ဒါေပမဲ့ အသက္အရြယ္ကေတာ့ ထိန္းခ်ဳပ္လို႔မရတဲ့ အရာတစ္ခုပါ။ ဆံေကသာ ႏုပ်ဳိ က်န္းမာေနေစဖို႔ အတြက္ ေဖာ္ျပပါနည္းလမ္းေတြကို သံုးႏိုင္ပါတယ္။ ၿပီးေတာ့ ကိုယ့္ကိုကိုယ္လည္း ဂ႐ုစိုက္ပါ။ က်န္းမာေစႏုိင္တဲ့ ေနထိုင္စားေသာက္မႈမ်ဳိးကို ထိန္းသိမ္းလိုက္နာျခင္းက ေကာင္းမြန္မႈျဖစ္သလို ဆံေကသာအတြက္ပါ အက်ဳိးျဖစ္ေစပါတယ္။

Credit : Myanmar Spectrum

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔မွ်ေဝေပးပါေနာ္…