သုံးရက္အတြင္း ေျခလက္ေတြ ျဖဴေဖြးလာေအာင္ ေဆးနည္းသစ္တခု ေပးပါရေစ . . . သုံးရက္မဟုတ္ဘဲ တစ္ရက္နဲ႔ကို သင့္ အသားအေရ ထူးျခား သိသာလာပါလိမ့္မယ္ေနာ္ . . .။
အထူးသျဖင့္ ေနေလာင္ထားတဲ့ ေျခ၊လက္ အသားအေရအတြက္ ဒီနည္းက အသုံး ဝင္လြန္းပါတယ္။ ပ်က္ဆီးေနတဲ့ အသားအေရ ျပန္လည္ ျဖဴေဖြးခ်င္တယ္ ဆိုရင္ အဆင့္(၂)ဆင့္ ျပဳလုပ္ဖို႔ လိုအပ္ပါတယ္ . . .။
ပထမအဆင့္က ဆဲလ္ေသေတြ ဖယ္႐ွားတဲ့အဆင့္ျဖစ္တယ္။ scrub လို႔ ေခၚပါတယ္။ ဒုတိယအဆင့္က ေျခလက္ေတြ ျပန္လည္ ျဖဴေဖြးလာေအာင္ ထိန္းသိမ္းရတဲ့ အဆင့္ ျဖစ္ပါတယ္ . . .။
ဒီအဆင့္ႏွစ္ဆင့္ကို တခ်ိန္တည္း ဆကိတိုက္ျပဳလုပ္ဖို႔ လိုပါတယ္။ ဒီလိုျပဳလုပ္ျခင္းအားျဖင့္ သင့္အသားအေရဟာ သုံးရက္အတြင္း သိသာလာမွာပဲ ျဖစ္ပါတယ္ . . .။
ပထမအဆင့္ – Scrub
ဆဲလ္ေသေတြ ဖယ္႐ွားတဲ့ အဆင့္ျဖစ္တယ္။ ဒီအဆင့္မွာ သၾကား လက္ဖက္ရည္ တစ္ဇြန္းစာ နဲ႔ စႏၵာကူးမႈန္႔ ထမင္းစားဇြန္း တစ္ဇြန္းစာကို ေရာစပ္ပါ . . .။
ၿပီးရင္ အဆိုပါအေရာထဲ ခရမ္းခ်ဥ္သီးကို အတုံး ခပ္ေသးေသးေလး ေတြ ပိုင္းၿပီးထည့္ပါ . . .။ (တခ်ိဳ႕က အထဲက အႏွစ္ကိုလည္း အသုံးျပဳၾကတယ္)
သၾကား၊ စႏၵာကူးမႈန္႔နဲ႔ ခရမ္းခ်ဥ္းသီး သုံးမ်ိဳးအေရာကို ေျခေထာက္ သို႔မဟုတ္ လက္ စတဲ့ေနရာေတြမွာ ၅ – ၁၀ မိနစ္ခန္႔ ၾကာေအာင္ ပြတ္ေပးပါ . . .။
ၿပီးတာနဲ႔ ေရခပ္ေႏြးေႏြးနဲ႔ ေဆးခ်ၿပီး အဝတ္ေျခာက္တခုနဲ႔ ေသခ်ာသုတ္ပါ။ ဒါဆိုရင္ေတာ့ ပထမအဆင့္ ၿပီးပါၿပီ . . .။
ဒုတိယအဆင့္ – whitening pack
ဒီအဆင့္က ေျခလက္ေတြကို ျပန္လည္ ျဖဴေဖြးလာေအာင္ ထိန္းသိမ္းရတဲ့အဆင့္ျဖစ္လို႔ ပိုအေရးႀကီးတယ္။ အရင္ဆုံး အာလူးသီးကို အခြံခြာၿပီး blender ( ႀကိတ္စက္ )ထဲ ထည့္ၿပီး ႀကိတ္ပါ . . .။
blender မ႐ွိရင္ ႏုတ္ႏုတ္စင္းၿပီး ညက္ေအာင္ ေထာင္းလို႔လည္းရပါတယ္။ ၿပီးရင္ ထြက္လာတဲ့ အႏွစ္ကို သန္႔စင္တဲ့ ပိတ္ျဖဴစ (အဝတ္စ)တစ္ခုထဲထည့္ၿပီး အရည္ခ်ည္းထြက္ေအာင္ စစ္ထုတ္ယူပါ . . .။
ဒါဆိုရင္ အာလူးသီးအရည္ ရလာလိမ့္မယ္။ အာလူးသီးအရည္ကို ထမင္းစားဇြန္း (၄)ဇြန္းစာေလာက္ယူၿပီး ေ႐ွာက္သီးရည္ ထမင္းစားဇြန္း (၃)ဇြန္းစာ နဲ႔ အရင္ ေရာစပ္ပါ . . .။
ၿပီးရင္ ဆန္မႈန္႔ ထမင္းစားဇြန္း(၂)ဇြန္း ထပ္ထည့္ပါ။ ေနာက္ဆုံးမွ ပ်ားရည္ ထမင္းစားဇြန္း(၁)ဇြန္း ေရာထည့္လိုက္ၿပီး သမေအာင္ ေမႊရင္ အသားျဖဴေဖြးေစတဲ့ pack တခုရ႐ွိမွာ ျဖစ္ပါတယ္ . . .။
ရလာတဲ့ ေလးမ်ိဳးစပ္ အေရာကို ေျခ၊လက္၊ကုပ္ စတဲ့ေနရာေတြမွာ လိမ္းၿပီး နာရီဝက္ျပည့္ေအာင္ လိမ္းထားလိုက္ပါ။ ၿပီးရင္ ေရေဆးခ် ပစ္လိုက္ပါ …။
နဂိုမည္းေနတဲ့အသားအေရေတြ သုံးရက္အတြင္း သိသိသာသာ ျပန္လည္ျဖဴေဖြးလာတာ ျမင္ေတြ႕ရမွာပဲ ျဖစ္ပါတယ္ေနာ္ . . .။
ေဒါက္တာ ေအးမင္းထူး
Unicode,
သုံးရက်အတွင်း ခြေ၊လက်တွေ ဖြူဖွေးလာစေတဲ့ သဘာဝအိမ်တွင်းဆေး…
သုံးရက်အတွင်း ခြေလက်တွေ ဖြူဖွေးလာအောင် ဆေးနည်းသစ်တခု ပေးပါရစေ . . . သုံးရက်မဟုတ်ဘဲ တစ်ရက်နဲ့ကို သင့် အသားအရေ ထူးခြား သိသာလာပါလိမ့်မယ်နော် . . .။
အထူးသဖြင့် နေလောင်ထားတဲ့ ခြေ၊လက် အသားအရေအတွက် ဒီနည်းက အသုံး ဝင်လွန်းပါတယ်။ ပျက်ဆီးနေတဲ့ အသားအရေ ပြန်လည် ဖြူဖွေးချင်တယ် ဆိုရင် အဆင့်(၂)ဆင့် ပြုလုပ်ဖို့ လိုအပ်ပါတယ် . . .။
ပထမအဆင့်က ဆဲလ်သေတွေ ဖယ်ရှားတဲ့အဆင့်ဖြစ်တယ်။ scrub လို့ ခေါ်ပါတယ်။ ဒုတိယအဆင့်က ခြေလက်တွေ ပြန်လည် ဖြူဖွေးလာအောင် ထိန်းသိမ်းရတဲ့ အဆင့် ဖြစ်ပါတယ် . . .။
ဒီအဆင့်နှစ်ဆင့်ကို တချိန်တည်း ဆကိတိုက်ပြုလုပ်ဖို့ လိုပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် သင့်အသားအရေဟာ သုံးရက်အတွင်း သိသာလာမှာပဲ ဖြစ်ပါတယ် . . .။
ပထမအဆင့် – Scrub
ဆဲလ်သေတွေ ဖယ်ရှားတဲ့ အဆင့်ဖြစ်တယ်။ ဒီအဆင့်မှာ သကြား လက်ဖက်ရည် တစ်ဇွန်းစာ နဲ့ စန္ဒာကူးမှုန့် ထမင်းစားဇွန်း တစ်ဇွန်းစာကို ရောစပ်ပါ . . .။
ပြီးရင် အဆိုပါအရောထဲ ခရမ်းချဉ်သီးကို အတုံး ခပ်သေးသေးလေး တွေ ပိုင်းပြီးထည့်ပါ . . .။ (တချို့က အထဲက အနှစ်ကိုလည်း အသုံးပြုကြတယ်)
သကြား၊ စန္ဒာကူးမှုန့်နဲ့ ခရမ်းချဉ်းသီး သုံးမျိုးအရောကို ခြေထောက် သို့မဟုတ် လက် စတဲ့နေရာတွေမှာ ၅ – ၁၀ မိနစ်ခန့် ကြာအောင် ပွတ်ပေးပါ . . .။
ပြီးတာနဲ့ ရေခပ်နွေးနွေးနဲ့ ဆေးချပြီး အဝတ်ခြောက်တခုနဲ့ သေချာသုတ်ပါ။ ဒါဆိုရင်တော့ ပထမအဆင့် ပြီးပါပြီ . . .။
ဒုတိယအဆင့် – whitening pack
ဒီအဆင့်က ခြေလက်တွေကို ပြန်လည် ဖြူဖွေးလာအောင် ထိန်းသိမ်းရတဲ့အဆင့်ဖြစ်လို့ ပိုအရေးကြီးတယ်။ အရင်ဆုံး အာလူးသီးကို အခွံခွာပြီး blender ( ကြိတ်စက် )ထဲ ထည့်ပြီး ကြိတ်ပါ . . .။
blender မရှိရင် နုတ်နုတ်စင်းပြီး ညက်အောင် ထောင်းလို့လည်းရပါတယ်။ ပြီးရင် ထွက်လာတဲ့ အနှစ်ကို သန့်စင်တဲ့ ပိတ်ဖြူစ (အဝတ်စ)တစ်ခုထဲထည့်ပြီး အရည်ချည်းထွက်အောင် စစ်ထုတ်ယူပါ . . .။
ဒါဆိုရင် အာလူးသီးအရည် ရလာလိမ့်မယ်။ အာလူးသီးအရည်ကို ထမင်းစားဇွန်း (၄)ဇွန်းစာလောက်ယူပြီး ရှောက်သီးရည် ထမင်းစားဇွန်း (၃)ဇွန်းစာ နဲ့ အရင် ရောစပ်ပါ . . .။
ပြီးရင် ဆန်မှုန့် ထမင်းစားဇွန်း(၂)ဇွန်း ထပ်ထည့်ပါ။ နောက်ဆုံးမှ ပျားရည် ထမင်းစားဇွန်း(၁)ဇွန်း ရောထည့်လိုက်ပြီး သမအောင် မွှေရင် အသားဖြူဖွေးစေတဲ့ pack တခုရရှိမှာ ဖြစ်ပါတယ် . . .။
ရလာတဲ့ လေးမျိုးစပ် အရောကို ခြေ၊လက်၊ကုပ် စတဲ့နေရာတွေမှာ လိမ်းပြီး နာရီဝက်ပြည့်အောင် လိမ်းထားလိုက်ပါ။ ပြီးရင် ရေဆေးချ ပစ်လိုက်ပါ …။
နဂိုမည်းနေတဲ့အသားအရေတွေ သုံးရက်အတွင်း သိသိသာသာ ပြန်လည်ဖြူဖွေးလာတာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်နော် . . .။
ဒေါက်တာ အေးမင်းထူး