သင်တို့ရဲ့ပျော်ရွင်စရာကောင်းတဲ့ အချစ်ရေး ကို ရုပ်ပုံ တွေကဆင့်ပြောပြတာဟာ နည်းနည်းတော့ ထူးဆန်းသလို ဖြစ်နိုင်ပါတယ်။
အဆိုပါ ရုပ်ပုံ တွေဟာ လူမှု စိတ်ပညာရှင် တွေရဲ့ ခန့်မှန်းချက်ဖြစ် တာကြောင့် သင်တို့စုံတွဲ နဲ့ ဆင်တူတဲ့ ရုပ်ပုံ ကိုလက်နဲ့ထိပြီး သင်တို့ရဲ့အချစ်ရေး အခြေအနေကို ဖတ်ရှုနိုင်ပါတယ်။
( 1 )့ စုံတွဲ
အမျိုးသမီး လေးဟာ သူမရဲ့ချစ်သူ အတွက် ဂုဏ်ယူနေပြီးတော့ အဲဒီ့အကြောင်းကို တစ်ကမ္ဘာလုံးသိအောင် ပြောပြချင်နေ ပါတယ်။
သူမ ကအရမ်းကို လွတ်လပ် ပျော်ရွင်နေပြီးတော့ ပတ်ဝန်းကျင် ကဘယ်လိုပဲထင်ထင် သူမကဂရုစိုက်မှာ မဟုတ်ပါဘူး။
သူမရွေးချယ်ထားတဲ့ ချစ်သူ က သူမအတွက်အကောင်းဆုံးလို့ ထင်နေပြီးတော့ သင်တို့ရဲ့ဆက်ဆံရေး က နှစ်ယောက်စလုံး အရမ်းကို ပွင့်လင်း ပါတယ်။
( 2 ) စုံတွဲ
လူတော်တစ်ယောက်ရဲ့နောက်မှာ ထက်မြက် တဲ့ မိန်းမ တစ်ယောက်ရှိနေတယ် ဆိုတဲ့စကားဟာ သင်တို့စုံတွဲ ကိုပြောတာပါ။
သူမ ဟာ ပြဿနာ တွေနဲ့ စိတ်ရှုပ်စရာတွေကြုံလာရင်တောင်မှ ချစ်သူ ကိုကူညီပေးနေမယ့်သူပါ။ သူမရဲ့ချစ်သူ ကို အမြင့်ဆုံးကို တက်လှမ်းနိုင်ဖို့အတွက် အချိန်တိုင်း ဘေးကနေကူညီပေးနေမယ့်သူလေးပါ။
( 3 ) စုံတွဲ
သင်တို့နှစ်ယောက်ရဲ့ ချစ်သူ ဘ၀ မှာ ယောက်ျားလေး ကအမြဲတမ်းခေါင်းဆောင်ပါပဲ။ သူက တာဝန်ယူချင်စိတ် ရှိပြီးတော့ စိတ်နဲနဲကြီး ပါတယ်။
ဒါပေမယ့် မိန်ကလေး ရဲ့ အေးဆေးတည်ငြိမ်တဲ့ စရိုက်ကြောင့် သင့်တို့ရဲ့ဆက်ဆံရေး ဟာ ညီမျှနေပြီး ပျော်ဖို့ကောင်း ပါတယ်။ သင်တို့ရဲ့ဆောင်ပုဒ် က “ခေါင်းဆောင် တတ်သူနဲ့ မျှတသူ” ပါ။
( 4 ) စုံတွဲ
သင်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်း ကိုရင်းနှီးကြသလို ချစ်သူ ချင်းယုံကြည်မှုပြင်ထန် သူများဖြစ် ပါတယ်။
ယောက်ျားလေး ဖြစ်သူဟာ သူ့ရဲ့ကောင်မလေး ကို ဘယ်လိုဒုက္ခတွေ ပဲကြုံကြုံ ရှေ့ကနေမားမားမတ်မတ် ကူညီနေမှာဖြစ်ပြီးတော့ …
သူမဖြစ်ချင်တာ မှန်သမျှ သူကထောက်ပံ့ပေး သွားမှာပါ။ သင်တို့နှစ်ယောက်ရဲ့ အချင်းချင်းလေးစားဖို့နဲ့ အကြွင်းမဲ့ ယုံကြည်မှု ဟာ သင်တို့ရဲ့အချစ်ရေး အပေါ်မှာ အခြေခံနေပါတယ်။
( 5 ) စုံတွဲ
သင်တို့နှစ်ယောက်ဟာ အရမ်း ကိုအတွဲညီပြီးတော့ တစ်ယောက်နဲ့တစ်ယောက်နာလည်မှုရှိတဲ့ စုံတွဲ လေးဖြစ်ပါတယ်။ သင်တို့စုံတွဲ ရဲ့ အတူရှိနေကြတဲ့ မိနစ်တွေတိုင်းဟာ ပျော်စရာတွေနဲ့ပြည့်စေပြီးတော့
တစ်ယောက်ရဲ့ကိစ္စတိုင်း ကိုတစ်ယောက်က လိုက်လုပ်နေတတ်ပါတယ်။ တယောက်ကိုအမြဲတမ်းပွေ့ဖက်ထားချင်လောက်အောင် ချစ်ကြတဲ စုံတွဲ လေးဖြစ်ပါတယ်။
( 6 ) စုံတွဲ
သင်တို့စုံတွဲ ကတော့ တစ်ယောက်နဲ့တစ်ယောက်ကြင်နာမှုတွေကို အများသူတွေသိအောင် မဖော်ပြတဲ့ စုံတွဲ လေးဖြစ်ပါတယ်။
ဒါပေမယ့် တစ်ယောက် ရဲ့ ဆန္ဒ တွေ၊ စိတ်သဘောထားတွေ၊ စိတ်ဝင်စားမှု တွေကို တစ်ယောက်က အမြဲလေးစားနေတဲ့ သူတွေဖြစ်ပါတယ်။
သင်တို့ရဲ့ အချစ် တွေကို ဖေ့ဘွတ် ပေါ်မှာမမြင်တွေ့နိုင်ပေမယ့် တစ်ယောက်ကိုတစ်ယောက် အဆုံးမဲ့ ချစ်ခြင်းသင်္ကေတတွေ ကတော့ ရင်ထဲမှာ ရှိနေပါတယ်။
( 7 ) စုံတွဲ
သင့်တို့စုံတွဲ မှာ အရမ်းကိုကောင်းမွန်တဲ့ ဆယ်ဖီပုံ တွေ သန်း နဲ့ချီရှိပါတယ်။ သင်တို့နှစ်ယောက်ရဲ့ကြင်နာမှု ကို အများပြည်သူကို သိစေချင် ပါတယ်။
သင့်ရဲ့သူငယ်ချင်း တွေကလည်း အရမ်းကိုလှပပြီး လိုက်ဖက် တဲ့ စုံတွဲ လေးလို့ အားကျနေကြပါတယ်။
သင်တို့ရဲ့အချစ်ရေး ဟာ ဘယ်တော့မှ ပျင်းစရာမကောင်းသလို အမြဲတမ်း ရင်ခုန်နေရမယ့် အနာဂတ်တွေ ရှိနေ ပါတယ်။