အေထြအေထြဗဟုသုတ

ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ/

တခ်ိန္ငါ့သမီးေလးကို ေျပာျပရမယ္

ထမင္းစားဖို့ လင္ယူစရာမလိုတဲ့ မိန္းကေလးဟာ ကမၻာေပၚမွာ အေခ်နိုင္ဆုံးပဲ

တခ်ိန္ သမီးေလး သိဖို့

“ကိစၥမရွိဘူး ငါတို့ကအခ်ိန္တန္ေယာက္်ားယူမွာ ေယာက္်ားကရွာေကၽြးလိမ့္မယ္”တဲ့ဘာရယ္မဟုတ္ ျပဳံးေတာ့ျပဳံးမိသား….

၁၆ႏွစ္အရြယ္ မိန္းကေလးတစ္ေယာက္ရဲ့အေတြးကသိပ္ရိုးရွင္းတယ္လို့ေတြးရင္ေတြးလို့ရသလိုအႏၲရာယ္မ်ားလိုက္တာလို့ေတြးရင္လည္းေတြးလို့ရနိုင္တာကိုး….

သမီးတို့အေနနဲ႔ေယာက္်ားေနာက္လိုက္သြား႐ုံနဲ႔အရာရာအဆင္ေျပသြားမယ္လို့ထင္ေနၾကတာေတြထမင္းစားဖို့အတြက္ ေယာက္် ားယူလိုက္မယ္လို့ခပ္လြယ္လြယ္ေတြးလိုက္တာေတြသိပ္မ်ားေနၿပီလားလို့လည္းေတြးမိပါ့…

ခုေခတ္ေယာက္် ားေတြ(အမ်ားစု)ကအေတြးအျမင္ေတြေျပာင္းကုန္ၾကတာသမီးတို့မသိေသးတာလား?

ေယာက္်ားေတြကအလုပ္ရွိတဲ့မိန္းကေလးကိုယ္ကသိပ္႐ုန္းေပးစရာမလိုတဲ့မိန္းကေလးကိုပိုသေဘာက်ၾကတယ္ဆိုတာ…

ေငြရွိရင္ရွိ မရွိရင္ပညာတတ္ရာထူးရွိမွပိုသေဘာက်ၾကတယ္ဆိုတာ…

အလုပ္လုပ္တတ္ စီးပြားရွာတတ္အျမင္က်ယ္တဲ့မိန္းကေလးကိုမွပိုတြဲခ်င္ၾကတယ္ဆိုတာ..

သူတို့ကိုအစစအရာရာသိပ္မမွီခိုတဲ့အရည္အခ်င္းရွိတဲ့မိန္းကေလးကိုမွတန္ဖိုးပိုထားၾကတယ္ဆိုတာ…

ငါ့သမီးတို့သိေအာင္ေျပာျပခ်င္ပါဘိ…

ေယာက္်ားလုပ္စာလက္ျဖန္႔ေတာင္းၿပီးအိမ္မွာပဲ ထမင္းခ်က္ ကေလးထိုင္ေမြးမယ့္မိန္းကေလးမ်ိဳးကိုသိပ္မေရြးခ်င္ၾကေတာ့ဘူးဆိုတာလည္းေျပာျပခ်င္ေသးတယ္(တခ်ိဳ့ေတြကိုဆိုလိုတာေနာ္အားလုံးလို့မေျပာဘူး)

ခုေခတ္ေယာကၡမေတြကေရာ…..

အိမ္ေပၚတက္လာတဲ့ေခၽြးမကိုဘယ္လိုႀကိဳဆိုၾကသလဲဘာပညာမွမတတ္ဘာအလုပ္မွမလုပ္တတ္ဘယ္ေနရာမွဝင္မဆန္႔တဲ့မိန္းကေလးမ်ိဳးကိုဝမ္းသာအားရႀကိဳဆိုမယ့္ေယာကၡမမ်ိဳးသိပ္ကိုရွားသြားၿပီဆိုတာငါ့သမီးတို့သိပါေလစ…

အိမ္ေထာင္မျပဳခင္လူ႔ေလာကအတြက္ အခက္အခဲေတြေတြ႕ရင္ရင္ဆိုင္နိုင္ေအာင္မိဘေတြကလက္နက္မ်ိဳးစုံတပ္ဆင္ေပးေနတာကိုငါ့သမီးတို့သိပါေလစ…

ေရာ့ ပညာလက္နက္ငါ့ပညာနဲ႔ငါလုပ္စားလို့ရတယ္လင္မ်က္ႏွာ ေယာကၡမမ်က္ႏွာၾကည့္စရာမလိုဘူး

ေရာ့ အေတြးအေခၚလက္နက္ဘယ္ဟာအေကာင္း ဘယ္ဟာအဆိုးငါခြဲျခားနိုင္တယ္ေရာ့ အလုပ္အကိုင္လက္နက္ငါ့မွာအလုပ္အကိုင္ရွိတယ္အသိုင္းအဝိုင္းရွိတယ္ငါ့တစ္ဝမ္းတစ္ခါး ငါရွာစားနိုင္တယ္

အဲဒီလိုလက္နက္ေတြပါသြားေတာ့ပိုမေကာင္းဘူးလားေမြးရာပါလက္နက္ဟာတစ္ဘဝလုံးအတြက္အာမခံခ်က္မရွိဘူးဆိုတာငါ့သမီးတို့ကိုေျပာျပမယ့္သူမရွိဘူးလား…

ပညာကမစုံအေတြ႕အၾကဳံကမရင့္က်က္အလုပ္အကိုင္ကမရွိနဲ႔လင္ယူလိုက္႐ုံနဲ႔ဒုကၡေတြၿငိမ္းသြားတာမဟုတ္ဘူး ငါ့သမီးတို့လင္ယူလိုက္မွဒုကၡေတြစတာဆိုတာေျပာျပခ်င္လိုက္တာ…

တကယ္လို့မ်ားသမီးေလးတို့ေရြးခ်ယ္လိုက္တဲ့ေယာက္် ားဟာကုတင္ေပၚမွာပဲ ခ်စ္တတ္ၿပီးက်န္တဲ့အခ်ိန္မွာဘဝရဲ့ဒုကၡေတြအခက္အခဲေတြကိုမၽွေဝခံစားေဖာ္မရတဲ့ေယာက္် ားမ်ိဳးဆိုရင္…

လင္ယူၿပီးမွ ကိုယ့္ဝမ္းကိုယ္ရွာစားေနရၿပီးသူ႔ကိုပါရွာေကၽြးေနရရင္ငါ့သမီးတို့အလကားေနအလကားလင္တစ္ေယာက္အဖက္တင္ေနမွာေပါ့…

ကဲဘဝက ထင္သေလာက္လြယ္ေသးလား?

လိုအပ္တဲ့လက္နက္မ်ိဳးစုံ အစုံအလင္ပါမွေလာကႀကီးထဲထြက္လိုက္စမ္းပါ…

ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္နိုင္တဲ့မိန္းကေလးဟာကမၻာေပၚမွာအလွဆုံးပဲ

ကိုယ္ရပ္တည္ဖို့အတြက္ဘယ္သူ႔ကိုမွဂ႐ုစိုက္စရာမလိုတဲ့မိန္းကေလးဟာကမၻာေပၚမွာအလွဆုံးပဲ

ထမင္းစားဖို့ လင္ယူစရာမလိုတဲ့မိန္းကေလးဟာကမၻာေပၚမွာ အေခ်နိုင္ဆုံးပဲ

ငါ့သမီးေတြကမၻာ့အလွဆုံးမိန္းကေလးေတြျဖစ္ၾကစမ္းပါ

မူရင္းစာေရးဆရာအား ေလးစားလ်ွက္

Unicode

တချိန်ငါ့သမီးလေးကို ပြောပြရမယ်

ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ

တချိန် သမီးလေး သိဖို့

“ကိစ္စမရှိဘူး ငါတို့ကအချိန်တန်ယောက်ျားယူမှာ ယောက်ျားကရှာကျွေးလိမ့်မယ်”တဲ့ဘာရယ်မဟုတ် ပြုံးတော့ပြုံးမိသား….

၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့အတွေးကသိပ်ရိုးရှင်းတယ်လို့တွေးရင်တွေးလို့ရသလိုအန္တရာယ်များလိုက်တာလို့တွေးရင်လည်းတွေးလို့ရနိုင်တာကိုး….

သမီးတို့အနေနဲ့ယောက်ျားနောက်လိုက်သွားရုံနဲ့အရာရာအဆင်ပြေသွားမယ်လို့ထင်နေကြတာတွေထမင်းစားဖို့အတွက် ယောက်ျ ားယူလိုက်မယ်လို့ခပ်လွယ်လွယ်တွေးလိုက်တာတွေသိပ်များနေပြီလားလို့လည်းတွေးမိပါ့…

ခုခေတ်ယောက်ျ ားတွေ(အများစု)ကအတွေးအမြင်တွေပြောင်းကုန်ကြတာသမီးတို့မသိသေးတာလား?

ယောက်ျားတွေကအလုပ်ရှိတဲ့မိန်းကလေးကိုယ်ကသိပ်ရုန်းပေးစရာမလိုတဲ့မိန်းကလေးကိုပိုသဘောကျကြတယ်ဆိုတာ…

ငွေရှိရင်ရှိ မရှိရင်ပညာတတ်ရာထူးရှိမှပိုသဘောကျကြတယ်ဆိုတာ…

အလုပ်လုပ်တတ် စီးပွားရှာတတ်အမြင်ကျယ်တဲ့မိန်းကလေးကိုမှပိုတွဲချင်ကြတယ်ဆိုတာ..

သူတို့ကိုအစစအရာရာသိပ်မမှီခိုတဲ့အရည်အချင်းရှိတဲ့မိန်းကလေးကိုမှတန်ဖိုးပိုထားကြတယ်ဆိုတာ…

ငါ့သမီးတို့သိအောင်ပြောပြချင်ပါဘိ…

ယောက်ျားလုပ်စာလက်ဖြန့်တောင်းပြီးအိမ်မှာပဲ ထမင်းချက် ကလေးထိုင်မွေးမယ့်မိန်းကလေးမျိုးကိုသိပ်မရွေးချင်ကြတော့ဘူးဆိုတာလည်းပြောပြချင်သေးတယ်(တချို့တွေကိုဆိုလိုတာနော်အားလုံးလို့မပြောဘူး)

ခုခေတ်ယောက္ခမတွေကရော…..

အိမ်ပေါ်တက်လာတဲ့ချွေးမကိုဘယ်လိုကြိုဆိုကြသလဲဘာပညာမှမတတ်ဘာအလုပ်မှမလုပ်တတ်ဘယ်နေရာမှဝင်မဆန့်တဲ့မိန်းကလေးမျိုးကိုဝမ်းသာအားရကြိုဆိုမယ့်ယောက္ခမမျိုးသိပ်ကိုရှားသွားပြီဆိုတာငါ့သမီးတို့သိပါလေစ…

အိမ်ထောင်မပြုခင်လူ့လောကအတွက် အခက်အခဲတွေတွေ့ရင်ရင်ဆိုင်နိုင်အောင်မိဘတွေကလက်နက်မျိုးစုံတပ်ဆင်ပေးနေတာကိုငါ့သမီးတို့သိပါလေစ…

ရော့ ပညာလက်နက်ငါ့ပညာနဲ့ငါလုပ်စားလို့ရတယ်လင်မျက်နှာ ယောက္ခမမျက်နှာကြည့်စရာမလိုဘူး

ရော့ အတွေးအခေါ်လက်နက်ဘယ်ဟာအကောင်း ဘယ်ဟာအဆိုးငါခွဲခြားနိုင်တယ်ရော့ အလုပ်အကိုင်လက်နက်ငါ့မှာအလုပ်အကိုင်ရှိတယ်အသိုင်းအဝိုင်းရှိတယ်ငါ့တစ်ဝမ်းတစ်ခါး ငါရှာစားနိုင်တယ်

အဲဒီလိုလက်နက်တွေပါသွားတော့ပိုမကောင်းဘူးလားမွေးရာပါလက်နက်ဟာတစ်ဘဝလုံးအတွက်အာမခံချက်မရှိဘူးဆိုတာငါ့သမီးတို့ကိုပြောပြမယ့်သူမရှိဘူးလား…

ပညာကမစုံအတွေ့အကြုံကမရင့်ကျက်အလုပ်အကိုင်ကမရှိနဲ့လင်ယူလိုက်ရုံနဲ့ဒုက္ခတွေငြိမ်းသွားတာမဟုတ်ဘူး ငါ့သမီးတို့လင်ယူလိုက်မှဒုက္ခတွေစတာဆိုတာပြောပြချင်လိုက်တာ…

တကယ်လို့များသမီးလေးတို့ရွေးချယ်လိုက်တဲ့ယောက်ျ ားဟာကုတင်ပေါ်မှာပဲ ချစ်တတ်ပြီးကျန်တဲ့အချိန်မှာဘဝရဲ့ဒုက္ခတွေအခက်အခဲတွေကိုမျှဝေခံစားဖော်မရတဲ့ယောက်ျ ားမျိုးဆိုရင်…

လင်ယူပြီးမှ ကိုယ့်ဝမ်းကိုယ်ရှာစားနေရပြီးသူ့ကိုပါရှာကျွေးနေရရင်ငါ့သမီးတို့အလကားနေအလကားလင်တစ်ယောက်အဖက်တင်နေမှာပေါ့…

ကဲဘဝက ထင်သလောက်လွယ်သေးလား?

လိုအပ်တဲ့လက်နက်မျိုးစုံ အစုံအလင်ပါမှလောကကြီးထဲထွက်လိုက်စမ်းပါ…

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့မိန်းကလေးဟာကမ္ဘာပေါ်မှာအလှဆုံးပဲ

ကိုယ်ရပ်တည်ဖို့အတွက်ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုတဲ့မိန်းကလေးဟာကမ္ဘာပေါ်မှာအလှဆုံးပဲ

ထမင်းစားဖို့ လင်ယူစရာမလိုတဲ့မိန်းကလေးဟာကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ

ငါ့သမီးတွေကမ္ဘာ့အလှဆုံးမိန်းကလေးတွေဖြစ်ကြစမ်းပါ

မူရင်းစာရေးဆရာအား လေးစားလျှက်