အေထြအေထြဗဟုသုတ

ခ်စ္ျခင္းတရားခိုင္ျမဲဖို ့နဲ ့ ကိုယ္ခ်စ္တဲ့သူကို ထာဝရ ပိုင္ဆိုင္ျခင္တယ္ဆိုခဲ့ရင္…

ပါးနပ္ေသာ ခ်စ္ျခင္းတရား

ကြ်န္မ လိုခ်င္တဲ့ အိမ္ေထာင္ဖက္ဆိုတာ” ေဟာဒီ လက္ေမာင္းကို တြဲခိုပါ ” ဆိုတာမ်ိဳး မလိုဘူးကြ်န္မ ေမာပန္းလာရင္ ပခံုးေလးကိုမွီထားခြင့္ ေလးဘဲေပးပါ …

” ကိုယ့္ ေက်ာကိုတက္နင္းျပီး ဒီလမ္းကိုသြားပါ ” ဆိုတာမ်ိဳးမလိုခ်င္ဘူး ကြ်န္မေလွ်ာက္ေနတဲ့ ေျခလွမ္း ယိမ္းယိုင္သြားတဲ့အခိုက္တန္ ့ ေဘးကလွမ္းထိန္းေပးရံုေလး ထိန္းေပးပါ

” ခ်စ္ၾကိဳက္ရင္ကိုယ္လည္း ၾကိဳက္တယ္ ခ်စ္သေဘာ ” ဆိုတဲ့အခြင့္ေရး မေပးပါနဲ ့ ကြ်န္မေရြးခ်ယ္ ထားတဲ့အရာေတြကိုၾကိဳက္၏ မၾကိဳက္၏ ပြင့္လင္းစြာ ေျပာျပ ေပးပါ …

” မင္းက အရင္အတိုင္း အက်င့္ကိုမျပင္ဘူး ” ဆိုတဲ့ စကားနဲ ့အတိတ္ကို လာမေဖာ္ပါနဲ ့ ကြ်န္မဖက္က မွားေနတယ္ဆိုရင္ေနာက္တၾကိမ္ ထပ္မမွားဖို ့ အမွားေတြကို ေထာက္ျပေပးပါ …

” မင္း စိတ္ညစ္ရင္ ငါပါ စိတ္ညစ္တယ္ဟာ ” ဆိုတဲ့ ေလသံနဲ ့လာမနွစ္သိမ့္ပါနဲ ့ ကြ်န္မစိတ္ညစ္ေနရတဲ့ အေၾကာင္းရင္းကိုအေျဖရွာကူေပးပါ ………

ကြ်န္မဝမ္းနည္းစရာရွိလို ့ ငိုမိတဲ့အခါ ” ငိုမေနစမ္းနဲ ့ဟာ “ဆိုတဲ့ စကားနဲ ့ လာမပိတ္ပင္ပါနဲ ့ ရင္ခြင္ထဲဝင္ အားပါးတရငိုေကြ်းခြင့္ျပဳပါ ျပီးမွ တျခားစကားေတြနဲ ့ နွစ္သိမ့္ေပးပါ ……

ကြ်န္မဖက္က တစ္စံုတစ္ခုမွားခဲ့ရင္ လိုအပ္ခ်က္ေတြရွိခဲ့ရင္”မင္းနဲ ့ေတာ့ စိတ္ကုန္ဖို ့ ေကာင္းလိုက္တာ ” ဆ္ိုတဲ့စကားနဲ ့ မပစ္ပယ္ လိုက္ပါနဲ ့ ” ကိုယ့္စကားေလးကို ေသခ်ာလိုက္နာေပးပါ ” ဆိုတဲ့ စကားနဲ ့ လက္တြဲေခၚေပးပါ

ကြ်န္မစိတ္ဆိုးေဒါသထြက္ေနရင္ ” စိတ္ပ်က္ဖို ့ ေကာင္းတယ္ကြာ ” ဆိုတဲ့စကားနဲ ့ လမ္းမွားကို မတြန္းပို ့ပါနဲ ့အက်ိဳးအေၾကာင္းေသခ်ာရွင္းျပျပီး စကားအလိမ္မာသံုးကြ်န္မေဒါသေတြကို လမ္းေၾကာင္းေျပာင္းလိုက္ပါ …

စရိုက္မတူတဲ့ မိသားစုနွစ္ခုက လူသားနွစ္ေယာက္တစ္မိုးေအာက္ အတူေနဖို ့ ဆိုတာ စိတ္ကူးနဲ ့သာေပါင္းဖက္ဖို ့ ေကာင္းတာပါ

တကယ္တမ္း တစ္မိုးေအာက္အတူေနၾကခ်ိန္မွာ ကြဲလြဲမႈမ်ားစြာ ရွိေနပါတယ္ ဒီလိုကြဲလြဲမႈေတြကို အခ်ိန္ၾကာလာရင္အျပစ္တစ္ခု အျဖင့္ ေျပာင္းလဲ သြားတတ္တဲ့ေလာကနိယာမၾကီးကို လိမ္မာ ပါးနပ္စြာ ေရွာင္ရွားတတ္ဖို ့လိုအပ္လာပါလိမ့္မယ္

ကိုယ္ခ်စ္လို ့ လက္ထပ္မဲ့ ခ်စ္သူကို လက္မထပ္ခင္ကကြဲျပာမႈေတြ ” ကိုယ္ျဖစ္ျခင္တဲ့ ပံုစံ ” အယူအဆေတြ “ကို ၾကိဳတင္ျပီး ပြင့္လင္းစြာ ေဆြးေႏြးတိုင္ပင္ ထားသင့္ပါတယ္

ခ်စ္လို ့လက္ထပ္ခ့ဲၾကပါတယ္ တစ္အိမ္ထဲေနခ်ိန္မွ မတူညီတဲ့စရိုက္ေတြ ေပၚလာၾကတယ္ခ်စ္သူဘဝမွ မပြင့္လင္းခဲ့လို ့ အခုက် အျပစ္ေတြျဖစ္လာတယ္” တစ္ေယာက္အျပစ္ တစ္ေယာက္ကေဖာ္ “” တစ္ေယာက္ရဲ့ အမွားတစ္ေယာက္က ခြင့္မလႊတ္နိုင္ “ျဖစ္အခ်စ္ဆိုတဲ့ေနရာမွာ အျပစ္ေတြက ေနရာယူ ထားျပီး ဘယ္မွာလည္း အရင္တခ်ိန္က ” မိုးေလာက္ၾကီးခ်စ္ပါတယ္ “ဆိုတဲ့ အခ်စ္ေတြ “

ခ်စ္ျခင္းတရားခိုင္ျမဲဖို ့နဲ ့ ကိုယ္ခ်စ္တဲ့သူကို ထာဝရ ပိုင္ဆိုင္ျခင္တယ္ဆိုခဲ့ရင္ သစၥာရွိရွိနဲ ့ ” တစ္ေယာက္နဲ ့တစ္ေယာက္ဆက္ဆံေရးမွာ ပါးနပ္စြာ ဆက္ဆံတတ္ၾကပါေစ

#MayNoe

စာကိုနွစ္သက္ရင္ လြတ္လပ္စြာ Share နိုင္ပါတယ္ရွင္ copy ယူလွ်င္ credit ေပးေပးပါ

unicode

ပါးနပ်သော ချစ်ခြင်းတရား

ကျွန်မ လိုချင်တဲ့ အိမ်ထောင်ဖက်ဆိုတာ” ဟောဒီ လက်မောင်းကို တွဲခိုပါ ” ဆိုတာမျိုး မလိုဘူးကျွန်မ မောပန်းလာရင် ပခုံးလေးကိုမှီထားခွင့် လေးဘဲပေးပါ …

” ကိုယ့် ကျောကိုတက်နင်းပြီး ဒီလမ်းကိုသွားပါ ” ဆိုတာမျိုးမလိုချင်ဘူး ကျွန်မလျှောက်နေတဲ့ ခြေလှမ်း ယိမ်းယိုင်သွားတဲ့အခိုက်တန် ့ ဘေးကလှမ်းထိန်းပေးရုံလေး ထိန်းပေးပါ

” ချစ်ကြိုက်ရင်ကိုယ်လည်း ကြိုက်တယ် ချစ်သဘော ” ဆိုတဲ့အခွင့်ရေး မပေးပါနဲ ့ ကျွန်မရွေးချယ် ထားတဲ့အရာတွေကိုကြိုက်၏ မကြိုက်၏ ပွင့်လင်းစွာ ပြောပြ ပေးပါ …

” မင်းက အရင်အတိုင်း အကျင့်ကိုမပြင်ဘူး ” ဆိုတဲ့ စကားနဲ ့အတိတ်ကို လာမဖော်ပါနဲ ့ ကျွန်မဖက်က မှားနေတယ်ဆိုရင်နောက်တကြိမ် ထပ်မမှားဖို ့ အမှားတွေကို ထောက်ပြပေးပါ …

” မင်း စိတ်ညစ်ရင် ငါပါ စိတ်ညစ်တယ်ဟာ ” ဆိုတဲ့ လေသံနဲ ့လာမနှစ်သိမ့်ပါနဲ ့ ကျွန်မစိတ်ညစ်နေရတဲ့ အကြောင်းရင်းကိုအဖြေရှာကူပေးပါ ………

ကျွန်မဝမ်းနည်းစရာရှိလို ့ ငိုမိတဲ့အခါ ” ငိုမနေစမ်းနဲ ့ဟာ “ဆိုတဲ့ စကားနဲ ့ လာမပိတ်ပင်ပါနဲ ့ ရင်ခွင်ထဲဝင် အားပါးတရငိုကျွေးခွင့်ပြုပါ ပြီးမှ တခြားစကားတွေနဲ ့ နှစ်သိမ့်ပေးပါ ……

ကျွန်မဖက်က တစ်စုံတစ်ခုမှားခဲ့ရင် လိုအပ်ချက်တွေရှိခဲ့ရင်”မင်းနဲ ့တော့ စိတ်ကုန်ဖို ့ ကောင်းလိုက်တာ ” ဆ်ိုတဲ့စကားနဲ ့ မပစ်ပယ် လိုက်ပါနဲ ့ ” ကိုယ့်စကားလေးကို သေချာလိုက်နာပေးပါ ” ဆိုတဲ့ စကားနဲ ့ လက်တွဲခေါ်ပေးပါ

ကျွန်မစိတ်ဆိုးဒေါသထွက်နေရင် ” စိတ်ပျက်ဖို ့ ကောင်းတယ်ကွာ ” ဆိုတဲ့စကားနဲ ့ လမ်းမှားကို မတွန်းပို ့ပါနဲ ့အကျိုးအကြောင်းသေချာရှင်းပြပြီး စကားအလိမ်မာသုံးကျွန်မဒေါသတွေကို လမ်းကြောင်းပြောင်းလိုက်ပါ …

စရိုက်မတူတဲ့ မိသားစုနှစ်ခုက လူသားနှစ်ယောက်တစ်မိုးအောက် အတူနေဖို ့ ဆိုတာ စိတ်ကူးနဲ ့သာပေါင်းဖက်ဖို ့ ကောင်းတာပါ ……

တကယ်တမ်း တစ်မိုးအောက်အတူနေကြချိန်မှာ ကွဲလွဲမှုများစွာ ရှိနေပါတယ် ဒီလိုကွဲလွဲမှုတွေကို အချိန်ကြာလာရင်အပြစ်တစ်ခု အဖြင့် ပြောင်းလဲ သွားတတ်တဲ့လောကနိယာမကြီးကို လိမ်မာ ပါးနပ်စွာ ရှောင်ရှားတတ်ဖို ့လိုအပ်လာပါလိမ့်မယ် ……

ကိုယ်ချစ်လို ့ လက်ထပ်မဲ့ ချစ်သူကို လက်မထပ်ခင်ကကွဲပြာမှုတွေ ” ကိုယ်ဖြစ်ခြင်တဲ့ ပုံစံ ” အယူအဆတွေ “ကို ကြိုတင်ပြီး ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင် ထားသင့်ပါတယ် …

ချစ်လို ့လက်ထပ်ခဲ့ကြပါတယ် တစ်အိမ်ထဲနေချိန်မှ မတူညီတဲ့စရိုက်တွေ ပေါ်လာကြတယ်ချစ်သူဘဝမှ မပွင့်လင်းခဲ့လို ့ အခုကျ အပြစ်တွေဖြစ်လာတယ်” တစ်ယောက်အပြစ် တစ်ယောက်ကဖော် “” တစ်ယောက်ရဲ့ အမှားတစ်ယောက်က ခွင့်မလွှတ်နိုင် “ဖြစ်အချစ်ဆိုတဲ့နေရာမှာ အပြစ်တွေက နေရာယူ ထားပြီး ဘယ်မှာလည်း အရင်တချိန်က ” မိုးလောက်ကြီးချစ်ပါတယ် “ဆိုတဲ့ အချစ်တွေ “

ချစ်ခြင်းတရားခိုင်မြဲဖို ့နဲ ့ ကိုယ်ချစ်တဲ့သူကို ထာဝရ ပိုင်ဆိုင်ခြင်တယ်ဆိုခဲ့ရင် သစ္စာရှိရှိနဲ ့ ” တစ်ယောက်နဲ ့တစ်ယောက်ဆက်ဆံရေးမှာ ပါးနပ်စွာ ဆက်ဆံတတ်ကြပါစေ

#MayNoe

စာကိုနှစ်သက်ရင် လွတ်လပ်စွာ Share နိုင်ပါတယ်ရှင် copy ယူလျှင် credit ပေးပေးပါ