အေထြအေထြဗဟုသုတ

ထုံတာ၊က်ဥ္တာေတြကို ေပ်ာက္ကင္းေစဖို႔အတြက္ ရိုးရွင္းၿပီး အစြမ္းထက္တဲ့ေဆးနည္း

ထုံတာ၊က်ဥ္တာေတြကို ေပ်ာက္ကင္းေစဖို႔အတြက္ ႐ိုးရွင္းၿပီး အစြမ္းထက္တဲ့ေဆးနည္း

မနက္ အိပ္ရာထခ်ိန္ မ်ားမွာ လက္ေခ်ာင္းေလးေတြ တင္းေနၿပီး..၊ ေလ့က်င့္ခန္း လုပ္တာေတာင္ မေျပခ်င္တဲ့ အေနအထား မ်ိဳးျဖစ္ေနၾကသူမ်ား ကို ထုံက်င္နာမ်ား ေပ်ာက္ကင္းေစၿပီး ေရာဂါကင္းေဝးေစခ်င္လို႔ ဒီေဆးနည္းေလးကို မွ်ေဝ တင္ျပ ေပးလိုက္ပါတယ္

ဒီေဆးနည္းေလး ကေတာ့ တစ္ေနကုန္ ထိုင္ၿပီး အလုပ္လုပ္ ေနရသူမ်ား ျဖစ္ၾကတဲ့ ႐ုံးသမားမ်ား စက္ခ်ဳပ္သမားမ်ား ၊ စားဝတ္ေနေရးအတြက္ မိုးလင္း မွ မိုးခ်ဳပ္ တစ္ေနကုန္ အလုပ္ခြင္ထဲမွာ အလုပ္ မ်ားေနသူမ်ား အတြက္ ေရာဂါ ကင္းေဝးေစေရး နည္းေလး ျဖစ္ပါတယ္ ။

အခ်ိန္ေတြ ၾကာလာတဲ့အခါ ေျခေထာက္ ၊ ဒူးႏွင့္ ေပါင္မ်ားဟာ ထုံက်ဥ္ လာတတ္ပါတယ္ ။ ဒီလိုမ်ိဳးေတြ ျဖစ္လာတဲ့အခါ ေဆးလိမ္း၍ မသက္သာဘဲ ျဖစ္တတ္ပါတယ္ ။ ။ေႏြရာသီမွာ ခံႏိုင္ေပမယ့္ မိုး နဲ႔ ေဆာင္းမွာေတာ့ ထုံက်ဥ္တဲ့ ေဝဒနာမ်ားဟာ ပို၍ ဆိုး႐ြားလာကာ ေလျဖတ္ခ်င္တဲ့ အထိျဖစ္မႈမ်ားကို ေပ်ာက္ကင္း ေစႏိုင္ပါတယ္လို႔ သိရပါတယ္ ။ ။

တစ္ျခားနည္း ေတြလည္း ရွိေပမယ့္ ဒီေဆးနည္းေလး ကေတာ့ ရွာေဖြ အသုံးျပဳရန္ ပစၥည္းမ်ားဟာ လြယ္ကူလြန္းၿပီး ျပဳလုပ္ပုံကလည္း မခက္ခဲတာမို႔ ကိုယ္တိုင္ ေရာဂါ မျဖစ္လို႔ အသုံးမျပဳခဲ့ရင္ေတာင္ တစ္ျခားသူမ်ားကို နည္းလမ္းေလး ၫႊန္ၾကားေပးေစလိုတဲ့ ဆႏၵႏွင့္ ထပ္ဆင့္ တင္ျပေပးတာ ျဖစ္ပါတယ္ ။ လိုအပ္တဲ့ပစၥည္းေလးေတြကေတာ့ ခ်င္းတက္ ၊ စပါးလင္ ၊ သံပုရာသီးတို႔ပဲ ျဖစ္ပါတယ္ ။ ။

ဒီပစၥည္းေလးေတြကို ပထမဦးဆုံးေတာ့ ေထာင္းမယ့္ဆုံ ကို သန႔္ေအာင္ ျပဳလုပ္ေပး ရပါမယ္ ။ ၿပီးတဲ့အခါ ခ်င္းတက္ ႏွင့္ စပါးလင္ကို ေထာင္းထားၿပီး ၊ အဲဒီေထာင္းထားၿပီးသား ႏွစ္မ်ိဳးထဲကို သံပုရာသီး ႏွစ္လုံးေလာက္ကို အရည္ညႇစ္ထည့္ၿပီး လက္ျဖင့္ နယ္ေပးရပါမယ္ ။

ေပါင္းစပ္နယ္ထားတဲ့ အတြက္ ထြက္လာတဲ့အရည္မ်ားကို ည အိပ္ရာဝင္ခ်ိန္တြင္ ေပါင္တံရင္း မွေန၍ ေျခဖ်ားအထိ အထက္ မွ ေအာက္ကို ပူလာတိုင္း လိမ္းေပးၿပီးမွ အိပ္ရာဝင္ရပါမယ္ ။သုံးေလးရက္ ဆက္တိုက္ ေန႔တိုင္း လိမ္းေပးပါက ထုံက်ဥ္မႈမ်ားေပ်ာက္သြားပါလိမ့္မယ္ ။ ။

စပါးလင္ ၊ ခ်င္း ၊ သံပုရာသီး တို႔ကေတာ့ ရွာေဖြရတာ လြယ္ကူတဲ့အတြက္ ပို၍ အသုံးျပဳႏိုင္မယ့္.. ေဆးနည္းေလးလို႔ ေျပာခ်င္ပါတယ္ ။ ထုံနာက်ဥ္နာေဘးမွကင္းေဝးၾကပါေစ ။ ။

credit – original writer

Unicode

ထုံတာ၊ကျဉ်တာတွေကို ပျောက်ကင်းစေဖို့အတွက် ရိုးရှင်းပြီး အစွမ်းထက်တဲ့ဆေးနည်း

မနက် အိပ်ရာထချိန် များမှာ လက်ချောင်းလေးတွေ တင်းနေပြီး..၊ လေ့ကျင့်ခန်း လုပ်တာတောင် မပြေချင်တဲ့ အနေအထား မျိုးဖြစ်နေကြသူများ ကို ထုံကျင်နာများ ပျောက်ကင်းစေပြီး ရောဂါကင်းဝေးစေချင်လို့ ဒီဆေးနည်းလေးကို မျှဝေ တင်ပြ ပေးလိုက်ပါတယ်

ဒီဆေးနည်းလေး ကတော့ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ် နေရသူများ ဖြစ်ကြတဲ့ ရုံးသမားများ စက်ချုပ်သမားများ ၊ စားဝတ်နေရေးအတွက် မိုးလင်း မှ မိုးချုပ် တစ်နေကုန် အလုပ်ခွင်ထဲမှာ အလုပ် များနေသူများ အတွက် ရောဂါ ကင်းဝေးစေရေး နည်းလေး ဖြစ်ပါတယ် ။

အချိန်တွေ ကြာလာတဲ့အခါ ခြေထောက် ၊ ဒူးနှင့် ပေါင်များဟာ ထုံကျဉ် လာတတ်ပါတယ် ။ ဒီလိုမျိုးတွေ ဖြစ်လာတဲ့အခါ ဆေးလိမ်း၍ မသက်သာဘဲ ဖြစ်တတ်ပါတယ် ။ ။နွေရာသီမှာ ခံနိုင်ပေမယ့် မိုး နဲ့ ဆောင်းမှာတော့ ထုံကျဉ်တဲ့ ဝေဒနာများဟာ ပို၍ ဆိုးရွားလာကာ လေဖြတ်ချင်တဲ့ အထိဖြစ်မှုများကို ပျောက်ကင်း စေနိုင်ပါတယ်လို့ သိရပါတယ် ။ ။

တစ်ခြားနည်း တွေလည်း ရှိပေမယ့် ဒီဆေးနည်းလေး ကတော့ ရှာဖွေ အသုံးပြုရန် ပစ္စည်းများဟာ လွယ်ကူလွန်းပြီး ပြုလုပ်ပုံကလည်း မခက်ခဲတာမို့ ကိုယ်တိုင် ရောဂါ မဖြစ်လို့ အသုံးမပြုခဲ့ရင်တောင် တစ်ခြားသူများကို နည်းလမ်းလေး ညွှန်ကြားပေးစေလိုတဲ့ ဆန္ဒနှင့် ထပ်ဆင့် တင်ပြပေးတာ ဖြစ်ပါတယ် ။ လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ ချင်းတက် ၊ စပါးလင် ၊ သံပုရာသီးတို့ပဲ ဖြစ်ပါတယ် ။ ။

ဒီပစ္စည်းလေးတွေကို ပထမဦးဆုံးတော့ ထောင်းမယ့်ဆုံ ကို သန့်အောင် ပြုလုပ်ပေး ရပါမယ် ။ ပြီးတဲ့အခါ ချင်းတက် နှင့် စပါးလင်ကို ထောင်းထားပြီး ၊ အဲဒီထောင်းထားပြီးသား နှစ်မျိုးထဲကို သံပုရာသီး နှစ်လုံးလောက်ကို အရည်ညှစ်ထည့်ပြီး လက်ဖြင့် နယ်ပေးရပါမယ် ။

ပေါင်းစပ်နယ်ထားတဲ့ အတွက် ထွက်လာတဲ့အရည်များကို ည အိပ်ရာဝင်ချိန်တွင် ပေါင်တံရင်း မှနေ၍ ခြေဖျားအထိ အထက် မှ အောက်ကို ပူလာတိုင်း လိမ်းပေးပြီးမှ အိပ်ရာဝင်ရပါမယ် ။သုံးလေးရက် ဆက်တိုက် နေ့တိုင်း လိမ်းပေးပါက ထုံကျဉ်မှုများပျောက်သွားပါလိမ့်မယ် ။ ။

စပါးလင် ၊ ချင်း ၊ သံပုရာသီး တို့ကတော့ ရှာဖွေရတာ လွယ်ကူတဲ့အတွက် ပို၍ အသုံးပြုနိုင်မယ့်.. ဆေးနည်းလေးလို့ ပြောချင်ပါတယ် ။ ထုံနာကျဉ်နာဘေးမှကင်းဝေးကြပါစေ ။ ။

credit – original writer