အခ်စ္နွင့္ဘဝ




















credit:

Unicode,

ရည်မှန်းချက်အတွက် ခဏတာဝေးနေရတဲ့ စုံတွဲတွေ အချစ်ပိုတိုးလာစေဖို့ ဒါတွေလုပ်ကြည့်ပါ…

Long Distance Relationship ဆိုတာကြီးကို ဘယ်ချစ်သူစုံတွဲမှ ကြုံတွေ့ချင်းကြမှာ မဟုတ်ပါဘူး။

ဒါပေမယ့် နှစ်ယောက်ဘဝ ရည်မှန်းချက်အတွက် ခဏတာ ဝေးနေရတဲ့ ချစ်သူတွေ တစ်ယောက်နဲ့တစ်ယောက် အချစ်ပိုတိုးလာချင်ရင် ဒီနည်းလမ်းကောင်းလေးတွေကို လုပ်ဆောင်ကြည့်ပါ။

Video Call ပြောဖို့ အချိန်ဇယားဆွဲပါ

LDRS တွေအတွက် video call က လိုကို လိုအပ်ပါတယ်။ စာရိုက်တာနဲ့ ဖုန်းနဲ့စကားပြောတာတို့နဲ့ပဲ ဆိုရင်တော့ သင်တို့ရဲ့ relationship ကြီးက ခိုင်မြဲမှာမဟုတ်ဘူး။

အဲ့ဒါကြောင့် မျက်နှာချင်းဆိုင် စကားပြောလို့ရမယ့် video call နဲ့ စကားပြောကြပါ။ အချိန်နဲ့တော့ ဇယားဆွဲထားပါ။ မဟုတ်ရင် အကျင့်ဖြစ်သွားရင် နှစ်ယောက်စလုံး ခံစားရသွားမယ်။

ရင်ခုန်စရာကောင်းတဲ့ အရာလေးတွေ လုပ်ပေးပါ

တစ်ယောက်နဲ့တစ်ယောက် ဝေးနေရတာနဲ့ပဲ ရင်ခုန်စရာကောင်းအောင် လုပ်ပေးလို့ မရဘူးဆိုတာ မှားတယ်။ အခုလို တိုးတက်နေတဲ့ခေတ်မှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။

အဲ့ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် လက်ဆောင် ပစ္စည်းလေးတွေ ပို့ပေးလို့ရပါတယ်။ အမှတ်တရနေ့တွေမှာပေါ့။

အနေဝေးနေရတော့ နှလုံးသားချင်း နီးနေအောင် ရင်ခုန်စရာကောင်းတဲ့ အရာတွေနဲ့ ဆွဲဆောင်ပါ။

ပြည်တွင်းမှာပဲဆို သွားလည်ပေးပါ

ဒီအချက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် သွားလည်လို့ရတဲ့ နေရာမှာဆိုရင် မကြာခဏသွားလည်ပေးပါ။ နှစ်ယောက်အတူ ပိတ်ရက်တွေကို ဖြတ်သန်းကြပါ။

တကယ်လို့ တစ်ယောက်နဲ့ တစ်ယောက် အဝေးကြီးမှာ ရှိနေကြရင်တော့ ပိုက်ဆံစုထားပြီး သွားလည်ပေးပါ။တစ်ယောက်နဲ့တစ်ယောက် ဝေးနေလို့ဆိုပြီး သွားမတွေ့ဘဲ မနေပါနဲ့။ ပိုပြီးဝေးဖို့ပဲရှိမှာပါ။

ပွင့်ပွင့်လင်းလင်း ရှိကြပါစေ

ဝေးနေရချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ရှိကြပါစေနော်။ ဘာကိုမှ မလျှိုဝှက်ထားပဲနဲ့ ပွင့်ပွင့်လင်းလင်းပြောပါ။

ပွင့်ပွင့်လင်းလင်း ရှိကြတော့ တစ်ယောက်နဲ့ တစ်ယောက်ပြသနာတွေ မဖြစ်ကြတော့ဘူး။ အဲ့ဒါကြောင့် ပွင့်ပွင့်လင်းလင်း ပြောကြပါ။

အလုပ်ချိန်တွေကို အသိပေးထားကြပါ

တစ်ယောက် အလုပ်ချိန်ကို တစ်ယောက် အသိပေးထားကြပါ။ မနက်ပိုင်းအလုပ်တို့၊ meeting တို့ ရှိနေတယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် အသိပေးထားကြပါ။

မဟုတ်ရင် အထင်လွဲ သွားနိုင်လို့ပါ။ အဲ့လို ဝေးနေရချိန်မှာ မလိုအပ်ဘဲနဲ့ အထင်လွဲမခံကြပါနဲ့။

credit: