ချစ်သူပုံစံ (၅)မျိုးမှာ သင်က ဘယ်လို ချစ်သူပုံစံမျိုးလဲဆိုတာ ခွဲခြားကြည့်ရအောင် ….
လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလိုပဲ လူတစ်ယောက်စီတိုင်းရဲ့ စိတ်နေစိတ်ထားတွေနဲ့
အပြုအမူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။
ဒီလိုပဲ တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါမှာလည်း သဘောထားတွေ၊
ခံယူချက်တွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ကြတဲ့အတွက်
မတူညီတဲ့ ချစ်သူပုံစံမျိုးတွေ ဖြစ်ပေါ်လာတတ်ကြပါတယ်။
ကိုယ်က ဘယ်လိုချစ်သူပုံစံလဲဆိုတာတော့ ဒီစာလေးဖတ်ကြည့်ပြီး ဆုံးဖြတ်ကြည့်လိုက်နော်။
ပေးဆပ်တတ်သူ
ပေးဆပ်တတ်တဲ့ ချစ်သူပုံစံမျိုးတွေမှာတော့ အကြောင်းပြချက် နှစ်ခုရှိလို့နေပါတယ်။
ပထမအချက်က သူတို့ကိုသူတို့ မပြည့်စုံဘူးလို့ ထင်တတ်ကြတဲ့အတွက်
ဒါမှမဟုတ် သူတို့က ပိုချစ်တတ်တဲ့အတွက် ပေးဆပ်မှုနဲ့ ဖြည့်ဆည်းတတ်ကြသူတွေပါ။
သူတို့တွေက ချစ်သူအပေါ် ဂရုစိုက်မှုတွေ၊ ချစ်ခြင်းတွေနဲ့ ပေးဆပ်တတ်ကြပါတယ်။
ဒါက သူတို့ရဲ့ မပြည့်စုံခြင်းကို ဖြည့်ဆည်းတာ ဖြစ်ကောင်းဖြစ်နိုင်သလို
ချစ်သူအပေါ် အရမ်းချစ်တတ်တဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။
သူတို့ရဲ့ချစ်သူအပေါ် ဖြူစင်ပြီး တစ်ကိုယ်ကောင်းမဆန်တဲ့
ချစ်ခြင်းတွေနဲ့ ဖြည့်ဆည်းပေးတတ်ကြသူတွေ ဖြစ်ပါတယ်။
ရယူတတ္သူ
ချစ်သူဆီကနေ ရယူတတ်တဲ့ သူတွေကတော့
သူတို့ကိုသူတို့ တန်ဖိုးမြှင့်မားတယ်လို့ မှတ်ယူထားကြသူတွေ ဖြစ်ပါတယ်။
သူတို့ကိုသူတို့ တန်ဖိုးတစ်ခု သတ်မှတ်ထားတတ်ကြပြီး သူတို့ကို ပိုင်ဆိုင်ရတဲ့
တစ်စုံတစ်ယောက်ဟာ ကံကောင်းတဲ့သူဖြစ်တယ်ဆိုပြီး မှတ်ယူထားကြသူတွေပါ။
နောက်ပြီး သူတို့ချစ်သူဆီက ဂရုစိုက်ကြင်နာမှုတွေနဲ့
ချစ်ခြင်းတွေကို ရယူတတ်ကြပြီး တကယ်လို့
ဒါတွေကို မပေးနိုင်ဘူးဆိုရင်တော့ ဒီဆက်ဆံရေးဟာ တည်မြဲဖို့ မလွယ်ကူူပါဘူး။
သူတို့ချစ်သူဆီက အယူရှိသလောက် သူတို့တွေဆီက ပေးဖို့ဆို တွန့်တိုတတ်ကြတဲ့ သူတွေဖြစ်ပြီးတော့
ချစ်သူက သံသယတွေနဲ့ မေးခွန်းထုတ်ရအောင်ထိ
ချစ်သူအပေါ် အပေးဆိုတာမရှိတဲ့ တစ်ကိုယ်ကောင်းဆန်သူတွေ ဖြစ်ကြပါတယ်။
ထိန်းချုပ်တတ်သူ
အစပိုင်းမှာတော့ ထိန်းချုပ်တတ်တဲ့ ချစ်သူမျိုးကို
ပိုင်ဆိုင်ရတာ ကံကောင်းတယ်လို့ တွေးမိကောင်းတွေးမိနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကိုယ်ရဲ့ဖုန်းတွေကို စစ်ဆေးတတ်တာ၊
ကိုယ်ဘာလုပ်လုပ် ဂရုတစိုက်ရှိနေတတ်တွေ၊ ကိုယ်ဘယ်သွားတယ်၊
ဘာလုပ်တယ်ဆိုတာတွေကို သိချင်တာတွေက
ကိုယ့်အပေါ် အရမ်းချစ်တဲ့အတွက် စိုးရိမ်ပေးတတ်မှုတွေလို့ပေါ့။
ဒါပေမယ့် နေ့စဉ်ရက်ဆက် ဒါတွေကို ကြုံလာရတဲ့အခါမှာ
ဒါက အိပ်မက်ဆိုးတစ်ခုအသွင်ကို ပြောင်းလဲသွားတတ်ပါတယ်။
ကိုယ်ဘာလုပ်လုပ် သူ့ဆီက ခွင့်ပြုချက်တွေလိုလာမယ်၊
သူခွင့်မပြုရင် ဘာမှမလုပ်ရဘူး စသဖြင့် ဒီလိုတွေဖြစ်လာတဲ့အခါ
စိတ်ခံစားမှုက အဆိုးဘက်ကို ရောက်လာတတ်ပါတယ်။ ဒါကတော့ ထိန်းချုပ်တတ်တဲ့ ချစ်သူပုံစံပါပဲ။
ပျော်ရွှင်မှုကို ယူဆောင်လာပေးသူ
ဒီလိုချစ်သူမျိုးကို ပိုင်ဆိုင်ထားရင်တော့ ကံကောင်းတယ်လို့ ဆိုရပါမယ်။
သူ့ရဲ့အချစ်တွေဟာ တစ်ကိုယ်ကောင်းဆန်မှုတွေ၊
မတည်ငြိမ်မှုတွေ မပါဝင်တဲ့ ပျော်ရွှင်မှုတွေ ယူဆောင်လာပေးတဲ့ ချစ်သူမျိုးဖြစ်ပါတယ်။
သူတို့တွေက ချစ်သူအပေါ် အမြဲတမ်း ထောက်ပံ့ပေးတတ်ပြီးတော့
တစ်ခုခု ခံစားရတဲ့အချိန်တိုင်း အားပေးတတ်တဲ့ သူတွေပဲ ဖြစ်ပါတယ်။
သူတို့တွေက ကြင်နာနူူးညံတတ်တဲ့ နှလုံးသားပိုင်ရှင်တွေဖြစ်သလို
သူတို့ဘဝတစ်ခုလုံးနဲ့ရင်းပြီး ချစ်တတ်ကြသူတွေလည်း ဖြစ်ပါတယ်။
တစ်ကိုယ်ကောင်းဆန်တတ်တဲ့သူ
တစ်ကိုယ်ကောင်းဆန်တတ်တဲ့ ချစ်သူမျိုးကို ရွေးချယ်မိရင်တော့
ဒါကသိပ်အရေးမကြီးတဲ့ ကိစ္စုလို့ထင်ရပေမယ့် မတူညီမှုတွေကို သင်ခံစားမိမှာပါ။
သူ့ကောင်းဖို့အတွက်ပဲ ကြည့်တတ်တဲ့ ချစ်သူမျိုးဖြစ်ပြီး
ဘယ်လိုအခြေအနေမျိုးမှာမဆို သူ့အတွက် အဆင်ပြေဖို့တစ်ခုတည်းကိုပဲ ရွေးချယ်တတ်တဲ့ သူမျိုး ဖြစ်ပါတယ်။
သူတို့အတွက် အကျိုးအမြတ်ကို အရင်တွက်ချပြီးမှ လုပ်ဆောင်တတ်တဲ့
ကိုယ့်တစ်ဖို့တည်းကိုပဲ ကြည့်တတ်တဲ့ ဒီလိုချစ်သူပုံစံမျိုးကတော့ တကယ့်ကို စိတ်ပျက်စရာပါနော်။
Credit