ၾကားသိရသမွ်

2လသားအရွယ်သာရှိသေးပေမဲ့ ဟန်ချက်ညီစွာမတ်တပ်ရပ်ပြီး မိဘတွေကိုအံ့သြထိတ်လန့်စေခဲ့တဲ့ ကလေးငယ်(ရုပ်သံ)

မိဘတိုင်းက သူတို့သားသမီးရဲ့ ကြီးထွားမှုနှုန်းနဲ့ ဘဝမှတ်တိုင်တွေကို စိတ်အားထက်သန်စွာ မျှော်လင့်ထားတတ်ကြတော့ ကလေးတွေ တစ်ခုခုလုပ်ရင် ရှော့ရပြီး အံ့အားသင့်သွားတတ်ကြပါတယ်။ England နိုင်ငံ Bristol မြို့ရှိ အသက် ၃၁နှစ်အရွယ် Tezra Finn-Johnston အမည်ရှိအမျိုးသား နဲ့ သူ့ဇနီး အသက် ၂၃နှစ်အရွယ် Emily Derrick တို့ဟာ သူတို့ရဲ့ ၈ ပတ်အရွယ်သမီးလေးက ကိုယ်တိုင် ကောင်းကောင်း မတ်တပ်ရပ်နိုင်ဖို့ သင်ယူနေတာကို မြင်တွေ့ခဲ့ရပြီးနောက် တုန်လှုပ် သွားခဲ့ကြပါတယ်။ အဆိုပါ Luka လို့ခေါ်တဲ့ ကလေးမလေးကတော့ ငယ်ငယ်လေးကတည်းက သန်မာကြောင်းကို သက်သေပြနေပါတယ်။သူမဟာ ၈ ပတ်အလိုမှာ မတ်တပ်ရပ်နိုင်ခဲ့ပြီး ၁၅ ပတ်ရောက်တဲ့အချိန်မှာတော့ အကူအညီမပါဘဲ တစ်ကိုယ်တည်း ကောင်းကောင်း ရပ်တည်နိုင်နေပါပြီ။

ဖခင် Tezra က ကလေးမလေးက သူမကြည့်တဲ့ You Tube က strongman ဗီဒီယိုတွေကနေ inspire ယူခဲ့ပုံဘဲလို့ နောက်ပြောင်ခဲ့ပါသေးတယ်။“သူ ၁လသားအရွယ်လောက်ကတည်းက အရမ်းရှုပ်တာ သူ့ကို ငြိမ်သွားအောင် ငါ့ ပေါင်ပေါ်တင်ထားမို့ကို သူက ငါ့ပေါင်ပေါ်မှာ ခြေထောက်မကွေးဘဲ အေးဆေးမတ်တပ်ရပ်နေခဲ့တယ် ၊ သူအဲ့လို သီတင်းပတ်အကြာထိ လုပ်ခဲ့တယ် ၊ ငါကလည်း သူ့ကို ထိန်းပေးခဲ့ရင်း သူကတော့ သူ့အလေးချိန်ကို ဟန်ချက်ညီညီနဲ့ သေချာထိန်းနိုင်ခဲ့တယ်” လို့ ဂုဏ်ယူနေတဲ့ဖခင်က ဆိုခဲ့ပါတယ်။

Tezra ပြောပုံအရ သူတို့က သမီးဖြစ်သူရဲ့ မယုံနိုင်စရာအစွမ်းသတ္တိရဲ့အရိပ်လက္ခဏာကို မြင်ရခြင်းက သူတို့အတွက် ပထမဆုံးအကြိမ်မဟုတ်သလိုပါဘဲ။“ ဆေးရုံဆင်းတဲ့နေ့ကစပြီး Lukaက ငါတို့ထင်ထားတာထက် သူမရဲ့ခေါင်းကို အနည်းငယ် ထောက်ပံ့နေနိုင်ခဲ့တယ် ၊ Emily ကလည်း သူ့ကို အကြာကြီး လက်ထဲထည့်ပြီး သေချာတောင် မချီထားခဲ့ရဘူး ”လို့ Tezra ကဆိုခဲ့ပါတယ်။ သာမန်ကလေးတွေဆို ၁နှစ် ၊ ၁နှစ်ခွဲလောက်မှ လမ်းလျှောက်တတ်တာပါ။ဒီကလေးမလေးက ၈ပတ်တည်းနဲ့ဆိုတော့ အတော်လေး သန်မာတယ်လို့ ဆိုရမှာပါဘဲ။

Caucasian baby staring at teddy bear on bed

1

Mia (Mckzone Daily)

Source : elitereaders

Unicode

မိဘတိုင်းက သူတို့သားသမီးရဲ့ ကြီးထွားမှုနှုန်းနဲ့ ဘဝမှတ်တိုင်တွေကို စိတ်အားထက်သန်စွာ မျှော်လင့်ထားတတ်ကြတော့ ကလေးတွေ တစ်ခုခုလုပ်ရင် ရှော့ရပြီး အံ့အားသင့်သွားတတ်ကြပါတယ်။

“သူ ၁လသားအရွယ်လောက်ကတည်းက အရမ်းရှုပ်တာ သူ့ကို ငြိမ်သွားအောင် ငါ့ ပေါင်ပေါ်တင်ထားမို့ကို သူက ငါ့ပေါင်ပေါ်မှာ ခြေထောက်မကွေးဘဲ အေးဆေးမတ်တပ်ရပ်နေခဲ့တယ် ၊ သူအဲ့လို သီတင်းပတ်အကြာထိ လုပ်ခဲ့တယ် ၊ ငါကလည်း သူ့ကို ထိန်းပေးခဲ့ရင်း သူကတော့ သူ့အလေးချိန်ကို ဟန်ချက်ညီညီနဲ့ သေချာထိန်းနိုင်ခဲ့တယ်” လို့ ဂုဏ်ယူနေတဲ့ဖခင်က ဆိုခဲ့ပါတယ်။

&;

Tezra ပြောပုံအရ သူတို့က သမီးဖြစ်သူရဲ့ မယုံနိုင်စရာအစွမ်းသတ္တိရဲ့အရိပ်လက္ခဏာကို မြင်ရခြင်းက သူတို့အတွက် ပထမဆုံးအကြိမ်မဟုတ်သလိုပါဘဲ။“ ဆေးရုံဆင်းတဲ့နေ့ကစပြီး Lukaက ငါတို့ထင်ထားတာထက် သူမရဲ့ခေါင်းကို အနည်းငယ် ထောက်ပံ့နေနိုင်ခဲ့တယ် ၊ Emily ကလည်း သူ့ကို အကြာကြီး လက်ထဲထည့်ပြီး သေချာတောင် မချီထားခဲ့ရဘူး ”လို့ Tezra ကဆိုခဲ့ပါတယ်။