ၾကားသိရသမွ်

“တို့သတိရနေမှာပါ ” သီချင်းကို သာမန် ရိုးရိုး အချစ်သီချင်းလေးလို့ပဲ ထင်ထားမိတာ …..😢

ဒီမနက် အိပ်ရာနိုးတော့ တို့သတိရနေမှာပါ ဆိုတဲ့သီချင်းရဲ့ နောက်ကွယ် interview လေးကိုကြည့်မိပြီးမျက်ရည်ကျခဲ့ရတယ် အချိန်လေးရရင်ဖတ်ပေးပါ။

ကျွန်တော်က မြန်မာပြည်ရဲ့ အထင်ကရနေရာလေးတွေကိုချစ်တတ်သူတစ်ယောက်ဖြစ်လို့ ရန်ကုန်တက္ကသိုလ်ကြီးကို မတက်လိုက်ရပေမယ့်လည်း ချစ်တဲ့သူထဲမှာပါတယ် ဒီကျောင်းကြီးတက်ဖူးသူတိုင်းရဲ့ history တွေဆို အမြဲ လိုက်မေးနားထောင်တတ်သလို သီချင်းတွေလည်း နားထောင်တတ်တယ် ။

ကျွန်တော် အမျိုးသမီးအဆိုတော်တွေရဲ့သီချင်းလေးတွေသိပ်မကြိုက်တတ်ပေမယ့် ဒီသီချင်းကို မောင်ချိုအမေ အဆိုတော် အိအိ ဆိုထဲက ကြိုက်ခဲ့တယ် ဒီသီချင်းကိုနောက်ပိုင်းဘယ်သူဆိုဆိုကြိုက်ခဲ့တယ်။

ခုနောက်ကွယ်ရအကြောင်းသိလိုက်ချိန် မျက်ရည်ဝဲပြီး ရင်ထဲစို့တတ်လာတယ် ။ ကျွန်တော်က တစ်ခုခုဆို မြင်ယောင်တတ်တဲ့ သူဆိုတော့ ဒီသီချင်းကိုသိခဲ့တာ အလွမ်းသီချင်းအချစ်သီချင်းလေး ချစ်သူနှစ်ဦးဝေးကွာသွာကြတယ်လို့ထင်ခဲ့ဖူးတယ်။

တကယ့်ဖြစ်ရပ်နောက်ကွယ်ကတော့ ချစ်သူနှစ်ယောက် ၈၈ အရေးခင်းကျောင်းကြီးထဲမှာ ဆန္ဒပြတာ ဖြိုခွဲမှု ဖြစ်တော့ ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ကလည်း အများနည်းတူပြေးကြတယ် အဲ့ချိန် သေနတ်သံကြားခဲ့ရတယ် ကြားတဲ့ချိန်မှာသီချင်းရေးသူတို့ကလုံခြုံစိတ်ချပြီးပုန်းလို့ရမယ့်နေရာမှာ ပုန်းပြီးလှမ်းကြည့်လိုက်ချိန်မှာ ကောင်လေးက သေနတ်ဒါဏ်ရာထိပြီး RC ရှေ့နားလေးမှာပဲ သွေးအိုင်ထဲပတ်လက်လန်လဲကျနေခဲ့တယ် အဲ့ချိန်သူ့ကောင်မလေးက ထွက်မပြေးပဲ ကောင်လေးကို သွေးအိုင်ထဲမှာ မထားခဲ့ပဲ သူ့ကိုပွေ့ဖက်ထားတယ် ။

ကောင်မလေးကို ပြေးဖို့ခေါ်တယ်တခြားသူတွေက ချစ်သူကောင်လေးကိုထားပြီး မပြေးခဲ့ဘူး အဲ့ချိန် လူစုလူဝေးဖြိုခွင်းသူ လက်နက်ကိုင်တွေက ဒိုင်းတွေကို ရိုက်ပြီး တတ်လာတယ် သူတို့နားရောက်တဲ့ချိန်ဝိုင်းလိုက်ပြီးတော့ ကောင်မလေးကို ဆံပင်ကနေ တရွတ်တိုက် ဆွဲထုတ်လိုက်တယ် ကောင်လေးကိုလည်းတရွတ်တိုက်ဆွဲခေါ်ပြီး ရင်ဝ ကို ဘတ်နက် နဲ့ ထိုးချလိုက်တယ် ပီး သူတို့ပြန်ဆုတ်သွားတယ်ပေါ့ဗျာ အဲ့ချိန် တချို့တွေက သူတို့ဆီပြေးသွားကြတယ် အဲ့ထဲ သီချင်းရေးသူလည်းပါတယ်ပေါ့

အဲ့ချိန် တိုက်တိုက်ဆိုင်ဆိုင် အဲ့မှာ ကောင်လေးရဲ့သွေးကွက်ကြီး ရှိနေခဲ့တယ် အဲ့သွေးကွက်ကြီးကိုကြည့်လိုက်တဲ့ချိန် စစ်ဖိနပ်နဲ့ နင်းပြီးတော့ ဘေးမှာ စစ်ဖိနပ်ခြေရာကျန်ရစ်ခဲ့တယ် ။ အဲ့သီချင်းလေးထဲမှာ ပါတဲ့ “ ရင်မှာ သံမှိုစွဲနှလုံးအိမ်ထဲ “ ဆိုတဲ့ စာသားက ရင်ဝကို ဘတ်နက် နဲ့ ထိုးတာကိုပြောခဲ့တာမှန်း နောက်ပီး “ခြေရာ ထင်ကျန်ဆဲ အဓိပတိလမ်း “ဆိုတာ ချစ်သူတို့နှစ်ယောက်ခြေရာမဟုတ်ပဲ သွေးတွေတတ်နင်းထားတဲ့ စစ်ဖိနပ်သွေးခြေရာ ဆိုတာ

“ စိန်ပန်းပွင့်လေးများလွှင့်ကြွေ တို့မခွဲစဖူးခွဲရတော့လေ “ ဆိုတာ စိန်ပန်းပွင့် အနီလေးတွေက ကွယ်လွန်သွားတဲ့ကျောင်းသားကျောင်းသူလေးတွေကို ကိုယ်စားပြုမှန်း ကောင်မလေးကကောင်လေးကို ပွေ့ဖက်ထားချိန်ကောင်လေးက စကားမပြောနိုင်တော့ပဲ မျက်ရည်တွေနဲ့ နှုတ်ဆက် နေပြီး ဘယ်တော့မှပြန်မတွေ့ပဲ သတိရနေမှာ ဆိုတာ ကျွန်တော်ခုမှ သိခဲ့ရတယ် ။

သူတို့ နှစ်ယောက်အဲ့ချိန် ဘယ်လောက်ထိဘယ်လိုခံစားရမယ်ဆိုတာ ဆက်ပီး ကျွန်တော် မြင်ယောင်ကြည့်လို့မရလောက်အောင် မျက်ရည်ဝဲပြီးစိတ်မကောင်းဖြစ်မိတယ် ။ တေးရေး ဆရာက လူမောင်(ဆေး၁)ပါ သီချင်းက “တို့သတိရနေမှာပါ” တဲ့ အဲ့သီချင်းထဲက ကောင်မလေးနဲ့ကောင်လေး အကြောင်းဆိုထားတဲ့ အပိုဒ်ပါတဲ့ သီချင်းက Lလွန်းဝါနဲ့ သွန်း စုံတွဲ ဆိုထားခဲ့တယ် ။

တေးရေးဆရာရဲ့ ပြောစကား (ရုပ်သံ)

ပြန်လည်သီဆိုထားတဲ့ “တို့သတိရနေမှာပါ” သီချင်းလေး