Life Style

ပင်ကိုယ်အတိုင်း ချစ်ဖို့ကောင်းနေတတ်သူများရဲ့ လျှို့ဝှက်ချက်များ….

တစ်ချို့က အဲဒီလူက ခင်ဖို့ကောင်းတယ်၊ ချစ်ဖို့ကောင်းတယ်၊ ကြင်နာတတ်တယ် စသဖြင့် ပုဂ္ဂိုလ်ရေးအနေနဲ့ ဆုံးဖြတ်တတ်ကြပါတယ်။

တကယ့်တစ်ကယ် အဲဒီလို အပြောခံရတဲ့လူတွေကို ဆန်းစစ်ကြည့်တဲ့အခါမှာ အောက်ပါ တူညီတဲ့အချက်တွေကို သွားတွေ့ရပါတယ်။

ပရိသတ်ထဲမှာ ကိုယ့်ကိုယ်ကို ချစ်ဖို့ကောင်းတယ်လို့ ထင်တဲ့သူတွေ ဒီအချက်တွေနဲ့ တိုက်ဆိုင်ကြည့်ပါ …

ဒါဆို ပြင်ပလူနေမှုဘဝမှာ ကိုယ်ဟာ တစ်ကယ်ချစ်ဖို့ကောင်းသူ ဟုတ်မဟုတ် သိနိုင်ပါလိမ့်မယ်။

(၁) ကောင်းစွာ နားထောင်တတ်သူ

ချစ်ဖို့ကောင်းတဲ့သူတွေတော်တော်များများဟာ Good Listener တွေ ဖြစ်ပါတယ်။

တစ်စုံတစ်ယောက် စကားပြောနေရင် သူတို့ဘာသာ သတ်မှတ်ထားတဲ့ ယဉ်ကျေးမှုအရ စကားဖြတ်ပြောခြင်း၊ စိတ်မဝင်စားသယောင်ပြုခြင်း၊ ခနဲ့တဲ့သဘောနဲ့ နားထောင်ခြင်း၊ စကားကို အမူအယာနဲ့ တစ်နည်းနည်း နှောက်ယှက်ခြင်း မရှိပါဘူး။

(၂) ရှင်းလင်းစွာ ပြောတတ်သူ

ကိုယ်ပြောစရာရှိတာကိုလည်း သွယ်ဝိုက်ခြင်း အလျှဉ်းမရှိ အရိုးခံအတိုင်း ပြောချတတ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားတွေဟာ တစ်ခါတလေ ရိုင်းသယောင်ရှိပေမယ့် သူ့ကို မြန်မာပြည်တစ်ပြည်လုံးက ကြည်ညိုလေးစား ချစ်ခင်ကြပါတယ်။

ဒါက သူ့ စကားပြောတိုင်း ရိုးသားမှုနဲ့ ပြောလို့ ဖြစ်ပါတယ်။

(၃) မသိလို့မေးရင် ရှင်းပြသူ

အတန်းထဲမှာ သင်နားမလည်တဲ့စာကို တစ်စုံတစ်ယောက်ကို မေးဖုးမယ်ထင်ပါတယ်။

အရပ်ထဲမှာ၊ သို့မဟုတ် မျက်စိလည် လမ်းမှားနေတဲ့အခါမျိုးမှာပေါ့။

စိတ်လိုလက်ရ ရှင်းပြတဲ့သူတွေ ရှိနိုင်သလို၊ တမင်ကြပ်လွှတ်တဲ့သူတွေ၊ မသိဘူးချည်းပဲ ဘူးခံငြင်းတဲ့သူတွေကိုလည်း ကြုံဖူးပါလိမ့်မယ်။

စေတနာအပြည့်နဲ့ စိတ်လိုလက်ရ ရှင်းပြသူဆိုရင် သူ့ကို သင် မသိဘူးဆိုရင်လည်း ဒီလူဟာ ဒီအနားဝန်းကျင်းမှာ လူချစ်လူခင်များတဲ့သူလို့ အကြမ်းဖျင်း သတ်မှတ်လိုက်လို့ ရပါတယ်။

(၄) ရယ်စရာတွေကို ဖန်တီးတတ်သူ

အပေါင်းအသင်းတွေထဲမှာလည်း အဲဒီလိုလူတွေ ရှိတတ်ပါတယ်။

ခရီးတစ်ခုခု ထွက်တဲ့အခါ သင့်ကို အပေါင်းအသင်းတွေက တကူးတက မျှော်နေတာမျိုး၊ သင် ရောက်လာတာနဲ့ သူတို့စကားဝိုင်း ပိုစည်သွားတာမျိုး သင် ကြုံရလေ့ရှိတယ်ဆိုရင် သေချာပေါက် သင်ဟာ သူငယ်ချင်းတွေရဲ့ ချစ်ခင်မြတ်နိုးမှု ခံနေရသူပါဘဲ။

(၅) အမြဲပြုံးနေတတ်သူ

ချစ်ဖို့ကောင်းတယ်ဆိုတဲ့ သူတွေမှာ မရှိမဖြစ် အဆင်တန်ဆာက အပြုံးပါဘဲ။ အမြဲပြုံးနေတယ်ဆိုလို့ အကြောင်းပြချက်မရှိဘဲ ပြုံးနေတာမျိုးတော့ မဟုတ်ဖူးပေါ့။

သင်က စကားပြောတဲ့အခါ သူစကားပြောတဲ့အခါတိုင်း ပြုံးနေတတ်တာ၊ အကူအညီပေးစရာရှိလည်း ပြုံးပြုံးလေး ကူညီတတ်တာ စသဖြင့်ပေါ့။

Nilar (auntymay)

source : rd.com