Life Style

တဖက္သတ္ခ်စ္မိၿပီဆိုရင္ ဘာေတြ ျပင္ဆင္ထားဖို႔လိုလဲ ..?

လူတစ္ေယာက္ဟာ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္မွာေတာ့ ကံဆိုးမိုးေမွာင္က်ၿပီး၊ ကိုယ့္ကို ဘယ္လိုနည္းနဲ႔မွ ျပန္မခ်စ္ႏိုင္မယ့္သူတစ္ေယာက္ကို ႐ူး႐ူးမူးမူး၊ စြဲစြဲလမ္းလမ္း ခ်စ္မိသြားႏိုင္တာပဲ မဟုတ္လား။အဲ့လိုအေျခအေနေတြနဲ႔ ႀကဳံဆုံလာရၿပီဆိုရင္၊ ဘာေတြျပင္ဆင္ထားသင့္လဲ ဆိုတာေတြကို ေဆြးေႏြးၾကည့္ၾကရေအာင္ေလ။ ၿပီးမွ အတူဖက္ငိုၾကတာေပါ့။

(၁)။ ဘာေမွ်ာ္လင့္ခ်က္မွ မထားပါနဲ႔

သူ႔စိတ္က တစ္ေန႔ေန႔ေတာ့ ေ့ျပာင္းလာမွာဆိုတဲ့ ေမွ်ာ္လင့္ခ်က္မ်ိဳး၊ ကိုယ့္အခ်စ္ကို တစ္ခ်ိန္က်ရင္ အသိအမွတ္ျပဳလာမွာဆိုတဲ့ ေမွ်ာ္လင့္ခ်က္မ်ိဳးေတြက အႏၲရာယ္ သိပ္မ်ားပါတယ္။ ကိုယ့္စိတ္ကိုကိုယ္ျပန္သတ္ေနမယ့္ အေတြးေတြမို႔၊ လုံးဝမထားပါနဲ႔။

(၂)။ ေငးၾကည့္ေနရ႐ုံနဲ႔ ေက်နပ္ပါ

သူဆိုတဲ့ျဖစ္တည္ခ်က္ေလးကို ခ်စ္တာမဟုတ္လား။ အဲ့ဒီ့ေတာ့ သူဘာလုပ္လုပ္ ေဝးေဝးကပဲေငးၾကည့္ေနပါ။ ျမင္ေနသိေနရ႐ုံနဲ႔ပဲ ေက်နပ္ပါ။ အဲဒီထက္ေက်ာ္ခ်င္လာရင္ စၿပီးပူေလာင္လာမွာမို႔ပါ။

(၃)။ သူ႔ကို ေပးမသိပါနဲ႔

အစထဲက မျဖစ္ႏိုင္မွန္း သိေနေပမယ့္၊ မေနႏိုင္ပဲ ခ်စ္ခဲ့တာမဟုတ္လား။ ေရွ႕တိုးလို႔ ဘယ္လိုမွမရတဲ့အေျခအေနမွာ သူ႔ကိုေပးမသိတာအေကာင္းဆုံးပဲေလ။ သူလည္း အေနရမခက္ေတာ့ဘူး။ ကိုယ္လည္း အေနရမခက္ေတာ့ဘူး။

(၄)။ ရင္းႏွီးေအာင္ေနပါ၊ မပိုပါေစနဲ႔

သူ႔နားမွာ သူငယ္ခ်င္းလိုေနႏိုင္ရင္ ပိုေကာင္းပါတယ္။ ဒါမွ သူအကူအညီလိုတာမ်ိဳးဆို ကိုယ္ျဖည့္ဆည္းေပးႏိုင္မယ္ မဟုတ္လား။ သူလိုခဲ့ရင္မီဖို႔ ပုခုံးတစ္ဖက္၊ သူလိုခဲ့ရင္ဆြဲဖို႔ လက္တစ္ဖက္ မျဖစ္ခ်င္ၾကဘူးလား။ ကိုယ္ကေတာ့ ျဖစ္ခ်င္တယ္။ ဒါေပမယ့္ လုံးဝစည္းမေက်ာ္ပါနဲ႔။

(၅)။ အဆိုးဆုံးအတြက္ျပင္ဆင္ထားပါ

တစ္ေန႔က်ရင္ သူက ရည္းစားရသြားၿပီး၊ ကိုယ့္ေရွ႕မွာ လာ႐ိုျပခ်င္ျပေနမယ္။ သူအသည္းကြဲေနတာကို ရင္လာဖြင့္ရင္ဖြင့္မယ္။ သူသေဘာက်ေနတဲ့သူကိုျပၿပီး ေဝဖန္ခိုင္းတာလည္း ရွိႏိုင္တယ္။သူ႔မဂၤလာေဆာင္ကိုလည္း တက္ရႏိုင္တယ္။ ဒါေတြအတြက္ေရာ မ်က္ႏွာတစ္ခ်က္မပ်က္ပဲ၊ ၿပဳံးၿပဳံးေလးေနႏိုင္ၿပီလားလို႔။

(၆)။ အေဝးႀကီးမွာ ရွင္သန္ပါ

သူဆိုတာက ပိုင္လည္းမပိုင္၊ ဆိုင္လည္း မဆိုင္ဘူးေလ။ နီးေအာင္လည္း ႀကိဳးစားလို႔မရႏိုင္ဘူး။ ခုေနခ်ိန္မွာ နည္းနည္း ေလာက္နီးေနႏိုင္ေပမယ့္။ အခ်ိန္တစ္ခုအၾကာမွာေတာ့ ေဝးသြားၾကရမွာပဲေလ။ အဲ့ဒီ့အတြက္။ အခုကထဲကေနၿပီး သူနဲ႔အေဝးႀကီးမွာ ေပ်ာ္႐ႊင္စြာနဲ ႔ရွင္သန္ႏိုင္ေအာင္ လုပ္ထားပါ။

 

(၇)။ ေခါင္းထဲက ထုတ္ထားပါ

သူ႔အေၾကာင္းေတြက အေတြးထဲ အၿမဲဝင္ေနရင္ အဆင္မေျပပါဘူး။ ဘဝအတြက္ ႀကိဳးစားေနရဦးမွာေလ။ အသည္းခ်ည္း ထိုင္ကြဲေနလို႔မွ မရတာ။ သူ႔ကို ရင္ထဲမွာပဲ ထားပါ။ စိတ္ေအးလက္ေအး အခ်ိန္ဆို သူ႔ကို လြမ္းပါ။ က်န္တဲ့အခ်ိန္မွာ အလုပ္ဆက္လုပ္ပါ။

(၈)။ အစားထိုးဖို႔ မႀကိဳးစားပါနဲ႔

သူ႔ေနရာမွာ တစ္ျခားတစ္ေယာက္ အစားထိုးဖို႔ မႀကိဳးစားပါနဲ႔။ ဘယ္ေတာ့မွ မေအာင္ျမင္ပါဘူး။ တကယ္ခ်စ္တာဆိုရင္ ဘယ္လိုမွ၊ ဘယ္ေတာ့မွ မေအာင္ျမင္ပါဘူး။ ၿပီးေတာ့။ ကိုယ့္ကိုယ္ကိုေရာ၊ ေနာက္လူကိုပါ ႏွိပ္စက္ရာက်တယ္။

စိတ္ေရာလူပါ အတတ္ႏိုင္ဆုံးေတာ့ ျပင္ဆင္ထားတာပဲ။ မတတ္ႏိုင္ဘူးေလ။ ေနာ္။ လူတစ္ေယာက္ကို ပိုင္ဆိုင္ခြင့္မရွိပဲ၊ ဝဠ္ေႂကြးဆပ္ဖို႔သက္သက္ ခ်စ္ခဲ့ရတာဆိုေတာ့။တကယ္ကို အဆင္မေျပဘူး။ အနည္းဆုံးေတာ့ ကိုယ္သူ႔ကို အျဖဴထည္ေလးခ်စ္ခဲ့တယ္၊ အတတ္ႏိုင္ဆုံး အေကာင္းဆုံးခ်စ္ေပးႏိုင္ခဲ့တယ္ဆိုၿပီးေတာ့၊ လိပ္ျပာသန႔္သန႔္နဲ႔ေနႏိုင္သြားတာေပါ့။

Credit

Unicode,

တဖက်သတ်ချစ်မိပြီဆိုရင် ဘာတွေ ပြင်ဆင်ထားဖို့လိုလဲ

လူတစ်ယောက်ဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ကံဆိုးမိုးမှောင်ကျပြီး၊ ကိုယ့်ကို ဘယ်လိုနည်းနဲ့မှ ပြန်မချစ်နိုင်မယ့်သူတစ်ယောက်ကို ရူးရူးမူးမူး၊ စွဲစွဲလမ်းလမ်း ချစ်မိသွားနိုင်တာပဲ မဟုတ်လား။အဲ့လိုအခြေအနေတွေနဲ့ ကြုံဆုံလာရပြီဆိုရင်၊ ဘာတွေပြင်ဆင်ထားသင့်လဲ ဆိုတာတွေကို ဆွေးနွေးကြည့်ကြရအောင်လေ။ ပြီးမှ အတူဖက်ငိုကြတာပေါ့။

(၁)။ ဘာမျှော်လင့်ချက်မှ မထားပါနဲ့

သူ့စိတ်က တစ်နေ့နေ့တော့ ေ့ပြာင်းလာမှာဆိုတဲ့ မျှော်လင့်ချက်မျိုး၊ ကိုယ့်အချစ်ကို တစ်ချိန်ကျရင် အသိအမှတ်ပြုလာမှာဆိုတဲ့ မျှော်လင့်ချက်မျိုးတွေက အန္တရာယ် သိပ်များပါတယ်။ ကိုယ့်စိတ်ကိုကိုယ်ပြန်သတ်နေမယ့် အတွေးတွေမို့၊ လုံးဝမထားပါနဲ့။

(၂)။ ငေးကြည့်နေရရုံနဲ့ ကျေနပ်ပါ

သူဆိုတဲ့ဖြစ်တည်ချက်လေးကို ချစ်တာမဟုတ်လား။ အဲ့ဒီ့တော့ သူဘာလုပ်လုပ် ဝေးဝေးကပဲငေးကြည့်နေပါ။ မြင်နေသိနေရရုံနဲ့ပဲ ကျေနပ်ပါ။ အဲဒီထက်ကျော်ချင်လာရင် စပြီးပူလောင်လာမှာမို့ပါ။

(၃)။ သူ့ကို ပေးမသိပါနဲ့

အစထဲက မဖြစ်နိုင်မှန်း သိနေပေမယ့်၊ မနေနိုင်ပဲ ချစ်ခဲ့တာမဟုတ်လား။ ရှေ့တိုးလို့ ဘယ်လိုမှမရတဲ့အခြေအနေမှာ သူ့ကိုပေးမသိတာအကောင်းဆုံးပဲလေ။ သူလည်း အနေရမခက်တော့ဘူး။ ကိုယ်လည်း အနေရမခက်တော့ဘူး။

(၄)။ ရင်းနှီးအောင်နေပါ၊ မပိုပါစေနဲ့

သူ့နားမှာ သူငယ်ချင်းလိုနေနိုင်ရင် ပိုကောင်းပါတယ်။ ဒါမှ သူအကူအညီလိုတာမျိုးဆို ကိုယ်ဖြည့်ဆည်းပေးနိုင်မယ် မဟုတ်လား။ သူလိုခဲ့ရင်မီဖို့ ပုခုံးတစ်ဖက်၊ သူလိုခဲ့ရင်ဆွဲဖို့ လက်တစ်ဖက် မဖြစ်ချင်ကြဘူးလား။ ကိုယ်ကတော့ ဖြစ်ချင်တယ်။ ဒါပေမယ့် လုံးဝစည်းမကျော်ပါနဲ့။

(၅)။ အဆိုးဆုံးအတွက်ပြင်ဆင်ထားပါ

တစ်နေ့ကျရင် သူက ရည်းစားရသွားပြီး၊ ကိုယ့်ရှေ့မှာ လာရိုပြချင်ပြနေမယ်။ သူအသည်းကွဲနေတာကို ရင်လာဖွင့်ရင်ဖွင့်မယ်။ သူသဘောကျနေတဲ့သူကိုပြပြီး ဝေဖန်ခိုင်းတာလည်း ရှိနိုင်တယ်။သူ့မင်္ဂလာဆောင်ကိုလည်း တက်ရနိုင်တယ်။ ဒါတွေအတွက်ရော မျက်နှာတစ်ချက်မပျက်ပဲ၊ ပြုံးပြုံးလေးနေနိုင်ပြီလားလို့။

(၆)။ အဝေးကြီးမှာ ရှင်သန်ပါ

သူဆိုတာက ပိုင်လည်းမပိုင်၊ ဆိုင်လည်း မဆိုင်ဘူးလေ။ နီးအောင်လည်း ကြိုးစားလို့မရနိုင်ဘူး။ ခုနေချိန်မှာ နည်းနည်း လောက်နီးနေနိုင်ပေမယ့်။ အချိန်တစ်ခုအကြာမှာတော့ ဝေးသွားကြရမှာပဲလေ။ အဲ့ဒီ့အတွက်။ အခုကထဲကနေပြီး သူနဲ့အဝေးကြီးမှာ ပျော်ရွှင်စွာနဲ ့ရှင်သန်နိုင်အောင် လုပ်ထားပါ။

(၇)။ ခေါင်းထဲက ထုတ်ထားပါ

သူ့အကြောင်းတွေက အတွေးထဲ အမြဲဝင်နေရင် အဆင်မပြေပါဘူး။ ဘဝအတွက် ကြိုးစားနေရဦးမှာလေ။ အသည်းချည်း ထိုင်ကွဲနေလို့မှ မရတာ။ သူ့ကို ရင်ထဲမှာပဲ ထားပါ။ စိတ်အေးလက်အေး အချိန်ဆို သူ့ကို လွမ်းပါ။ ကျန်တဲ့အချိန်မှာ အလုပ်ဆက်လုပ်ပါ။

(၈)။ အစားထိုးဖို့ မကြိုးစားပါနဲ့

သူ့နေရာမှာ တစ်ခြားတစ်ယောက် အစားထိုးဖို့ မကြိုးစားပါနဲ့။ ဘယ်တော့မှ မအောင်မြင်ပါဘူး။ တကယ်ချစ်တာဆိုရင် ဘယ်လိုမှ၊ ဘယ်တော့မှ မအောင်မြင်ပါဘူး။ ပြီးတော့။ ကိုယ့်ကိုယ်ကိုရော၊ နောက်လူကိုပါ နှိပ်စက်ရာကျတယ်။

စိတ်ရောလူပါ အတတ်နိုင်ဆုံးတော့ ပြင်ဆင်ထားတာပဲ။ မတတ်နိုင်ဘူးလေ။ နော်။ လူတစ်ယောက်ကို ပိုင်ဆိုင်ခွင့်မရှိပဲ၊ ဝဠ်ကြွေးဆပ်ဖို့သက်သက် ချစ်ခဲ့ရတာဆိုတော့။တကယ်ကို အဆင်မပြေဘူး။ အနည်းဆုံးတော့ ကိုယ်သူ့ကို အဖြူထည်လေးချစ်ခဲ့တယ်၊ အတတ်နိုင်ဆုံး အကောင်းဆုံးချစ်ပေးနိုင်ခဲ့တယ်ဆိုပြီးတော့၊ လိပ်ပြာသန့်သန့်နဲ့နေနိုင်သွားတာပေါ့။

Credit