အခ်စ္နွင့္ဘဝ
Relationship တစ်ခု စတင်ဖို့ဆိုတာ များသော အားဖြင့် ယောက်ျားလေးဖြစ်သူက စတင်ဖွင့်ပြောမှ ဇာတ်လမ်း တစ်ခု အစပြုတတ်ပါတယ် …။
ယောက်ျားလေး ဘက်က စတင်ဖွင့်ပြောမှ ချစ်သူဖြစ်နိုင်တယ် ဆိုတဲ့ အလေ့အထကြီးက ဘယ်က ဘယ်လို စတင်ခဲ့မှန်း မသိပေမယ့် ယောက်ျား မိန်းမ ရင်ဘောင်တန်းနေတဲ့ ဒီခေတ်ကြီးထဲမှာ မိန်းကလေးတစ်ယောက် အနေနဲ့လည်း
မိန်းကလေးဘက်က စတင်လိုက်တဲ့ Relationship ဟာ ယောက်ျားလေးတွေကို ရင်ခုန်စေပါတယ် …။
များသောအားဖြင့် ယောက်ျားလေးတွေဟာ မိန်းကလေး တစ်ယောက်ကို စတင်ဖွင့်ပြောတာ များပြီး အဲဒီ မိန်ကလေးဆီက အဖြေကို စောင့်ရင်း ရင်ခုန်လေ့ ရှိပါတယ် …။
ဒါပေမယ့် မိန်းကလေး တစ်ယောက်က ယောက်ျားလေး တစ်ယောက်ကို ချစ်ရင်ချစ်တဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း စပြောခဲ့မယ် ဆိုရင်
တစ်ဖက်ယောက်ျားလေးက မိန်းကလေးတစ်ယောက်ဆီက အဖြေစောင့်ရတဲ့ ရင်ခုန်မှုထက် ပိုမို ရင်ခုန်ရတဲ့ ခံစားချက်ကို ရရှိစေပါတယ်။ …။
အဲဒီလို ရင်ခုန်တဲ့ ယောက်ျားလေးကတော့ ဖွင့်ပြောတဲ့ မိန်းကလေးတစ်ယောက်ကို တော်ရုံနဲ့ မေ့ပျောက်မှာ မဟုတ်ပါဘူးနော် …။
ကိုယ်နဲ့သင့်တော်မယ့် ယောက်ျားတစ်ယောက်ကို အချိန်ကုန်ခံပြီး ထိုင်စောင့်နေစရာမလိုပါဘူး …။
မိန်းကလေးတစ်ယောက်ဟာ ကိုယ်နဲ့ အဆင်ပြေမယ့် ယောက်ျားလေး တစ်ယောက်ကို စောင့်ရင်း အချိန်ကုန်သွားတတ် ကြပါတယ် …။
ဒါ့ကြောင့် ကိုယ်နဲ့ နာလည်မှု လည်းရ၊ လိုချင်နဲ့ type နဲ့လည်း ထပ်တူကျနေရင် အဲဒီ ယောက်ျားလေးကို အမြန်ဆုံး ဖွင့်ပြောလိုက်တာ အကောင်းဆုံးပါပဲ …။
တစ်ဖက်ယောက်ျားလေးတစ်ယောက် Impress ဖြစ်တာကို ခံရမှာပါ …။
ကိုယ်ကစပြီး ဖွင့်ပြောလို့ ယောက်ျားလေး တစ်ယောက်ရဲ့ အထင်သေးမှုကို ခံရလိုက် မယ်လို့ မထင်ပါနဲ့။
ခံစားချက် ရှိပြီး နွေးထွေးတဲ့ ယောက်ျားလေး မှန်တယ် ဆိုရင်တော့ ကိုယ်ဖွင့်ပြောတဲ့ စကားအသွားအလာပေါ် မူတည်ပြီး ကိုယ့်အပေါ်မှာ လေးနက်မှု ရှိပါတယ် …။
ဒါ့အပြင် တစ်ဖက်ယောက်ျားလေးက ကိုယ့်ကို စိတ်စိတ်ထဲမှာ ရှိတဲ့ အတိုင်း ဖွင့်ပြောတတ်တဲ့ မိန်းကလေးတစ်ယောက်၊ ဟန်ဆောင်မှု မရှိပဲ ပွင့်လင်းတဲ့ မိန်းကလေး တစ်ယောက် အဖြစ် ထင်မြင်မှာပဲ ဖြစ်ပါတယ် …။
မိန်းကလေးဖက်က စဖွင့်ပြောတဲ့ အခါ တစ်ဖက်ယောက်ျားလေးရဲ့ ဘဝမှာ အမှတ်တရ တော်တော်ဖြစ်သွားပါတယ်။
Credit – Shwemom
Unicode,
“မိန်းကလေးဘက်က စတင်တဲ့ Relationship တစ်ခုရဲ့ ကောင်းကျိုးများ…”
Relationship တစ်ခု စတင်ဖို့ဆိုတာ များသော အားဖြင့် ယောကျ်ားလေးဖြစ်သူက စတင်ဖွင့်ပြောမှ ဇာတ်လမ်း တစ်ခု အစပြုတတ်ပါတယ် …။
ယောကျ်ားလေး ဘက်က စတင်ဖွင့်ပြောမှ ချစ်သူဖြစ်နိုင်တယ် ဆိုတဲ့ အလေ့အထကြီးက ဘယ်က ဘယ်လို စတင်ခဲ့မှန်း မသိပေမယ့် ယောကျ်ား မိန်းမ ရင်ဘောင်တန်းနေတဲ့ ဒီခေတ်ကြီးထဲမှာ မိန်းကလေးတစ်ယောက် အနေနဲ့လည်း
ကိုယ်ကြိုက်တဲ့ ယောကျ်ားလေး တစ်ယောက်ကို လွတ်လပ်စွာ ဖွင့်ပြောခွင့် ရှိပါတယ် …။(သူများရည်းစား စနိုက်တာက လွဲပြီးပေါ့နော်)
မိန်းကလေး တစ်ယောက်က စတင်တဲ့ Relationship တွေဟာ ဘာကြောင့် ပိုမိုခိုင်မြဲသလဲ၊ ဘာကောင်းကျိုးတွေရှိလဲ ဆိုတာ Brightside သတင်းဌာနရဲ့ ဖော်ပြချက် တစ်ချို့ကို အခြေခံပြီး ရေးသား တင်ပြလိုက်ရပါတယ် …။
မိန်းကလေးဘက်က စတင်လိုက်တဲ့ Relationship ဟာ ယောကျ်ားလေးတွေကို ရင်ခုန်စေပါတယ် …။
များသောအားဖြင့် ယောကျ်ားလေးတွေဟာ မိန်းကလေး တစ်ယောက်ကို စတင်ဖွင့်ပြောတာ များပြီး အဲဒီ မိန်ကလေးဆီက အဖြေကို စောင့်ရင်း ရင်ခုန်လေ့ ရှိပါတယ် …။
ဒါပေမယ့် မိန်းကလေး တစ်ယောက်က ယောကျ်ားလေး တစ်ယောက်ကို ချစ်ရင်ချစ်တဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း စပြောခဲ့မယ် ဆိုရင်
တစ်ဖက်ယောကျ်ားလေးက မိန်းကလေးတစ်ယောက်ဆီက အဖြေစောင့်ရတဲ့ ရင်ခုန်မှုထက် ပိုမို ရင်ခုန်ရတဲ့ ခံစားချက်ကို ရရှိစေပါတယ်။ …။
အဲဒီလို ရင်ခုန်တဲ့ ယောကျ်ားလေးကတော့ ဖွင့်ပြောတဲ့ မိန်းကလေးတစ်ယောက်ကို တော်ရုံနဲ့ မေ့ပျောက်မှာ မဟုတ်ပါဘူးနော် …။
ကိုယ်နဲ့သင့်တော်မယ့် ယောကျ်ားတစ်ယောက်ကို အချိန်ကုန်ခံပြီး ထိုင်စောင့်နေစရာမလိုပါဘူး …။
မိန်းကလေးတစ်ယောက်ဟာ ကိုယ်နဲ့ အဆင်ပြေမယ့် ယောကျ်ားလေး တစ်ယောက်ကို စောင့်ရင်း အချိန်ကုန်သွားတတ် ကြပါတယ် …။
တစ်ချို့ကြတော့လဲ တစ်ယောက်မကောင်း တစ်ယောက်ပြောင်းနဲ့ ပတ်ဝန်းကျင်မှာ ရည်းစားများတဲ့ မိန်းကလေး အဖြစ် သမုတ်ခံရပြီး
တစ်ချို့ကျပြန်တော့လည်း အစောင့်လွန်ရင်းနဲ့ အပျိုကြီး အဖြစ် နေထိုင်သွားရတဲ့ သာဓကတွေ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိကြမှာ ပါပဲ …။
ဒါ့ကြောင့် ကိုယ်နဲ့ နာလည်မှု လည်းရ၊ လိုချင်နဲ့ type နဲ့လည်း ထပ်တူကျနေရင် အဲဒီ ယောကျ်ားလေးကို အမြန်ဆုံး ဖွင့်ပြောလိုက်တာ အကောင်းဆုံးပါပဲ …။
တစ်ဖက်ယောကျ်ားလေးတစ်ယောက် Impress ဖြစ်တာကို ခံရမှာပါ …။
ကိုယ်ကစပြီး ဖွင့်ပြောလို့ ယောကျ်ားလေး တစ်ယောက်ရဲ့ အထင်သေးမှုကို ခံရလိုက် မယ်လို့ မထင်ပါနဲ့။
ခံစားချက် ရှိပြီး နွေးထွေးတဲ့ ယောကျ်ားလေး မှန်တယ် ဆိုရင်တော့ ကိုယ်ဖွင့်ပြောတဲ့ စကားအသွားအလာပေါ် မူတည်ပြီး ကိုယ့်အပေါ်မှာ လေးနက်မှု ရှိပါတယ် …။
ဒါ့အပြင် တစ်ဖက်ယောကျ်ားလေးက ကိုယ့်ကို စိတ်စိတ်ထဲမှာ ရှိတဲ့ အတိုင်း ဖွင့်ပြောတတ်တဲ့ မိန်းကလေးတစ်ယောက်၊ ဟန်ဆောင်မှု မရှိပဲ ပွင့်လင်းတဲ့ မိန်းကလေး တစ်ယောက် အဖြစ် ထင်မြင်မှာပဲ ဖြစ်ပါတယ် …။
ကိုယ့်အကြောင်းကို အချိန်ပြည့် တွေးတော နေတတ်ပါတယ် …။
မိန်းကလေးဖက်က စဖွင့်ပြောတဲ့ အခါ တစ်ဖက်ယောကျ်ားလေးရဲ့ ဘဝမှာ အမှတ်တရ တော်တော်ဖြစ်သွားပါတယ်။
သာမန် မိန်းကလေးတွေနဲ့ မတူပဲ သူ့အပေါ် ဒီလို မျိုးလေးရှိ ပါလား ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ အဲဒီ မိန်းကလေးရဲ့အကြောင်းကို အချိန်ပြည့် တွေးတောနေ တတ်လေ့ ရှိစမြဲ ပါပဲ …။
ကံမကောင်း အကြောင်းမလှလို့ ပြတ်သွားခဲ့ ရင်တောင်မှ ပတ်သတ်ခဲ့ ဖူးတဲ့ ယောကျာ်းလေးဟာ အဲဒီမိန်းကလေးကို အချိန်တစ်ခု အထိ မမမေ့ နိုင်ပါဘူးနော် …။ ။
Credit – Shwemom