အခ်စ္နွင့္ဘဝ

ဖခင္တစ္ေယာက္ရဲ ့ ရင္နဲ ့ေရးတဲ့စာ

ျပန္လိုက္ခဲ႔ပါ သား

ခႏၶာမပါေတာ့တဲ႔ ဝိဥာဥ္အျဖစ္ေပါ့ . . . ။

ျပဳသမွ် ကုသိုလ္ေလးကို

သာဓု ေခၚေစခ်င္ေသးတာ ။

အေဖ ေရာက္လာတာ

တစ္ဘဝစာ ေနာက္က်ခဲ႔ပါတယ္ ။

ေနာက္ဘဝ ေရစက္ရွိေသးရင္သာ

ဒီလို မႀကံဳပါေစနဲ႔ ေပါ့ ။

ေနအထြက္မွာ သေျပခက္နဲ႔ အေဖႀကိဳပါ

ေငြခြက္နဲ႔

ေရႊအျပည့္ သားခပ္ခဲ႔ပါမယ္ တဲ႔။

သားေရ . . .

သေျပခက္နဲ႔ လက္ျပျပီး သားကို ရွာေနရျပီ ။

ငါတို႔ရဲ႕ မ်ိဳးဆက္ေလးဟာ

ဒီေနရာမွာ ေပ်ာက္ပ်က္

ငါတို႔ရဲ႔ ရင္နွစ္ေလးဟာ ဒီေနရာမွာ အဆုံးသတ္ခဲ႔တယ္ ။ ။

မမုန္းလိုက္ပါနဲ႔သား မင္းေျပာေနက် စကားလို

ဘဝ ေတြက ခါးး ခဲ႔ပါတယ္ ။

အေဖ့ကို ခြင့္လႊတ္ပါ

အေဖ ေရာက္လာတာ

တစ္ဘဝစာ ေနာက္က် သြားတယ္ ။

ေဝခါ ကို ေငြရွာဖို႔သြားတဲ့ သားေလးေရ

ဒီလို ျဖစ္မယ့္ျငား သိခဲ႔ရင္

အေဖတို႔ဆားနဲ႔ပဲ စားပါရေစ . . . ။ ။

poto. crd

ပြန်လိုက်ခဲ့ပါ သား

ခန္ဓာမပါတော့တဲ့ ဝိဉာဉ်အဖြစ်ပေါ့ . . . ။

ပြုသမျှ ကုသိုလ်လေးကို

သာဓု ခေါ်စေချင်သေးတာ ။

အဖေ ရောက်လာတာ

တစ်ဘဝစာ နောက်ကျခဲ့ပါတယ် ။

နောက်ဘဝ ရေစက်ရှိသေးရင်သာ

ဒီလို မကြုံပါစေနဲ့ ပေါ့ ။

နေအထွက်မှာ သပြေခက်နဲ့ အဖေကြိုပါ

ငွေခွက်နဲ့

ရွှေအပြည့် သားခပ်ခဲ့ပါမယ် တဲ့။

သားရေ . . .

သပြေခက်နဲ့ လက်ပြပြီး သားကို ရှာနေရပြီ ။

ငါတို့ရဲ့ မျိုးဆက်လေးဟာ

ဒီနေရာမှာ ပျောက်ပျက်

ငါတို့ရဲ့ ရင်နှစ်လေးဟာ ဒီနေရာမှာ အဆုံးသတ်ခဲ့တယ် ။ ။

မမုန်းလိုက်ပါနဲ့သား မင်းပြောနေကျ စကားလို

ဘဝ တွေက ခါးး ခဲ့ပါတယ် ။

အဖေ့ကို ခွင့်လွှတ်ပါ

အဖေ ရောက်လာတာ

တစ်ဘဝစာ နောက်ကျ သွားတယ် ။

ဝေခါ ကို ငွေရှာဖို့သွားတဲ့ သားလေးရေ

ဒီလို ဖြစ်မယ့်ငြား သိခဲ့ရင်

အဖေတို့ဆားနဲ့ပဲ စားပါရစေ . . . ။ ။

poto. crd