အခ်စ္နွင့္ဘဝ

ဒီလိုခ်စ္သူမ်ိဳးကုိတန္ဖိုးမထားတတ္ရင္ ေဝးသြားမွ ေနာင္တအႀကီးအက်ယ္ ရမွာပါ…

ဒီလိုခ်စ္သူမ်ိဳးကုိတန္ဖိုးမထားတတ္ရင္ ေဝးသြားမွ ေနာင္တအႀကီးအက်ယ္ ရမွာပါ…

မိန္းကေလးေတြဟာ ခ်စ္သူကို ခ်စ္တတ္တဲ့ေနရာမွာ ႏွစ္ေယာက္မရွိပါဘူး။ သူတုိ႔ရဲ႕အခ်စ္ဟာ တစ္ခါတေလမွာ ခ်စ္သူကို မြန္းၾကပ္ေစေလာက္တဲ့ အထိေတာင္ ျဖစ္သြားတတ္ပါတယ္။ ဒါေပမယ့္လည္း ခ်စ္သူက ကိုယ့္ကိုအရမ္းခ်စ္လို႔ဆိုတာကို နားလည္ေပးဖုိ႔ လိုအပ္ပါတယ္။ ဒီလိုမွ မဟုတ္ရင္ေတာ့ ေဝးသြားတဲ့အခါက်မွ အၾကီးအက်ယ္ေနာင္တေတြ တစ္ေလွၾကီး ရေနပါလိမ္႔မယ္ေနာ္ …။

(၁) ခဏခဏ ဖုန္းဆက္တတ္တဲ့ခ်စ္သူ”

သင့္ကို ခဏခဏဖုန္းဆက္တတ္တဲ့ ခ်စ္သူဆိုတာ သင့္ကို အရမး္ခ်စ္တဲ့သူပါ။ သင့္ကို ဖုန္းခဏခဏ ဆက္ေနတာကလည္း သူအရမး္အားေနလို႔ မဟုတ္ပါဘူး။ သင့္ကို လြမး္လြန္းလို႔၊ ဘာေတြမ်ားလုပ္ေနမလဲ ဆိုတာေလးေတြ အျမဲတမ္း သိခ်င္ေနလို႔ပဲ ျဖစ္ပါတယ္။ သင့္ကိုခဏခဏ ဖုန္းဆက္လုိ႔ ဖုန္းဆက္တဲ့အခ်ိန္ပဲ သတိရမယ္လို႔ မထင္ပါနဲ႔၊ ဖုန္းမဆက္တဲ့ ခဏအခ်ိန္ေလးအတြင္းမွာေတာင္ သင့္ကိုအရမး္သတိရေနတဲ့ သူပါ။ သူ႔ကိုတန္ဖိုးမထားလို႔ သင့္ကိုသူစြန္႔ခြာသြားတဲ့အခါ သင့္ရဲ႕ဖုန္းသံက တိတ္ဆိတ္ျပီး တစ္ေနကုန္မွ တစ္ခါေခၚမယ့္သူေတာင္ မရွိမွ ေနာင္တေတြ ရေနရပါလိမ္႔မယ္ …။

(၂) အရစ္သန္တဲ့ ခ်စ္သူ”

သင့္ကိုအျမဲတမ္းလိုလို ရစ္ေနတတ္တဲ့ခ်စ္သူဆိုတာ သင့္ကို အရမး္ခ်စ္လို႔ပါ။ သင့္ကိုရစ္တယ္ဆိုတာကလည္း သင္တို႔ ႏွစ္ေယာက္ၾကားမွာ ေသြးေအးသြားမွာစုိးလို႕ ရစ္ရစ္ေပးေနတာ ျဖစ္ပါတယ္။ အမွန္တကယ္ေတာ့ သူဒီလိုရစ္ရင္ သင္ဘယ္လို ျပန္ေျဖရွင္းမလဲဆိုတာ ၾကိဳသိျပီးသားပါ။ ဒါေပမယ့္ သူ႕အေပၚ သင္ဘယ္ေလာက္စိတ္ရွည္လဲဆိုတာ သိခ်င္လုိ႔ စမး္သပ္ေနတာျဖစ္ပါတယ္။ တကယ္လုိ႔သာ သူ႔ကို သင္တန္ဖိုးမထား၊ စိတ္မရွည္လို႔ သင့္ကိုသူ စြန္႔ခြာသြားတဲ့အခါက်ရင္ ရစ္ဖုိ႔ေနေနသာသာ စကားေျပာေဖာ္ေတာင္ မရွိေတာ့လို႔ ေနာင္တေတြ တစ္ေလွၾကီးရေနမွာပဲ ျဖစ္ပါတယ္ …။

(၃) စိတ္ပူတတ္လြန္းတဲ့ ခ်စ္သူ”

တစ္ခုခုဆို စိတ္ေတြပူျပီး ပ်ာယာေတြခတ္၊ ေနမထိထိုင္မသာေတြျဖစ္ျပီး တစ္ခါတေလ ဘာမွမဟုတ္တဲ့ ကိစၥေလးေတြမွာေတာင္ မ်က္ရည္ေပါက္ေပါက္က်ျပီး ငိုေၾကြးတတ္တဲ့ ခ်စ္သူမ်ိဳး သင့္မွာရွိပါသလား။ သူ႔ကို သင္ကိုယ္ခ်င္းစာမိပါသလား။ မ်က္ရည္ဆိုတာ လူတစ္ေယာက္ရဲ႕ႏွလံုးသားထဲကလာတဲ့ အရာပါ။ အားအားယားယား က်လာတာမဟုတ္ပါဘူး။ ဒီလိုမ်ိဳးသင့္ကိုခ်စ္လြန္း၊ စိတ္ပူတတ္လြန္းတဲ့ ခ်စ္သူကို သင္တန္ဖိုးမထားခဲ့လို႔ တစ္ခ်ိန္ခ်ိန္မွာ သင့္ကိုစြန္႔ခြာသြားတဲ့အခ်ိန္က်မွ သူ႔ရဲ႕ အၾကင္နာေမတၱာေတြကို လြမ္းဆြတ္တမ္းတျပီး ေနာင္တေတြ အၾကီးအက်ယ္ရေနပါလိမ့္မယ္ …။

(၄) သင့္ကိုအျမဲတမ္း အေလွ်ာ့ေပး ခြင့္လႊတ္တဲ့သူ”

သင့္ကိုအရာရာမွာ အေလွ်ာ့ေပးသည္းခံျပီး ခြင့္လႊတ္တတ္တဲ့သူဆိုတာ သင့္ကိုတကယ္ ခ်စ္တဲ့သူပါ။ သင့္ကိုအျမဲ အေလွ်ာ့ေပးေနတယ္ဆိုတာ သင္က သူ႔ထက္ပိုေကာင္းေနလို႔၊ ပိုေတာ္ေနလို႔၊ ပိုမွန္ေနလို႔ မဟုတ္ပါဘူး။ သင့္ကို အႏိုင္မယူရက္လို႔၊ သူ႔ေၾကာင့္ သင္စိတ္အေႏွာက္အယွက္ ျဖစ္သြားမွာ စိုးလို႔ပါပဲ။ ဒါ႕ေၾကာင့္ ဒီလိုခ်စ္သူမ်ိဳးကို သင္တန္ဖိုးမထားတတ္ရင္ သင့္ကိုအေလွ်ာ့ေပးမယ့္သူ၊ သည္းခံခြင့္လႊတ္ေပးမယ့္သူ မရွိေတာ့မွ ျပန္တမ္းတေနလို႔လည္း သင့္ဆီကိုျပန္လာေတာ့မွာ မဟုတ္ပါဘူးေနာ္ …။

(၅) သင့္အနားက ထြက္မသြားသူ”

သင္ဘယ္ေလာက္ဂရုမစုိက္၊ ပစ္ထားေနပါေစ၊ သင့္ဆီကေန ဘာတစ္ခုမွမရရွိဖူးရင္ေတာင္ သင့္ကိုစြန္႔ခြာမသြားပဲ သင့္အနားမွာေနေပးတဲ့သူဆိုတာ သင့္ကိုအရမး္ခ်စ္လို႔ပါ။ သင္ဘာပဲလုပ္လုပ္၊ သူ႔အေပၚဘယ္လိုပဲ ရက္စက္ေနလည္း သူ႔ဖက္က ပစ္ခြာမသြားပါဘူးဆိုျပီး တန္ဖိုးမထားရင္ေတာ့ သင္ေနာင္တရမွာပါ။ ဘာေၾကာင့္လဲဆုိေတာ့ ဒီလိုလူမ်ိဳးေတြဟာ စိတ္ပိုင္းျဖတ္ျပီးရင္ ေသရင္ေတာင္ ျပန္လွည့္မၾကည့္တတ္တဲ့ သူေတြမို႔လို႔ပါပဲ …။ ။

Em Em

Credit – Aunty May

Unicode ,

ဒီလိုချစ်သူမျိုးကိုတန်ဖိုးမထားတတ်ရင် ဝေးသွားမှ နောင်တအကြီးအကျယ် ရမှာပါ…

မိန်းကလေးတွေဟာ ချစ်သူကို ချစ်တတ်တဲ့နေရာမှာ နှစ်ယောက်မရှိပါဘူး။ သူတို့ရဲ့အချစ်ဟာ တစ်ခါတလေမှာ ချစ်သူကို မွန်းကြပ်စေလောက်တဲ့ အထိတောင် ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့်လည်း ချစ်သူက ကိုယ့်ကိုအရမ်းချစ်လို့ဆိုတာကို နားလည်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဝေးသွားတဲ့အခါကျမှ အကြီးအကျယ်နောင်တတွေ တစ်လှေကြီး ရနေပါလိမ့်မယ်နော် …။

(၁) ခဏခဏ ဖုန်းဆက်တတ်တဲ့ချစ်သူ”

သင့်ကို ခဏခဏဖုန်းဆက်တတ်တဲ့ ချစ်သူဆိုတာ သင့်ကို အရမး်ချစ်တဲ့သူပါ။ သင့်ကို ဖုန်းခဏခဏ ဆက်နေတာကလည်း သူအရမး်အားနေလို့ မဟုတ်ပါဘူး။ သင့်ကို လွမး်လွန်းလို့၊ ဘာတွေများလုပ်နေမလဲ ဆိုတာလေးတွေ အမြဲတမ်း သိချင်နေလို့ပဲ ဖြစ်ပါတယ်။ သင့်ကိုခဏခဏ ဖုန်းဆက်လို့ ဖုန်းဆက်တဲ့အချိန်ပဲ သတိရမယ်လို့ မထင်ပါနဲ့၊ ဖုန်းမဆက်တဲ့ ခဏအချိန်လေးအတွင်းမှာတောင် သင့်ကိုအရမး်သတိရနေတဲ့ သူပါ။ သူ့ကိုတန်ဖိုးမထားလို့ သင့်ကိုသူစွန့်ခွာသွားတဲ့အခါ သင့်ရဲ့ဖုန်းသံက တိတ်ဆိတ်ပြီး တစ်နေကုန်မှ တစ်ခါခေါ်မယ့်သူတောင် မရှိမှ နောင်တတွေ ရနေရပါလိမ့်မယ် …။

(၂) အရစ်သန်တဲ့ ချစ်သူ”

သင့်ကိုအမြဲတမ်းလိုလို ရစ်နေတတ်တဲ့ချစ်သူဆိုတာ သင့်ကို အရမး်ချစ်လို့ပါ။ သင့်ကိုရစ်တယ်ဆိုတာကလည်း သင်တို့ နှစ်ယောက်ကြားမှာ သွေးအေးသွားမှာစိုးလို့ ရစ်ရစ်ပေးနေတာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ သူဒီလိုရစ်ရင် သင်ဘယ်လို ပြန်ဖြေရှင်းမလဲဆိုတာ ကြိုသိပြီးသားပါ။ ဒါပေမယ့် သူ့အပေါ် သင်ဘယ်လောက်စိတ်ရှည်လဲဆိုတာ သိချင်လို့ စမး်သပ်နေတာဖြစ်ပါတယ်။ တကယ်လို့သာ သူ့ကို သင်တန်ဖိုးမထား၊ စိတ်မရှည်လို့ သင့်ကိုသူ စွန့်ခွာသွားတဲ့အခါကျရင် ရစ်ဖို့နေနေသာသာ စကားပြောဖော်တောင် မရှိတော့လို့ နောင်တတွေ တစ်လှေကြီးရနေမှာပဲ ဖြစ်ပါတယ် …။

(၃) စိတ်ပူတတ်လွန်းတဲ့ ချစ်သူ”

တစ်ခုခုဆို စိတ်တွေပူပြီး ပျာယာတွေခတ်၊ နေမထိထိုင်မသာတွေဖြစ်ပြီး တစ်ခါတလေ ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေမှာတောင် မျက်ရည်ပေါက်ပေါက်ကျပြီး ငိုကြွေးတတ်တဲ့ ချစ်သူမျိုး သင့်မှာရှိပါသလား။ သူ့ကို သင်ကိုယ်ချင်းစာမိပါသလား။ မျက်ရည်ဆိုတာ လူတစ်ယောက်ရဲ့နှလုံးသားထဲကလာတဲ့ အရာပါ။ အားအားယားယား ကျလာတာမဟုတ်ပါဘူး။ ဒီလိုမျိုးသင့်ကိုချစ်လွန်း၊ စိတ်ပူတတ်လွန်းတဲ့ ချစ်သူကို သင်တန်ဖိုးမထားခဲ့လို့ တစ်ချိန်ချိန်မှာ သင့်ကိုစွန့်ခွာသွားတဲ့အချိန်ကျမှ သူ့ရဲ့ အကြင်နာမေတ္တာတွေကို လွမ်းဆွတ်တမ်းတပြီး နောင်တတွေ အကြီးအကျယ်ရနေပါလိမ့်မယ် …။

(၄) သင့်ကိုအမြဲတမ်း အလျှော့ပေး ခွင့်လွှတ်တဲ့သူ”

သင့်ကိုအရာရာမှာ အလျှော့ပေးသည်းခံပြီး ခွင့်လွှတ်တတ်တဲ့သူဆိုတာ သင့်ကိုတကယ် ချစ်တဲ့သူပါ။ သင့်ကိုအမြဲ အလျှော့ပေးနေတယ်ဆိုတာ သင်က သူ့ထက်ပိုကောင်းနေလို့၊ ပိုတော်နေလို့၊ ပိုမှန်နေလို့ မဟုတ်ပါဘူး။ သင့်ကို အနိုင်မယူရက်လို့၊ သူ့ကြောင့် သင်စိတ်အနှောက်အယှက် ဖြစ်သွားမှာ စိုးလို့ပါပဲ။ ဒါ့ကြောင့် ဒီလိုချစ်သူမျိုးကို သင်တန်ဖိုးမထားတတ်ရင် သင့်ကိုအလျှော့ပေးမယ့်သူ၊ သည်းခံခွင့်လွှတ်ပေးမယ့်သူ မရှိတော့မှ ပြန်တမ်းတနေလို့လည်း သင့်ဆီကိုပြန်လာတော့မှာ မဟုတ်ပါဘူးနော် …။

(၅) သင့်အနားက ထွက်မသွားသူ”

သင်ဘယ်လောက်ဂရုမစိုက်၊ ပစ်ထားနေပါစေ၊ သင့်ဆီကနေ ဘာတစ်ခုမှမရရှိဖူးရင်တောင် သင့်ကိုစွန့်ခွာမသွားပဲ သင့်အနားမှာနေပေးတဲ့သူဆိုတာ သင့်ကိုအရမး်ချစ်လို့ပါ။ သင်ဘာပဲလုပ်လုပ်၊ သူ့အပေါ်ဘယ်လိုပဲ ရက်စက်နေလည်း သူ့ဖက်က ပစ်ခွာမသွားပါဘူးဆိုပြီး တန်ဖိုးမထားရင်တော့ သင်နောင်တရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီလိုလူမျိုးတွေဟာ စိတ်ပိုင်းဖြတ်ပြီးရင် သေရင်တောင် ပြန်လှည့်မကြည့်တတ်တဲ့ သူတွေမို့လို့ပါပဲ …။ ။

Em Em

Credit – Aunty May