ဗဟုသုတ

သတိမထားမိခင္မွာပဲ သင့္ကို လူမုန္းမ်ားသြားေစတတ္တဲ့ အခ်က္ (၁၀) ခ်က္……

သတိမထားမိခင္မွာပဲ သင့္ကို လူမုန္းမ်ားသြားေစတတ္တဲ့ အခ်က္ (၁၀) ခ်က္

လူခင္လူခင္ ေပါမ်ားတာနဲ႕ လူမုန္းမ်ားတယ္ဆိုတာမ်ိဳးက ကိုယ့္ရဲ႕ အမူအက်င့္ေတြနဲ႕ အမ်ားႀကီး သက္ဆိုင္ေနလ်က္ ရွိပါတယ္။

လူမုန္းမ်ားတဲ့သူေတြမွာ ရွိေနတတ္တဲ့ အေၾကာင္းအရင္းေတြလည္း ရွိေနပါေသးတယ္။ သင့္ကို ဒီအခ်က္ေတြက လူမုန္းမ်ားေစနိုင္ေအာင္ ျပဳလုပ္နိုင္ၾကပါတယ္။

၁။ အဖက္မလုပ္ျခင္း

လူ႕သဘာဝအရ အျပန္အလွန္ ဂ႐ုစိုက္မႈ ရွိမွသာ ခ်စ္ျခင္းေမတၱာ တိုးပြားတာပါ။ သင္က ပတ္ဝန္းက်င္က လူအေတာ္ေတာ္မ်ားမ်ားကို ဘာအေၾကာင္းပဲျဖစ္ျဖစ္ အဖက္မလုပ္ပဲ ေနရင္ေတာ့ သင့္ကို လူမုန္းမ်ား႐ုံပဲ အဖက္တင္မွာပါ။

၂။ အၿပဳံးအရယ္ မရွိျခင္း

တစ္ခ်ိဳ႕သူေတြကေတာ့ လူခ်င္းေတြ႕ရင္ ၿပဳံးျပတာမ်ိဳးလည္း မရွိ၊ ရယ္စရာေျပာရင္လည္း မရယ္တတ္ၾကပါဘူး။ ဒီလိုမ်ိဳး လူမ်ိဳးေတြကလည္း အလကားေနရင္း အထင္လြဲခံရၿပီး လူမုန္းမ်ားရတတ္ပါတယ္။

၃။ အလိုက္ မသိျခင္း

တစ္ခ်ိဳ႕သူေတြက လူခ်င္းေတြ႕ရင္ ႏႈတ္ဆက္တာ၊ လမ္းပိတ္ထားမိရင္ ဖယ္ေပးရတာ၊ အတူစားၾကတဲ့အခါ ေငြကူရွင္းဖို႔ လုပ္ရတာမ်ိဳးကို မသိတတ္ၾကပါဘူး။ ဒီအခ်က္ကလည္း လူမုန္းမ်ားေစတာပါပဲ။

၄။ တစ္ကိုယ္ေကာင္းဆန္လြန္းျခင္း

ကိုယ္ကလြဲရင္ တျခားသူေတြကို သိပ္ေခါင္းထဲ မထည့္ထားတဲ့ တစ္ကိုယ္ေကာင္းဆန္လြန္းသူေတြ ရွိပါတယ္။ ကိုယ္က တစ္ကိုယ္ေကာင္းဆန္လြန္းေနရင္ ကိုယ့္လည္း ဘယ္သူ႕မွ သေဘာမက်တတ္ပါဘူး။

၅။ ေခ်ာက္တြန္းျခင္း

ကိုယ္က ဒုကၡေရာက္မွာစိုးၿပီး ကိုယ့္ဒုကၡကို သူမ်ားလႊဲခ်တတ္သူေတြလည္း ရွိပါတယ္။ သူမ်ားကို ေခ်ာက္ခ်တတ္တဲ့ အက်င့္ရွိသူေတြကို လူေတြက ေဝးေဝးေရွာင္တတ္ၾကပါတယ္။

၆။ အေနတည္ျခင္း

ကိုယ္ေနတတ္သလို ေနတတ္ၾကသူေတြက အေနတည္တာ မ်ားပါတယ္။ လိုအပ္တာထက္ပိုၿပီး ေလာကြတ္လည္း မေခ်ာ္တတ္သလို စကားလည္း အပိုမေျပာတတ္ပါဘူး။ ဒီအတြက္လည္း လူမုန္းမ်ားခံရတတ္ပါေသးတယ္။

၇။ ဘက္လိုက္တတ္ျခင္း

လူတစ္ေယာက္အေပၚ ေဝဖန္တာ၊ အသိအမွတ္ျပဳရတာေတြ ရွိတာ သဘာဝပါပဲ။ ဒါေပမဲ့ အေကာင္းအဆိုး မၾကည့္ဘဲ မ်က္စိမွိတ္ ဘက္လိုက္ေနတတ္တာက ေဘးလူေတြရဲ႕ အျမင္မၾကည္မႈကိုပဲ ရလာတတ္ပါတယ္။

၈။ ကဲ့ရဲ႕တတ္ျခင္း

ေတြ႕သမွ်လူအားလုံးကို အကဲျဖတ္ၿပီး ကဲ့ရဲ႕ ေျပာဆိုတတ္ၾကသူေတြကလည္း လူေတြရဲ႕ ခ်စ္ခင္မႈ မရတတ္ၾကပါဘူး။

၉။ အထက္စီးဆန္ျခင္း

ကိုယ့္ကို အထက္စီးကေန စကားလာေျပာတာမ်ိဳးကို ဘယ္သူ႕မွ လက္မခံနိုင္ပါဘူး။ ဒါေၾကာင့္ အထက္စီးဆန္ဆန္ ေျပာတတ္တဲ့သူေတြကို မႏွစ္သက္သူ မ်ားေနတတ္ပါတယ္။

၁၀။ ေငြစကား ေျပာလြန္းျခင္း

ေငြဆိုတာ ေန႕တိုင္း အသုံးျပဳရတဲ့ အရာဆိုေပမယ့္ ေငြစကား ေျပာတိုင္း မေကာင္းပါဘူး။ ဘာပဲ လုပ္လုပ္ ေငြအေၾကာင္း ေျပာေနတာမ်ိဳးက ေဘးကလူေတြကို အဆင္မေျပ ျဖစ္ေစပါတယ္။

Kham

Unicode

သတိမထားမိခင်မှာပဲ သင့်ကို လူမုန်းများသွားစေတတ်တဲ့ အချက် (၁၀) ချက်

လူခင်လူခင် ပေါများတာနဲ့ လူမုန်းများတယ်ဆိုတာမျိုးက ကိုယ့်ရဲ့ အမူအကျင့်တွေနဲ့ အများကြီး သက်ဆိုင်နေလျက် ရှိပါတယ်။

လူမုန်းများတဲ့သူတွေမှာ ရှိနေတတ်တဲ့ အကြောင်းအရင်းတွေလည်း ရှိနေပါသေးတယ်။ သင့်ကို ဒီအချက်တွေက လူမုန်းများစေနိုင်အောင် ပြုလုပ်နိုင်ကြပါတယ်။

၁။ အဖက်မလုပ်ခြင်း

လူ့သဘာဝအရ အပြန်အလှန် ဂရုစိုက်မှု ရှိမှသာ ချစ်ခြင်းမေတ္တာ တိုးပွားတာပါ။ သင်က ပတ်ဝန်းကျင်က လူအတော်တော်များများကို ဘာအကြောင်းပဲဖြစ်ဖြစ် အဖက်မလုပ်ပဲ နေရင်တော့ သင့်ကို လူမုန်းများရုံပဲ အဖက်တင်မှာပါ။

၂။ အပြုံးအရယ် မရှိခြင်း

တစ်ချို့သူတွေကတော့ လူချင်းတွေ့ရင် ပြုံးပြတာမျိုးလည်း မရှိ၊ ရယ်စရာပြောရင်လည်း မရယ်တတ်ကြပါဘူး။ ဒီလိုမျိုး လူမျိုးတွေကလည်း အလကားနေရင်း အထင်လွဲခံရပြီး လူမုန်းများရတတ်ပါတယ်။

၃။ အလိုက် မသိခြင်း

တစ်ချို့သူတွေက လူချင်းတွေ့ရင် နှုတ်ဆက်တာ၊ လမ်းပိတ်ထားမိရင် ဖယ်ပေးရတာ၊ အတူစားကြတဲ့အခါ ငွေကူရှင်းဖို့ လုပ်ရတာမျိုးကို မသိတတ်ကြပါဘူး။ ဒီအချက်ကလည်း လူမုန်းများစေတာပါပဲ။

၄။ တစ်ကိုယ်ကောင်းဆန်လွန်းခြင်း

ကိုယ်ကလွဲရင် တခြားသူတွေကို သိပ်ခေါင်းထဲ မထည့်ထားတဲ့ တစ်ကိုယ်ကောင်းဆန်လွန်းသူတွေ ရှိပါတယ်။ ကိုယ်က တစ်ကိုယ်ကောင်းဆန်လွန်းနေရင် ကိုယ့်လည်း ဘယ်သူ့မှ သဘောမကျတတ်ပါဘူး။

၅။ ချောက်တွန်းခြင်း

ကိုယ်က ဒုက္ခရောက်မှာစိုးပြီး ကိုယ့်ဒုက္ခကို သူများလွှဲချတတ်သူတွေလည်း ရှိပါတယ်။ သူများကို ချောက်ချတတ်တဲ့ အကျင့်ရှိသူတွေကို လူတွေက ဝေးဝေးရှောင်တတ်ကြပါတယ်။

၆။ အနေတည်ခြင်း

ကိုယ်နေတတ်သလို နေတတ်ကြသူတွေက အနေတည်တာ များပါတယ်။ လိုအပ်တာထက်ပိုပြီး လောကွတ်လည်း မချော်တတ်သလို စကားလည်း အပိုမပြောတတ်ပါဘူး။ ဒီအတွက်လည်း လူမုန်းများခံရတတ်ပါသေးတယ်။

၇။ ဘက်လိုက်တတ်ခြင်း

လူတစ်ယောက်အပေါ် ဝေဖန်တာ၊ အသိအမှတ်ပြုရတာတွေ ရှိတာ သဘာဝပါပဲ။ ဒါပေမဲ့ အကောင်းအဆိုး မကြည့်ဘဲ မျက်စိမှိတ် ဘက်လိုက်နေတတ်တာက ဘေးလူတွေရဲ့ အမြင်မကြည်မှုကိုပဲ ရလာတတ်ပါတယ်။

၈။ ကဲ့ရဲ့တတ်ခြင်း

တွေ့သမျှလူအားလုံးကို အကဲဖြတ်ပြီး ကဲ့ရဲ့ ပြောဆိုတတ်ကြသူတွေကလည်း လူတွေရဲ့ ချစ်ခင်မှု မရတတ်ကြပါဘူး။

၉။ အထက်စီးဆန်ခြင်း

ကိုယ့်ကို အထက်စီးကနေ စကားလာပြောတာမျိုးကို ဘယ်သူ့မှ လက်မခံနိုင်ပါဘူး။ ဒါကြောင့် အထက်စီးဆန်ဆန် ပြောတတ်တဲ့သူတွေကို မနှစ်သက်သူ များနေတတ်ပါတယ်။

၁၀။ ငွေစကား ပြောလွန်းခြင်း

ငွေဆိုတာ နေ့တိုင်း အသုံးပြုရတဲ့ အရာဆိုပေမယ့် ငွေစကား ပြောတိုင်း မကောင်းပါဘူး။ ဘာပဲ လုပ်လုပ် ငွေအကြောင်း ပြောနေတာမျိုးက ဘေးကလူတွေကို အဆင်မပြေ ဖြစ်စေပါတယ်။

Kham