အခ်စ္နွင့္ဘဝ

” သား ဒီတစ္ေက်ာ ရွာၿပီးရင္ ကိုၾကီးနဲ႔အတူတူ ျပန္လာမွာ အေမရဲ႕”

မိုးက မသည္းေပမဲ့ တစ္စိမ့္စိမ့္ ႐ြာေနသည္ ။ဘယ္လို ျဖစ္မွန္းမသိ ေမွာ္ထဲ သြားရမွာ စိတ္ေလးေနမိသည္ ။အိပ္ယာထဲမွ ကိုႀကီးကိုလည္း သနားမိသည္ ။

ကိုႀကီးက ကြၽန္ေတာ္တို႔ ေမာင္ႏွမေတြကို ငဲ့ကာ ေက်ာင္းထြက္ၿပီးး ေမွာ္ထဲ အရင္ ေရာက္ႏွင့္သူ ။ ခုေတာ့ ေဆးသမား ျဖစ္ေနရွာၿပီေလ ။

ေမွာ္ထဲက မသြားလို႔ မျဖစ္ ၊ ပိုက္ဆံရွာရမည္။ ကိုႀကီးကိုလဲ ႐ြာျပန္ေခၚၿပီးး ေဆးျဖတ္ေပးခ်င္သည္။ အိမ္က ညီနဲ႔ ညီမေလးတြက္ ေက်ာင္းစရိတ္က ရွိေသးသည္ ။

covide ကပ္ေရာဂါေၾကာင့္ အိမ္မွာလဲ ၾကပ္တည္း ေနတာ ကြၽန္ေတာ္ သိသည္ ။ ခုရက္ပိုင္းး ေက်ာက္ေကာင္းေတြက ရေနေတာ့ လက္လြတ္ မခံခ်င္ ။

ေကာ္ဖီမစ္ တစ္ခြက္ ေသာက္ၿပီးး သြားမည္ဟု ဆုံးျဖတ္လိုက္သည္။ “ဂြမ္းး.” ႐ုတ္တရက္ ဆိုသလိုပဲ ကြၽန္ေတာ္ ေကာ္ဖီမစ္ခြက္ေလး မေတာ္တဆ က်ကြဲသြားသည္ ။

စိတ္ေလးေနရတဲ့ ၾကားထဲ ခြက္ေလးကြဲသြားေတာ့ အိမ္ကမိသားစုတြက္ စိတ္ပူမိ၏ ။ အေမေနမ်ားး ေကာင္းရဲ႕လားး ။ ဖုန္းနံပါတ္ေတြ စီသို႔ လက္ကေလး အလိုလို ေရာက္မိသား ျဖစ္သြားသည္။

” ဟဲလို… အေမ. …သားး”

” အေမ ေနေကာင္းလား…”

အေမက ေနေကာင္းေၾကာင္းးး သားတို႔ ညီအကို ႏွစ္ေယာက္ အျမန္ျပန္လာဖို႔ အေၾကာင္းနဲ႔ ေဗဒင္ ေမးၾကည့္တာ သား ဇာတာ မေကာင္း ေၾကာင္းး ႐ြာမွာ မရွိ ရွိတာ လုပ္စားမယ့္ အေၾကာင္း တတြတ္တြတ္မွာသည္။

” သားး ဒီတစ္ေက်ာ ရွာၿပီးရင္ ျပန္လာမွာ အေမရဲ႕”

” ဘာမွ စိတ္မပူနဲ႔ေနာ္ အေမ ၊ သားေကာ ကိုႀကီးေကာ အတူတူ ျပန္လာမွာ ”

အေမက ငိုေနသည္။ အေမနဲ႔ ဆက္ေျပာႏႈိင္စြမ္း မရွိတာနဲ႔ ညီေလးနဲ႔ ညီမေလး ကို ဖုန္းေပးခိုင္းလိုက္သည္ ။ ညီေလးက ဂိမ္းကစားဖို႔ ဖုန္းဝယ္ေပးဖို႔ႏွင့္ ညီမေလးက စက္ဘီး ပူစာသည္ ။

ကိုႀကီးျပန္လာရင္ ဝယ္ေပးမယ္ ဆိုတဲ့ အေၾကာင္းး ေျပာၿပီးး ညီေလး ညီမေလးအား အာဘြား ေပးခဲ့ ေသးသည္။ အိပ္ယာထဲမွ ကိုႀကီးကို -” ကိုႀကီးး ညီေလးး ေမွာ္ထဲ သြားေတာ့မယ္ေနာ္”

ကိုႀကီးက ညီေလးး နားပါဦးလားး လွမ္းေျပာေသးသည္ ။ နားမရဘူးး ကိုႀကီးေရ ဒီရက္ပိုင္း ေက်ာက္ေကာင္းေတြ ထြက္ေနၿပီေလ ။

ဒီတစ္ေက်ာ ရွာၿပီးရင္ ညီေလးေကာ ကိုႀကီးေကာ အတူတူ ျပန္နားၾကမယ္လို႔ စိတ္ထဲက ေျပာမိသည္ ။

! ေအာ္. ခ်စ္သူစီ စာပို႔ရအုံးမယ္ ။

📲 ေမာနင္းးပါ ခ်စ္ ။ အကို ေမွာ္ထဲ သြားေတာ့မယ္ေနာ္ ။

📲 ၾကည့္စမ္းး ေကာင္မေလးး ခုထိ မႏိုးေသးဘူးး အိပ္ပုတ္ 😁😁😁

ကြၽန္ေတာ္က ကြၽန္ေတာ့္ေကာင္မေလးကို အရမ္းခ်စ္တာ ။ သူကလဲ ကြၽန္ေတာ့္ကို ခ်စ္တယ္ ။

” သူငယ္ခ်င္းေရ သြားရေအာင္”

သူငယ္ခ်င္းအား ေအာ္ေခၚရင္းး သူငယ္ခ်င္းး ႏွစ္ေယာက္ အတူ ထြက္ခဲ့ သည္ ။ေမွာ္ထဲ ေရာက္ေတာ့ ကြၽန္ေတာ္တို႔ ေနာက္က် ေနၿပီ ။

ဒီေနရာ က ေက်ာက္လဲရ ေက်ာက္ေကာင္းလဲ ထြက္ဆိုေတာ့ ေအာက္ထဲမွာတင္ လူ ႏွစ္ရာ ေက်ာ္ ေရာက္ႏွင့္ေနၿပီ ။

မိုးကလဲ ႐ြာေကာင္းတုန္းး ။ သူငယ္ခ်င္းး ႏွစ္ေယာက္ အိမ္မက္ကိုယ္စီျဖင့္ တြင္းထဲသို႔ ဆင္းးရွာတုန္းး

ထိုအခ်ိန္တြင္ ” ေျပးေဟ့! ေျပး ေျပး” အသံတစ္ခု သဲ့သဲ့ ၾကားလိုက္မိသည္ ။

” ေဟးးး အားဒီ ဒီေန႔ ေက်ာက္ေတြ အမ်ားႀကီးး ရတယ္ဟ ” လို႔ သူငယ္ခ်င္းကို ေအာ္ေျပာမိသည္။ သူငယ္ခ်င္းကလဲ သူလဲ ရေၾကာင္း လက္မေထာင္ျပသည္ ။

ေမွာ္ထဲက လူ ႏွစ္ရာေက်ာ္ အကုန္လုံးး အၿပဳံးေလးေတြ ကိုယ္စီျဖင့္ ။ သူငယ္ခ်င္း အားဒီက လွမ္းေအာ္ေသးသည္ ။

” ငါတို႔ ေလာ္ပန္းျဖစ္ၿပီကြ” လို႔ ….ကြၽန္ေတာ္လဲ ဒါေလးက အေမ့တြက္ ေက်ာက္စိမ္းလက္ေကာက္ေလးး ၊ ဒါေလးက ခ်စ္သူတြက္ လည္ဆြဲသီးေလး ဆိုၿပီးး သက္သက္ဖယ္ထားၿပီး အရမ္းေပ်ာ္ေနမိၿပီ ။

ရသင့္သေလာက္လဲ ရၿပီးပီမို႔ သူငယ္ခ်င္းအားး ေခၚကာ ျပန္ခဲ့ၾကၿပီ ။ မိုးက မသည္းေပမယ့္ တစ္စိမ့္စိမ့္ က်တုန္းးး

ေရွ႕မွာ ငိုသံ သဲ့သဲ့ ၾကားေနရသည္။ အနားနီးလာေတာ့ ငိုသံကို ပီျပင္စြာၾကားလာရသည္ ။ ငိုသံက ” ကိုႀကီးး ငိုသံ ၊ ကိုႀကီးး ငိုသံ ”

ကြၽန္ေတာ္ ကိုႀကီးအား စိတ္ပူစြာျဖင့္ အေျပးအလႊား သြားမိ၏။ကိုႀကီးသည္ ႐ုပ္အေလာင္းး တစ္ခုအားး ဖတ္ငိုေနသည္ ။

ေဘးမွာ သူငယ္ခ်င္းး အားဒီ ရဲ႕ ႐ုပ္အေလာင္းး ။ ေသေသခ်ာခ်ာ ၾကည့္လိုက္ေတာ့ ကိုႀကီး ဖတ္ထားသည္မွာ ကြၽန္ေတာ့္ရဲ႕ ခႏၶာကိုယ္ ျဖစ္ေနသည္ ။

” အာ! ဘာေတြလဲ ဘာေတြလဲ” သူငယ္ခ်င္း အားဒီက ကြၽန္ေတာ့ လက္ကေလး ဆုတ္ကာ လာေျပာသည္ ။

” ငါတို႔ ပါသြားၿပီ” တဲ့ ။ ကြၽန္ေတာ္ အသံမထြက္ႏႈိင္ေအာင္ပင္ အလြန္ဝမ္းနည္းး သြားမိ၏ ၊ ဒူးေထာက္ကာ ရႈိက္ႀကီးး တငင္ငင္ ငိုေနမိ သည္ ။

ကြၽန္ေတာ့္ရဲ႕ ေလာပန္းေလာင္း အိမ္မက္ေတြ ဘယ္ေရာက္ကုန္ၿပီလဲ ။ဒါဆို ဒီေက်ာက္စိမ္းေတြက ငါတို႔ အ႐ိုးေတြေပါ့ ။ ငါတို႔ အ႐ိုးေတြေပါ့ ။

ကြၽန္ေတာ္ မ်က္ရည္ေတြ ၿဖိဳင္ၿဖိဳင္က်ကာ ေက်ာက္စိမ္းတုန္းေတြကို ဦးတည္ရာမဲ့ လြင့္ပစ္ေနမိသည္ ။

” ဒါ ေက်ာက္စိမ္းေတြ မဟုတ္ဘူးး အ႐ိုးေတြ အ႐ိုးး ေတြ” ဟု ပါးစပ္ကလဲ ေျပာမိေသးသည္ ။

လြင့္ပစ္သည့္ ေက်ာက္စိမ္းတုန္းေတြထဲမွာေတာ့ အေမတြက္ လက္ေကာက္ လုပ္ေပးရန္ႏွင့္ ခ်စ္သူတြက္ လည္ဆြဲသီးေလး မပါ ။

ကိုႀကီးး ကြၽန္ေတာ့ ႐ုပ္အေလာင္းး ဖတ္ကာငိုတုန္းး ။ အႏၲယ္ ရာယ္ မ်ားမွန္းသိရဲ႕နဲ႔ ဘာလို႔ လိုက္လာတာလဲ ညီေလးရယ္တဲ့ ။

ညီေလးး ကိုႀကီးေနာက္ လိုက္လာလို႔ ဒီလို ျဖစ္ရတာတဲ့ ။ကြၽန္ေတာ္ ကိုႀကီးေဘးနား ဒူးေထာက္ထိုင္ခ်လိုက္သည္။

ကိုႀကီးရယ္…ေသမင္းနဲ႔ နီးမွန္း သိေပမယ့္ အိမ္မက္နဲ႔လဲ နီးတာမို႔ ညီေလးး ဒီလမ္းကို ေ႐ြးျခယ္မိတာပါ။

စြန္႔ပစ္ ေျမဇာပုံ ဆိုတာ မၿပိဳ လဲ ေအာင္ ထိန္းထားရတဲ့ အသက္ငင္ေနတဲ့ ေတာင္ တစ္ေတာင္ ဆိုတာ ညီေလးး သိပါတယ္ ။

ေရမေဆး ေက်ာက္တစ္တုံးဟာ အ႐ိုးေယာင္ ေဆာင္ထားတဲ့ အသားတုံးး တစ္တုံးး ျဖစ္ႏႈိင္တယ္ ဆိုတဲ့ ေရမေဆး သမားေတြရဲ႕ ေမွ်ာ္လင့္ခ်က္နဲ႔ ညီေလးး လာခဲ့တာပါ ။

အမႈိက္ပုံေပၚက ေခြးေတြ ဟာ စားႂကြင္းစားက်န္ ရွာရသလို ေျမဇာပုံ ေပၚက ညီေလးတို႔ ဘဝဟာလည္း ေက်ာက္ႂကြင္းေက်ာက္က်န္ ရွာရမွာပဲ အကို။

ေသမင္းနဲ႔ နီးေပမယ့္ အိမ္မက္နဲ႔လဲ နီးတာမို႔ ညီေလးး ဒီလမ္းကို ေ႐ြးခဲ့ မိတာပါ ကိုႀကီးရယ္ ။

ကိုႀကီးးေဘးမွာ ဒူးေထာက္ၿပီးး ကြၽန္ေတာ္ ေျပာေနမိသည္ ။ ဒါေပမယ့္ ကြၽန္ေတာ္ေျပာတာေတြ ကိုႀကီးမၾကား ႏႈိင္ေတာ့ ပါ ။

ကြၽန္ေတာ့္ ႐ုပ္အေလာင္း ေဘးမွ အန္တီႀကီးး သူ႔သား အေလာင္းအားး ေဖြ႕ဖတ္ကာ…

” သားးး ေဖေကာင္း ေမေကာင္းး ရွာေနာ္”

” သားးး ေဖေကာင္း ေမေကာင္း ရွာေနာ္”

” ေနာင္ဘဝ အေမတို႔စီ ျပန္မလာနဲ႔ေတာ့ ေနာ္”တဲ့ ။

ကြၽန္ေတာ္ အလြန္ ဝမ္းနည္းသြားမိသည္။ အေမ့ကိုလဲ သတိရမိ သြားသည္။

အေမ…သား သတင္းၾကားရင္ အေမ မငိုနဲ႔ ေနာ္ ။ လယ္ေတြသိမ္းလို႔ ဆႏၵ ျပရင္းး

ေထာင္ထဲ ေရာက္ေနတဲ့ အေဖ့ကိုလဲ ေျပာေပးပါ ။ သား သတိရပါတယ္လို႔ ။

သားကို ဒီအ႐ြယ္ထိ ျပဳစုၿပိဳးေထာင္ေပးတဲ့ အေဖ အေမ တို႔ ေက်းဇူးကို မေမ့ပါဘူးးး

သား ျပန္လာခဲ့မယ္ေနာ္ အေမ ။သားကို မႏွင္ပါနဲ႔ ေနာ္ ။

ေနာ္ …..အေမ…… ေနာ္ ။

သားေျပာတာေတြ အေမၾကား ႏႈိင္ပါေစေနာ္ ။

ကြၽန္ေတာ္ ဘယ္ေလာက္ၾကာၾကာ ငိုေနမိမွန္းး မသိ ။ သူငယ္ခ်င္းက ပခုံးေလး လာပုတ္မွ သတိရမိသည္ ။

အခုေတာ့ လြမ္းေရးထက္ ဝမ္းေရးခတ္မို႔ ခ်စ္သူနဲ႔ လဲ ဘဝျခားခဲ့ၿပီ ။ ေတာင္တန္းေတြလည္း ေပ်ာက္ခဲ့ၿပီ ၊

ဥ႐ုေခ်ာင္းႀကီးလည္းေႏွာက္ခဲ့ၿပီ၊စမ္းေခ်ာင္းေတြလည္းေပ်ာက္ကုန္ၿပီေလ။

ေသေဘးကို ေျခဖ်ားမွာထား ေရမေဆးရွာစားေနရတဲ့ ဘဝေတြ ခဗ်ားတို႔ကေတာ့ ေရျခားေျမျခား အေနျခားတဲ့ ေကာင္ေတြနဲ႔ေဝစားေနၾကတာ၊

လိုျခင္တာဘဲသိၿပီးေပးရေကာင္းမွန္းမသိတဲ့လူတစ္စု ေၾကာင့္ ေတာင္တန္းေတြလည္း ေရကန္ျဖစ္ကုန္ပါ….

ပီေလ၊ မထူးေတာ့ပါဘူး တေန႔ေတာ့ထူးျခားရမွာပါေလဆိုတဲ့ ေရမေဆးေတြဘဲ ေျမစာပင္ ျဖစ္ခဲ့ရေလၿပီ။

ကြၽန္ေတာ္တို႔ ႐ုပ္အေလာင္းမ်ားကို ကူညီ ကယ္ဆယ္ေပးေသာ ျမန္မာႏႈိင္ငံ မီးသက္တပ္ဖြဲ႕ဝင္မ်ားး ၊ တပ္မေတာ္ သားမ်ားး ၊

ရဲ တပ္ဖြဲ႕ဝင္မ်ား၊ ပရဟိတ အဖြဲ႕အစည္းမ်ား၊ ဘဝတူ ေရမေဆး သမားမ်ားကို ေက်းဇူးး အထူးတင္ပါတယ္လို႔ တမလြန္ကေန ေျပာပါရေစ …။

ဘယ္အခ်ိန္ထိ ေတြေဝေနမိမွန္း မသိ ။ သူငယ္ခ်င္းက ပုံးခုံးေလး လာဖတ္ၿပီး ေျပာမွ သတိရမိသည္ ။

ငါ့တို႔ေတြ ကိုယ့္အ႐ိုး ကိုယ္ ျပန္တူးေနတဲ့ ဘဝ ႀကီးကေန လြတ္ခဲ့တာေပါ့ ကြာ တဲ့ ။ ကြၽန္ေတာ္ ရႈိက္သံ တစ္ခ်က္ ထြက္ လာမိသည္ ။

” ဟုတ္တယ္ ငါ ကို႔အ႐ိုး ကိုယ္ျပန္တူးတဲ့ ဘဝက လြတ္ခဲ့တာ ”

” ကို႔အ႐ိုးး ကိုယ္ျပန္တူးးတဲ့ ဘဝက လြတ္ခဲ့တာ ေဟးးးး” လို႔ ဖားကန္႔တခြင္လုံးး ၾကားေအာင္ ေအာ္လိုက္မိသည္ ။

ေၾသာ္……

ဒါ ဒို႔ျပည္

ဒါ ဒို႔ေျမ ေလ ။

ရတုကဗ်ာ…..photo – fb

Unicode

မိုးက မသည်းပေမဲ့ တစ်စိမ့်စိမ့် ရွာနေသည် ။ဘယ်လို ဖြစ်မှန်းမသိ မှော်ထဲ သွားရမှာ စိတ်လေးနေမိသည် ။အိပ်ယာထဲမှ ကိုကြီးကိုလည်း သနားမိသည် ။

ကိုကြီးက ကျွန်တော်တို့ မောင်နှမတွေကို ငဲ့ကာ ကျောင်းထွက်ပြီးး မှော်ထဲ အရင် ရောက်နှင့်သူ ။ ခုတော့ ဆေးသမား ဖြစ်နေရှာပြီလေ ။

မှော်ထဲက မသွားလို့ မဖြစ် ၊ ပိုက်ဆံရှာရမည်။ ကိုကြီးကိုလဲ ရွာပြန်ခေါ်ပြီးး ဆေးဖြတ်ပေးချင်သည်။ အိမ်က ညီနဲ့ ညီမလေးတွက် ကျောင်းစရိတ်က ရှိသေးသည် ။

covide ကပ်ရောဂါကြောင့် အိမ်မှာလဲ ကြပ်တည်း နေတာ ကျွန်တော် သိသည် ။ ခုရက်ပိုင်းး ကျောက်ကောင်းတွေက ရနေတော့ လက်လွတ် မခံချင် ။

ကော်ဖီမစ် တစ်ခွက် သောက်ပြီးး သွားမည်ဟု ဆုံးဖြတ်လိုက်သည်။ “ဂွမ်းး.” ရုတ်တရက် ဆိုသလိုပဲ ကျွန်တော် ကော်ဖီမစ်ခွက်လေး မတော်တဆ ကျကွဲသွားသည် ။

စိတ်လေးနေရတဲ့ ကြားထဲ ခွက်လေးကွဲသွားတော့ အိမ်ကမိသားစုတွက် စိတ်ပူမိ၏ ။ အမေနေများး ကောင်းရဲ့လားး ။ ဖုန်းနံပါတ်တွေ စီသို့ လက်ကလေး အလိုလို ရောက်မိသား ဖြစ်သွားသည်။

” ဟဲလို… အမေ. …သားး”

” အမေ နေကောင်းလား…”

အမေက နေကောင်းကြောင်းးး သားတို့ ညီအကို နှစ်ယောက် အမြန်ပြန်လာဖို့ အကြောင်းနဲ့ ဗေဒင် မေးကြည့်တာ သား ဇာတာ မကောင်း ကြောင်းး ရွာမှာ မရှိ ရှိတာ လုပ်စားမယ့် အကြောင်း တတွတ်တွတ်မှာသည်။

” သားး ဒီတစ်ကျော ရှာပြီးရင် ပြန်လာမှာ အမေရဲ့”

” ဘာမှ စိတ်မပူနဲ့နော် အမေ ၊ သားကော ကိုကြီးကော အတူတူ ပြန်လာမှာ ”

အမေက ငိုနေသည်။ အမေနဲ့ ဆက်ပြောနှိုင်စွမ်း မရှိတာနဲ့ ညီလေးနဲ့ ညီမလေး ကို ဖုန်းပေးခိုင်းလိုက်သည် ။ ညီလေးက ဂိမ်းကစားဖို့ ဖုန်းဝယ်ပေးဖို့နှင့် ညီမလေးက စက်ဘီး ပူစာသည် ။

ကိုကြီးပြန်လာရင် ဝယ်ပေးမယ် ဆိုတဲ့ အကြောင်းး ပြောပြီးး ညီလေး ညီမလေးအား အာဘွား ပေးခဲ့ သေးသည်။ အိပ်ယာထဲမှ ကိုကြီးကို -” ကိုကြီးး ညီလေးး မှော်ထဲ သွားတော့မယ်နော်”

ကိုကြီးက ညီလေးး နားပါဦးလားး လှမ်းပြောသေးသည် ။ နားမရဘူးး ကိုကြီးရေ ဒီရက်ပိုင်း ကျောက်ကောင်းတွေ ထွက်နေပြီလေ ။

ဒီတစ်ကျော ရှာပြီးရင် ညီလေးကော ကိုကြီးကော အတူတူ ပြန်နားကြမယ်လို့ စိတ်ထဲက ပြောမိသည် ။

! အော်. ချစ်သူစီ စာပို့ရအုံးမယ် ။

📲 မောနင်းးပါ ချစ် ။ အကို မှော်ထဲ သွားတော့မယ်နော် ။

📲 ကြည့်စမ်းး ကောင်မလေးး ခုထိ မနိုးသေးဘူးး အိပ်ပုတ် 😁😁😁

ကျွန်တော်က ကျွန်တော့်ကောင်မလေးကို အရမ်းချစ်တာ ။ သူကလဲ ကျွန်တော့်ကို ချစ်တယ် ။

” သူငယ်ချင်းရေ သွားရအောင်”

သူငယ်ချင်းအား အော်ခေါ်ရင်းး သူငယ်ချင်းး နှစ်ယောက် အတူ ထွက်ခဲ့ သည် ။မှော်ထဲ ရောက်တော့ ကျွန်တော်တို့ နောက်ကျ နေပြီ ။

ဒီနေရာ က ကျောက်လဲရ ကျောက်ကောင်းလဲ ထွက်ဆိုတော့ အောက်ထဲမှာတင် လူ နှစ်ရာ ကျော် ရောက်နှင့်နေပြီ ။

မိုးကလဲ ရွာကောင်းတုန်းး ။ သူငယ်ချင်းး နှစ်ယောက် အိမ်မက်ကိုယ်စီဖြင့် တွင်းထဲသို့ ဆင်းးရှာတုန်းး

ထိုအချိန်တွင် ” ပြေးဟေ့! ပြေး ပြေး” အသံတစ်ခု သဲ့သဲ့ ကြားလိုက်မိသည် ။

” ဟေးးး အားဒီ ဒီနေ့ ကျောက်တွေ အများကြီးး ရတယ်ဟ ” လို့ သူငယ်ချင်းကို အော်ပြောမိသည်။ သူငယ်ချင်းကလဲ သူလဲ ရကြောင်း လက်မထောင်ပြသည် ။

မှော်ထဲက လူ နှစ်ရာကျော် အကုန်လုံးး အပြုံးလေးတွေ ကိုယ်စီဖြင့် ။ သူငယ်ချင်း အားဒီက လှမ်းအော်သေးသည် ။

” ငါတို့ လော်ပန်းဖြစ်ပြီကွ” လို့ ….ကျွန်တော်လဲ ဒါလေးက အမေ့တွက် ကျောက်စိမ်းလက်ကောက်လေးး ၊ ဒါလေးက ချစ်သူတွက် လည်ဆွဲသီးလေး ဆိုပြီးး သက်သက်ဖယ်ထားပြီး အရမ်းပျော်နေမိပြီ ။

ရသင့်သလောက်လဲ ရပြီးပီမို့ သူငယ်ချင်းအားး ခေါ်ကာ ပြန်ခဲ့ကြပြီ ။ မိုးက မသည်းပေမယ့် တစ်စိမ့်စိမ့် ကျတုန်းးး

ရှေ့မှာ ငိုသံ သဲ့သဲ့ ကြားနေရသည်။ အနားနီးလာတော့ ငိုသံကို ပီပြင်စွာကြားလာရသည် ။ ငိုသံက ” ကိုကြီးး ငိုသံ ၊ ကိုကြီးး ငိုသံ ”

ကျွန်တော် ကိုကြီးအား စိတ်ပူစွာဖြင့် အပြေးအလွှား သွားမိ၏။ကိုကြီးသည် ရုပ်အလောင်းး တစ်ခုအားး ဖတ်ငိုနေသည် ။

ဘေးမှာ သူငယ်ချင်းး အားဒီ ရဲ့ ရုပ်အလောင်းး ။ သေသေချာချာ ကြည့်လိုက်တော့ ကိုကြီး ဖတ်ထားသည်မှာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ် ဖြစ်နေသည် ။

” အာ! ဘာတွေလဲ ဘာတွေလဲ” သူငယ်ချင်း အားဒီက ကျွန်တော့ လက်ကလေး ဆုတ်ကာ လာပြောသည် ။

” ငါတို့ ပါသွားပြီ” တဲ့ ။ ကျွန်တော် အသံမထွက်နှိုင်အောင်ပင် အလွန်ဝမ်းနည်းး သွားမိ၏ ၊ ဒူးထောက်ကာ ရှိုက်ကြီးး တငင်ငင် ငိုနေမိ သည် ။

ကျွန်တော့်ရဲ့ လောပန်းလောင်း အိမ်မက်တွေ ဘယ်ရောက်ကုန်ပြီလဲ ။ဒါဆို ဒီကျောက်စိမ်းတွေက ငါတို့ အရိုးတွေပေါ့ ။ ငါတို့ အရိုးတွေပေါ့ ။

ကျွန်တော် မျက်ရည်တွေ ဖြိုင်ဖြိုင်ကျကာ ကျောက်စိမ်းတုန်းတွေကို ဦးတည်ရာမဲ့ လွင့်ပစ်နေမိသည် ။

” ဒါ ကျောက်စိမ်းတွေ မဟုတ်ဘူးး အရိုးတွေ အရိုးး တွေ” ဟု ပါးစပ်ကလဲ ပြောမိသေးသည် ။

လွင့်ပစ်သည့် ကျောက်စိမ်းတုန်းတွေထဲမှာတော့ အမေတွက် လက်ကောက် လုပ်ပေးရန်နှင့် ချစ်သူတွက် လည်ဆွဲသီးလေး မပါ ။

ကိုကြီးး ကျွန်တော့ ရုပ်အလောင်းး ဖတ်ကာငိုတုန်းး ။ အန္တယ် ရာယ် များမှန်းသိရဲ့နဲ့ ဘာလို့ လိုက်လာတာလဲ ညီလေးရယ်တဲ့ ။

ညီလေးး ကိုကြီးနောက် လိုက်လာလို့ ဒီလို ဖြစ်ရတာတဲ့ ။ကျွန်တော် ကိုကြီးဘေးနား ဒူးထောက်ထိုင်ချလိုက်သည်။

ကိုကြီးရယ်…သေမင်းနဲ့ နီးမှန်း သိပေမယ့် အိမ်မက်နဲ့လဲ နီးတာမို့ ညီလေးး ဒီလမ်းကို ရွေးခြယ်မိတာပါ။

စွန့်ပစ် မြေဇာပုံ ဆိုတာ မပြို လဲ အောင် ထိန်းထားရတဲ့ အသက်ငင်နေတဲ့ တောင် တစ်တောင် ဆိုတာ ညီလေးး သိပါတယ် ။

ရေမဆေး ကျောက်တစ်တုံးဟာ အရိုးယောင် ဆောင်ထားတဲ့ အသားတုံးး တစ်တုံးး ဖြစ်နှိုင်တယ် ဆိုတဲ့ ရေမဆေး သမားတွေရဲ့ မျှော်လင့်ချက်နဲ့ ညီလေးး လာခဲ့တာပါ ။

အမှိုက်ပုံပေါ်က ခွေးတွေ ဟာ စားကြွင်းစားကျန် ရှာရသလို မြေဇာပုံ ပေါ်က ညီလေးတို့ ဘဝဟာလည်း ကျောက်ကြွင်းကျောက်ကျန် ရှာရမှာပဲ အကို။

သေမင်းနဲ့ နီးပေမယ့် အိမ်မက်နဲ့လဲ နီးတာမို့ ညီလေးး ဒီလမ်းကို ရွေးခဲ့ မိတာပါ ကိုကြီးရယ် ။

ကိုကြီးးဘေးမှာ ဒူးထောက်ပြီးး ကျွန်တော် ပြောနေမိသည် ။ ဒါပေမယ့် ကျွန်တော်ပြောတာတွေ ကိုကြီးမကြား နှိုင်တော့ ပါ ။

ကျွန်တော့် ရုပ်အလောင်း ဘေးမှ အန်တီကြီးး သူ့သား အလောင်းအားး ဖွေ့ဖတ်ကာ…

” သားးး ဖေကောင်း မေကောင်းး ရှာနော်”

” သားးး ဖေကောင်း မေကောင်း ရှာနော်”

” နောင်ဘဝ အမေတို့စီ ပြန်မလာနဲ့တော့ နော်”တဲ့ ။

ကျွန်တော် အလွန် ဝမ်းနည်းသွားမိသည်။ အမေ့ကိုလဲ သတိရမိ သွားသည်။

အမေ…သား သတင်းကြားရင် အမေ မငိုနဲ့ နော် ။ လယ်တွေသိမ်းလို့ ဆန္ဒ ပြရင်းး

ထောင်ထဲ ရောက်နေတဲ့ အဖေ့ကိုလဲ ပြောပေးပါ ။ သား သတိရပါတယ်လို့ ။

သားကို ဒီအရွယ်ထိ ပြုစုပြိုးထောင်ပေးတဲ့ အဖေ အမေ တို့ ကျေးဇူးကို မမေ့ပါဘူးးး

သား ပြန်လာခဲ့မယ်နော် အမေ ။သားကို မနှင်ပါနဲ့ နော် ။

နော် …..အမေ…… နော် ။

သားပြောတာတွေ အမေကြား နှိုင်ပါစေနော် ။

ကျွန်တော် ဘယ်လောက်ကြာကြာ ငိုနေမိမှန်းး မသိ ။ သူငယ်ချင်းက ပခုံးလေး လာပုတ်မှ သတိရမိသည် ။

အခုတော့ လွမ်းရေးထက် ဝမ်းရေးခတ်မို့ ချစ်သူနဲ့ လဲ ဘဝခြားခဲ့ပြီ ။ တောင်တန်းတွေလည်း ပျောက်ခဲ့ပြီ ၊

ဥရုချောင်းကြီးလည်းနှောက်ခဲ့ပြီ၊စမ်းချောင်းတွေလည်းပျောက်ကုန်ပြီလေ။

သေဘေးကို ခြေဖျားမှာထား ရေမဆေးရှာစားနေရတဲ့ ဘဝတွေ ခဗျားတို့ကတော့ ရေခြားမြေခြား အနေခြားတဲ့ ကောင်တွေနဲ့ဝေစားနေကြတာ၊

လိုခြင်တာဘဲသိပြီးပေးရကောင်းမှန်းမသိတဲ့လူတစ်စု ကြောင့် တောင်တန်းတွေလည်း ရေကန်ဖြစ်ကုန်ပါ….

ပီလေ၊ မထူးတော့ပါဘူး တနေ့တော့ထူးခြားရမှာပါလေဆိုတဲ့ ရေမဆေးတွေဘဲ မြေစာပင် ဖြစ်ခဲ့ရလေပြီ။

ကျွန်တော်တို့ ရုပ်အလောင်းများကို ကူညီ ကယ်ဆယ်ပေးသော မြန်မာနှိုင်ငံ မီးသက်တပ်ဖွဲ့ဝင်များး ၊ တပ်မတော် သားများး ၊

ရဲ တပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့အစည်းများ၊ ဘဝတူ ရေမဆေး သမားများကို ကျေးဇူးး အထူးတင်ပါတယ်လို့ တမလွန်ကနေ ပြောပါရစေ …။

ဘယ်အချိန်ထိ တွေဝေနေမိမှန်း မသိ ။ သူငယ်ချင်းက ပုံးခုံးလေး လာဖတ်ပြီး ပြောမှ သတိရမိသည် ။

ငါ့တို့တွေ ကိုယ့်အရိုး ကိုယ် ပြန်တူးနေတဲ့ ဘဝ ကြီးကနေ လွတ်ခဲ့တာပေါ့ ကွာ တဲ့ ။ ကျွန်တော် ရှိုက်သံ တစ်ချက် ထွက် လာမိသည် ။

” ဟုတ်တယ် ငါ ကို့အရိုး ကိုယ်ပြန်တူးတဲ့ ဘဝက လွတ်ခဲ့တာ ”

” ကို့အရိုးး ကိုယ်ပြန်တူးးတဲ့ ဘဝက လွတ်ခဲ့တာ ဟေးးးး” လို့ ဖားကန့်တခွင်လုံးး ကြားအောင် အော်လိုက်မိသည် ။

သြော်……

ဒါ ဒို့ပြည်

ဒါ ဒို့မြေ လေ ။

ရတုကဗျာ…..photo – fb