သိပၸံပညာ႐ွင္ေတြေျပာတဲ့ ေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးတစ္ခု ျဖစ္လာေစမယ့္ ေသာ့ခ်က္မ်ား-
သိပၸံပညာ႐ွင္ေတြရဲ႕ ေလ့လာဆန္းစစ္ခ်က္ေတြအရ ေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးတစ္ခု ျဖစ္ရျခင္း အေၾကာင္းအရင္းေတြထဲမွာ ဒီလုိအခ်က္ေတြ ပါဝင္ေနပါတယ္တဲ့။
ဘယ္လုိအခ်က္ေတြက ေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးတစ္္ခုရဲ႕ ေသာ့ခ်က္ေတြျဖစ္ေနလဲဆုိတာကို ဖတ္ၾကည့္လုိက္ေတာ့ေနာ္။
(၁) မဂၤလာပြဲ က်င္းပတာ
Virginia university ရဲ႕ စစ္တမ္းေကာက္ခ်က္ေတြအရ မဂၤပြဲက်င္းပျပဳလုပ္ခဲ့တဲ့ စံုတြဲေတြဟာ အိမ္ေထာင္ေရးမွာ ပိုသာယာေပ်ာ္႐ႊင္ ၾကပါတယ္တဲ့ေနာ္။
တကယ္ေတာ့ ဒါက သိပ္မဆုိင္ဘူးလုိ႔ ထင္ရေပမယ့္ မဂၤလာပြဲ ခမ္းခမ္းနားနား က်င္းပတဲ့စံုတြဲေတြဟာ ပိုၿပီးေတာ့ေတာင္ အိမ္ေထာင္ေရးမွာေပ်ာ္႐ႊင္တဲ့ သူေတြျဖစ္ေၾကာင္းကို ေလ့လာေတြ႔ရွိခဲ့ပါတယ္။
(၂) ဆြဲေဆာင္မႈ႐ွိတဲ့ အမ်ိဳးသမီးကို ပိုင္ဆုိင္ထားတာ
အိမ္ေထာင္တစ္ခုမွာ ဖိုသီဖတ္သီ ေနတတ္တဲ့ အိမ္ေထာင္႐ွင္မေတြထက္ ကိုယ့္ကိုယ္ကို ဆြဲေဆာင္မႈ႐ွိ႐ွိ ျပင္ျပင္ဆင္ဆင္ ေနတတ္တဲ့အိမ္ေထာင္႐ွင္မေတြ႐ွိျခင္းက အိမ္ေထာင္ေရး ပိုေပ်ာ္႐ႊင္ရတယ္လုိ႔ အိမ္ေထာင္႐ွင္အမ်ိဳးသားေတြက ဆုိပါတယ္။
ဒီအခ်က္ကလည္း အိမ္ေထာင္ေရး ေပ်ာ္႐ႊင္မႈအတြက္ လုိအပ္တဲ့ အခ်က္တစ္ခ်က္ပါတဲ့ေနာ္။
(၃) ဆြဲေဆာင္မႈ မ႐ွိတဲ့ အမ်ိဳးသားေတြ
ေနာက္ထပ္ အံ႔ၾသစရာ ေကာင္းတဲ ့အခ်က္တစ္ခ်က္က ဆြဲေဆာင္မႈ မ႐ွိတဲ့ အမ်ိဳးသားေတြက
ကိုယ့္ရဲ႕ အမ်ိဳးသမီးကို ပိုတန္ဖိုးထားတတ္ၾကတဲ့အတြက္ အိမ္ေထာင္ေရး ေပ်ာ္႐ႊင္မႈကို ခံစားရေစပါတယ္။
ဒါေၾကာင့္ အရမ္းႀကီး ျပင္ျပင္ဆင္ဆင္ မေနတတ္တဲ့ အိမ္ေထာင္႐ွင္ ေယာက်ာ္းေတြက ေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးကို တည္ေဆာက္ႏုိင္ပါတယ္။
(၄) ကိုယ္ ဝါသာနာပါရာကို သီးျခား ျပဳလုပ္တတ္ၾကတာ
အိမ္ေထာင္တစ္ခု တည္ေဆာက္လုိက္ၿပီဆုိရင္ အရာရာကို ႏွစ္ေယာက္ အတူတူ ျပဳလုပ္ရမယ္ဆုိတာကေတာ့ မဟုတ္ပါဘူးေနာ္။လူတုိင္းမွာ ကိုယ္ဝါသနာပါရာ ဆုိတာ ႐ွိတတ္ၿပီး ကိုယ္မႀကိဳက္တဲ့အရာကို အတူတူ လုိက္လုပ္ေပးေနစရာ မလုိပါဘူး။
ကိုယ္ဝါသနာပါရာကို သီးျခားလုပ္တတ္ၾကတဲ့ စံုတြဲေတြက ေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးကို ပိုင္ဆုိင္ႏုိင္ၾကတယ္ဆုိၿပီး သိပၸံပညာ႐ွင္ေတြက ဆုိထားပါတယ္။
Khin
Unicode Version
သိပ္ပံပညာရှင်တွေပြောတဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်လာစေမယ့် သော့ချက်များ-
သိပ္ပံပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်တွေအရ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်ရခြင်း အကြောင်းအရင်းတွေထဲမှာ ဒီလိုအချက်တွေ ပါဝင်နေပါတယ်တဲ့။
ဘယ်လိုအချက်တွေက ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ််ခုရဲ့ သော့ချက်တွေဖြစ်နေလဲဆိုတာကို ဖတ်ကြည့်လိုက်တော့နော်။
(၁) မင်္ဂလာပွဲ ကျင်းပတာ
Virginia university ရဲ့ စစ်တမ်းကောက်ချက်တွေအရ မင်္ဂပွဲကျင်းပပြုလုပ်ခဲ့တဲ့ စုံတွဲတွေဟာ အိမ်ထောင်ရေးမှာ ပိုသာယာပျော်ရွှင် ကြပါတယ်တဲ့နော်။
တကယ်တော့ ဒါက သိပ်မဆိုင်ဘူးလို့ ထင်ရပေမယ့် မင်္ဂလာပွဲ ခမ်းခမ်းနားနား ကျင်းပတဲ့စုံတွဲတွေဟာ ပိုပြီးတော့တောင် အိမ်ထောင်ရေးမှာပျော်ရွှင်တဲ့ သူတွေဖြစ်ကြောင်းကို လေ့လာတွေ့ရှိခဲ့ပါတယ်။
(၂) ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးကို ပိုင်ဆိုင်ထားတာ
အိမ်ထောင်တစ်ခုမှာ ဖိုသီဖတ်သီ နေတတ်တဲ့ အိမ်ထောင်ရှင်မတွေထက် ကိုယ့်ကိုယ်ကို ဆွဲဆောင်မှုရှိရှိ ပြင်ပြင်ဆင်ဆင် နေတတ်တဲ့အိမ်ထောင်ရှင်မတွေရှိခြင်းက အိမ်ထောင်ရေး ပိုပျော်ရွှင်ရတယ်လို့ အိမ်ထောင်ရှင်အမျိုးသားတွေက ဆိုပါတယ်။
ဒီအချက်ကလည်း အိမ်ထောင်ရေး ပျော်ရွှင်မှုအတွက် လိုအပ်တဲ့ အချက်တစ်ချက်ပါတဲ့နော်။
(၃) ဆွဲဆောင်မှု မရှိတဲ့ အမျိုးသားတွေ
နောက်ထပ် အံ့သြစရာ ကောင်းတဲ ့အချက်တစ်ချက်က ဆွဲဆောင်မှု မရှိတဲ့ အမျိုးသားတွေက
ကိုယ့်ရဲ့ အမျိုးသမီးကို ပိုတန်ဖိုးထားတတ်ကြတဲ့အတွက် အိမ်ထောင်ရေး ပျော်ရွှင်မှုကို ခံစားရစေပါတယ်။
ဒါကြောင့် အရမ်းကြီး ပြင်ပြင်ဆင်ဆင် မနေတတ်တဲ့ အိမ်ထောင်ရှင် ယောကျာ်းတွေက ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်ပါတယ်။
(၄) ကိုယ် ဝါသာနာပါရာကို သီးခြား ပြုလုပ်တတ်ကြတာ
အိမ်ထောင်တစ်ခု တည်ဆောက်လိုက်ပြီဆိုရင် အရာရာကို နှစ်ယောက် အတူတူ ပြုလုပ်ရမယ်ဆိုတာကတော့ မဟုတ်ပါဘူးနော်။
လူတိုင်းမှာ ကိုယ်ဝါသနာပါရာ ဆိုတာ ရှိတတ်ပြီး ကိုယ်မကြိုက်တဲ့အရာကို အတူတူ လိုက်လုပ်ပေးနေစရာ မလိုပါဘူး။
ကိုယ်ဝါသနာပါရာကို သီးခြားလုပ်တတ်ကြတဲ့ စုံတွဲတွေက ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ကြတယ်ဆိုပြီး သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။
Khin