အခ်စ္နွင့္ဘဝ

ကိုယ့်ကိုထားသွားတဲ့သူတစ်ယောက်ကို သေလောက်အောင် လွမ်းနေရင် ဒါတွေလုပ်ပါ

ကိုယ့်ကိုထားသွားတဲ့သူတစ်ယောက်ကို သေလောက်အောင် လွမ်းနေရင် ဒါတွေလုပ်ပြီး မေ့ပစ်ပါ…ကိုယ့်ဘေးနားမှာ မရှိတော့တဲ့သူတစ်ယောက်၊ ကိုယ့်ကို ထားသွားတဲ့သူတစ်ယောက်ကို သေလောက်အောင်လွမ်းနေတတ်ကြတယ်။ အဲ့လိုအချိန်တွေက ခံစားရဆုံးပါ။

သတိရလွန်းလို့ ငိုမိရင်လည်း ငိုမိမယ်။ ဒီအချိန်တွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ဒီအချက်လေးတွေကို လုပ်ကြည့်လိုက်ပါနော် …။

အိမ်မှာချည်းပဲ မနေပါနဲ့….တစ်စုံတစ်ယောက်ကို သတိရနေတာက အိမ်မှာပဲ တံခါးလော့ချပြီးနေနေလို့ပါ။ အဆိုးဆုံးကတော့ အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်ထားတာပါပဲ။ အိမ်မှာနေနေရင် ပိုပြီးသတိရတတ်တယ်။

အဲဒါကြောင့် တစ်စုံတစ်ယောက်ကို သတိမရအောင်ဆိုရင် အပြင်ထွက်ပေး၊ GYM ဆော့ပေးပါ။ အိမ်မှာပဲနေလိုက်ရင် တစ်စုံတစ်ယောက်ကို သတိရစိတ်က ပိုပြီး တိုးလာရုံပဲ ရှိပါတယ် …။

သူငယ်ချင်းတွေနဲ့ အတူရှိနေပါ….တစ်စုံတစ်ယောက်ကို သေလောက်အောင် သတိရနေရင် ဘယ်လိုလုပ်ရမလဲဆိုတော့ သူငယ်ချင်းတွေနဲ့ အတူရှိနေလိုက်ပါ။ သင့်ရဲ့သူငယ်ချင်းတွေကလည်း သင်အတွက် အမြဲရှိနေပေးမှာပါ။

သူငယ်ချင်းတွေနဲ့အတူရှိနေလိုက်ရင် သူ့ကို သတိရတဲ့စိတ်တွေလျော့သွားမယ့်အပြင် သင်ကိုယ့်သင် ဘယ်သူဆိုတာကို သိမြင်လာမယ်။ သင့်အကြောင်းကို သင့်နဲ့ပေါင်းနေတဲ့ သူငယ်ချင်းတွေကသာ အသိဆုံးဖြစ်လို့ သင့်စိတ်ထဲကနေ သူ့ကိုမေ့ပစ်နိုင်အောင် ကူညီပေးမှာပါ။အဲဒါကြောင့် တစ်စုံတစ်ယောက်ကို မေ့ပစ်ဖို့ဆိုရင် သူငယ်ချင်းတွေနဲ့ အတူရှိနေလိုက်ပါ …။

ဝါသနာပါရာ တစ်ခုကိုလုပ်ပါ….ဒီလိုအချိန်မျိုးက သင့်အတွက် အခွင့်အရေးတစ်ခုပါ။ သင့်စိတ်ကြိုက် သင်လုပ်ချင်တဲ့ ဝါသနာတစ်ခုခုကို လုပ်ကြည့်ပါ။ သူကို အိမ်မှာထိုင်ပြီး သတိရနေမယ့်အစား သင့်အတွက် အကျိုးရှိစေမယ့်အရာကို လုပ်လိုက်ပါ။အဲ့အရာကိုပဲ စိတ်နှစ်ထားလိုက်ပါ။ သူ့ကို သေလောက်အောင်သတိရနေတဲ့စိတ်လည်း လျော့သွားမှာပဲ ဖြစ်ပါတယ် …။

သီချင်းနားထောင်ပေးပါ….သင့်ကိုထားသွားခဲ့တဲ့နောက်မှာ သင်ဘက်က ခံစားရမှာပါ။ အဲဒီအချိန်မှာ သင်နဲ့ပတ်သက်တဲ့ သီချင်းတွေကို နားထောင်လိုက်ပါ။ ထားသွားခံရတဲ့ဘက်ကနေ ရေးထားတဲ့ သီချင်းတွေကို နားထောင်ပါ။ဒါပေမယ့် အချိန်တိုင်း နားမထောင်ပါနဲ့။ ဒီလိုသတိရနေတဲ့အချိန်မှာ သီချင်းအေးအေးတွေ၊ အချစ်သီချင်းတွေကိုတော့ နားမထောင်မိပါစေနဲ့ …။

ကျေးဇူးတင်လိုက်ပါ….အစမှာတော့ သင့်ကိုထားသွားခဲ့တဲ့သူကို မုန်းရင် မုန်းနေပါလိမ့်မယ်။ ဒါပေမယ့် သင့်အပေါ်ကို ဘာတွေကောင်းခဲ့တယ်၊ ဘယ်လိုတွေ ကူညီပေးခဲ့ဖူးတယ်ဆိုတာကို ပြန်တွေးကြည့်ဖို့လိုတယ်။

ပြီးရင် ‘Thank You Letter’ ရေးပေးလိုက်ပါ။ သူ့ကို သင်ဘယ်လောက်တန်ဖိုးထားခဲ့တဲ့ဆိုတာ၊ ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေအတွက် ကျေးဇူးတင်တယ်ဆိုတာ၊ ဘဝအတွက် မသိတာတွေကို သင်ပေးခဲ့လို့ ကျေးဇူးတင်တယ်ဆိုတာတွေ ရေးပေးလိုက်ပါ။

အဲ့လိုရေးပေးလိုက်တာက သင်တို့နှစ်ယောက်ဇာတ်လမ်းပြီးသွားပြီဆိုတာကို မှတ်တမ်းတင်လိုက်သလို ဖြစ်သွားမှာဖြစ်ပြီး၊ သင်ခံစားနေရတာတွေလည်း သက်သာသွားမှာပဲ ဖြစ်ပါတယ်နော် …။ ။ Source.Hannwe Soe (Auntymay)

ကိုယ့္ကိုထားသြားတဲ့သူတစ္ေယာက္ကို ေသေလာက္ေအာင္ လြမ္းေနရင္ ဒါေတြလုပ္ၿပီး ေမ့ပစ္ပါ…ကိုယ့္ေဘးနားမွာ မရွိေတာ့တဲ့သူတစ္ေယာက္၊ ကိုယ့္ကို ထားသြားတဲ့သူတစ္ေယာက္ကို ေသေလာက္ေအာင္လြမ္းေနတတ္ၾကတယ္။ အဲ့လိုအခ်ိန္ေတြက ခံစားရဆုံးပါ။

သတိရလြန္းလို႔ ငိုမိရင္လည္း ငိုမိမယ္။ ဒီအခ်ိန္ေတြကို ေက်ာ္ျဖတ္ႏိုင္ဖို႔အတြက္ ဒီအခ်က္ေလးေတြကို လုပ္ၾကည့္လိုက္ပါေနာ္ …။

အိမ္မွာခ်ည္းပဲ မေနပါနဲ႔….တစ္စုံတစ္ေယာက္ကို သတိရေနတာက အိမ္မွာပဲ တံခါးေလာ့ခ်ၿပီးေနေနလို႔ပါ။ အဆိုးဆုံးကေတာ့ အျပင္ေလာကနဲ႔ အဆက္အသြယ္ ျဖတ္ထားတာပါပဲ။ အိမ္မွာေနေနရင္ ပိုၿပီးသတိရတတ္တယ္။

အဲဒါေၾကာင့္ တစ္စုံတစ္ေယာက္ကို သတိမရေအာင္ဆိုရင္ အျပင္ထြက္ေပး၊ GYM ေဆာ့ေပးပါ။ အိမ္မွာပဲေနလိုက္ရင္ တစ္စုံတစ္ေယာက္ကို သတိရစိတ္က ပိုၿပီး တိုးလာ႐ုံပဲ ရွိပါတယ္ …။

သူငယ္ခ်င္းေတြနဲ႔ အတူရွိေနပါ….တစ္စုံတစ္ေယာက္ကို ေသေလာက္ေအာင္ သတိရေနရင္ ဘယ္လိုလုပ္ရမလဲဆိုေတာ့ သူငယ္ခ်င္းေတြနဲ႔ အတူရွိေနလိုက္ပါ။ သင့္ရဲ႕သူငယ္ခ်င္းေတြကလည္း သင္အတြက္ အၿမဲရွိေနေပးမွာပါ။

သူငယ္ခ်င္းေတြနဲ႔အတူရွိေနလိုက္ရင္ သူ႔ကို သတိရတဲ့စိတ္ေတြေလ်ာ့သြားမယ့္အျပင္ သင္ကိုယ့္သင္ ဘယ္သူဆိုတာကို သိျမင္လာမယ္။ သင့္အေၾကာင္းကို သင့္နဲ႔ေပါင္းေနတဲ့ သူငယ္ခ်င္းေတြကသာ အသိဆုံးျဖစ္လို႔ သင့္စိတ္ထဲကေန သူ႔ကိုေမ့ပစ္ႏိုင္ေအာင္ ကူညီေပးမွာပါ။အဲဒါေၾကာင့္ တစ္စုံတစ္ေယာက္ကို ေမ့ပစ္ဖို႔ဆိုရင္ သူငယ္ခ်င္းေတြနဲ႔ အတူရွိေနလိုက္ပါ …။

ဝါသနာပါရာ တစ္ခုကိုလုပ္ပါ….ဒီလိုအခ်ိန္မ်ိဳးက သင့္အတြက္ အခြင့္အေရးတစ္ခုပါ။ သင့္စိတ္ႀကိဳက္ သင္လုပ္ခ်င္တဲ့ ဝါသနာတစ္ခုခုကို လုပ္ၾကည့္ပါ။ သူကို အိမ္မွာထိုင္ၿပီး သတိရေနမယ့္အစား သင့္အတြက္ အက်ိဳးရွိေစမယ့္အရာကို လုပ္လိုက္ပါ။အဲ့အရာကိုပဲ စိတ္ႏွစ္ထားလိုက္ပါ။ သူ႔ကို ေသေလာက္ေအာင္သတိရေနတဲ့စိတ္လည္း ေလ်ာ့သြားမွာပဲ ျဖစ္ပါတယ္ …။

သီခ်င္းနားေထာင္ေပးပါ….သင့္ကိုထားသြားခဲ့တဲ့ေနာက္မွာ သင္ဘက္က ခံစားရမွာပါ။ အဲဒီအခ်ိန္မွာ သင္နဲ႔ပတ္သက္တဲ့ သီခ်င္းေတြကို နားေထာင္လိုက္ပါ။ ထားသြားခံရတဲ့ဘက္ကေန ေရးထားတဲ့ သီခ်င္းေတြကို နားေထာင္ပါ။ဒါေပမယ့္ အခ်ိန္တိုင္း နားမေထာင္ပါနဲ႔။ ဒီလိုသတိရေနတဲ့အခ်ိန္မွာ သီခ်င္းေအးေအးေတြ၊ အခ်စ္သီခ်င္းေတြကိုေတာ့ နားမေထာင္မိပါေစနဲ႔ …။

ေက်းဇူးတင္လိုက္ပါ….အစမွာေတာ့ သင့္ကိုထားသြားခဲ့တဲ့သူကို မုန္းရင္ မုန္းေနပါလိမ့္မယ္။ ဒါေပမယ့္ သင့္အေပၚကို ဘာေတြေကာင္းခဲ့တယ္၊ ဘယ္လိုေတြ ကူညီေပးခဲ့ဖူးတယ္ဆိုတာကို ျပန္ေတြးၾကည့္ဖို႔လိုတယ္။

ၿပီးရင္ ‘Thank You Letter’ ေရးေပးလိုက္ပါ။ သူ႔ကို သင္ဘယ္ေလာက္တန္ဖိုးထားခဲ့တဲ့ဆိုတာ၊ ေပ်ာ္႐ႊင္ခဲ့ရတဲ့အခ်ိန္ေတြအတြက္ ေက်းဇူးတင္တယ္ဆိုတာ၊ ဘဝအတြက္ မသိတာေတြကို သင္ေပးခဲ့လို႔ ေက်းဇူးတင္တယ္ဆိုတာေတြ ေရးေပးလိုက္ပါ။

အဲ့လိုေရးေပးလိုက္တာက သင္တို႔ႏွစ္ေယာက္ဇာတ္လမ္းၿပီးသြားၿပီဆိုတာကို မွတ္တမ္းတင္လိုက္သလို ျဖစ္သြားမွာျဖစ္ၿပီး၊ သင္ခံစားေနရတာေတြလည္း သက္သာသြားမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။ Source.Hannwe Soe (Auntymay)