အခ်စ္နွင့္ဘဝ

ကောင်လေးဘက်က သင့်ကိုအတည်တွဲနေမှန်း သိသာနေတဲ့ လက္ခဏာများ…

ေကာင္ေလးဘက္က သင့္ကိုအတည္တြဲေနမွန္း သိသာေနတဲ့ အခ်က္မ်ား

အခ်စ္ေရး တစ္ခုမွာ အေၾကာက္ရဆံုးကေတာ့ ကိုယ္က စိတ္ရင္းအမွန္နဲ႔ ပံုအပ္ျပီးခ်စ္ရသေလာက္ ကိုယ့္ကိုအေပ်ာ္တြဲခံရတာပါပဲ။ ဒါဟာ လူေတာ္ေတာ္မ်ားမ်ားလည္း ၾကံဳရေလ့ရွိတဲ့….

 

ျပႆနာတစ္ခုျဖစ္သလို ခံစားရတာလည္း အရမ္းကိုဆိုးရြားပါတယ္။ ဒါေၾကာင့္မို႔လို႔ ကိုယ့္ကိုအေပ်ာ္တြဲတာလား၊ အတည္တြဲတာလားဆိုတာ ခြဲျခားသိျမင္တတ္ဖုိ႔ လုိပါတယ္။

ခုေဖာ္ျပေပးမယ့္အခ်က္ေလးေတြကေတာ့ သင့္ကိုအတည္တြဲေနတဲ့ ေယာက်္ားတစ္ေယာက္ရဲ႕ လကၡဏာေတြျဖစ္ပါတယ္။ သင့္ခ်စ္သူနဲ႔ ကိုက္ညီေနရင္ေတာ့ သင္ကံေကာင္းပါတယ္။

(၁) သင့္အနားမွာေနရင္ ရယ္ေမာေပ်ာ္ရႊင္ေနမယ္

သင့္ကိုအတည္တြဲတဲ့ ေယာက်္ားတစ္ေယာက္ဟာ သင့္အနားမွာေနတဲ့အခ်ိန္ေတြမွာ ရယ္ေမာေပ်ာ္ရႊင္ေနတတ္တဲ့သူပါ။ ဟန္ေဆာင္္ျပီး ေပ်ာ္တဲ့ပံုဖမ္းေနတာမ်ိဳးနဲ႔ေတာ့ အရမး္ကိုကြာပါတယ္။

သူ႔ကိုသင္ၾကည့္လိုက္တာနဲ႔၊ သင့္အနားသူ ေရာက္လာတာနဲ႔ အျမဲတမး္ေပ်ာ္ရႊင္ျပီး ၾကည္ႏူးေနတတ္တဲ့သူမ်ိဳးပါ။

 

(၂) သူ႔ရဲ႕အျပဳအမူမွာေပၚလြင္ေနတယ္

ေယာက်္ားေလးေတြဟာ စကားအပိုေတြ၊ တီတီတာတာေတြ သိပ္မေျပာတတ္ၾကပါဘူး။ ဒါေပမယ့္ သူတုိ႔ရဲ႕ ခံစားခ်က္ကို အျပဳအမူနဲ႔ ဘယ္္လိုေဖာ္ျပရမလဲ ဆိုတာကိုေတာ့ ေကာင္းေကာင္းသိၾကပါတယ္။

ဒါေၾကာင့္မုိ႔လို႔ သင့္ခ်စ္သူက သင့္ကို စကားလံုးလွလွေတြ ေျပာခ်င္မွေျပာမယ္။ ဒါေပမယ့္ သူ႔ရဲ႕အမူအရာမွာ၊ အျပဳအမူမွာ ထင္ဟပ္ေနတယ္ဆိုရင္ေတာ့ သင့္ကိုအတည္တြဲေနတာျဖစ္ပါတယ္။

(၃) သင့္ပံုစံေတြကိုေျပာင္းလဲဖို႔ဖိအားမေပးဘူး

သူဟာသင့္ကို ေကာင္းေကာင္းနားလည္တဲ့သူပါ။ သင့္အားသာခ်က္ေတြကစလို႔ အားနည္းခ်က္အဆံုး၊ သင္နဲ႔ပတ္သက္ရင္ အရာအားလံုးကို နားလည္တဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္လည္း သင့္ရဲ႕အရွိကို အရွိအတိုင္းလက္ခံျပီး သင္မျဖစ္ခ်င္တဲ့ပံုစံမ်ိဳး၊ သင့္ပံုစံမဟုတ္တာမ်ိဳးကို အတင္းေျပာင္းလဲခိုင္းဖုိ႔ ဖိအားေပးမွာ မဟုတ္ပါဘူူး။

ဘာေၾကာင့္လဲဆိုေတာ့ သင့္ရဲ႕အျပင္ပန္းထက္ အတြင္းစိတ္ကို ပိုခ်စ္တယ္ဆိုတာကို သိေစခ်င္လို႔ပါ။

 

(၄) သင့္ရဲ႕အဆိုးဆံုးအေျခအေနကိုျမင္ျပီးတာေတာင္ပစ္မသြားဘူး

သင္ဘယ္ေလာက္ဆိုးတယ္၊ သင့္မွာအားနည္းခ်က္ေတြ၊ ျပစ္ခ်က္ေတြဘယ္ေလာက္မ်ားလဲဆိုတာ သူေကာင္းေကာင္းသိပါတယ္။

အေၾကာင္းရင္းကေတာ့ သင့္ရဲ႕သရုပ္မွန္ေတြအားလံုးကို သူ႔ကိုသင္ျပခဲ့ျပီးျဖစ္ပါတယ္။ သင့္အေၾကာင္းအားလံုးကိုသိျပီး သင့္အားနည္းခ်က္ေတြ၊

အဆိုးဆံုးအေျခအေနေတြကို ျမင္ျပီးတာေတာင္မွ သင့္ကိုပစ္မသြားဘူးဆိုရင္ သင့္ကိုအတည္တြဲေနတာျဖစ္ပါတယ္။

Credit : Aunty may

Unicode

ကောင်လေးဘက်က သင့်ကိုအတည်တွဲနေမှန်း သိသာနေတဲ့ အချက်များ

အချစ်ရေး တစ်ခုမှာ အကြောက်ရဆုံးကတော့ ကိုယ်က စိတ်ရင်းအမှန်နဲ့ ပုံအပ်ပြီးချစ်ရသလောက် ကိုယ့်ကိုအပျော်တွဲခံရတာပါပဲ။ ဒါဟာ လူတော်တော်များများလည်း ကြုံရလေ့ရှိတဲ့….

ပြဿနာတစ်ခုဖြစ်သလို ခံစားရတာလည်း အရမ်းကိုဆိုးရွားပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုအပျော်တွဲတာလား၊ အတည်တွဲတာလားဆိုတာ ခွဲခြားသိမြင်တတ်ဖို့ လိုပါတယ်။

 

ခုဖော်ပြပေးမယ့်အချက်လေးတွေကတော့ သင့်ကိုအတည်တွဲနေတဲ့ ယောကျ်ားတစ်ယောက်ရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ သင့်ချစ်သူနဲ့ ကိုက်ညီနေရင်တော့ သင်ကံကောင်းပါတယ်။

(၁) သင့်အနားမှာနေရင် ရယ်မောပျော်ရွှင်နေမယ်

သင့်ကိုအတည်တွဲတဲ့ ယောကျ်ားတစ်ယောက်ဟာ သင့်အနားမှာနေတဲ့အချိန်တွေမှာ ရယ်မောပျော်ရွှင်နေတတ်တဲ့သူပါ။ ဟန်ဆောင်ပြီး ပျော်တဲ့ပုံဖမ်းနေတာမျိုးနဲ့တော့ အရမ်းကိုကွာပါတယ်။

သူ့ကိုသင်ကြည့်လိုက်တာနဲ့၊ သင့်အနားသူ ရောက်လာတာနဲ့ အမြဲတမ်းပျော်ရွှင်ပြီး ကြည်နူးနေတတ်တဲ့သူမျိုးပါ။

(၂) သူ့ရဲ့အပြုအမူမှာပေါ်လွင်နေတယ်

ယောကျ်ားလေးတွေဟာ စကားအပိုတွေ၊ တီတီတာတာတွေ သိပ်မပြောတတ်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ခံစားချက်ကို အပြုအမူနဲ့ ဘယ်လိုဖော်ပြရမလဲ ဆိုတာကိုတော့ ကောင်းကောင်းသိကြပါတယ်။

ဒါကြောင့်မို့လို့ သင့်ချစ်သူက သင့်ကို စကားလုံးလှလှတွေ ပြောချင်မှပြောမယ်။ ဒါပေမယ့် သူ့ရဲ့အမူအရာမှာ၊ အပြုအမူမှာ ထင်ဟပ်နေတယ်ဆိုရင်တော့ သင့်ကိုအတည်တွဲနေတာဖြစ်ပါတယ်။

 

(၃) သင့်ပုံစံတွေကိုပြောင်းလဲဖို့ဖိအားမပေးဘူး

သူဟာသင့်ကို ကောင်းကောင်းနားလည်တဲ့သူပါ။ သင့်အားသာချက်တွေကစလို့ အားနည်းချက်အဆုံး၊ သင်နဲ့ပတ်သက်ရင် အရာအားလုံးကို နားလည်တဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း သင့်ရဲ့အရှိကို အရှိအတိုင်းလက်ခံပြီး သင်မဖြစ်ချင်တဲ့ပုံစံမျိုး၊ သင့်ပုံစံမဟုတ်တာမျိုးကို အတင်းပြောင်းလဲခိုင်းဖို့ ဖိအားပေးမှာ မဟုတ်ပါဘူူး။

ဘာကြောင့်လဲဆိုတော့ သင့်ရဲ့အပြင်ပန်းထက် အတွင်းစိတ်ကို ပိုချစ်တယ်ဆိုတာကို သိစေချင်လို့ပါ။

(၄) သင့်ရဲ့အဆိုးဆုံးအခြေအနေကိုမြင်ပြီးတာတောင်ပစ်မသွားဘူး

သင်ဘယ်လောက်ဆိုးတယ်၊ သင့်မှာအားနည်းချက်တွေ၊ ပြစ်ချက်တွေဘယ်လောက်များလဲဆိုတာ သူကောင်းကောင်းသိပါတယ်။

အကြောင်းရင်းကတော့ သင့်ရဲ့သရုပ်မှန်တွေအားလုံးကို သူ့ကိုသင်ပြခဲ့ပြီးဖြစ်ပါတယ်။ သင့်အကြောင်းအားလုံးကိုသိပြီး သင့်အားနည်းချက်တွေ၊

အဆိုးဆုံးအခြေအနေတွေကို မြင်ပြီးတာတောင်မှ သင့်ကိုပစ်မသွားဘူးဆိုရင် သင့်ကိုအတည်တွဲနေတာဖြစ်ပါတယ်။

Credit : Aunty may