အခ်စ္နွင့္ဘဝ
ကိုယ့်ချစ်သူက ကိုယ့်ကိုတကယ်မချစ်ဘူးဆိုတာသိနိုင်မယ့်အချက်တွေ…….
၃။ ဂရုမစိုက်တာ
Credit : trend
Unicode
ကိုယ့်ချစ်သူက ကိုယ့်ကိုတကယ်မချစ်ဘူးဆိုတာသိနိုင်မယ့်အချက်တွေ
ဘယ်မိန်းကလေးမဆို ကိုယ့်ချစ်သူက ကိုယ့်ကိုတကယ်ချစ်တယ်ဆိုတာပဲလိုချင်ကြတာပါ။ဒါပေမဲ့ ဒီခေတ်ကြီးမှာသိတဲ့အတိုင်း ….
ခုတွေ့ ခုကြိုက်သွားကြတဲ့သူတွေအများကြီးပဲဆိုတော့ တကယ်ချစ်တာလား အပျော်တွဲတာလားဆိုတာကို ဒီအချက်တွေနဲ့စစ်ကြည့်လိုက်ရအောင်….
၁။ ချစ်သူတွေဖြစ်ပြီးတည်းက သူငယ်ချင်းတွေနဲ့မိတ်ဆက်မပေးထားဘူး
ကိုယ်က မိတ်ဆက်ပေးပါလို့ပြောရင်တောင် နောက်မှမိတ်ဆက်ပေးမယ်လို့ပြောရင်တော့ သူဟာကိုယ့်အကြောင်းကို အသိမိတ်ဆွေတွေကိုတောင် ပြောပြမထားဘူးလို့ယူဆလို့ရပါတယ်။
၂။ ကိုယ့်ဘက်ကချည်း အမြဲဖုန်းစဆက်ရတယ်
ချစ်သူတွေစဖြစ်ပြီးတည်းက အမြဲတမ်းကိုယ့်ဘက်က စဆက်ရတယ်။တစ်ခါတလေဖုန်းစဆက်ပါလားလို့ပြောကြည့်ပါလား။အလုပ်ရှုပ်နေလို့၊ဘေလ်မရှိလိုအကြောင်းပြချက်မျိုးစုံဖြေပါလိမ့်မယ်။
ယောကျ်ားလေးဘက်ကချည်းစဆက်ရမှာလားဆိုတဲ့ပုံစံမျိုးမဟုတ်ပါဘူး။နားလည်မှုလေးထားပြီးတစ်ယောက်တစ်ရက်စဆက်ကြပေါ့။အဲ့လိုမျိုးတွေလည်းမရှိဘူးဆိုရင်တော့ ကိုယ်က သူ့အတွက် အရေးမကြီးဘူးဆိုတဲ့ပုံစံမျိုးပါ။
၃။ ဂရုမစိုက်တာ
နေမကောင်းဖြစ်ရင်တောင် နေကောင်းအောင်နေလို့ပဲပြောပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါလိမ့်မယ်။တကယ်ချစ်တဲ့သူကတော့ ဆေးခန်းထိလိုက်ပို့ပေးမယ်၊ကိုယ်နဲ့မတည့်တဲ့အစားအစာတွေရှောင်ခိုင်းပြီးသေချာဂရုစိုက်မှာပါ။
တစ်ချို့ယောကျ်ားလေးတွေက နှုတ်က ဂရုမစိုက်တတ်ပေမဲ့အလုပ်နဲ့သက်သေပြတတ်တာပါ။အဲ့လိုမျိုးတွေလည်းမရှိဘူးဆိုရင်တော့ တကယ်မချစ်ဘူးဆိုတာ သိနိုင်ပါတယ်။
၄။ ကိုယ့်အပေါ် သဝန်မတိုတာ
တကယ်ချစ်တဲ့သူတိုင်းးအနည်းနဲ့အများတော့သဝန်တိုကြပါတယ်။မိန်းကလေးတွေကကိုယ့်ချစ်သူသဝန်တိုတာကိုခံချင်ကြတာပါပဲ။ဒါပေမဲ့ ကိုယ့်ချစ်သူကတော့ သဝန်တိုဖို့နေနေသာသာ ….
ကိုယ်ဘယ်သူနဲ့ ဘယ်တွေသွားတယ်ဆိုတာတောင် မမေးဘူး၊စိတ်မဝင်စားဘူးဆိုရင်တော့ တကယ်မချစ်ဘူးဆိုတာ သိသာပါတယ်။
ယုံကြည်ပေးထားလို့ သဝန်မတိုဘူးဆိုရင်တောင် ကိုယ်ပေါင်းနေတဲ့သူငယ်ချင်း၊အပေါင်းအသင်းက ကောင်းလား၊ဆိုးလားကိုတော့ စိတ်ဝင်တစားရှိသင့်ပါတယ်။
၅။ ချစ်တယ်တဖွဖွပြောနေပြီး တကယ်တမ်းအပြောသာရှိတာ
တကယ်ချစ်တဲ့သူဆိုရင် ကိုယ့်ချစ်သူအကြောင်းကို အသေးစိတ်ဂရုတစိုက ်သိချင်ကြပါတယ်။ကိုယ်နဲ့မကြိုက်ခင် အကြောင်းတွေကို ပြန်မေးလေ့ရှိပါတယ်။
ကိုယ့်မိသားစုအကြောင်းကိုလည်း ဂရုတစိုက်ရှိပါလိမ့်မယ်။ဒါပေမဲ့ ကိုယ့်ချစ်သူကတော့ ချစ်တယ်လို့တဖွဖွပြောနေပြီး တကယ့်လက်တွေ့ကျတော့ …..
ကိုယ့်ကို ဂိမ်းတစ်ခုလောက်တောင် အလေးမထားဘူးဆိုရင်တော့ တကယ်မချစ်ဘူးဆိုတာသေချာပါတယ်။ကိုယ့်ချစ်သူက ကိုယ့်ကိုတကယ်မချစ်ဘူးဆိုတာ သေချာရင်တော့ ….
အမြန်ဆုံးလမ်းခွဲလိုက်တာနှစ်ယောက်စလုံးအတွက်ကောင်းပါတယ်။ခံစားရလည်းခဏပါ။ကိုယ့်ကိုတကယ်မချစ်တဲ့သူနဲ့ လွဲရတယ်ဆိုတာဟာ ကံကောင်းမှုတစ်ခုပါပဲ။
Credit : trend