အခ်စ္နွင့္ဘဝ


ရည်းစားထားခြင်းဟာ တစ်ယောက်ထဲနေခြင်းထက် ပိုစိတ်ဆင်းရဲစရာကောင်းတဲ့ အချက်များ…

Rs နဲ့ Single မှာ ဘယ်သူတွေ ပိုအားသာလဲ ဆိုတာကိုတော့ အမြဲ ငြင်းခုန်ကြဆဲပဲ ဖြစ်ပါတယ်။ သူ့ အကြောင်းအရာနဲ့သူ ရှိကြတယ် ဆိုပေမဲ့ Single သမားတွေကတော့ အမြဲ ပျော်ရွှင်နေလေ့ ရှိတာကို တွေ့ဖူးကြမှာပါ။ အနည်းဆုံးတော့ တစ်ကိုယ်ရည် တကာယသမားတွေမို့ သူတို့တွေမှာ ပိုလွတ်လပ်နေတာကို ဒီအချက်တွေကို နှိုုင်းယှဉ် ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်နော် …။

(၁) သဝန်တိုရတယ်”

ချစ်မိတဲ့အခါ အနည်းနဲ့ အများတော့ သဝန်တိုတာ တွဲလျက် ခံစားရတတ်ပါတယ်။သဝန်တိုရတဲ့အခါ စိတ်ဖိစီးမှုနဲ့ စိတ်ပူပန် ရမှုတွေ တွဲခံစား ရပါတယ်။ တစ်ယောက်ယောက်နဲ့ သဝန်တို မိတယ် ဆိုတည်းက ပူလောင်မှု တစ်ခုပဲမို့ စိတ်ဖိစီးမှု ခံစားရတာပဲ ဖြစ်ပါတယ်။ သဝန်တိုမှုတွေ မကြာခဏ ဖြစ်နေတယ် ဆိုရင်တော့ သင်က မကြာခဏ စိတ်ဖိစီးမှုကို ရင်ဆိုင်ရတဲ့ အခြေအနေမှာ ရှိနေလို့ပဲ ဖြစ်ပါတယ် …။

(၂) စိတ်ပူရတယ်”

ချစ်မိတဲ့ သူအများစုက ကိုယ့်ချစ်သူ ဘယ်သွားတယ် ဘာလုပ်တယ် ဆိုတာကို သိချင် ကြပါတယ်။ သိချင်တဲ့ အတွက် အမြဲ မေးမြန်း စုံစမ်းနေရသလို ကိုယ့်ကို ဘာတစ်ခုမှ မပြောပဲ အဆက်အသွယ် မရှိတဲ့ အခါမှာလည်း ဘာလုပ်နေလဲ ဆိုပြီး စိတ်ပူနေရ ပြန်ပါတယ် …။

စိတ်ပူပန်မှု ကလည်း စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာထဲ တစ်ခုမို့ စိတ်ပူလေလေ စိတ်ဖိစီးမှု တိုးလေလေပဲ ဖြစ်ပါတယ် …။

(၃) ရန်ဖြစ်ရတယ်”

ရန်မဖြစ်တဲ့ စုံတွဲဆိုတာ အတော်ကြီးကို ရှားလွန်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အခန့်မသင့်တာနဲ့ ရန်ဖြစ်ရ စိတ်ဆိုးရနဲ့ တကယ် ပင်ပန်း ရပါတယ်နော်။ Single တွေမှာတော့ ဒီလို အခြေအနေ မကြုံရပါဘူး။ သူငယ်ချင်း အချင်းချင်း စိတ်ဆိုး စိတ်ကောက်တာပဲ ရှိတာမို့ rs တွေလောက်တော့ ရန်ဖြစ်ပြီး ပင်ပန်းရတဲ့ အချိန်တွေ မရှိသလောက်ကို နည်းပါးပါတယ် …။

(၄) ကိုယ်ပိုင်အချိန်နည်းတယ်”

Rs ဖြစ်ပြီ ဆိုကတည်းက နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အချိန်ပေး နေရပါတယ်။ လူတစ်ယောက်က ပင်ပန်းနွမ်းနယ် တာမျိုးတွေအပြင် တစ်ခြားပျော်ရွှင်မှုတွေကို တစ်ယောက်တည်း အချိန်ယူပြီး ဖြတ်သန်းဖို့လည်း လိုအပ် ပါသေးတယ် …။

ဒါပေမဲ့ rs တွေကတေ့ အနားယူ ချင်ရင်တောင် တစ်ဖက် လူကို အားနာပြီး မနားရတာ မျိုးတွေ ရှိနေ ပါတယ်။ ဒါကြောင့် တစ်ခါ တစ်လေမှာ စိတ်ဖိစီးမှုကို rs ရှိခြင်းက နှစ်ဆ တိုးစေ ပါတယ် …။

(၅) ကိုယ့်စိတ်နဲ့ကိုယ် မရှိဘူး”

လူတိုင်းမှာ တစ်ကိုယ်ရည် လွတ်လပ်ခွင့် ရှိရပါတယ်။ ဒါပေမဲ့rs အများစု မှာတော့ ဒါတွေ ပျောက်ဆုံးနေလျက် ရှိပါတယ်။တစ်ယောက်ကို တစ်ယောက် လိုတာထက် ပိုပြီး ဝင်စွတ်ဖက် တတ်ကြ တာကြောင့် စိတ်ဖိစီးမှုတွေ အဆင်မပြေမှုတွေ ခံစားနေကြ ရ ပါတယ် …။

ဒါကြောင့်လည်း rs တွေဆီက ညည်းညူ သံတွေ မကြာခဏ ကြားရ တာပါ။ မီးပူကို လက်ထဲ ထည့်ထားကြသလို rs တွေက single တွေထက် ပိုပူလောင် ရတာ အမှန်ပဲ ဖြစ်ပါတယ်။အားလုံး စိတ်အေးချမ်းပျော်ရွှင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော် …။ ။

Credit