ကိုယ့်အပေါ် မချစ်တဲ့သူကိုဆက်ပြီး ဖက်တွယ်မထားမိအောင် ဘယ်လိုလုပ်မလဲ
လူတစ်ယောက်ကို ကိုယ့်ဘက်ကနေ ဘယ်လောက်ကြီးပဲ ချစ်နေ၊ ပေးဆပ်နေပါစေ
သူ့ဘက်က ဘာတုံ့ပြန်မှုမှ မလာဘူးဆိုရင် ဘာဆက် လုပ်သင့်တယ် ဆိုတာကို မိမိအနေနဲ့ အမှန်အတိုင်း လက်ခံပေးနိုင်ဖို့ လိုပါတယ်။
အဲ့ဒီလို မဟုတ်ပဲ ဇွတ်အတင်း တိုးနေမယ်ဆိုရင်တော့ ကိုယ့် ကိုယ်ကိုသာ နာကျင်မှုတွေ ပေးရာ ရောက်နေပါလိမ့်မယ်။
မဖြစ်နိုင် ဘူးဆိုတာကို စိတ်ထဲကနေ လက်ခံပေးလိုက်ပါ။
ခက်ခဲမှန်းသိပေမယ့် အတင်းဖက်တွယ်မထားပဲ လက်လွှတ် ပေးလိုက်ပါနော် …။
(၁) ဘာကြောင့် ဆက် ဖက်တွယ်ထားချင်တာလဲ?
လက်မလွှတ်နိုင်ပဲ ဘာကြောင့် ဆက်ပြီး ဖက်တွယ်ထားချင်နေရတာလဲ ကိုယ့်ကိုယ်ကို ပြန်မေးပါ။
ရိုးရိုးသားသား မညာစတမ်း ဖြေပါ။ ဘာကြောင့် အဆုံးရှုံး မခံနိုင်ရတာလဲ၊
ဘယ်လိုအချက်ကြောင့် သူ့ကို ဆက်ပြီး ဖက် တွယ်ထားချင်ရတာလဲ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်ပါ …။
(၂) အရႈံးကို လက္ခံပါ
တစ်ချို့အချစ်တွေက ကိုယ်ကြိုးစားတိုင်း ဖြစ်မလာတတ်ဘူးဆိုတာကို သဘောပေါက်ပါ။
စ ချစ်မိပြီ ဆိုတည်းက တစ်နေ့ ဆုံးရှုံးရနိုင်တယ်၊ စွန့်လွှတ်ပေးရ နိုင်တယ်ဆိုတာကို ကြိုတင်တွေးထားပါ။
မျှော်လင့်ချက်တွေ အရမ်း ထားလွန်းရင် ကိုယ်ပဲ အထိနာတတ်ပါတယ်။
ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ မျှော်လင့်ချက်တွေထားပြီး နေမယ်ဆိုရင် ကိုယ်ပဲ စိတ်ဆင်း ရဲနေရမှာပါ။
ဒါကြောင့် လှည့်ပတ်တွေးပြီး ကိုယ့်ကိုယ်ကို ညာနေမယ့်အစား နာကျင်ရမယ် ဆိုရင်တောင်မှ အရှုံးကို ရဲရဲကြီး လက်ခံလိုက်ပါနော် …။
(၃) ငိုချပစ်လိုက်
လူတိုင်းအသည်းကွဲပြီး ငိုခဲ့ဖူးပါတယ်။ဒါကြောင့် ငိုချပစ်လိုက်ရမှာ ဘယ်တော့မှ မရှက်ပါနဲ့။
ဘဝမှာ ဝမ်းနည်းစရာတစ်ခုခု(ဒါမှမဟုတ်) ရှုံးနိမ့်စရာတစ်ခုခုနဲ့ ရင်ဆိုင်ခဲ့ရပြီဆိုရင် ငိုချပစ်လိုက်ပါ။
ရင်ထဲမှာ ခံစားနေရတာကို ဘာမှမဖြစ်သလို ဟန်ဆောင်နေရတာ လူကို ပိုနာကျင်စေတတ်ပါတယ်။
၀မ်းနည်းစရာ၊ နာကျင်စရာတွေကို ရင်ထဲမှာ ဖွဲမီးလို တစ်ငွေ့ငွေ့ လောင်ကျွမ်းခံနေမယ့်အစား
တစ်ခါတည်း ငိုချပစ်လိုက်ပါ။ ဝအောင် ငိုပြီးရင် အမှန်အတိုင်းလက်ခံနိုင်ဖို့ ကြိုးစားလိုက်ပါ …။
(၄) ပြစ်တင်တာတွေ ရပ်ပါ
ငါအသည်းကွဲရတာ၊ငါနာကျင်ရတာ သူ့ကြောင့်ဆိုပြီး အပြစ်တင်နေ တာတွေကို ရပ်လိုက်ပါ။
ပြီးသွားတဲ့ ဇာတ်လမ်းအတွက် သူ့ကို အပြစ်တင်စရာမလိုသလို ကိုယ့်ကိုယ်ကိုလည်း ဘယ်တော့မှ အပြစ် မတင်ပါနဲ့။
မကောင်းတဲ့ အမြင်တွေ၊မကောင်းတဲ့ အတွေးတွေ မဝင်မိပါစေနဲ့။ ဒီအတိုင်း မေ့ထားလိုက်ပါ။
နာကျင်မှုကတော့ လုံး၀ ပျောက်သွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မပူပါနဲ့။ အချိန်က ကုစားပေးသွားပါလိမ့်မယ် …။
(၅) ရင်ဖွင့်ပါ
ယုံကြည်ရတဲ့ တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ယုံကြည် ရပြီး နှုတ်လုံတဲ့ သူငယ်ချင်း မိတ်ဆွေတစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။
ရင်ဖွင့်ပြီး ငိုချပစ်လိုက်ခြင်းအားဖြင့် ခံစားနေရတာတွေ နည်းနည်းတော့ သက်သာသွားမှာပါ။
ကိုယ့်ရဲ့အနားမှာ ချစ်ခင်ရတဲ့ သူငယ်ချင်း မိတ်ဆွေတွေ ရှိနေသေးတယ် ဆိုတဲ့ အချက်ကို နားလည် သဘောပေါက်စေ မှာပါ။
သူငယ်ချင်းဆီက အားပေးနှစ်သိမ့်တာတွေကို ကြားရင် အနည်းနဲ့အများတော့ စိတ်ပြေသွားမှာပါ။
ပြီးရင်တော့ လက်ရှိဖြစ်ပျက်နေ တဲ့ ကောင်းတဲ့အရာတွေ၊ ကောင်းတဲ့ ခံစားချက်တွေကိုပဲ ကြည့်ပြီး ဘ၀ ကိုရှေ့ဆက်ပါနော် …။ ။
Unicode
ကိုယ့်အပေါ် မချစ်တဲ့သူကိုဆက်ပြီး ဖက်တွယ်မထားမိအောင် ဘယ်လိုလုပ်မလဲ
လူတစ်ယောက်ကို ကိုယ့်ဘက်ကနေ ဘယ်လောက်ကြီးပဲ ချစ်နေ၊ ပေးဆပ်နေပါစေ
သူ့ဘက်က ဘာတုံ့ပြန်မှုမှ မလာဘူးဆိုရင် ဘာဆက် လုပ်သင့်တယ် ဆိုတာကို မိမိအနေနဲ့ အမှန်အတိုင်း လက်ခံပေးနိုင်ဖို့ လိုပါတယ်။
အဲ့ဒီလို မဟုတ်ပဲ ဇွတ်အတင်း တိုးနေမယ်ဆိုရင်တော့ ကိုယ့် ကိုယ်ကိုသာ နာကျင်မှုတွေ ပေးရာ ရောက်နေပါလိမ့်မယ်။
မဖြစ်နိုင် ဘူးဆိုတာကို စိတ်ထဲကနေ လက်ခံပေးလိုက်ပါ။
ခက်ခဲမှန်းသိပေမယ့် အတင်းဖက်တွယ်မထားပဲ လက်လွှတ် ပေးလိုက်ပါနော် …။
(၁) ဘာကြောင့် ဆက် ဖက်တွယ်ထားချင်တာလဲ?
လက်မလွှတ်နိုင်ပဲ ဘာကြောင့် ဆက်ပြီး ဖက်တွယ်ထားချင်နေရတာလဲ ကိုယ့်ကိုယ်ကို ပြန်မေးပါ။
ရိုးရိုးသားသား မညာစတမ်း ဖြေပါ။ ဘာကြောင့် အဆုံးရှုံး မခံနိုင်ရတာလဲ၊
ဘယ်လိုအချက်ကြောင့် သူ့ကို ဆက်ပြီး ဖက် တွယ်ထားချင်ရတာလဲ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်ပါ …။
(၂) အရှုံးကို လက်ခံပါ
တစ်ချို့အချစ်တွေက ကိုယ်ကြိုးစားတိုင်း ဖြစ်မလာတတ်ဘူးဆိုတာကို သဘောပေါက်ပါ။
စ ချစ်မိပြီ ဆိုတည်းက တစ်နေ့ ဆုံးရှုံးရနိုင်တယ်၊ စွန့်လွှတ်ပေးရ နိုင်တယ်ဆိုတာကို ကြိုတင်တွေးထားပါ။
မျှော်လင့်ချက်တွေ အရမ်း ထားလွန်းရင် ကိုယ်ပဲ အထိနာတတ်ပါတယ်။
ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ မျှော်လင့်ချက်တွေထားပြီး နေမယ်ဆိုရင် ကိုယ်ပဲ စိတ်ဆင်း ရဲနေရမှာပါ။
ဒါကြောင့် လှည့်ပတ်တွေးပြီး ကိုယ့်ကိုယ်ကို ညာနေမယ့်အစား နာကျင်ရမယ် ဆိုရင်တောင်မှ အရှုံးကို ရဲရဲကြီး လက်ခံလိုက်ပါနော် …။
(၃) ငိုချပစ်လိုက်
လူတိုင်းအသည်းကွဲပြီး ငိုခဲ့ဖူးပါတယ်။ဒါကြောင့် ငိုချပစ်လိုက်ရမှာ ဘယ်တော့မှ မရှက်ပါနဲ့။
ဘဝမှာ ဝမ်းနည်းစရာတစ်ခုခု(ဒါမှမဟုတ်) ရှုံးနိမ့်စရာတစ်ခုခုနဲ့ ရင်ဆိုင်ခဲ့ရပြီဆိုရင် ငိုချပစ်လိုက်ပါ။
ရင်ထဲမှာ ခံစားနေရတာကို ဘာမှမဖြစ်သလို ဟန်ဆောင်နေရတာ လူကို ပိုနာကျင်စေတတ်ပါတယ်။
ဝမ်းနည်းစရာ၊ နာကျင်စရာတွေကို ရင်ထဲမှာ ဖွဲမီးလို တစ်ငွေ့ငွေ့ လောင်ကျွမ်းခံနေမယ့်အစား
တစ်ခါတည်း ငိုချပစ်လိုက်ပါ။ ၀အောင် ငိုပြီးရင် အမှန်အတိုင်းလက်ခံနိုင်ဖို့ ကြိုးစားလိုက်ပါ …။