အခ်စ္နွင့္ဘဝ

ငယ္ငယ္က ႀကားဘူးတဲ့ နဖူးစာရြာလည္……ဆိုတာ

နဖူးစာရြာလည္……ဆိုတာ

ငယ္ငယ္က ႀကားဘူးတဲ့ ခ်စ္စရာေကာင္းတဲ့ ပုံၿပင္ေလး ေၿပာၿပပါမယ္ ။တေန႔မွာ လူပ်ဳိေပါက္ေလးတေယာက္ဟာ သူ႔ခ်စ္သူ ဘယ္လုိလူမ်ဳိးလည္း ဆုိတာ သိခ်င္တာနဲ႔ ေဗဒင္ဆရာကုိ ေမးပါသတဲ့ ။

ေဗဒင္ဆရာက သူ႔ကုိ အုိးခ်မ္းကြဲ တခုအေပၚမွာ အင္းကြက္ကေလး ေရးေပးလုိက္တယ္ ။ဒီအင္းကြက္ကေလးကုိ လက္ကကုိင္ၿပီး ဖူးစာေရ ၊ ဖူးစာေရလုိ႔ ေအာ္ေခၚ ၊ အဲ့ဒီအခါ မင္းရဲ့ ဖူးစာဖက္က “ရွင္” လုိ႔ ထူး လိမ့္မယ္လုိ႔ မွာလုိက္္သတဲ့ ။။

လူငယ္ေလးလည္း တရြာဝင္ တရြာထြက္ ဖူးစာေရ ၊ ဖူးစာေရ လုိ႔ ေခၚေပမဲ့ ထူးမဲ့သူမရွိတာေႀကာင့္ စိတ္ညစ္လာပါသတဲ့ ။လက္ေလ်ာ့မယ္ လုပ္ၿပီးမွ အားၿပန္တင္းၿပီး ဆက္ႀကဳိးစား ေခၚႀကည့္ပါတယ္ ။

ရြာတရြာရဲ့ တေနရာ အေရာက္ ဖူးစာေရလုိ႔ ေခၚလုိက္ခ်ိန္မွာ အိမ္တအိမ္ရဲ့ ေအာက္မွာ ဇယ္ခုပ္ကစားေနတဲ့ အဖြဲ.ထဲက ေကာင္မေလး တေယာက္က “ဝူး” လုိ႔ ၿပန္ထူးသတဲ့ ။

ဒါနဲ႔ ေကာင္ေလးလည္း သူ႔ကုိ ေၿပာင္ရမလားဆုိၿပီး စိတ္တုိေနတာနဲ႔ ဝူးလုိ႔ထူးတဲ့ ေကာင္မေလးကုိ အိုးၿခမ္းပဲ့နဲ႔ ပစ္ၿပီး သူ႔ရဲ့ ဖူးစာရွင္ ရွာတဲ့ခရီးကုိ စြန္႔လြတ္လုိက္သတဲ့ ။

လူငယ္ေလးလည္း ေနာက္ေတာ့ အိမ္ေထာင္က်ပါေလေရာ ၊ အိမ္ေထာင္က်ေတာ့မွ ခ်စ္သူဘဝက သတိမထားမိတဲ့ သူ႔မိန္းမရဲ့ နဖူးက အမာရြတ္ေသးေသးေလးကုိ ၿမင္ေတာ့ ဘာၿဖစ္တာလည္းလုိ႔ ေမးလုိက္တယ္ ။

ေကာင္မေလးကလည္း ငယ္ငယ္က ဇယ္ခုပ္ ကစားေနတုန္း လူတေယာက္က ဖူးစာေရလုိ႔ ေခၚတာကုိ ဝူး လုိ႔ ထူးမိလုိ အုိးၿခမ္းပဲနဲ႔ အေပါက္ခံရၿပီး အနာရြတ္ ၿဖစ္က်န္ေနခဲ့တာလုိ႔ ေၿပာသတဲ့ ။

ဖူးစာဆုိတာ အလြန္ထူးဆန္းေႀကာင္း ေရွးလူေတြက သူ႔ေခတ္ သူ႔အခါနဲ႔ ကုိက္ညီမဲ့ ဇာတ္လမ္းေလးကုိ ေၿပာခဲ့ႀကတာၿဖစ္ပါတယ္ ။

နဖူးစာဆုိတဲ့ စကားက ဘယ္ကလာသလဲဆုိေတာ့ အိႏၵိယက လာပါသတဲ့ ….

အိႏၵိယ ေရွးေခတ္လူေတြဟာ သူတုိ႔ရဲ့ သားသမီးေတြကုိ ငယ္စဥ္ကတည္းကပဲ အိမ္ေထာင္ဘက္ ေရြးခ်ယ္ေပးႀကပါသတဲ့ ။ၿပႆနာက ဇာတ္နိမ့္ ဇာတ္ၿမင့္ ခြဲၿခားတဲ့ ၿပႆနာပါ ။

ဇာတ္ၿမင့္လုိ႔ သူတုိ႔ကုိယ္ သူတုိ႔ သတ္မွတ္သူေတြဟာ သူတုိ႔ သားသမီးေတြ ႀကီးလာရင္ ၊ ဇာတ္နိမ့္မ်ဳိးရုိးေတြနဲ႔ ခ်စ္ႀကဳိက္ၿပီး အိမ္ေထာင္က်သြားမွာကုိ မလုိလားတာေႀကာင့္ ငယ္စဥ္ကတည္းက ေစ့စပ္ေႀကာင္းလမ္းႀကပါသတဲ့ ။

ဒီလုိ ေစ့စပ္ၿပီးတာနဲ႔ ကေလးေတြရဲ့ နဖူးမွာ သူတုိ႔ ႀကင္ဖက္ရဲ့ နာမည္ကုိ ေဆးမွင္နဲ႔ ေရးထုိးလုိက္ပါတယ္ ။ သေဘာက ပုိင္ရွင္ရွိၿပီးသား ဆုိတဲ့သေဘာပါ ။ဒီလို နဖူးမွာ နာမည္ပါသူေတြဆုိရင္လည္း အၿခားသူေတြက မခ်စ္မႀကဳိက္ႀကေတာ့ဘူးတဲ့ ။

အသက္အရြယ္ရလာတဲ့ အခါ ငယ္စဥ္က မိဘေတြ ေစ့စပ္ေပးခဲ့တဲ့သူေတြနဲ႔ပဲ လက္ထပ္ေလ့ရွိႀကပါသတဲ့ ။ဒီကေန နဖူးစာ ဆုိတဲ့ စကားထြန္းကားလာပါသတဲ့ ။

တခ်ဳိ.ႀကေတာ့လည္း အရြယ္မေရာက္ခင္ တရပ္တေက်း ေၿပာင္းေရြ.ႀကတဲ့အခါ ၊ ႀကီးလာေတာ့ သူတုိ႔ နာမည္ေရးထားတဲ့ ဖူးစာရွင္ကုိ လုိက္ရွာႀကရပါသတဲ့ ။ဒါေႀကာင့္ နဖူးစာ ရြာလည္တယ္ ဆုိတဲ့ စကားလည္း ေပၚလာတယ္လုိ႔ ဆုိပါတယ္ ။

ခ်စ္သူေတြဟာလည္း သူတုိ႔ ခ်စ္သူေတြကုိ နမ္းတဲ့အခါ သူတုိ႔ နာမည္ပါတဲ့ နဖူးေလးကုိပဲ ၿမတ္ၿမတ္နုိးနုိး နမ္းတတ္ႀကတဲ့ ဓေလ့လည္း ထုိေခတ္ကတည္းက ထြန္းကားခဲ့ပါသတဲ့ ။

ယေန႔ေခတ္အယူအဆေတြကေတာ့ နဖူးကုိနမ္းတဲ့ အနမ္းဟာ အနူးညံ့ အခ်ဳိၿမိန္ဆုံး အနမ္းၿဖစ္တယ္လုိ႔ ေၿပာႀကပါတယ္ ။ နဖူးကုိ နမ္းၿခင္းဟာ နုတ္ခမ္းကုိ အႀကိမ္တေထာင္ နမ္းၿခင္းထက္ကုိ ပိုၿပီးၿမတ္နုိးႀကတယ္လုိ႔ ခ်စ္သူေတြက ယူဆႀကပါတယ္ ။

နဖူးကုိ တခါ အနမ္းခံဘူးရင္လည္း အဲ့ဒီ အနမ္းကုိ ေမ့ၿပစ္ဖုိ႔ မလြယ္ဘူးလုိ႔လည္း ဆုိပါတယ္ ။

စြယ္စုံသုတ

unicode

နဖူးစာရွာလည်……ဆိုတာ

ငယ်ငယ်က ကြားဘူးတဲ့ ချစ်စရာကောင်းတဲ့ ပုံပြင်လေး ပြောပြပါမယ် ။တနေ့မှာ လူပျိုပေါက်လေးတယောက်ဟာ သူ့ချစ်သူ ဘယ်လိုလူမျိုးလည်း ဆိုတာ သိချင်တာနဲ့ ဗေဒင်ဆရာကို မေးပါသတဲ့ ။

ဗေဒင်ဆရာက သူ့ကို အိုးချမ်းကွဲ တခုအပေါ်မှာ အင်းကွက်ကလေး ရေးပေးလိုက်တယ် ။ဒီအင်းကွက်ကလေးကို လက်ကကိုင်ပြီး ဖူးစာရေ ၊ ဖူးစာရေလို့ အော်ခေါ် ၊ အဲ့ဒီအခါ မင်းရဲ့ ဖူးစာဖက်က “ရှင်” လို့ ထူး လိမ့်မယ်လို့ မှာလိုက်သတဲ့ ။။

လူငယ်လေးလည်း တရွာဝင် တရွာထွက် ဖူးစာရေ ၊ ဖူးစာရေ လို့ ခေါ်ပေမဲ့ ထူးမဲ့သူမရှိတာကြောင့် စိတ်ညစ်လာပါသတဲ့ ။လက်လျော့မယ် လုပ်ပြီးမှ အားပြန်တင်းပြီး ဆက်ကြိုးစား ခေါ်ကြည့်ပါတယ် ။

ရွာတရွာရဲ့ တနေရာ အရောက် ဖူးစာရေလို့ ခေါ်လိုက်ချိန်မှာ အိမ်တအိမ်ရဲ့ အောက်မှာ ဇယ်ခုပ်ကစားနေတဲ့ အဖွဲ.ထဲက ကောင်မလေး တယောက်က “ဝူး” လို့ ပြန်ထူးသတဲ့ ။

ဒါနဲ့ ကောင်လေးလည်း သူ့ကို ပြောင်ရမလားဆိုပြီး စိတ်တိုနေတာနဲ့ ဝူးလို့ထူးတဲ့ ကောင်မလေးကို အိုးခြမ်းပဲ့နဲ့ ပစ်ပြီး သူ့ရဲ့ ဖူးစာရှင် ရှာတဲ့ခရီးကို စွန့်လွတ်လိုက်သတဲ့ ။

လူငယ်လေးလည်း နောက်တော့ အိမ်ထောင်ကျပါလေရော ၊ အိမ်ထောင်ကျတော့မှ ချစ်သူဘဝက သတိမထားမိတဲ့ သူ့မိန်းမရဲ့ နဖူးက အမာရွတ်သေးသေးလေးကို မြင်တော့ ဘာဖြစ်တာလည်းလို့ မေးလိုက်တယ် ။

ကောင်မလေးကလည်း ငယ်ငယ်က ဇယ်ခုပ် ကစားနေတုန်း လူတယောက်က ဖူးစာရေလို့ ခေါ်တာကို ဝူး လို့ ထူးမိလို အိုးခြမ်းပဲနဲ့ အပေါက်ခံရပြီး အနာရွတ် ဖြစ်ကျန်နေခဲ့တာလို့ ပြောသတဲ့ ။

ဖူးစာဆိုတာ အလွန်ထူးဆန်းကြောင်း ရှေးလူတွေက သူ့ခေတ် သူ့အခါနဲ့ ကိုက်ညီမဲ့ ဇာတ်လမ်းလေးကို ပြောခဲ့ကြတာဖြစ်ပါတယ် ။

နဖူးစာဆိုတဲ့ စကားက ဘယ်ကလာသလဲဆိုတော့ အိန္ဒိယက လာပါသတဲ့ ….

အိန္ဒိယ ရှေးခေတ်လူတွေဟာ သူတို့ရဲ့ သားသမီးတွေကို ငယ်စဉ်ကတည်းကပဲ အိမ်ထောင်ဘက် ရွေးချယ်ပေးကြပါသတဲ့ ။ပြဿနာက ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားတဲ့ ပြဿနာပါ ။

ဇာတ်မြင့်လို့ သူတို့ကိုယ် သူတို့ သတ်မှတ်သူတွေဟာ သူတို့ သားသမီးတွေ ကြီးလာရင် ၊ ဇာတ်နိမ့်မျိုးရိုးတွေနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ကျသွားမှာကို မလိုလားတာကြောင့် ငယ်စဉ်ကတည်းက စေ့စပ်ကြောင်းလမ်းကြပါသတဲ့ ။

ဒီလို စေ့စပ်ပြီးတာနဲ့ ကလေးတွေရဲ့ နဖူးမှာ သူတို့ ကြင်ဖက်ရဲ့ နာမည်ကို ဆေးမှင်နဲ့ ရေးထိုးလိုက်ပါတယ် ။ သဘောက ပိုင်ရှင်ရှိပြီးသား ဆိုတဲ့သဘောပါ ။ဒီလို နဖူးမှာ နာမည်ပါသူတွေဆိုရင်လည်း အခြားသူတွေက မချစ်မကြိုက်ကြတော့ဘူးတဲ့ ။

အသက်အရွယ်ရလာတဲ့ အခါ ငယ်စဉ်က မိဘတွေ စေ့စပ်ပေးခဲ့တဲ့သူတွေနဲ့ပဲ လက်ထပ်လေ့ရှိကြပါသတဲ့ ။ဒီကနေ နဖူးစာ ဆိုတဲ့ စကားထွန်းကားလာပါသတဲ့ ။

တချို.ကြတော့လည်း အရွယ်မရောက်ခင် တရပ်တကျေး ပြောင်းရွေ.ကြတဲ့အခါ ၊ ကြီးလာတော့ သူတို့ နာမည်ရေးထားတဲ့ ဖူးစာရှင်ကို လိုက်ရှာကြရပါသတဲ့ ။ဒါကြောင့် နဖူးစာ ရွာလည်တယ် ဆိုတဲ့ စကားလည်း ပေါ်လာတယ်လို့ ဆိုပါတယ် ။

ချစ်သူတွေဟာလည်း သူတို့ ချစ်သူတွေကို နမ်းတဲ့အခါ သူတို့ နာမည်ပါတဲ့ နဖူးလေးကိုပဲ မြတ်မြတ်နိုးနိုး နမ်းတတ်ကြတဲ့ ဓလေ့လည်း ထိုခေတ်ကတည်းက ထွန်းကားခဲ့ပါသတဲ့ ။

ယနေ့ခေတ်အယူအဆတွေကတော့ နဖူးကိုနမ်းတဲ့ အနမ်းဟာ အနူးညံ့ အချိုမြိန်ဆုံး အနမ်းဖြစ်တယ်လို့ ပြောကြပါတယ် ။ နဖူးကို နမ်းခြင်းဟာ နုတ်ခမ်းကို အကြိမ်တထောင် နမ်းခြင်းထက်ကို ပိုပြီးမြတ်နိုးကြတယ်လို့ ချစ်သူတွေက ယူဆကြပါတယ် ။

နဖူးကို တခါ အနမ်းခံဘူးရင်လည်း အဲ့ဒီ အနမ်းကို မေ့ပြစ်ဖို့ မလွယ်ဘူးလို့လည်း ဆိုပါတယ် ။

စွယ်စုံသုတ