ေယာက္်ားတို႔၏ အားနည္းခ်က္
သူငယ္ခ်င္းတစ္ေယာက္ ရွိတယ္။
မိုးမင္းတဲ့….လူက ဘို႐ူးဆိုေတာ့ သူ႔ကိုယ္သူ မိုက္ကယ္မိုး တဲ့။
သူ႔ဟာသူ မိုက္ကယ္မိုးျဖစ္ျဖစ္ မိုက္ကယ္ေကာင္းကင္ျဖစ္ျဖစ္
သူငယ္ခ်င္းေတြ ေခၚၾကတာက… …
“တြတ္ပီ”… ပဲ။
ေခၚမွာေပါ့…
လူၾကည့္ေတာ့ အရပ္ႏွစ္ေတာင္ေလာက္နဲ႔ ဗိုက္ပူနံပိန္ေလးဟာကို။
ထားပါ…..ေျပာခ်င္တာက သူက ဘီယာႀကိဳက္တယ္ …KTV ႀကိဳက္တယ္။
ဒါေပမယ့္…ခုေတာ့ ဘီယာပဲ ေသာက္ေတာ့တယ္။
KTV က ျပတ္သြားၿပီ…ဝါသနာကို စြန္႔လိုက္ၿပီေလ။
အေၾကာင္းရွိတယ္….အေၾကာင္းကဒီလို….
သူေကတီဗြီႀကိဳက္ေပမယ့္…
ဒါကို သူ႔မိန္းမက မႀကိဳက္ဘူး။
မႀကိဳက္လို့တားတယ္။
ဘယ္လိုတားတား မရဘူး။
မူးလာရင္ျဖစ္ျဖစ္ အေဖာ္ေကာင္းရင္ ျဖစ္ျဖစ္ KTV ကို ဒိုးေတာ့တာ။
မိန္းမ မႀကိဳက္မွန္းသိေတာ့ ေပၚတင္ေတာ့ မသြားဘူးေပါ့။
ေယာက္်ားတို့ တတ္အပ္တဲ့ အဌာရသ ၁၈ ရပ္ထဲက ေရွာင္လင္အတတ္နဲ႔ မိန္းမအလစ္ကို သြားရတာ။
ဒါကို မသကၤါေတာ့…..
သူ႔မိန္းမက ေခ်ာင္းဖမ္းတယ္။
တစ္ရက္… ညေနေစာင္း…
မန္းေလး ၆၂ လမ္း အေရွ႕ဘက္ကဆိုင္မွာ ကတြတ္ပီတို့ ဘီယာဂြပ္တယ္။
အရွိန္ေလး ရလာေတာ့…
မ်က္ႏွာခ်င္းဆိုင္က KTV ကို လမ္းကူးၿပီး သြားတယ္။
သူလည္း KTV ခန္းထဲေရာက္လို့ ထိုင္ကာရွိေသး …
ေနာက္က ေခ်ာင္းလိုက္လာတဲ့ မိန္းမက ျဗဳန္းဆို အခန္းထဲ ဝင္လာပါေလေရာ…
မိန္းမျမင္ေတာ့ လန္႔သြားတာေပါ့…
“ဟာ… မိန္းမ… မင္း…မင္း.. ဟာ ဘာလို့ လိုက္ လာ လာ”
“က်မလည္း သီခ်င္း ဆိုမလို့”
“အင္… အဲ… ဟိုေလ ဟိုဟာ…”
“ဘာလဲ မဆိုရဘူးလား”
“ဆို…ဆို ရ ရပါတယ္ဟ ဟီး ဟီး”
“အာ့ဆို ပီးေရာ… ေဟ့ စာပြဲထိုးေမာင္ေလး ခဏလာအုံး”
“ဟုတ္ အစ္မ ဘာမွာ မလဲ ခမ်”
“ခါတိုင္း ဒီလူႀကီးလာရင္ မွာေနက် အစားအေသာက္ရယ္ ထိုင္ေနက် ေကာင္မေလးရယ္ စီစဥ္ေပး”
“ဟုတ္ကဲ့ အစ္မ၊ သူက စားတာေတာ့ မစားဘူး၊ ဘီယာေသာက္တယ္၊ စႏၵီနဲ႔ ထိုင္တယ္”
“ေအး…အဲ့တာ လုပ္ေပးလိုက္”
“ဟာ… ဟ… မိန္းမ ငါ သီခ်င္းပဲ ဆို ဆို…”
“ေနပါ ရွင္… ေအးေဆးေပါ့..ခါတိုင္းလိုေပါ့၊ လုပ္ပါ ေပ်ာ္ေပ်ာ္ပါးပါး၊
က်မရွိလို့ စိတ္မက်ဥ္းၾကပ္ပါနဲ႔၊ က်မလည္း ရွင္နဲ႔အတူတူ ေပ်ာ္မွာ၊ လုပ္ လုပ္ စိတ္မဆိုးဘူး တကယ္”
“ဟူး… ေအးဘာကြာ”
ခဏေနေတာ့…ဘီယာနဲ႔ စႏၵီ ေရာက္လာတယ္။
ေကာင္မေလးကို တြတ္ပီေဘးမွာ ထိုင္ခိုင္းလိုက္ၿပီး… …
“ေရာ့… ညီမေလး… မုန္႔ဖိုးအရင္ယူထား အစ္မက ခ်စ္လို့ ေပးတာ”… ဆိုၿပီး ကေလးမကို တစ္ေသာင္းတန္ ေလးငါးရြက္ ေပးလိုက္တယ္။
ပီးတာနဲ႔…..စာပြဲထိုးေကာင္ေလးကိုလည္း တစ္ေသာင္းတန္ ႏွစ္ရြက္ေပးၿပီး ေျပာတယ္… …
“အစ္မနဲ႔ သီခ်င္းတြဲဆိုဖို့ ေကာင္ေလးတစ္ေယာက္ေလာက္ စီစဥ္ေပး ေမာင္ေလး”
“ဟမ္… အစ္မ အဲ့လိုေတာ့ မရွိဘူးေလ၊ ဒီမွာက မိန္းကေလးပဲ ရွိတာ”
“ရေအာင္ စီစဥ္စမ္းပါ… မုန္႔ဖိုးမ်ားမ်ား ေပးမွာပါ”
ေကာင္ေလးလည္း ေခါင္းကုပ္ၿပီး ထြက္သြားတယ္။
ခဏေနေတာ့… တျခားေကာင္ေလးတစ္ေယာက္နဲ႔ ေရာက္လာတယ္။
“အစ္မေရ… သူက ဒီက စက္ဆရာပဲ၊ သီခ်င္းလည္း အဆိုေကာင္းတယ္ အစ္မ၊ သူ ကူဆိုေပးမယ္တဲ့”
“ေအး… ေအး… လာ ေမာင္ေလး”… ဆိုပီး သူ႔ေဘးထိုင္းခိုင္းတယ္။
အေျခအေနေတြ အားလုံးအိုေခသြားေတာ့…
သူ႔မိန္းမရဲ့ တိုက္စစ္က စလာၿပီ… …
“ေဟ့… ညီမေလး အဲ့ဦးေလးကို ဘီယာငွဲ႕ေပးေလ၊ ခါတိုင္းလို အျမည္းေလးဘာေလးမွာၿပီး ခြံေကၽြးေလ ညီမေလးကလည္း”
“ဟုတ္… ဟုတ္… အစ္မ”
ကေလးမကလည္း ဘာမွန္းညာမွန္း မသိဘူး၊ မုန္႔ဖိုးရထားတဲ့ အရွိန္နဲ႔ ခိုင္းသမၽွ လုပ္ေပးေနခ်ည္ေရာ…
တြတ္ပီမွာေတာ့ အီလယ္လယ္ႀကီးနဲ႔ သူ႔မိန္းမကို ကြက္ၾကည့္ကြက္ၾကည့္… …
“ခါတိုင္း ဘာစုံတြဲ သီခ်င္းဆိုၾကလဲ ညီမေလး”
“ငယ္ကၽြမ္းေဆြ ဆိုပါတယ္ အစ္မ”
“ေအး… အဲတာထည့္ေအ… ဆိုေအ… ရွင္ကလည္း သူ႔ ပုခုန္းဖက္ေလ… ကထဲေတာ္… လုပ္ပါ… ဆိုပါ…”
တြတ္ပီခမ်ာ ႀကီးၾကည့္ေၾကာင္ၾကည့္နဲ႔ သီခ်င္းက အင္ထရိုလာေနၿပီ…
ဆိုဖို့ အသင့္ျပင္ေနၿပီ…သူ႔မိန္းမကို လွမ္းၾကည့္ေတာ့…
“ေမာင္ေလး… မမကို ဘီယာ ငွဲ႕ေပးေလ”
“ခမ်ာ… ဟုတ္ ဟုတ္ ကဲ့”
“မမကို ဖက္ထားပါအုံး”
“ခညာ ညာ…”
ဟာ… ကုန္ေတာ့မယ္ ဒီမိန္းမကေတာ့ လုပ္ၿပီ…
ပညာကုန္သုံးၿပီးတိုက္ေနတာ….
“ရွင္ ဘာလာၾကည့္ေနတာလဲ ဟိုမွာ ဆိုရမယ့္ေနရာ ေရာက္ေနၿပီေလ… ဆို… ခု ဆို…”
ေအ့.. ေအး ဘာ.ကြာ… ဘာတဲ့… ငယ္ဟယ္ဟယ္ သဂ်ယ္ဂင္း ေရ ဂုေတာ့ ငယ္ဆြမ္းေဂၽြ…
ေရွ႕မွာ ၾကည့္ရ ေနာက္က သူ႔ပစၥည္းစိတ္မခ်လို့ လွည့္ၾကည့္ရနဲ႔ စာသားေတြလည္း ကေမာက္ကမကို ျဖစ္လို့။
“ကဲ… ရွင္တို့ ပီးရင္ က်မတို့ စုံတြဲ အလွည့္”
ဟင့္…..က်မတို့ စုံတြဲဆိုပါ့လား…
မသာမ….”ေမာင္ေလး … ႏွစ္ကိုယ္တူခ်စ္သမၽွ ဆိုလိုက္ရေအာင္”
အဲလိုနဲ႔…ေကာင္မေလးကို တြတ္ပီအတြက္ ဘီယာငွဲ႕ခိုင္းၿပီးရင္…
ေကာင္ေလးကို သူ႔အတြက္ ဘီယာငွဲ႕ခိုင္းလိုက္တယ္…
ေကာင္မေလးကို အျမည္းခြံ့ေကၽြး ခိုင္းၿပီးရင္…
ေကာင္ေလးကိုလည္း အျမည္းခြံ့ခိုင္းတယ္….
ေကာင္မေလးကို တြတ္ပီပုခုန္းဖက္ခိုင္းၿပီး ….
ေကာင္ေလးကိုလည္း သူ႔ကို ဖက္ခိုင္းတယ္….
စုံတြဲသီခ်င္းေတြလည္း ကုန္သေလာက္ရွိ ဘီယာလည္း …
ဆယ့္ေလးငါးပုလင္းကုန္ေတာ့ သူ႔မိန္းမ အေတာ္မူးေနၿပီ…
မူးေနေတာ့…ဇာတ္လမ္းက စေရာ… …
“ကတြတ္ပီ…. ခါတိုင္း ကေလးမကို ေပါက္စီကိုင္တယ္မလား၊ ခုကိုင္ေလ…”
“ဟာ… ငါ မကိုင္ မကိုင္ပါဘူး”
“ရွင္မညာနဲ႔ ခုန ညီမေရးကို ေမးၾကည့္ပီးဘီ ရွင္ကိုင္ဒယ္တဲ့၊ ဝုတ္လား ညီမေရး”
“ဟုတ္ ဟုတ္ ကဲ့ အစ္မ”
“ကဲ… ကိုင္ေလး… ကိုင္၊ ညီမေရး ေပးကိုင္လိုက္”
“ဟာ… မသီ မင္းမူးေနၿပီ ျပန္ရေအာင္”
“မျပန္ဘူး သခ်င္း ရွိူအုံးမွာ ရွင္ျပန္ခ်င္ျပန္”
“ငါ မင္းမပါဘဲ ျပန္လို့ ရမလားဟ၊ မင္းေနရင္ ငါလည္းေနရမွာေပါ့”
“အာ့ဆိုလည္း ကေလးမ ေပါက္စီကို ရွင္ကိုင္ေတာ့၊ ကဲ ေမာင္ေလး… မမတို့လည္း… ”
“ဟာ…အစ္မက်ေနာ္ မကိုင္ရဲဘူး မကိုင္မရေစနဲ႔”
“ကိုင္ပါဟဲ့…ဘာေၾကာက္စရာ ခ်ိရဲ ကိုင္ဘာ လာဘာ… မုန္႔ဖိုးေပးပါမယ္ လာ လာ ကိုင္”
“ဟာ… မသီ… အီး ဟီး ဟီး… ငါ မွားပါၿပီကြာ… ငါ ေနာက္ကို KTV ဘယ္ေတာ့မွ မလာေတာ့ပါဘူး…
အီး ဟီး ခု ျပန္ၾကရေအာင္ပါ ၾကာရင္ ငါ့ အရင္းထဲ ပါေတာ့မွာ ကြ…
အီး… ဟင့္… ဟိုေကာင္ မသာ… မင္း ငါ့မိန္းမ ေပါက္စီ ကိုင္ရဲကိုင္ၾကည့္ အေသဘဲ…
အီး ဟင့္ ဟင့္… မသီ ျပန္ရေအာင္ေနာ္… ငါ ငါ လိမ္မာပါေတာ့မယ္…
ကတိေပးဘာတယ္ကြာ….ဒီ ငရိုးမ ေကတီဗြီကို ရီးမွ မလာေတာ့ဘူး… ”
အဲ…..အဲဒီကတည္းက တြတ္ပီတို့ KTV ေရွ႕ကကို ျဖတ္မေလၽွာက္ေတာ့တာ။
Lesson ( သင္ခန္းစာ )….
ေယာက္်ားဆိုသည္မွာ သူမ်ားခြက္သာ ႏွိုက္ခ်င္တာ။
ကိုယ့္ခြက္ေတာ့ နည္းနည္းမွ အထိမခံနိုင္ၾကေပ။
ဤအားနည္းခ်က္ကို အသုံးခ်၍ မိန္းမသားထုႀကီး အေနျဖင့္ ‘မသီက တြတ္ပီကို ေအာင္ျမင္ေတာ္မူသကဲ့သို့…
‘ ေအာင္ျမင္နိုင္ၾကေစရန္ ‘ေယာက္်ားတို့၏ လၽွို့ဝွက္ခ်က္’ကို ေဖာ္ထုတ္ သစၥာေဖာက္လိုက္ပါေၾကာင္း။
မူရင္းေရးသားသူ credit ပါ….။photo;Fb
Credit;oraginal writer / #KoTinNaingOo
Unicode,
ယောက်ျားတို့၏အားနည်းချက်
သူငယ်ချင်းတစ်ယောက် ရှိတယ်။
မိုးမင်းတဲ့….လူက ဘိုရူးဆိုတော့ သူ့ကိုယ်သူ မိုက်ကယ်မိုး တဲ့။
သူ့ဟာသူ မိုက်ကယ်မိုးဖြစ်ဖြစ် မိုက်ကယ်ကောင်းကင်ဖြစ်ဖြစ်
သူငယ်ချင်းတွေ ခေါ်ကြတာက… …
“တွတ်ပီ”… ပဲ။
ခေါ်မှာပေါ့…
လူကြည့်တော့ အရပ်နှစ်တောင်လောက်နဲ့ ဗိုက်ပူနံပိန်လေးဟာကို။
ထားပါ…..ပြောချင်တာက သူက ဘီယာကြိုက်တယ် …KTV ကြိုက်တယ်။
ဒါပေမယ့်…ခုတော့ ဘီယာပဲ သောက်တော့တယ်။
KTV က ပြတ်သွားပြီ…ဝါသနာကို စွန့်လိုက်ပြီလေ။
အကြောင်းရှိတယ်….အကြောင်းကဒီလို….
သူကေတီဗွီကြိုက်ပေမယ့်…
ဒါကို သူ့မိန်းမက မကြိုက်ဘူး။
မကြိုက်လို့တားတယ်။
ဘယ်လိုတားတား မရဘူး။
မူးလာရင်ဖြစ်ဖြစ် အဖော်ကောင်းရင် ဖြစ်ဖြစ် KTV ကို ဒိုးတော့တာ။
မိန်းမ မကြိုက်မှန်းသိတော့ ပေါ်တင်တော့ မသွားဘူးပေါ့။
ယောက်ျားတို့ တတ်အပ်တဲ့ အဌာရသ ၁၈ ရပ်ထဲက ရှောင်လင်အတတ်နဲ့ မိန်းမအလစ်ကို သွားရတာ။
ဒါကို မသင်္ကါတော့…..
သူ့မိန်းမက ချောင်းဖမ်းတယ်။
တစ်ရက်… ညနေစောင်း…
မန်းလေး ၆၂ လမ်း အရှေ့ဘက်ကဆိုင်မှာ ကတွတ်ပီတို့ ဘီယာဂွပ်တယ်။
အရှိန်လေး ရလာတော့…
မျက်နှာချင်းဆိုင်က KTV ကို လမ်းကူးပြီး သွားတယ်။
သူလည်း KTV ခန်းထဲရောက်လို့ ထိုင်ကာရှိသေး …
နောက်က ချောင်းလိုက်လာတဲ့ မိန်းမက ဗြုန်းဆို အခန်းထဲ ဝင်လာပါလေရော…
မိန်းမမြင်တော့ လန့်သွားတာပေါ့…
“ဟာ… မိန်းမ… မင်း…မင်း.. ဟာ ဘာလို့ လိုက် လာ လာ”
“ကျမလည်း သီချင်း ဆိုမလို့”
“အင်… အဲ… ဟိုလေ ဟိုဟာ…”
“ဘာလဲ မဆိုရဘူးလား”
“ဆို…ဆို ရ ရပါတယ်ဟ ဟီး ဟီး”
“အာ့ဆို ပီးရော… ဟေ့ စာပွဲထိုးမောင်လေး ခဏလာအုံး”
“ဟုတ် အစ်မ ဘာမှာ မလဲ ခမျ”
“ခါတိုင်း ဒီလူကြီးလာရင် မှာနေကျ အစားအသောက်ရယ် ထိုင်နေကျ ကောင်မလေးရယ် စီစဉ်ပေး”
“ဟုတ်ကဲ့ အစ်မ၊ သူက စားတာတော့ မစားဘူး၊ ဘီယာသောက်တယ်၊ စန္ဒီနဲ့ ထိုင်တယ်”
“အေး…အဲ့တာ လုပ်ပေးလိုက်”
“ဟာ… ဟ… မိန်းမ ငါ သီချင်းပဲ ဆို ဆို…”
“နေပါ ရှင်… အေးဆေးပေါ့..ခါတိုင်းလိုပေါ့၊ လုပ်ပါ ပျော်ပျော်ပါးပါး၊
ကျမရှိလို့ စိတ်မကျဉ်းကြပ်ပါနဲ့၊ ကျမလည်း ရှင်နဲ့အတူတူ ပျော်မှာ၊ လုပ် လုပ် စိတ်မဆိုးဘူး တကယ်”
“ဟူး… အေးဘာကွာ”
ခဏနေတော့…ဘီယာနဲ့ စန္ဒီ ရောက်လာတယ်။
ကောင်မလေးကို တွတ်ပီဘေးမှာ ထိုင်ခိုင်းလိုက်ပြီး… …
“ရော့… ညီမလေး… မုန့်ဖိုးအရင်ယူထား အစ်မက ချစ်လို့ ပေးတာ”… ဆိုပြီး ကလေးမကို တစ်သောင်းတန် လေးငါးရွက် ပေးလိုက်တယ်။
ပီးတာနဲ့…..စာပွဲထိုးကောင်လေးကိုလည်း တစ်သောင်းတန် နှစ်ရွက်ပေးပြီး ပြောတယ်… …
“အစ်မနဲ့ သီချင်းတွဲဆိုဖို့ ကောင်လေးတစ်ယောက်လောက် စီစဉ်ပေး မောင်လေး”
“ဟမ်… အစ်မ အဲ့လိုတော့ မရှိဘူးလေ၊ ဒီမှာက မိန်းကလေးပဲ ရှိတာ”
“ရအောင် စီစဉ်စမ်းပါ… မုန့်ဖိုးများများ ပေးမှာပါ”
ကောင်လေးလည်း ခေါင်းကုပ်ပြီး ထွက်သွားတယ်။
ခဏနေတော့… တခြားကောင်လေးတစ်ယောက်နဲ့ ရောက်လာတယ်။
“အစ်မရေ… သူက ဒီက စက်ဆရာပဲ၊ သီချင်းလည်း အဆိုကောင်းတယ် အစ်မ၊ သူ ကူဆိုပေးမယ်တဲ့”
“အေး… အေး… လာ မောင်လေး”… ဆိုပီး သူ့ဘေးထိုင်းခိုင်းတယ်။
အခြေအနေတွေ အားလုံးအိုခေသွားတော့…
သူ့မိန်းမရဲ့ တိုက်စစ်က စလာပြီ… …
“ဟေ့… ညီမလေး အဲ့ဦးလေးကို ဘီယာငှဲ့ပေးလေ၊ ခါတိုင်းလို အမြည်းလေးဘာလေးမှာပြီး ခွံကျွေးလေ ညီမလေးကလည်း”
“ဟုတ်… ဟုတ်… အစ်မ”
ကလေးမကလည်း ဘာမှန်းညာမှန်း မသိဘူး၊ မုန့်ဖိုးရထားတဲ့ အရှိန်နဲ့ ခိုင်းသမျှ လုပ်ပေးနေချည်ရော…
တွတ်ပီမှာတော့ အီလယ်လယ်ကြီးနဲ့ သူ့မိန်းမကို ကွက်ကြည့်ကွက်ကြည့်… …
“ခါတိုင်း ဘာစုံတွဲ သီချင်းဆိုကြလဲ ညီမလေး”
“ငယ်ကျွမ်းဆွေ ဆိုပါတယ် အစ်မ”
“အေး… အဲတာထည့်အေ… ဆိုအေ… ရှင်ကလည်း သူ့ ပုခုန်းဖက်လေ… ကထဲတော်… လုပ်ပါ… ဆိုပါ…”
တွတ်ပီခမျာ ကြီးကြည့်ကြောင်ကြည့်နဲ့ သီချင်းက အင်ထရိုလာနေပြီ…
ဆိုဖို့ အသင့်ပြင်နေပြီ…သူ့မိန်းမကို လှမ်းကြည့်တော့…
“မောင်လေး… မမကို ဘီယာ ငှဲ့ပေးလေ”
“ခမျာ… ဟုတ် ဟုတ် ကဲ့”
“မမကို ဖက်ထားပါအုံး”
“ခညာ ညာ…”
ဟာ… ကုန်တော့မယ် ဒီမိန်းမကတော့ လုပ်ပြီ…
ပညာကုန်သုံးပြီးတိုက်နေတာ….
“ရှင် ဘာလာကြည့်နေတာလဲ ဟိုမှာ ဆိုရမယ့်နေရာ ရောက်နေပြီလေ… ဆို… ခု ဆို…”
အေ့.. အေး ဘာ.ကွာ… ဘာတဲ့… ငယ်ဟယ်ဟယ် သဂျယ်ဂင်း ရေ ဂုတော့ ငယ်ဆွမ်းဂျွေ…
ရှေ့မှာ ကြည့်ရ နောက်က သူ့ပစ္စည်းစိတ်မချလို့ လှည့်ကြည့်ရနဲ့ စာသားတွေလည်း ကမောက်ကမကို ဖြစ်လို့။
“ကဲ… ရှင်တို့ ပီးရင် ကျမတို့ စုံတွဲ အလှည့်”
ဟင့်…..ကျမတို့ စုံတွဲဆိုပါ့လား…
မသာမ….”မောင်လေး … နှစ်ကိုယ်တူချစ်သမျှ ဆိုလိုက်ရအောင်”
အဲလိုနဲ့…ကောင်မလေးကို တွတ်ပီအတွက် ဘီယာငှဲ့ခိုင်းပြီးရင်…
ကောင်လေးကို သူ့အတွက် ဘီယာငှဲ့ခိုင်းလိုက်တယ်…
ကောင်မလေးကို အမြည်းခွံ့ကျွေး ခိုင်းပြီးရင်…
ကောင်လေးကိုလည်း အမြည်းခွံ့ခိုင်းတယ်….
ကောင်မလေးကို တွတ်ပီပုခုန်းဖက်ခိုင်းပြီး ….
ကောင်လေးကိုလည်း သူ့ကို ဖက်ခိုင်းတယ်….
စုံတွဲသီချင်းတွေလည်း ကုန်သလောက်ရှိ ဘီယာလည်း …
ဆယ့်လေးငါးပုလင်းကုန်တော့ သူ့မိန်းမ အတော်မူးနေပြီ…
မူးနေတော့…ဇာတ်လမ်းက စရော… …
“ကတွတ်ပီ…. ခါတိုင်း ကလေးမကို ပေါက်စီကိုင်တယ်မလား၊ ခုကိုင်လေ…”
“ဟာ… ငါ မကိုင် မကိုင်ပါဘူး”
“ရှင်မညာနဲ့ ခုန ညီမရေးကို မေးကြည့်ပီးဘီ ရှင်ကိုင်ဒယ်တဲ့၊ ဝုတ်လား ညီမရေး”
“ဟုတ် ဟုတ် ကဲ့ အစ်မ”
“ကဲ… ကိုင်လေး… ကိုင်၊ ညီမရေး ပေးကိုင်လိုက်”
“ဟာ… မသီ မင်းမူးနေပြီ ပြန်ရအောင်”
“မပြန်ဘူး သချင်း ရှိူအုံးမှာ ရှင်ပြန်ချင်ပြန်”
“ငါ မင်းမပါဘဲ ပြန်လို့ ရမလားဟ၊ မင်းနေရင် ငါလည်းနေရမှာပေါ့”
“အာ့ဆိုလည်း ကလေးမ ပေါက်စီကို ရှင်ကိုင်တော့၊ ကဲ မောင်လေး… မမတို့လည်း… ”
“ဟာ…အစ်မကျနော် မကိုင်ရဲဘူး မကိုင်မရစေနဲ့”
“ကိုင်ပါဟဲ့…ဘာကြောက်စရာ ချိရဲ ကိုင်ဘာ လာဘာ… မုန့်ဖိုးပေးပါမယ် လာ လာ ကိုင်”
“ဟာ… မသီ… အီး ဟီး ဟီး… ငါ မှားပါပြီကွာ… ငါ နောက်ကို KTV ဘယ်တော့မှ မလာတော့ပါဘူး…
အီး ဟီး ခု ပြန်ကြရအောင်ပါ ကြာရင် ငါ့ အရင်းထဲ ပါတော့မှာ ကွ…
အီး… ဟင့်… ဟိုကောင် မသာ… မင်း ငါ့မိန်းမ ပေါက်စီ ကိုင်ရဲကိုင်ကြည့် အသေဘဲ…
အီး ဟင့် ဟင့်… မသီ ပြန်ရအောင်နော်… ငါ ငါ လိမ်မာပါတော့မယ်…
ကတိပေးဘာတယ်ကွာ….ဒီ ငရိုးမ ကေတီဗွီကို ရီးမှ မလာတော့ဘူး… ”
အဲ…..အဲဒီကတည်းက တွတ်ပီတို့ KTV ရှေ့ကကို ဖြတ်မလျှောက်တော့တာ။
Lesson ( သင်ခန်းစာ )….
ယောက်ျားဆိုသည်မှာ သူများခွက်သာ နှိုက်ချင်တာ။
ကိုယ့်ခွက်တော့ နည်းနည်းမှ အထိမခံနိုင်ကြပေ။
ဤအားနည်းချက်ကို အသုံးချ၍ မိန်းမသားထုကြီး အနေဖြင့် ‘မသီက တွတ်ပီကို အောင်မြင်တော်မူသကဲ့သို့…
‘ အောင်မြင်နိုင်ကြစေရန် ‘ယောက်ျားတို့၏ လျှို့ဝှက်ချက်’ကို ဖော်ထုတ် သစ္စာဖောက်လိုက်ပါကြောင်း။
မူရင်းရေးသားသူ credit ပါ….။photo;Fb
Credit;oraginal writer / #KoTinNaingOo