အခ်စ္နွင့္ဘဝ


လမ်းခွဲ ပြတ်စဲ လိုက်ကြတဲ့ အတွဲတစ်တွဲမှာ ဘယ်သူက ပိုပြီး ခံစားရမယ် လို့ ထင်လဲ

ပိုချစ်တဲ့သူက ခံစားရမှာပေါ့ ။

ဟင့်အင်း မဟုတ်သေးဘူး ။

ပိုချစ်ရတဲ့သူ ခံစားရတဲ့ နာကျင်မှုက အခိုက်အတန့်လေး တစ်ခုလောက်ပဲ ။

တစ်ကယ်တမ်း အချိန်တွေ ကြာလာတာနဲ့အမျှ နောင်တတွေ ရပြီး ခံစားနေရမဲ့သူက

သူ့ကို အရမ်းချစ်ပေးတဲ့သူကိုမှ ထားရက်နိုင်ခဲ့တဲ့သူ။

သူဟာ သူ့ကို ချစ်ပေးတဲ့သူရဲ့ တန်ဖိုးကို အနားမှာ ရှိတုန်းက မမြင်ခဲ့ဘူး ။

ဒါပေမဲ့ ဝေးသွားတဲ့ အချိန်ကျမှ ပြန်လိုချင်လာလိမ့်မယ်။

တောင့်တလာလိမ့်မယ် ။

သူ့ဘေးမှာ အနွံတာခံတဲ့သူကို ဂရုတစ်စိုက် မချစ်ပေးခဲ့တာတွေ ၊ အလေးမထားခဲ့တာတွေကပြန်ပြီး ဝဋ်လည်နေအုံးမှာ ။

ခံစားနေရအုံးမှာ ။

အချိန်တွေ ကြာလာတာနဲ့အမျှ နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့ အကြီးမားဆုံး ဆုံးရှုံးရမှာ

ကိုယ့်ကို တစ်ကယ် ချစ်ပေးတဲ့သူကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ သူတွေပဲ ။

EMK

zawgyi



ဟင့်အင်း မဟုတ်သေးဘူး ။






တောင့်တလာလိမ့်မယ် ။


ခံစားနေရအုံးမှာ ။



EMK