အခ်စ္နွင့္ဘဝ

ခေါင်းမာတဲ့မိန်းကလေးတွေကိုမှ ယောကျာ်းလေးတွေအရူးအမူးချစ်မိတာ ဒီအချက်တွေကြောင့်ပါ…

ခေါင်းမာတဲ့မိန်းကလေးတွေကိုမှ ယောကျာ်းလေးတွေအရူးအမူးချစ်မိတာ ဒီအချက်တွေကြောင့်ပါ

ခေါင်းမာတဲ့မိန်းကလေးတွေကိုမှ ယောကျာ်းလေးတွေ အရူးအမူးချစ်မိတာ ဒီအချက်တွေကြောင့်ပါခေါင်းမာတဲ့သူလေးတွေဟာ တခါတလေ ပြောရဆိုရခက်လွန်းတာကြောင့် သူတို့ကို စိတ်ရှည်တဲ့သူဆိုတာ နည်းနည်းတော့ ရှားပါတယ်။

ဒါပေမယ့် ယောကျာ်းလေးတွေကတော့ ခေါင်းမာတဲ့မိန်းကလေးတွေကို ချစ်မိတဲ့အခါ အရူးအမူးဖြစ်လောက်အောင် ချစ်မိသွားတတ်ပါတယ်အဲ့ဒါကတော့ ဒီလိုအကြောင်းရင်းတွေကြောင့်ပါပဲ။

(၁) ခေါင်းပဲမာတာ နှလုံးသားကတော့ နူးညံ့လွန်း

ခေါင်းမာတဲ့ သူလေးတွေဟာ နှလုံးသားကတော့ တခြားသူတွေထက် ပိုနူးညံ့ပါတယ်။သူတို့ရဲ့ ကိုယ်ပိုင် ခံယူချက်၊ အတွေးအမြင်နဲ့ပတ်သက်လို့ ခိုင်ခိုင်မာမာ ရပ်တည်တာမျိုးရှိသလို အဆင်မပြေတဲ့သူတွေ တွေ့ရင်လည်း သူများထက်ပို သနားနေတတ် တာမျိုးပါ။

စိတ်ထိခိုက်စရာမြင်ကွင်းမျိုးကိုမြင်တဲ့အခါ၊ စိတ်ထိခိုက်စ ရာအကြောင်းအရာတစ်ခုကို ကြားလိုက်ရ တဲ့အခါတွေမှာ ဝမ်းနည်းတတ် လွန်းသူလေးတွေပါ။

(၂) စစ်မှန်တဲ့သူတစ်ယောက်

ခေါင်းမာပေမယ့် အပိုတွေ မလုပ်ဘူး၊ အပိုစကားတွေမပြောဘူး၊ ကိုယ့်ရဲ့အားနည်းချက်ကို ထုတ်ပြောပြီး လူတွေ သနားအောင်မလုပ်ဘူး၊ အရှိကိုအရှိအတိုင်း ဖွင့်ပြောတတ်ပြီးသူချစ်ရတဲ့သူအပေါ်မှာလည်း အမြဲရိုးသား တဲ့သူလို့ ပြောလို့ရပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့သူ

ခေါင်းမာတယ်ဆိုတာ ကိုယ့်ခံယူချက်၊ ကိုယ့်အတွေးအမြင်အယူအဆတွေနဲ့ ပတ်သက်ပြီး ယုံကြည်မှု ရှိတာပါ။ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတစ်ယောက်ကို ချစ်မိတဲ့သူကလည်း သက်တောင့် သက်သာ ခံစားချက်မျိုးကို ခံစားရပါတယ်။

(၄) အချစ်ကြီးတဲ့သူ

ခေါင်းမာတဲ့ သူတစ်ယောက်က အချစ်အတွက်လည်း ခေါင်းမာပါတယ်။သူချစ် တဲ့သူက ဘာပဲဖြစ်နေပါစေ၊ သူချစ်နေေ သးသရွေ့ ဘယ်သူမှ တားလို့မရပါဘူး။ပြီးတော့ သူ့ချစ်သူကိုလည်း သူများတွေ နဲ့မတူအောင်ကို အသေးအမွှားလေးကအစ ဂရုစိုက်နိုင်တာ အဲ့ဒီခေါင်းမာ သူလေးတွေပါပဲ။

(၅) စိတ်ဝင်စားဖို့ကောင်းတယ်

ခေါင်းမာတဲ့သူတွေက သူတို့ခံယူချက် တစ်ခုအတွက် အခိုင်အမာ ရပ်တည်နိုင်ပြီး ငြင်းခုန် တတ်ကြပါတယ်။ကိုယ်ပိုင် အယူအဆ၊ အတွေးအခေါ်တွေ ရှိတာကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့ သူတွေလို့ပြောလို့ရပါတယ်။

သူတို့နဲ့ စကားပြောတဲ့အခါတိုင်း ကိုယ်မတွေးတဲ့ ရှုထောင့်က ကိုယ်မမြင်တဲ့ဘက်က တွေးနိုင်၊မြင်နိုင်ကြတာကြောင့် စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေဖြစ်သွားပါတယ်။

ခေါင်းမာ တဲ့သူတွေ ငြင်းခုန်တတ် တယ်ဆိုပေမယ့် ကိုယ်ထင် တာမှ အမှန်ဆိုပြီး တစ်ဖက်သတ်တည်း ဇွတ်ငြင်းနေ တာမျိုး မဟုတ် ပါဘူးနော်၊ ကျိုးကြောင်းဆီလျော်စွာ ငြင်းတာမျိုးပါ။

Credit

Zawgyi

ေခါင္းမာတဲ့မိန္းကေလးေတြကိုမွ ေယာက်ာ္းေလးေတြအ႐ူးအမူးခ်စ္မိတာ ဒီအခ်က္ေတြေၾကာင့္ပါ

ေခါင္းမာတဲ့မိန္းကေလးေတြကိုမွ ေယာက်ာ္းေလးေတြ အ႐ူးအမူးခ်စ္မိတာ ဒီအခ်က္ေတြေၾကာင့္ပါေခါင္းမာတဲ့သူေလးေတြဟာ တခါတေလ ေျပာရဆိုရခက္လြန္းတာေၾကာင့္ သူတို႕ကို စိတ္ရွည္တဲ့သူဆိုတာ နည္းနည္းေတာ့ ရွားပါတယ္။

ဒါေပမယ့္ ေယာက်ာ္းေလးေတြကေတာ့ ေခါင္းမာတဲ့မိန္းကေလးေတြကုိ ခ်စ္မိတဲ့အခါ အရူးအမူးျဖစ္ေလာက္ေအာင္ ခ်စ္မိသြားတတ္ပါတယ္အဲ့ဒါကေတာ့ ဒီလိုအေၾကာင္းရင္းေတြေၾကာင့္ပါပဲ။

(၁) ေခါင္းပဲမာတာ နွလံုးသားကေတာ့ ႏူးညံ့လြနး္

ေခါင္းမာတဲ့ သူေလးေတြဟာ နွလံုးသားကေတာ့ တျခားသူေတြထက္ ပိုႏူးညံ့ပါတယ္။သူတို႕ရဲ႕ ကိုယ္ပိိုင္ ခံယူခ်က္၊ အေတြးအျမင္နဲ႕ပတ္္သက္လို႕ ခိုင္ခိုင္မာမာ ရပ္တည္တာမ်ိဳးရွိသလို အဆင္မေျပတဲ့သူေတြ ေတြ႕ရင္လည္း သူမ်ားထက္ပို သနားေနတတ္ တာမ်ိဳးပါ။

စိတ္ထိခိုက္စရာျမင္ကြင္းမ်ိဳးကိုျမင္တဲ့အခါ၊ စိတ္ထိခိုက္စ ရာအေၾကာင္းအရာတစ္ခုကိို ၾကားလိုက္ရ တဲ့အခါေတြမွာ ၀မ္းနည္းတတ္ လြန္းသူေလးေတြပါ။

(၂) စစ္မွန္္တဲ့သူတစ္ေယာက္

ေခါင္းမာေပမယ့္ အပိုေတြ မလုပ္ဘူး၊ အပိုစကားေတြမေျပာဘူး၊ ကိုယ့္ရဲ႕အားနည္းခ်က္ကို ထုတ္ေျပာျပီး လူေတြ သနားေအာင္မလုပ္ဘူး၊ အရွိကိုအရွိအတိုင္း ဖြင့္ေျပာတတ္ျပီးသူခ်စ္ရတဲ့သူအေပၚမွာလည္း အျမဲရိုးသား တဲ့သူလို႕ ေျပာလို႕ရပါတယ္။

(၃) ကိုယ့္ကိုယ္ကိုယံုၾကည္မႈအျပည့္ရွိတဲ့သူ

ေခါင္းမာတယ္ဆိုတာ ကိုယ့္ခံယူခ်က္၊ ကိုယ့္အေတြးအျမင္အယူအဆေတြနဲ႕ ပတ္သက္ျပီး ယံုၾကည္မႈ ရွိတာပါ။ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိတဲ့သူတစ္ေယာက္ကို ခ်စ္မိတဲ့သူကလည္း သက္ေတာင့္ သက္သာ ခံစားခ်က္မိ်ဳးကို ခံစားရပါတယ္။

(၄) အခ်စ္ၾကီးတဲ့သူ

ေခါင္းမာတဲ့ သူတစ္ေယာက္က အခ်စ္အတြက္လည္း ေခါင္းမာပါတယ္။သူခ်စ္ တဲ့သူက ဘာပဲျဖစ္ေနပါေစ၊ သူခ်စ္ေနေ သးသေရြ႕ ဘယ္သူမွ တားလို႕မရပါဘူး။ျပီးေတာ့ သူ႕ခ်စ္သူကိုလည္း သူမ်ားေတြ နဲ႕မတူေအာင္ကို အေသးအမႊားေလးကအစ ဂရုစိုက္နိုင္တာ အဲ့ဒီေခါင္းမာ သူေလးေတြပါပဲ။

(၅) စိတ္၀င္စားဖို႕ေကာင္းတယ္

ေခါင္းမာတဲ့သူေတြက သူတို႕ခံယူခ်က္ တစ္ခုအတြက္ အခိုုင္အမာ ရပ္တည္နိုင္ျပီး ျငင္းခုန္ တတ္ၾကပါတယ္။ကိုယ္ပိုင္ အယူအဆ၊ အေတြးအေခၚေတြ ရွိတာေၾကာင့္ စိတ္၀င္စားဖို႕ေကာင္းတဲ့ သူေတြလုိ႕ေျပာလို႕ရပါတယ္။

သူတို႕နဲ႕ စကားေျပာတဲ့အခါတိုင္း ကိုယ္မေတြးတဲ့ ရႈေထာင့္က ကိုယ္မျမင္တဲ့ဘက္က ေတြးနိုင္၊ျမင္နိုင္ၾကတာေၾကာင့္ စိတ္၀င္စားစရာ အေၾကာင္းအရာေလးေတြျဖစ္သြားပါတယ္။

ေခါင္းမာ တဲ့သူေတြ ျငင္းခုန္္တတ္ တယ္ဆိုေပမယ့္ ကိုယ္ထင္ တာမွ အမွန္္ဆိုျပီး တစ္ဖက္သတ္တည္း ဇြတ္ျငင္းေန တာမ်ိဳး မဟုတ္ ပါဘူးေနာ္၊ က်ိဳးေၾကာင္းဆီေလ်ာ္စြာ ျငင္းတာမ်ိဳးပါ။

Credit