လူနှစ်ယောက် တွေ့ဆုံခြင်းဟာ အကြောင်းမဲ့သက်သက်တော့ မဟုတ်ဘူး ရေစက် ပါခဲ့လို့ပဲ ဖြစ်ဖြစ် ၀ဋ်ကြွေးပါခဲ့လိုပဲဖြစ်ဖြစ် ဆုံတွေ့ရတတ်ပါတယ်
‘
ဘ၀မှာ . . . ရေစက်ပါလို့ တွေ့ဆုံရတဲ့လူတွေအပေါ် တန်ဖိုးထားပါ ကြုံရဆုံရတယ်ဆိုတာ တကယ့်ကို ခဏလေးပါ အဲ့ဒီခဏလေးမှာ ကိုယ်တန်ဖိုးထားတတ်ဖို့လိုတယ် မကြာခင် လမ်းခွဲခြင်းတွေ ကွဲကွားခြင်းတွေ ရောက်လာမှာလား မရောက်လာဘူးလားဆိုတာ ဘယ်သူ့မှ တပ်အပ်မပြောနိုင်တဲ့အတွက် အခုလက်ရှိအချိန်မှာ ကိုယ့်အပေါ်မှာ ချစ်ခင်ကြင်နာတဲ့လူတွေအပေါ်
Girl in a futuristic concrete home
ပြန်ပြီး ဂရုတစိုက်လေးရှိပါ ဘယ်အရာမှ ကြိုပြောလို့မရနိုင်သလို ကြိုပြီးလဲမသိနိုင်ဘူးလေ အဓိကက ခွဲခွါသွားတဲ့အခါ ကိုယ့်ဘက်က နောင်တရမနေဖို့ အရေးကြီးတယ် ငါ ဂရုမစိုက်လိုက်ရလေခြင်း တန်ဖိုးမထားမိလေခြင်းဆိုတဲ့ နောင်တတွေက သေလောက်အောင် နာကျင်ရပါတယ် ဒါကြောင့် ရေစက်ပါလို့ ဆုံရတဲ့လူတွေအပေါ် တန်ဖိုးထားပါ
‘
ဘယ်ခွဲခွါခြင်းမှာမှ နောင်တတွေ မရစေချင်ဘူး ။၀ဋ်ကြွေးပါလို့ ဆုံတွေ့ရတဲ့အခါ အတတ်နိုင်ဆုံး ၀ဋ်ကြွေးကျေတဲ့အထိသာ ဆပ်ပါ ၀ဋ်ကြွေးဆိုတာ သိပ်ကြောက်ဖို့ကောင်းတယ် ရှောင်ပြေးလို့လဲ မလွှတ်မယ့်အတူတူ ဒီဘ၀ ဒီမျှသာဆိုတဲ့စိတ်နဲ့ အကျေသာဆပ်ခဲ့ ၀ဋ်ကြွေးကုန်လို့ လမ်းခွဲရတဲ့အခါ တစ်ခါတည်း မေ့ပစ်လိုက်ပါ
တွေ့ဆုံခြင်း လမ်းခွဲခြင်းတွေဟာ လောကဓံတွေထဲက တစ်ခုပါ သို့သော် ရေစက်ပါခဲ့လို့ ဆုံခဲ့ရတာလား ၀ဋ်ကြွေးဆပ်ဖို့ တွေ့ခဲ့ရတာလားဆိုတာတော့ ခွဲခွါသွားတဲ့အခါ သိရပါလိမ့်မယ် ။
မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ်။