ခ်စ္သူက သင့္ကို ႏွစ္ႏွစ္ကာကာခ်စ္တာဟုတ္ရဲ႕လားလုိ႕ စိတ္ထဲက မရွင္းမရွင္းျဖစ္ေနရင္ ဒီအခ်က္ေတြက ေျပာျပသြားမွာျဖစ္ပါတယ္။
သင့္နဲ႕ သင့္ခ်စ္သူ စိတ္ခ်င္းဆက္သြယ္ၿပီး သင့္ခ်စ္သူက သင့္ကို ႏွစ္ႏွစ္ကာကာခ်စ္ရင္ ဒီလုိအခ်က္ေတြအတုိင္းျဖစ္ေနမွာေသခ်ာပါတယ္။
(၁) သင္နဲ႕အတူတူ အျမဲရွိေနခ်င္တာမ်ိဳး
သူမွာ အားလပ္ရက္ရွိေနတာနဲ႕ သင့္အတြက္အခ်ိန္ေပးတတ္ပါတယ္။ ဒီအခ်က္က သင့္အတြက္ အျမဲအဆင္သင့္ရွိေနတတ္တယ္ဆုိတဲ့ သေဘာျဖစ္ပါတယ္။
သူ႕သူငယ္ခ်င္းေတြနဲ႕ အျပင္သြားမယ့္အစား သင့္အတြက္ပဲ အခ်ိန္ေပးတတ္ပါတယ္။ သူ႕အခ်ိန္ေတြက သင့္အတြက္ပဲျဖစ္ေနတတ္ပါတယ္။
(၂) အျမဲအဆက္အသြယ္မျပတ္ေနတာမ်ိဳး
သင္နဲ႕အဆက္အသြယ္မျပတ္ အျမဲရွိေနတတ္ပါတယ္။ သူအားတဲ့အခ်ိန္ဆုိ သင့္အတြက္ပဲ အခ်ိန္ေပးၿပီး သင့္ဆီကို အျမဲဖုန္းဆက္ေနတတ္ပါတယ္။
သူဘယ္သြားမလဲ ဆုိတာကအစ အျမဲေျပာျပေနတတ္ပါတယ္။ သင့္နဲ႕ ေကာ္လုိကပ္ထားသလိုမ်ိဳး အျမဲအတူတူရွိေနသလိုခံစားရေအာင္ အဆက္အသြယ္မျပတ္ေနတတ္ပါတယ္။
(၃) သင္ေပ်ာ္ရႊင္ေစဖုိ႕ ဘာမဆုိလုပ္ေပးတာမ်ိဳး
ဘယ္ေယာက်ာ္းမွ ျပည့္စုံေနတာမ်ိဳး မရွိပါဘူး။ တစ္ခါတစ္ေလမွာ တစ္ကုိယ္ေကာင္းဆန္ဆန္နဲ႕ ကုိယ္ခ်စ္ရသူကို နာက်င္သြားေစတာမ်ိဳးရွိတတ္ပါတယ္။
ဒီအခ်က္ကို ၾကည့္ၿပီး သင့္ေပ်ာ္ရႊင္ေစဖုိ႕ ဦးစားေပးမယ့္သူမ်ိဳးကေတာ့ သင့္ကိုအျမဲ ပထမေနရာမွာထားပါတယ္။
(၄) မိဘနဲ႕ မိတ္ဆက္ေပးတာမ်ိဳး
သင့္ကို မိဘ (သုိ႕မဟုတ္) သူငယ္ခ်င္းမိတ္ေဆြေတြနဲ႕ မိတ္ဆက္ေပးတယ္ဆုိတာက သင့္က သူ႔ဘ၀အတြက္ အေရးႀကီးအစိတ္အပုိင္းတစ္ခုထဲမွာ ပါ၀င္ေနပါၿပီ။
သင့္နဲ႕ပတ္သက္ၿပီးဂရုမစုိက္တတ္ဘူးဆုိရင္ ဒီလုိမ်ိဳး မိတ္ဆက္ေပးမွာမဟုတ္ပါဘူး။
(၅) သင့္ဆုံးျဖတ္ခ်က္ေတြကို ဂရုစုိက္ေပးတာမ်ိဳး
သင့္ကို မိဘေတြနဲ႕ မိတ္ဆက္ေပးမယ္ဆုိရင္ သင့္ဘယ္လုိလုပ္ခ်င္လဲဆုိတဲ့ သင့္ဆုံးျဖတ္ခ်က္ကိုဂရုတစုိက္ေမးတတ္ပါတယ္။
သေဘာကေတာ့ သင့္အေပၚ တန္ဖုိးထားတယ္ဆုိတဲ့ အဓိပၸာယ္ပဲျဖစ္ပါတယ္။ ဘယ္ကိစၥမ်ိဳးမွာျဖစ္ျဖစ္ သင့္အျမင္ ၊ သင့္ဆုံးျဖတ္ခ်က္ကို အရင္ေမးတတ္ပါတယ္။
Hannwe Soe
Unicode,
ချစ်သူက သင်နဲ့ အမြဲ စိတ်ချင်းဆက်သွယ်နေတယ်ဆိုတာ သိသာစေတဲ့အချက်များ
ချစ်သူက သင့်ကို နှစ်နှစ်ကာကာချစ်တာဟုတ်ရဲ့လားလို့ စိတ်ထဲက မရှင်းမရှင်းဖြစ်နေရင် ဒီအချက်တွေက ပြောပြသွားမှာဖြစ်ပါတယ်။
သင့်နဲ့ သင့်ချစ်သူ စိတ်ချင်းဆက်သွယ်ပြီး သင့်ချစ်သူက သင့်ကို နှစ်နှစ်ကာကာချစ်ရင် ဒီလိုအချက်တွေအတိုင်းဖြစ်နေမှာသေချာပါတယ်။
(၁) သင်နဲ့အတူတူ အမြဲရှိနေချင်တာမျိုး
သူမှာ အားလပ်ရက်ရှိနေတာနဲ့ သင့်အတွက်အချိန်ပေးတတ်ပါတယ်။ ဒီအချက်က သင့်အတွက် အမြဲအဆင်သင့်ရှိနေတတ်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
သူ့သူငယ်ချင်းတွေနဲ့ အပြင်သွားမယ့်အစား သင့်အတွက်ပဲ အချိန်ပေးတတ်ပါတယ်။ သူ့အချိန်တွေက သင့်အတွက်ပဲဖြစ်နေတတ်ပါတယ်။
(၂) အမြဲအဆက်အသွယ်မပြတ်နေတာမျိုး
သင်နဲ့အဆက်အသွယ်မပြတ် အမြဲရှိနေတတ်ပါတယ်။ သူအားတဲ့အချိန်ဆို သင့်အတွက်ပဲ အချိန်ပေးပြီး သင့်ဆီကို အမြဲဖုန်းဆက်နေတတ်ပါတယ်။
သူဘယ်သွားမလဲ ဆိုတာကအစ အမြဲပြောပြနေတတ်ပါတယ်။ သင့်နဲ့ ကော်လိုကပ်ထားသလိုမျိုး အမြဲအတူတူရှိနေသလိုခံစားရအောင် အဆက်အသွယ်မပြတ်နေတတ်ပါတယ်။
(၃) သင်ပျော်ရွှင်စေဖို့ ဘာမဆိုလုပ်ပေးတာမျိုး
ဘယ်ယောကျာ်းမှ ပြည့်စုံနေတာမျိုး မရှိပါဘူး။ တစ်ခါတစ်လေမှာ တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ ကိုယ်ချစ်ရသူကို နာကျင်သွားစေတာမျိုးရှိတတ်ပါတယ်။
ဒီအချက်ကို ကြည့်ပြီး သင့်ပျော်ရွှင်စေဖို့ ဦးစားပေးမယ့်သူမျိုးကတော့ သင့်ကိုအမြဲ ပထမနေရာမှာထားပါတယ်။
(၄) မိဘနဲ့ မိတ်ဆက်ပေးတာမျိုး
သင့်ကို မိဘ (သို့မဟုတ်) သူငယ်ချင်းမိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးတယ်ဆိုတာက သင့်က သူ့ဘဝအတွက် အရေးကြီးအစိတ်အပိုင်းတစ်ခုထဲမှာ ပါဝင်နေပါပြီ။
သင့်နဲ့ပတ်သက်ပြီးဂရုမစိုက်တတ်ဘူးဆိုရင် ဒီလိုမျိုး မိတ်ဆက်ပေးမှာမဟုတ်ပါဘူး။
(၅) သင့်ဆုံးဖြတ်ချက်တွေကို ဂရုစိုက်ပေးတာမျိုး
သင့်ကို မိဘတွေနဲ့ မိတ်ဆက်ပေးမယ်ဆိုရင် သင့်ဘယ်လိုလုပ်ချင်လဲဆိုတဲ့ သင့်ဆုံးဖြတ်ချက်ကိုဂရုတစိုက်မေးတတ်ပါတယ်။
သဘောကတော့ သင့်အပေါ် တန်ဖိုးထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ ဘယ်ကိစ္စမျိုးမှာဖြစ်ဖြစ် သင့်အမြင် ၊ သင့်ဆုံးဖြတ်ချက်ကို အရင်မေးတတ်ပါတယ်။
Hannwe Soe