အခ်စ္နွင့္ဘဝ

မိန်းကလေးတစ်ယောက်ရဲ့ အချစ်စိတ်

မိန်းကလေးတစ်ယောက်ရဲ့ အချစ်စိတ်

မိန်းကလေးတစ်ယောက်ရဲ့ အချစ်စိတ်ကို နားမလည်သေးတဲ့ ပုရိသတွေအတွက် မိန်းကလေးတစ်ယောက် ယောက်ျားတစ်ယောက်ကို ချစ်မိရင် ဘယ်လိုခံစားရမလည်းဆိုတဲ့အကြောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

တူတူလမ်းလျှောက်နေရင်း ကောင်လေးဘက်ကို အတင်းတိုးကပ်လာတဲ့အခါ သူမရဲ့လက်ကို ဆုပ်ကိုင်စေချင်လို့ ဖြစ်ပါတယ်။ချစ်သူဆီက ပွေ့ဖက်မှုကို လိုချင်တဲ့အခါ ရပ်နေရာက မရွှေ့ဘဲ ဆန္ဒပြတတ်ကြပါတယ်။

မိန်းကလေးတစ်ယောက် အသည်းကွဲသွားတဲ့အခါ နောက်သုံးနှစ်လောက်ကြာလို့ ချစ်သူဟောင်းနဲ့ အမှတ်တမဲ့ ဆုံမိတဲ့အထိ အဲ့ဒီ့ဝေဒနာကို ခံစားနေတုန်း ဖြစ်ပါတယ်။
သူမ တိတ်ဆိတ်ငြိမ်သက်သွားတဲ့အခါ ထောင်နဲ့သောင်းနဲ့ချီတဲ့ အတွေးတွေ သူမရဲ့ခေါင်းထဲမှာ ပြေးလွှားနေလေ့ ရှိပါတယ်။

အငြင်းအခုန် မလုပ်တော့တဲ့အခါ တစ်စုံတစ်ရာကို နက်နက်နဲနဲ စဉ်းစားတွေးတောနေခြင်း ဖြစ်ပါတယ်။မေးခွန်းပေါင်းများစွာ ပါဝင်တဲ့အကြည့်နဲ့ ကြည့်လာတဲ့အခါ သူမရဲ့အနားမှာ ချစ်သက ဘယ်အချိန်ထိ ရှိနေပေးမှာ လည်းဆိုတာ သိချင်နေမိတာ ဖြစ်နိုင်ပါတယ်။

မိန်းကလေးတစ်ယောက်ရဲ့ “အဆင်ပြေပါတယ်”ဆိုတဲ့ အဖြေစကားရဲ့နောက်ကွယ်မှာတော့ အမှန်တကယ် အဆင်မပြေ ဖြစ်နေတာ ဖြစ်ပါတယ်။မိန်းကလေးတစ်ယောက်က သူမ ချစ်သူကို ငေးမောကြည့်နေတဲ့အခါ သူမချစ်သူ ဘာလို့ဒီလောက်တောင် အံ့သြ စရာကောင်းရတာလည်းလို့ တွေးနေမိလို့ ဖြစ်ပါတယ်။

ယောက်ျားတစ်ယောက်ရဲ့ ရင်ဘတ်ပေါ် ခေါင်းတင်ပြီး အိပ်စက်လိုက်တဲ့အခါ အဲ့ဒီ့ယောက်ျားကို သူမရဲ့ထာဝရ လက်တွဲဖော်အဖြစ် ဆန္ဒပြုပြီးသားမို့ ဖြစ်ပါတယ်။
“ရှင် မရှိဘဲ ကျွန်မ မနေနိုင်ဘူး ..” လို့ မိန်းကလေးတစ်ယောက်က ပြောလာရင်တော့ ထိုအမျိုးသားဟာ သူမရဲ့ အနာဂတ်လို့ သတ်မှတ်ထားပြီးမို့ပါပဲ။

မိန်းကလေးတစ်ယောက်က “လွမ်းတယ်… “လို့ ပြောလာရင် ကျန်တဲ့ကမ္ဘာပေါ်က ဘယ်သူကမှ သူမလောက် လွမ်းနေမှာ မဟုတ်ပါဘူး။လမ်းခွဲပြီးနောက်မှ ရည်းစားဟောင်းကို ပြင်းပြင်းထန်ထန်တွေ ဆက်ဆံနေခြင်းဟာ ချစ်သူအနားကို ပြန်လာချင်ပေမယ့်လည်း သူမနောက်တစ်ခါ နာကျင်ရမှာကို ကြောက်ရွံ့နေပြီးချစ်သူဟောင်းကလည်း ဘယ်လိုမှ မဖြစ်နိုင်တော့ဘဲ သူမဆီက အပြီးအပိုင် ထွက်ခွာသွားပြီဆိုတာကို သိရှိနားလည်လိုက်လို့ ဖြစ်ပါတယ်။ Credit

Zawgyi

မိန္းကေလးတစ္ေယာက္ရဲ႕ အခ်စ္စိတ္

မိန္းကေလးတစ္ေယာက္ရဲ႕ အခ်စ္စိတ္ကို နားမလည္ေသးတဲ့ ပုရိသေတြအတြက္ မိန္းကေလးတစ္ေယာက္ ေယာက္်ားတစ္ေယာက္ကို ခ်စ္မိရင္ ဘယ္လိုခံစားရမလည္းဆိုတဲ့အေၾကာင္းေလးေတြ ေဖာ္ျပေပးလိုက္ပါတယ္။

တူတူလမ္းေလွ်ာက္ေနရင္း ေကာင္ေလးဘက္ကို အတင္းတိုးကပ္လာတဲ့အခါ သူမရဲ႕လက္ကို ဆုပ္ကိုင္ေစခ်င္လို႔ ျဖစ္ပါတယ္။ခ်စ္သူဆီက ေပြ႕ဖက္မႈကို လိုခ်င္တဲ့အခါ ရပ္ေနရာက မေရႊ႕ဘဲ ဆႏၵျပတတ္ၾကပါတယ္။

မိန္းကေလးတစ္ေယာက္ အသညး္ကြဲသြားတဲ့အခါ ေနာက္သုံးႏွစ္ေလာက္ၾကာလို႔ ခ်စ္သူေဟာင္းနဲ႔ အမွတ္တမဲ့ ဆုံမိတဲ့အထိ အဲ့ဒီ့ေ၀ဒနာကို ခံစားေနတုန္း ျဖစ္ပါတယ္။
သူမ တိတ္ဆိတ္ၿငိမ္သက္သြားတဲ့အခါ ေထာင္နဲ႔ေသာင္းနဲ႔ခ်ီတဲ့ အေတြးေတြ သူမရဲ႕ေခါင္းထဲမွာ ေျပးလႊားေနေလ့ ရိွပါတယ္။

အျငင္းအခုန္ မလုပ္ေတာ့တဲ့အခါ တစ္စုံတစ္ရာကို နက္နက္နဲနဲ စဥ္းစားေတြးေတာေနျခင္း ျဖစ္ပါတယ္။ေမးခြန္းေပါင္းမ်ားစြာ ပါ၀င္တဲ့အၾကည့္နဲ႔ ၾကည့္လာတဲ့အခါ သူမရဲ႕အနားမွာ ခ်စ္သက ဘယ္အခ်ိန္ထိ ရိွေနေပးမွာ လည္းဆိုတာ သိခ်င္ေနမိတာ ျဖစ္ႏိုင္ပါတယ္။

မိန္းကေလးတစ္ေယာက္ရဲ႕ “အဆင္ေျပပါတယ္”ဆိုတဲ့ အေျဖစကားရဲ႕ေနာက္ကြယ္မွာေတာ့ အမွန္တကယ္ အဆင္မေျပ ျဖစ္ေနတာ ျဖစ္ပါတယ္။မိန္းကေလးတစ္ေယာက္က သူမ ခ်စ္သူကို ေငးေမာၾကည့္ေနတဲ့အခါ သူမခ်စ္သူ ဘာလို႔ဒီေလာက္ေတာင္ အ့ံၾသ စရာေကာင္းရတာလည္းလို႔ ေတြးေနမိလို႔ ျဖစ္ပါတယ္။

ေယာက္်ားတစ္ေယာက္ရဲ႕ ရင္ဘတ္ေပၚ ေခါင္းတင္ၿပီး အိပ္စက္လိုက္တဲ့အခါ အဲ့ဒီ့ေယာက္်ားကို သူမရဲ႕ထာ၀ရ လက္တြဲေဖာ္အျဖစ္ ဆႏၵျပဳၿပီးသားမို႔ ျဖစ္ပါတယ္။
“ရွင္ မရိွဘဲ ကၽြန္မ မေနႏိုင္ဘူး ..” လို႔ မိန္းကေလးတစ္ေယာက္က ေျပာလာရင္ေတာ့ ထိုအမ်ိဳးသားဟာ သူမရဲ႕ အနာဂတ္လို႔ သတ္မွတ္ထားၿပီးမို႔ပါပဲ။

မိန္းကေလးတစ္ေယာက္က “လြမ္းတယ္… “လို႔ ေျပာလာရင္ က်န္တဲ့ကမာၻေပၚက ဘယ္သူကမွ သူမေလာက္ လြမ္းေနမွာ မဟုတ္ပါဘူး။လမ္းခြဲၿပီးေနာက္မွ ရည္းစားေဟာင္းကို ျပင္းျပင္းထန္ထန္ေတြ ဆက္ဆံေနျခင္းဟာ ခ်စ္သူအနားကို ျပန္လာခ်င္ေပမယ့္လည္း သူမေနာက္တစ္ခါ နာက်င္ရမွာကို ေၾကာက္ရြံ႕ေနၿပီးခ်စ္သူေဟာင္းကလည္း ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ဘဲ သူမဆီက အၿပီးအပိုင္ ထြက္ခြာသြားၿပီဆိုတာကို သိရိွနားလည္လိုက္လို႔ ျဖစ္ပါတယ္။

crd;