အခ်စ္နွင့္ဘဝ

ပါးစပ္ကေန ခ်စ္ျပျပီး တကယ္မခ်စ္တဲ့ေယာက်ာ္းေတြရဲ႕ အမူအက်င့္မ်ား

ပါးစပ္ကေနပဲခ်စ္ျပျပီးတကယ္မခ်စ္တဲ့ေယာက်ာ္းေတြရဲ႕အမူအက်င့္မ်ားခ်စ္သူေတြဆိုတာတစ္ေယာက္နဲတစ္ေယာက္အျပန္အလွန္ဂရုစိုက္၊ေနြးေထြးၾကပါတယ္။ပါးစပ္ကေနခ်စ္တယ္လို႕တဖြဖြေျပာေနျပီးလက္ေတြ႕မွာဂရုမစိုက္တာဟာတကယ္မခ်စ္လို႕ဆိုတာေျပာစရာေတာင္မလိုပါဘူး။

သင့္ကိုသင့္ရဲ႕ခ်စ္သူကပါးစပ္ကေနပဲခ်စ္ျပေနျပီးတကယ္မခ်စ္ဘူး၊သင္နဲ႕ပတ္သက္တာေတြကိုဂရုမစိုက္ဘူးဆိုတာဒီအခ်က္ေတြကသက္ေသပါပဲ။

(၁)သင့္အတြက္အခ်ိန္မေပးဘူးကိုယ့္ကိုခ်စ္တဲ့သူတစ္ေယာက္ကဘယ္ေလာက္ပဲအလုပ္မ်ားမ်ား ကိုယ့္အတြက္အခ်ိန္ေပးဖို႕ၾကိုးစားပါတယ္၊အခ်ိန္လည္းေပးနိုင္ပါတယ္။

အခ်ိန္မရွိဘူး၊မအားဘူး၊ အလုပ္ေတြမ်ားေနတယ္ဆိုတဲ့အေၾကာင္းျပခ်က္ဟာတကယ္မခ်စ္တဲ့သူ၊သူတို႕ဂရုမစိုက္တဲ့သူေတြကို ေပးတတ္တဲ့ဆင္ေျခပါ။တကယ္ခ်စ္တဲ့သူဟာသူခ်စ္တဲ့သူအတြက္လိုလိုလားလားကိုအခ်ိန္ေပးတတ္ၾကပါတယ္။

(၂)အရာအားလံုးအတြက္သင့္ကိုအျပစ္တင္တတ္တယ္ခ်စ္တဲ့စိတ္နဲ႕ၾကည့္ရင္ အျပစ္ရယ္လို႕ မျမင္ဘဲ အရာအားလံုးကခြင့္လႊတ္ခ်င္စရာပါ။ မခ်စ္တဲ့သူအတြက္ကေတာ့ ဘာလုပ္လုပ္အျပစ္ေတြျမင္ေနမွာပါပဲ။ ဒါေၾကာင့္ သင့္ကိုခ်စ္တယ္လို႕ေျပာျပီး သင့္ရဲ႕ေကာင္းကြက္ေတြကိုမျမင္ဘဲ အျပစ္ေတြပဲျမင္ေနတဲ့သူအတြက္ ခံစားေနမယ္ဆိုရင္ မတန္ပါဘူး။

(၃)ဘာလုပ္လုပ္အမွန္အတိုင္းမေျပာဘူးလူတစ္ေယာက္ကတကယ္ခ်စ္မိသြားျပီဆိုရင္ ဘာပဲလုပ္လုပ္သူခ်စ္တဲ့သူကိုတိုင္ပင္ခ်င္တယ္၊ ခ်စ္တဲ့သူရဲ႕အျမင္ကိုသိခ်င္တယ္၊ ခ်စ္တဲ့သူရဲ႕ေထာက္ခံအားေပးမႈကိုလိုခ်င္ပါတယ္။

ဒါေၾကာင့္ သင့္ကိုတကယ္ခ်စ္တယ္၊ဂရုစိုက္တယ္ဆိုရင္သင့္ကိုအျမဲတိုင္ပင္ပါလိမ့္မယ္။ဘာပဲလုပ္လုပ္မတိုင္ပင္ဘူး၊သင့္ကိုမသိေတာင္မေပးဘူးဆိုရင္ေတာ့သူဟာသင့္ကို ဂရုလည္းမစိုက္သလိုခ်စ္လည္းမခ်စ္ပါဘူး။

(၄)သင္ေပ်ာ္ရႊင္ေအာင္မလုပ္ေပးဘူးခ်စ္မိသြားတဲ့သူတစ္ေယာက္ကသူခ်စ္ရတဲ့သူေပ်ာ္ရႊင္ဖို႕ စဉ္းစားေပးတယ္၊ခ်စ္ရသူေပ်ာ္ရႊင္ေအာင္ ဘာလုပ္ေပးရမလဲအျမဲေတြးေပးတယ္။

သူ႕ဘက္ကသင္ေပ်ာ္တာမေပ်ာ္တာေတြစိတ္မဝင္စားဘူး၊သင္ေပ်ာ္ေအာင္လည္း တစ္ခါမွ မလုပ္ေပးဖူးဘူးဆိုရင္ေတာ့ သင့္ကိုခ်စ္တယ္ဆိုတာ အလိမ္အညာေတြပဲျဖစ္ပါလိမ့္မယ္။

(၅) သင္အဆင္ေျပ၊မေျပစိတ္မဝင္စားဘူးဘယ္သူမဆိုကိုယ္ခ်စ္တဲ့သူကို အဆင္ေျပေပ်ာ္ရႊင္ေနတာကိုပဲျမင္ခ်င္ၾကျပီး သူ တစ္ေန႕တာကိုဘယ္လိုျဖတ္သန္းလဲ တစ္ေန႕တာမွာဘာေတြျဖစ္ခဲ့လဲ ….ဘယ္လိုစိတ္ညစ္စရာေတြနဲ႕ၾကံဳေနလဲစသျဖင့္ေတြးေပးတတ္ပါတယ္။

တကယ္လို႕သင္အဆင္ေျပ၊မေျပစိတ္မဝင္စားဘူး၊အဆင္ေျပရဲ႕လားလို႕ေတာင္မေမးဘူး၊သင္ရင္ဖြင့္တာေတြကိုလည္းဘယ္ေတာ့မွနားမေထာင္တတ္ဘူးဆိုရင္ေတာ့သူဟာသင့္ကိုမခ်စ္ပါဘူး။

(၆)တျခားမိန္းမေတြနဲ႕ေရာတယ္ဘယ္ေလာက္ပဲရႈပ္ေပြတဲ့ေယာက်ာ္းတစ္ေယာက္ျဖစ္ပါေစ။သူတကယ္ခ်စ္တဲ့သူနဲ႕ေတြတဲ့အခါသူခ်စ္တဲ့သူကသူ႕ကိုလူရႈပ္၊လူေပြတစ္ေယာက္လို႕ ျမင္သြားမွာကိုစိုးရိမ္ျပီး အေနအထိုင္ဆင္ျခင္တတ္ပါတယ္။

ကိုယ္ခ်စ္တဲ့သူအေရွ႕မွာမေျပာနဲ႕ကြယ္ရာမွာေတာင္တျခားမိန္းမေတြနဲ႕ေရာတာမ်ိဳးမလုပ္ဘဲေစာင့္ထိန္းတတ္ပါတယ္သင့္ကို ခ်စ္ပါတယ္လို႕ေျပာေနျပီးသင့္အေရွ႕မွာေတာင္တျခားမိန္းမေတြနဲ႕ေရာေနွာေနတယ္ဆိုရင္ေတာ့သူဟာသင့္ကိုဂရုမစိုက္ဘူးဆိုတာ ေပၚလြင္ေနပါျပီ။ခရက္္တစ္

unuicode,

ပါးစပ်ကနေပဲချစ်ပြပြီးတကယ်မချစ်တဲ့ယောကျာ်းတွေရဲ့အမူအကျင့်များချစ်သူတွေဆိုတာတစ်ယောက်နဲတစ်ယောက်အပြန်အလှန်ဂရုစိုက်၊နွေးထွေးကြပါတယ်။ပါးစပ်ကနေချစ်တယ်လို့တဖွဖွပြောနေပြီးလက်တွေ့မှာဂရုမစိုက်တာဟာတကယ်မချစ်လို့ဆိုတာပြောစရာတောင်မလိုပါဘူး။

သင့်ကိုသင့်ရဲ့ချစ်သူကပါးစပ်ကနေပဲချစ်ပြနေပြီးတကယ်မချစ်ဘူး၊သင်နဲ့ပတ်သက်တာတွေကိုဂရုမစိုက်ဘူးဆိုတာဒီအချက်တွေကသက်သေပါပဲ။

(၁)သင့်အတွက်အချိန်မပေးဘူးကိုယ့်ကိုချစ်တဲ့သူတစ်ယောက်ကဘယ်လောက်ပဲအလုပ်များများ ကိုယ့်အတွက်အချိန်ပေးဖို့ကြိုးစားပါတယ်၊အချိန်လည်းပေးနိုင်ပါတယ်။

အချိန်မရှိဘူး၊မအားဘူး၊ အလုပ်တွေများနေတယ်ဆိုတဲ့အကြောင်းပြချက်ဟာတကယ်မချစ်တဲ့သူ၊သူတို့ဂရုမစိုက်တဲ့သူတွေကို ပေးတတ်တဲ့ဆင်ခြေပါ။တကယ်ချစ်တဲ့သူဟာသူချစ်တဲ့သူအတွက်လိုလိုလားလားကိုအချိန်ပေးတတ်ကြပါတယ်။

(၂)အရာအားလုံးအတွက်သင့်ကိုအပြစ်တင်တတ်တယ်ချစ်တဲ့စိတ်နဲ့ကြည့်ရင် အပြစ်ရယ်လို့ မမြင်ဘဲ အရာအားလုံးကခွင့်လွှတ်ချင်စရာပါ။ မချစ်တဲ့သူအတွက်ကတော့ ဘာလုပ်လုပ်အပြစ်တွေမြင်နေမှာပါပဲ။ ဒါကြောင့် သင့်ကိုချစ်တယ်လို့ပြောပြီး သင့်ရဲ့ကောင်းကွက်တွေကိုမမြင်ဘဲ အပြစ်တွေပဲမြင်နေတဲ့သူအတွက် ခံစားနေမယ်ဆိုရင် မတန်ပါဘူး။

(၃)ဘာလုပ်လုပ်အမှန်အတိုင်းမပြောဘူးလူတစ်ယောက်ကတကယ်ချစ်မိသွားပြီဆိုရင် ဘာပဲလုပ်လုပ်သူချစ်တဲ့သူကိုတိုင်ပင်ချင်တယ်၊ ချစ်တဲ့သူရဲ့အမြင်ကိုသိချင်တယ်၊ ချစ်တဲ့သူရဲ့ထောက်ခံအားပေးမှုကိုလိုချင်ပါတယ်။

ဒါကြောင့် သင့်ကိုတကယ်ချစ်တယ်၊ဂရုစိုက်တယ်ဆိုရင်သင့်ကိုအမြဲတိုင်ပင်ပါလိမ့်မယ်။ဘာပဲလုပ်လုပ်မတိုင်ပင်ဘူး၊သင့်ကိုမသိတောင်မပေးဘူးဆိုရင်တော့သူဟာသင့်ကို ဂရုလည်းမစိုက်သလိုချစ်လည်းမချစ်ပါဘူး။

(၄)သင်ပျော်ရွှင်အောင်မလုပ်ပေးဘူးချစ်မိသွားတဲ့သူတစ်ယောက်ကသူချစ်ရတဲ့သူပျော်ရွှင်ဖို့ စဉ်းစားပေးတယ်၊ချစ်ရသူပျော်ရွှင်အောင် ဘာလုပ်ပေးရမလဲအမြဲတွေးပေးတယ်။

သူ့ဘက်ကသင်ပျော်တာမပျော်တာတွေစိတ်မဝင်စားဘူး၊သင်ပျော်အောင်လည်း တစ်ခါမှ မလုပ်ပေးဖူးဘူးဆိုရင်တော့ သင့်ကိုချစ်တယ်ဆိုတာ အလိမ်အညာတွေပဲဖြစ်ပါလိမ့်မယ်။

(၅) သင်အဆင်ပြေ၊မပြေစိတ်မဝင်စားဘူးဘယ်သူမဆိုကိုယ်ချစ်တဲ့သူကို အဆင်ပြေပျော်ရွှင်နေတာကိုပဲမြင်ချင်ကြပြီး သူ တစ်နေ့တာကိုဘယ်လိုဖြတ်သန်းလဲ တစ်နေ့တာမှာဘာတွေဖြစ်ခဲ့လဲ ….ဘယ်လိုစိတ်ညစ်စရာတွေနဲ့ကြုံနေလဲစသဖြင့်တွေးပေးတတ်ပါတယ်။

တကယ်လို့သင်အဆင်ပြေ၊မပြေစိတ်မဝင်စားဘူး၊အဆင်ပြေရဲ့လားလို့တောင်မမေးဘူး၊သင်ရင်ဖွင့်တာတွေကိုလည်းဘယ်တော့မှနားမထောင်တတ်ဘူးဆိုရင်တော့သူဟာသင့်ကိုမချစ်ပါဘူး။

(၆)တခြားမိန်းမတွေနဲ့ရောတယ်ဘယ်လောက်ပဲရှုပ်ပွေတဲ့ယောကျာ်းတစ်ယောက်ဖြစ်ပါစေ။သူတကယ်ချစ်တဲ့သူနဲ့တွေတဲ့အခါသူချစ်တဲ့သူကသူ့ကိုလူရှုပ်၊လူပွေတစ်ယောက်လို့ မြင်သွားမှာကိုစိုးရိမ်ပြီး အနေအထိုင်ဆင်ခြင်တတ်ပါတယ်။

ကိုယ်ချစ်တဲ့သူအရှေ့မှာမပြောနဲ့ကွယ်ရာမှာတောင်တခြားမိန်းမတွေနဲ့ရောတာမျိုးမလုပ်ဘဲစောင့်ထိန်းတတ်ပါတယ်သင့်ကို ချစ်ပါတယ်လို့ပြောနေပြီးသင့်အရှေ့မှာတောင်တခြားမိန်းမတွေနဲ့ရောနှောနေတယ်ဆိုရင်တော့သူဟာသင့်ကိုဂရုမစိုက်ဘူးဆိုတာ ပေါ်လွင်နေပါပြီ။ခရက်တစ်