အခ်စ္နွင့္ဘဝ

သင့္ရဲ႕အခ်စ္ေတြကို ခ်စ္သူကဘယ္ေလာက္အထိ တန္ဖိုးထားသလဲဆိုတာ သိရွိႏိုင္မယ့္ အခ်က္ ၁၀ ခ်က္

ကိုယ့္ကို ခ်စ္ၿပီးေတာ့ ကိုယ့္ရဲ႕အခ်စ္ကို ခ်စ္သူကတန္ဖိုးထားတာကို မိန္းကေလးတိုင္းေမွ်ာ္လင့္တတ္ၾကပါတယ္။ ဒါေပမယ့္ ကိုယ္ကေပးလိုက္တဲ့အခ်စ္ေတြကို သူ႔ဖက္ကတကယ္ပဲတန္ဖိုးထားရဲ႕လားဆိုတာ တိုင္းတာဖို႔အတြက္ကေတာ့ ခက္ခဲႏိုင္ပါတယ္။

တကယ္လို႔ ယခုလိုအခ်က္ေတြသာ သင့္ရဲ႕ခ်စ္သူဆီမွာ ျမင္ေတြ႕ရမယ္ဆိုရင္ သင့္ကိုသူဘယ္ေလာက္ထိ ျမတ္ျမတ္ႏိုးႏိုးတန္ဖိုးထားတယ္ဆိုတာကို သိရွိနားလည္ပါလိမ့္မယ္။

၁။ ဒီကမာၻေပၚက အျခားေယာက်္ားေတြနဲ႔ မတူတဲ့အၾကည့္နဲ႔ သင့္ကိုၾကည့္တတ္တယ္

မ်က္လုံးဟာ ႏွလုံးသားရဲ႕တံခါးေပါက္တခ်ပ္ဆိုရင္ မမွားပါဘူး။ တကယ္လို႔ သင့္ခ်စ္သူက သင့္အေပၚဘယ္လိုခံစားခ်က္မ်ိဳးရွိတယ္ဆိုတာကို သိခ်င္ရင္ေတာ့ သူ႔ရဲ႕မ်က္လုံးေတြကေနတဆင့္ ရွာေဖြ႕ဖို႔ကို အႀကံျပဳခ်င္ပါတယ္။

သူသင့္ကိုၾကည့္တဲ့အခါတိုင္း သင့္ရဲ႕ႏွလုံးသားက ေဖာ္မျပတတ္တဲ့ေႏြးေထြးတဲ့ခံစားခ်က္ေတြကို အလိုလိုခံစားေနရတယ္ဆိုရင္ သူသင့္ကိုအရမ္းတန္ဖိုးထားတာ သိသာပါတယ္။

၂။ သင့္ရဲ႕အၿပဳံးအတြက္ အရာရာကိုဂ႐ုစိုက္တတ္သူ

သင္အၿမဲတမ္းေပ်ာ္ေနတာကိုပဲ သူျမင္ခ်င္ပါတယ္။ ဒါ့ေၾကာင့္ သင္ကိုေပ်ာ္ေအာင္လုပ္ေပးဖို႔အတြက္ သူဘယ္ေလာက္ပဲအလုပ္ရႈပ္ေနပါေစ သင္ဆီကိုပုံမွန္ေရာက္ေအာင္ လာတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင္ေပ်ာ္ေနတဲ့အခါ သူေပ်ာ္ေနသလိုပဲ ခံစားရလိုပါ။

၃။ သူ႔ဘဝအတြက္ ဦးစားေပးအျဖစ္ သတ္မွတ္ထားတယ္

သင္ကသူ႔ဘဝအတြက္ ေ႐ြးခ်ယ္စရာ မဟုတ္ပါဘူး။ သူ႔ရဲ႕ဦးစားေပးဆိုတာ ေသခ်ာပါတယ္။ သူ႔ရဲ႕အလုပ္က ဘယ္ေလာက္ပဲအေရးႀကီးေနပါေစ သူ႔ရဲ႕အေတြးထဲမွာ သူကအၿမဲရွိေနတတ္ၿပီး ထိပ္ဆုံးစာရင္းမွာ ရွိေနပါလိမ့္မယ္။

၄။ သူ႔ရဲ႕စိတ္ဝင္စားမႈေတြကို ေဖာ္ျပတတ္တယ္

သူ႔ရဲ႕ဘဝထဲကို သင့္ကိုဝင္ခြင့္ေပးလိုက္တာနဲ႔အမွ် သူ႔ရဲ႕အေၾကာင္းေတြကို မွ်ေဝဖို႔ နဲ႔ သူရဲ႕အနက္ရႈိင္းဆုံးဝါသနာေတြကို သင္နဲ႔မိတ္ဆက္ေပးဖို႔ ႀကိဳးစားပါလိမ့္မယ္။

ဒါေၾကာင့္ပဲ သူဝါသနာပါတဲ့ စာအုပ္အေၾကာင္းေတြ၊ ဂီတေတြ၊ ဇာတ္ကားေတြနဲ႔ သင့္ကိုစတင္ၿပီး မိတ္ဆက္ေပးပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင္နဲ႔အရာရာပြင့္လင္းမႈရွိဖို႔ သူႀကိဳးစားခ်င္တာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

၅။ သင့္စိတ္ကိုဘယ္လိုဖတ္ရမယ္ဆိုတာ သူသိတယ္

သင့္ရဲ႕စိတ္ထဲမွာခံစားေနတဲ့ ခံစားခ်က္ေတြကို သင့္မ်က္ႏွာၾကည့္လိုက္႐ုံနဲ႔ သူကခ်က္ခ်င္းျမင္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္ကိုႏွစ္သိမ့္ဖို႔ အားေပးကူညီဖို႔နဲ႔ ေဖးမေပးဖို႔အတြက္ ေျပာစရာမလိုေအာင္ အနားမွာရွိေနတတ္ပါတယ္။

၆။ သင့္အတြက္ဆိုရင္ တကမာၻလုံးကိုေျပာျပဖို႔ ဝန္မေလးဘူး

သင္နဲ႔ လူေတြၾကားကိုသြားတဲ့အခါ သင့္ရဲ႕လက္ကိုဆုပ္ကိုင္ထားတတ္တယ္။ ၾကင္နာမႈေတြ ျပဖို႔လည္း ဝန္မေလးတတ္ဖူး။ သင့္ကိုဘယ္ေတာ့မွ အျခားသူေတြမျမင္ေအာင္ ဖုံးကြယ္ထားမွာမဟုတ္သလို

သူ႔ရဲ႕ကမာၻႀကီးထဲက သီးသန္႔ခြဲထုတ္ဖို႔အတြက္လည္း ဘယ္ေတာ့မွခြင့္ျပဳမွာမဟုတ္ပါဘူး။ သင့္အတြက္ဆိုရင္ သူမွာ ေ႐ႊတံဆိပ္ဆုတစ္ခုရရွိသလိုမ်ိဳး အျခားသူေတြကို ဂုဏ္ယူစြာနဲ႔ ျပသေနမွာပါ။

၇။ ႏွလုံးသားတစ္ခုလုံးမွာ သင့္အေၾကာင္းေတြကို ေရးထားတယ္

သင့္ကသူ႔ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုပါ။ သင္သူ႔ကိုခ်စ္တဲ့ပမာဏနဲ႔ မေလ်ာ့ေအာင္ သူသင့္ကိုတန္ဖိုးထားၿပီးခ်စ္တယ္ဆိုတာ သင္သိေအာင္ျပသတတ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕အခ်စ္ကိုေစာ္ကားသလိုျဖစ္မယ့္စကားေတြကို ဘယ္ေတာ့မွေျပာမွာမဟုတ္ပါဘူး။

၈။ သူကအေျပာသမားမဟုတ္ဖူး လက္ေတြ႕သမားပါ

သူကသင္ကိုခ်စ္ေၾကာင္းေတြ ဖြဲ႕ႏြဲ႕ၿပီး တခ်ိန္လုံးေျပာခ်င္မွေျပာပါလိမ့္မယ္။ ဒါေပမယ့္ သင္လိုအပ္ေနတဲ့အခ်ိန္ဆိုရင္ေတာ့ အၿမဲတမ္းအနားကိုေရာက္လာၿပီး ျဖည့္ဆည္းေပးတတ္ပါတယ္။

တကယ္လို႔သင္ဖ်ားေနတဲ့အခါသင့္ကိုဂ႐ုစိုက္ေပးမယ္။ သင္ဝမ္းနည္းေနတဲ့အခါ ဟာသေတြေျပာေပးမယ္၊ သင္ပင္ပန္းေနတဲ့အခါ သူကသင့္ရဲ႕ပစၥည္းေတြကိုသယ္ေပးမယ္။ သူဘာေၾကာင့္ဒါတါေကို လုပ္ေနရလဲဆိုေတာ့ သင့္ကိုအရမ္းခ်စ္လို႔ပါပဲ။

၉။ သင့္ကိုယုံၾကည္တတ္တယ္

သူ႔ကိုသင္ပစ္သြားမွာေၾကာက္တာေတြ ေျပာေနမယ့္အစား သူကသင္သူ႔ကိုသစၥာမေဖာက္ဖူးဆိုတာကို ယုံၾကည္ေနတတ္သူျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သူကိုယ္တိုင္သစၥာမေဖာက္သလို သင့္ကိုစြပ္စြဲတာေတြ၊ ခ်ိန္းေျခာက္တာေတြကို ဘယ္ေတာ့မွလုပ္မွာမဟုတ္ပါဘူး။

၁၀။ သင္နဲ႔ပတ္သတ္တဲ့အရာေတြကို စိတ္ဝင္စားမႈရွိတယ္

သင္နဲ႔ပတ္သတ္တဲ့ အရာအားလုံးကို သူကစိတ္ဝင္စားပါတယ္။ ဒါဟာသင့္ကိုမယုံၾကည္တာေၾကာင့္မဟုတ္ပဲ သင္နဲ႔ သင့္ရဲ႕ဘဝတစ္ခုလုံးကို ခ်စ္တာေတာင္မွ သူ႔အတြက္လုံေလာက္မႈမရွိေသးလို႔ပါပဲ။

LM_Naung_Naung / Lifestyle_Myanmar

Unicode,

ကိုယ့်ကို ချစ်ပြီးတော့ ကိုယ့်ရဲ့အချစ်ကို ချစ်သူကတန်ဖိုးထားတာကို မိန်းကလေးတိုင်းမျှော်လင့်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်ကပေးလိုက်တဲ့အချစ်တွေကို သူ့ဖက်ကတကယ်ပဲတန်ဖိုးထားရဲ့လားဆိုတာ တိုင်းတာဖို့အတွက်ကတော့ ခက်ခဲနိုင်ပါတယ်။

တကယ်လို့ ယခုလိုအချက်တွေသာ သင့်ရဲ့ချစ်သူဆီမှာ မြင်တွေ့ရမယ်ဆိုရင် သင့်ကိုသူဘယ်လောက်ထိ မြတ်မြတ်နိုးနိုးတန်ဖိုးထားတယ်ဆိုတာကို သိရှိနားလည်ပါလိမ့်မယ်။

၁။ ဒီကမ္ဘာပေါ်က အခြားယောကျ်ားတွေနဲ့ မတူတဲ့အကြည့်နဲ့ သင့်ကိုကြည့်တတ်တယ်

မျက်လုံးဟာ နှလုံးသားရဲ့တံခါးပေါက်တချပ်ဆိုရင် မမှားပါဘူး။ တကယ်လို့ သင့်ချစ်သူက သင့်အပေါ်ဘယ်လိုခံစားချက်မျိုးရှိတယ်ဆိုတာကို သိချင်ရင်တော့ သူ့ရဲ့မျက်လုံးတွေကနေတဆင့် ရှာဖွေ့ဖို့ကို အကြံပြုချင်ပါတယ်။

သူသင့်ကိုကြည့်တဲ့အခါတိုင်း သင့်ရဲ့နှလုံးသားက ဖော်မပြတတ်တဲ့နွေးထွေးတဲ့ခံစားချက်တွေကို အလိုလိုခံစားနေရတယ်ဆိုရင် သူသင့်ကိုအရမ်းတန်ဖိုးထားတာ သိသာပါတယ်။

၂။ သင့်ရဲ့အပြုံးအတွက် အရာရာကိုဂရုစိုက်တတ်သူ

သင်အမြဲတမ်းပျော်နေတာကိုပဲ သူမြင်ချင်ပါတယ်။ ဒါ့ကြောင့် သင်ကိုပျော်အောင်လုပ်ပေးဖို့အတွက် သူဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ သင်ဆီကိုပုံမှန်ရောက်အောင် လာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ပျော်နေတဲ့အခါ သူပျော်နေသလိုပဲ ခံစားရလိုပါ။

၃။ သူ့ဘဝအတွက် ဦးစားပေးအဖြစ် သတ်မှတ်ထားတယ်

သင်ကသူ့ဘဝအတွက် ရွေးချယ်စရာ မဟုတ်ပါဘူး။ သူ့ရဲ့ဦးစားပေးဆိုတာ သေချာပါတယ်။ သူ့ရဲ့အလုပ်က ဘယ်လောက်ပဲအရေးကြီးနေပါစေ သူ့ရဲ့အတွေးထဲမှာ သူကအမြဲရှိနေတတ်ပြီး ထိပ်ဆုံးစာရင်းမှာ ရှိနေပါလိမ့်မယ်။

၄။ သူ့ရဲ့စိတ်ဝင်စားမှုတွေကို ဖော်ပြတတ်တယ်

သူ့ရဲ့ဘဝထဲကို သင့်ကိုဝင်ခွင့်ပေးလိုက်တာနဲ့အမျှ သူ့ရဲ့အကြောင်းတွေကို မျှဝေဖို့ နဲ့ သူရဲ့အနက်ရှိုင်းဆုံးဝါသနာတွေကို သင်နဲ့မိတ်ဆက်ပေးဖို့ ကြိုးစားပါလိမ့်မယ်။

ဒါကြောင့်ပဲ သူဝါသနာပါတဲ့ စာအုပ်အကြောင်းတွေ၊ ဂီတတွေ၊ ဇာတ်ကားတွေနဲ့ သင့်ကိုစတင်ပြီး မိတ်ဆက်ပေးပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သင်နဲ့အရာရာပွင့်လင်းမှုရှိဖို့ သူကြိုးစားချင်တာကြောင့် ဖြစ်နိုင်ပါတယ်။

၅။ သင့်စိတ်ကိုဘယ်လိုဖတ်ရမယ်ဆိုတာ သူသိတယ်

သင့်ရဲ့စိတ်ထဲမှာခံစားနေတဲ့ ခံစားချက်တွေကို သင့်မျက်နှာကြည့်လိုက်ရုံနဲ့ သူကချက်ချင်းမြင်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ကိုနှစ်သိမ့်ဖို့ အားပေးကူညီဖို့နဲ့ ဖေးမပေးဖို့အတွက် ပြောစရာမလိုအောင် အနားမှာရှိနေတတ်ပါတယ်။

၆။ သင့်အတွက်ဆိုရင် တကမ္ဘာလုံးကိုပြောပြဖို့ ဝန်မလေးဘူး

သင်နဲ့ လူတွေကြားကိုသွားတဲ့အခါ သင့်ရဲ့လက်ကိုဆုပ်ကိုင်ထားတတ်တယ်။ ကြင်နာမှုတွေ ပြဖို့လည်း ဝန်မလေးတတ်ဖူး။ သင့်ကိုဘယ်တော့မှ အခြားသူတွေမမြင်အောင် ဖုံးကွယ်ထားမှာမဟုတ်သလို

သူ့ရဲ့ကမ္ဘာကြီးထဲက သီးသန့်ခွဲထုတ်ဖို့အတွက်လည်း ဘယ်တော့မှခွင့်ပြုမှာမဟုတ်ပါဘူး။ သင့်အတွက်ဆိုရင် သူမှာ ရွှေတံဆိပ်ဆုတစ်ခုရရှိသလိုမျိုး အခြားသူတွေကို ဂုဏ်ယူစွာနဲ့ ပြသနေမှာပါ။

၇။ နှလုံးသားတစ်ခုလုံးမှာ သင့်အကြောင်းတွေကို ရေးထားတယ်။

သင့်ကသူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ သင်သူ့ကိုချစ်တဲ့ပမာဏနဲ့ မလျော့အောင် သူသင့်ကိုတန်ဖိုးထားပြီးချစ်တယ်ဆိုတာ သင်သိအောင်ပြသတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့အချစ်ကိုစော်ကားသလိုဖြစ်မယ့်စကားတွေကို ဘယ်တော့မှပြောမှာမဟုတ်ပါဘူး။

၈။ သူကအပြောသမားမဟုတ်ဖူး လက်တွေ့သမားပါ

သူကသင်ကိုချစ်ကြောင်းတွေ ဖွဲ့နွဲ့ပြီး တချိန်လုံးပြောချင်မှပြောပါလိမ့်မယ်။ ဒါပေမယ့် သင်လိုအပ်နေတဲ့အချိန်ဆိုရင်တော့ အမြဲတမ်းအနားကိုရောက်လာပြီး ဖြည့်ဆည်းပေးတတ်ပါတယ်။

တကယ်လို့သင်ဖျားနေတဲ့အခါသင့်ကိုဂရုစိုက်ပေးမယ်။ သင်ဝမ်းနည်းနေတဲ့အခါ ဟာသတွေပြောပေးမယ်၊ သင်ပင်ပန်းနေတဲ့အခါ သူကသင့်ရဲ့ပစ္စည်းတွေကိုသယ်ပေးမယ်။ သူဘာကြောင့်ဒါတါကေို လုပ်နေရလဲဆိုတော့ သင့်ကိုအရမ်းချစ်လို့ပါပဲ။

၉။ သင့်ကိုယုံကြည်တတ်တယ်

သူ့ကိုသင်ပစ်သွားမှာကြောက်တာတွေ ပြောနေမယ့်အစား သူကသင်သူ့ကိုသစ္စာမဖောက်ဖူးဆိုတာကို ယုံကြည်နေတတ်သူဖြစ်ပါတယ်။ ဒါ့ကြောင့် သူကိုယ်တိုင်သစ္စာမဖောက်သလို သင့်ကိုစွပ်စွဲတာတွေ၊ ချိန်းခြောက်တာတွေကို ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး။

၁၀။ သင်နဲ့ပတ်သတ်တဲ့အရာတွေကို စိတ်ဝင်စားမှုရှိတယ်

သင်နဲ့ပတ်သတ်တဲ့ အရာအားလုံးကို သူကစိတ်ဝင်စားပါတယ်။ ဒါဟာသင့်ကိုမယုံကြည်တာကြောင့်မဟုတ်ပဲ သင်နဲ့ သင့်ရဲ့ဘဝတစ်ခုလုံးကို ချစ်တာတောင်မှ သူ့အတွက်လုံလောက်မှုမရှိသေးလို့ပါပဲ။

LM_Naung_Naung / Lifestyle_Myanmar