Unicode
နှုတ်ခမ်းနဲ့ ပါးစပ်မှာဖြစ်တက်တဲ့ အပူနာတွေအတွက် အိမ်တွင်းဆေးနည်း
ပါးစပ်မှာဖြစ်တက်တဲ့ အပူနာတွေနဲ့ပတ်သက်ပြီး ဆေးနည်းလေး မျှဝေပေးချင်ပါတယ်။လျှာ၊ သွားဖုံးနဲ့ ပါးစောင် အတွင်းပိုင်းတွေမှာ အပူနာဖြစ် တာဟာ အန္တရာယ်မရှိပေမယ့် စကား ပြောရခက်၊ ပြုံးရယ်ရခက်၊ စားသောက်ရခက်နဲ့ အတော် လေး ခံရခက်ပါတယ်။ ဒီ
အခြေ အနေက နေသက်သာဖို့အိမ်မှာ တင်လုပ်နိုင်တဲ့ နည်းလမ်းလေး တွေ ဖော်ပြလိုက်ပါတယ်။ -ရှားစောင်းလက်ပပ်ဂျယ်နဲ့ အပူနာရှိတဲ့နေရာကို တစ်နေ့နှစ် ကြိမ်လိမ်းပေးနိုင်သလို ရှား စောင်းလက်ပပ် ဖျော်ရည်စစ်စစ် နဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပလုတ်ကျင်းပေးနိုင်ပါတယ်။
ရေတစ်ခွက်ထဲကို လက် ဖက်ပင်ဆီ ဆယ်စက်ရောစပ်ပြီး တစ်နေ့နှစ်ကြိမ် ပလုတ်ကျင်းပေး နိုင်ပါတယ်။ -ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ နနွင်းမှုန့်အနည်းငယ် ရောစပ်အနှစ်လုပ်ပြီး အနာဖြစ် နေတဲ့နေရာကို သုတ်လိမ်းပေး နိုင်ပါတယ်။ -အဝါရောင်ပန်းပွင့်တဲ့ အ လေ့ကျပေါက်ပင်တစ်မျိုးဖြစ်တဲ့ ဒုဓလီပွင့်ကို ရေနွေးဆူဆူထဲမှာ ထည့်စိမ်ထားပြီး အေးသွားတဲ့ အခါ ပလုတ်ကျင်းပေးနိုင်ပါ တယ်