အိမ်ထောင်ဘက် လိုတာလား ၊ အိမ်ဖော် လိုတာလား
ယောက်ျား တစ်ယောက်က သူ့အဝတ်သူ လျှော်ဖွတ်နေတာ တွေ့ရင် လူတွေက ” မင်း မိန်းမ ယူလိုက် ပါလား၊ ကိုယ့်ဘာသာကိုယ် မလျှော်ရတော့ ဘူးပေါ့ ” လို့ပြောမယ်။ ယောက်ျား တစ်ယောက် ထမင်းဟင်း ချက်နေတာ မြင်ရင် လူတွေက ” မင်း မိန်းမ ယူလိုက် ပါလား၊ ကိုယ်တိုင် မချက်ရတော့ ဘူးပေါ့ ” လို့ ပြောမယ်။
အသက် ၃၅ နှစ် အရွယ်ရှိတဲ့ ယောက်ျား တစ်ယောက် သူ့ အတွင်းခံ သူ မလျှော်တတ်၊ သူ့ကော်ဖီသူ ဖျော်ဖို့ ရေနွေးတောင် မတည်တတ်၊ သူ့အိပ်ယာ သူတောင် မပြင်တတ်၊ သူစားပြီးသား ပန်းကန်တောင် သူ့ဘာသာ မဆေးတတ်တဲ့ အခါ သူ့အမေက ” မင်း အခြေကျဖို့ လိုနေပြီ၊ မင်းကို ဂရုစိုက် ပြုစုဖို့ မိန်းမတစ်ယောက် ယူတော့ ” လို့ ပြောမယ်။
ဒါဘယ်လို ဖြစ်တာလဲ ?
ဒီအဖြစ်တွေကို တခြား တဖက်က နားလည်ရရင် လူတွေရဲ့ စိတ်ထဲကနေ မသိမသာနဲ့ ” မိန်းမ ယူတာ ဒီအလုပ်တွေ လုပ်ဖို့ ဖြစ်တယ် ” လို့ ပြောသလို ဖြစ်နေတယ်။ သန့်ရှင်းရေးလုပ်၊ ထမင်းဟင်း ချက်ပြုတ်၊ လျှော်ဖွတ်၊ ကလေးမွေးဖို့ အတွက်သာ မိန်းမ ယူကြပါလို့ ပြောနေသလို ဖြစ်နေတယ်။
များသောအားဖြင့် မိန်းမတွေဟာ သူတို့ ချစ်တဲ့ ယောက်ျား၊ သူတို့ ချစ်တဲ့ သားသမီး အတွက် ဒါတွေကို လုပ်ပေးချင် ကြပါတယ် ။ ဒါပေမယ့် လူတွေက အဲဒီလိုတွေပဲ မြင်နေ ပြောနေတဲ့အခါ အဲဒီလို ယောက်ျားတွေဟာ အိမ်ထောင်ဖက်ကို လိုတာလား ? အိမ်ထောင်ဖက် အမည်ခံ အိမ်ဖော်ကို လိုတာလား လို့ ဝေခွဲမရ ဖြစ်လာကြတယ်။
မိန်းမတွေဟာ သူတို့ရဲ့ ရှိရင်းစွဲ အသက်ထက် ၃ ဆ ပိုပြီး ရုပ်ရင့် နေကြတာဟာ စိတ်ဖိစီးမှု များပြီး ပင်ပန်းကြရ လို့ပါ။ ယောက်ျားက TV ကြည့်ရင်း ဖုန်းသုံးနေတဲ့ အချိန်မှာ မိန်းမက အိမ်အလုပ်တွေ မနားတမ်း လုပ်နေ ရမယ် ဆိုရင် ဖြစ်သင့်ပါ့ မလား ?
ယောက်ျားတွေ ကိုယ့်ရဲ့ ပန်းကန် ကိုယ်ဆေးတာ မှားတယ် လို့ ဘယ်သူ ပြောလဲ ? ယောက်ျားတွေ ကိုယ့်အဝတ်ကိုယ် လျှော်တာ မှားတယ် လို့ ဘယ်သူ ပြောလဲ ? ယောက်ျားတွေ အိပ်ယာခင်းလဲတာ၊ စောင်ခေါက်တာ တွေက မှားတယ် လို့ကော ဘယ်သူ ပြောလဲ ?
ကိုယ်ချစ်လို့ လက်ထပ် ယူထားတဲ့ အမျိုးသမီး၊ ကိုယ်နဲ့အတူ နေနေတဲ့ ချစ်သူကို ကူညီပေးဖို့ အတွက် ဘာတွေများ အများကြီး စဉ်းစားဦး မှာလဲ?
ကလေး တစ်ယောက်လို အပြုစု အယုယ ခံချင်ရင် အိမ်ထောင်ပြုဖို့အစား သူများ မွေးစားတာ ခံလိုက်ဖို့သာ သင့်ပါတယ်။ ဒါပေမယ့် ကိုယ်ချစ်လို့၊ တန်ဖိုး ထားလို့၊ အတူနေချင်လို့ ဒီအမျိုးသမီးနဲ့ အိမ်ထောင် ပြုချင်တယ် ဆိုရင်တော့ သူ့ကို ချစ်ပါ၊ သူ့ကို ကူညီပေးပါ။
အမျိုးသမီးတွေဟာ အချစ်ခံရဖို့၊ အကြင်နာ ခံရဖို့၊ တန်ဖိုးထား စောင့်ရှောက်ခံရဖို့ ဖြစ်ပါတယ်။ လိုအပ်တဲ့ နေရာမှာပဲ သုံးဖို့ မဟုတ်ပါဘူး။ အမျိုးသားတွေလဲ အတူတူ ပါပဲ။ နှစ်ဦး နှစ်ဖက် ညီညီမျှမျှ ချစ်ခင်၊ လေးစား၊ တန်ဖိုးထား၊ ကူညီ ပေးသင့် ပါတယ် ။
Crd
for zawgyi
အိမ္ေထာင္ဘက္ လိုတာလား ၊ အိမ္ေဖာ္ လိုတာလား
ေယာက္်ား တစ္ေယာက္က သူ႔အဝတ္သူ ေလွ်ာ္ဖြတ္ေနတာ ေတြ႕ရင္ လူေတြက ” မင္း မိန္းမ ယူလိုက္ ပါလား၊ ကိုယ့္ဘာသာကိုယ္ မေလွ်ာ္ရေတာ့ ဘူးေပါ့ ” လို႔ေျပာမယ္။ ေယာက္်ား တစ္ေယာက္ ထမင္းဟင္း ခ်က္ေနတာ ျမင္ရင္ လူေတြက ” မင္း မိန္းမ ယူလိုက္ ပါလား၊ ကိုယ္တိုင္ မခ်က္ရေတာ့ ဘူးေပါ့ ” လို႔ ေျပာမယ္။
အသက္ ၃၅ ႏွစ္ အရြယ္ရိွတဲ့ ေယာက္်ား တစ္ေယာက္ သူ႔ အတြင္းခံ သူ မေလွ်ာ္တတ္၊ သူ႔ေကာ္ဖီသူ ေဖ်ာ္ဖို႔ ေရေႏြးေတာင္ မတည္တတ္၊ သူ႔အိပ္ယာ သူေတာင္ မျပင္တတ္၊ သူစားၿပီးသား ပန္းကန္ေတာင္ သူ႔ဘာသာ မေဆးတတ္တဲ့ အခါ သူ႔အေမက ” မင္း အေျခက်ဖို႔ လိုေနၿပီ၊ မင္းကို ဂ႐ုစိုက္ ျပဳစုဖို႔ မိန္းမတစ္ေယာက္ ယူေတာ့ ” လို႕ ေျပာမယ္။
ဒါဘယ္လို ျဖစ္တာလဲ ?
ဒီအျဖစ္ေတြကို တျခား တဖက္က နားလည္ရရင္ လူေတြရဲ႕ စိတ္ထဲကေန မသိမသာနဲ႔ ” မိန္းမ ယူတာ ဒီအလုပ္ေတြ လုပ္ဖို႔ ျဖစ္တယ္ ” လို႔ ေျပာသလို ျဖစ္ေနတယ္။ သန္႔ရွင္းေရးလုပ္၊ ထမင္းဟင္း ခ်က္ျပဳတ္၊ ေလွ်ာ္ဖြတ္၊ ကေလးေမြးဖို႔ အတြက္သာ မိန္းမ ယူၾကပါလို႔ ေျပာေနသလို ျဖစ္ေနတယ္။
မ်ားေသာအားျဖင့္ မိန္းမေတြဟာ သူတို႔ ခ်စ္တဲ့ ေယာက္်ား၊ သူတို႔ ခ်စ္တဲ့ သားသမီး အတြက္ ဒါေတြကို လုပ္ေပးခ်င္ ၾကပါတယ္ ။ ဒါေပမယ့္ လူေတြက အဲဒီလိုေတြပဲ ျမင္ေန ေျပာေနတဲ့အခါ အဲဒီလို ေယာက္်ားေတြဟာ အိမ္ေထာင္ဖက္ကို လိုတာလား ? အိမ္ေထာင္ဖက္ အမည္ခံ အိမ္ေဖာ္ကို လိုတာလား လို႔ ေဝခြဲမရ ျဖစ္လာၾကတယ္။
မိန္းမေတြဟာ သူတို႔ရဲ႕ ရွိရင္းစြဲ အသက္ထက္ ၃ ဆ ပိုၿပီး ႐ုပ္ရင့္ ေနၾကတာဟာ စိတ္ဖိစီးမႈ မ်ားၿပီး ပင္ပန္းၾကရ လို႔ပါ။ ေယာက္်ားက TV ၾကည့္ရင္း ဖုန္းသံုးေနတဲ့ အခ်ိန္မွာ မိန္းမက အိမ္အလုပ္ေတြ မနားတမ္း လုပ္ေန ရမယ္ ဆိုရင္ ျဖစ္သင့္ပါ့ မလား ?
ေယာက္်ားေတြ ကိုယ့္ရဲ႕ ပန္းကန္ ကိုယ္ေဆးတာ မွားတယ္ လို႔ ဘယ္သူ ေျပာလဲ ? ေယာက္်ားေတြ ကိုယ့္အဝတ္ကိုယ္ ေလွ်ာ္တာ မွားတယ္ လို႔ ဘယ္သူ ေျပာလဲ ? ေယာက္်ားေတြ အိပ္ယာခင္းလဲတာ၊ ေစာင္ေခါက္တာ ေတြက မွားတယ္ လို႔ေကာ ဘယ္သူ ေျပာလဲ ?
ကိုယ္ခ်စ္လို႔ လက္ထပ္ ယူထားတဲ့ အမ်ဳိးသမီး၊ ကိုယ္နဲ႔အတူ ေနေနတဲ့ ခ်စ္သူကို ကူညီေပးဖို႔ အတြက္ ဘာေတြမ်ား အမ်ားႀကီး စဥ္းစားဦး မွာလဲ?
ကေလး တစ္ေယာက္လို အျပဳစု အယုယ ခံခ်င္ရင္ အိမ္ေထာင္ျပဳဖို႕အစား သူမ်ား ေမြးစားတာ ခံလိုက္ဖို႔သာ သင့္ပါတယ္။ ဒါေပမယ့္ ကိုယ္ခ်စ္လို႔၊ တန္ဖိုး ထားလို႔၊ အတူေနခ်င္လို႔ ဒီအမ်ဳိးသမီးနဲ႕ အိမ္ေထာင္ ျပဳခ်င္တယ္ ဆိုရင္ေတာ့ သူ႔ကို ခ်စ္ပါ၊ သူ႔ကို ကူညီေပးပါ။
အမ်ဳိးသမီးေတြဟာ အခ်စ္ခံရဖို႔၊ အၾကင္နာ ခံရဖို႔၊ တန္ဖိုးထား ေစာင့္ေရွာက္ခံရဖို႕ ျဖစ္ပါတယ္။ လိုအပ္တဲ့ ေနရာမွာပဲ သံုးဖို႔ မဟုတ္ပါဘူး။ အမ်ဳိးသားေတြလဲ အတူတူ ပါပဲ။ ႏွစ္ဦး ႏွစ္ဖက္ ညီညီမွ်မွ် ခ်စ္ခင္၊ ေလးစား၊ တန္ဖိုးထား၊ ကူညီ ေပးသင့္ ပါတယ္ ။
Crd