ဗဟုသုတ

ပြင်သစ်နိုင်ငံက ကလေးတွေ လိမ္မာယဉ်ကျေးပီး ဉာဏ်ကောင်းနေရတဲ့ လျှို့ဝှက်ချက် (၉) ခု

ပြင်သစ်နိုင်ငံ ကလေးတွေက ယဉ်ကျေးတယ်၊ ဉာဏ်ကောင်းတယ်၊ သွက်လက်တယ် ဆိုတာကို လူတော်တော်များများ သတိထားမိကြ ပါတယ်။ ပြင်သစ်မှာ ကလေးတွေ ဇီဇာကြောင်ပြီး ဆိုးတာကို တွေ့ရခဲပါတယ်။ ကလေးတွေက အစားလည်း ကြေးမများဘဲ အိမ်နီးနားချင်းတွေ ကိုလည်း ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်တတ် ကြပါတယ်။ ပြင်သစ် အမျိုးသမီးတွေက ကလေးထိန်းကျောင်းနည်း အကြောင်းတွေကို ပြောပြထား ပါတယ်။

၁။ ကလေး တစ်နှစ်အရွယ်

 

ပြင်သစ်နိုင်ငံက ငယ်ရွယ်တဲ့ အမျိုးသမီးတွေက ကလေးမွေးပြီးရင် 10 ပတ်ထက် ပိုပြီး အိမ်မှာ မနေပါဘူး။ အလုပ်ပြန်ဝင် ကြပါတယ်။ အိမ်မှာနေရင် ကုန်ကျစရိတ် ပိုများတယ်လို့ ယူဆလို့ပါ။ ဥပဒေ အစ ကလေးမွေးပြီး 10 ပတ် အကြာအထိ ကလေးကို ပြုစုခွင့် ရှိပါတယ်။ မီးဖွားခွင့် ကုန်ဆုံးတဲ့ အခါ ကလေးကို နေ့ကလေးထိန်း ဌာနကို ပို့လိုက်ပါတယ်။ ကလေးတွေက ငယ်ငယ်ကတည်းက လူသစ်၊ ပတ်ဝန်းကျင်အသစ်နဲ့ ကြီးပြင်းလာရတဲ့ အခါ ပတ်ဝန်းကျင်မဲ့ ညှိယူနေထိုင်တတ် သွားပြီး ဘဝမှာလည်း အမှီအခို ကင်းကင်း နေတတ်သွားပါတယ်။

၂။ ပြင်သစ်နိုင်ငံက ကလေးတွေက အိပ်ရာခွဲပြီး အိပ်ကြပါတယ်။

 

ကလေးက ညဘက်မှာ နိုးပြီး ငိုလာရင် အမေက လာပြီး ခဏစောင့်ပေး ပါတယ်။ နောက်ညတွေ ရောက်တော့ ကလေးက တစ်ယောက်တည်း အိပ်တတ်တာ အကျင့် ပါသွားပါတယ်။

 

၃။ ကလေးတွေကို လွတ်လွတ် လပ်လပ် လှုပ်ရှားခွင့်၊ ကစားခွင့် ပေးထားပါတယ်။

 

ပြင်သစ်မိဘတွေက ကလေးတွေကို သူတို့ဆော့နိုင်သမျှ ဆော့အောင် လွတ်လပ်ခွင့် ပေးထားပါတယ်။ ကစားကွင်းမှာ မိဘနဲ့ ကလေးအတူ ဆော့နေတာမျိုးကို တွေ့ရခဲ ပါတယ်။ ကလေး အချင်းချင်း ရန်ဖြစ်ရင် မိဘတွေ ဝင်ရောက် စွက်ဖက်တာမျိုး မလုပ်ပါဘူး။ သူတို့ ပြဿနာကို သူတို့ဘာသာ ဖြေရှင်းနိုင်အောင် ခွင့်ပြုထားပါတယ်။ ပြင်သစ်မိဘတွေက ကလေးတွေကို ရိုးရိုးသားသား စနောက်တာနဲ့ အပြုအမူ ရိုင်းစိုင်းတာကို ကွဲပြားအောင် သင်ပေးထား ပါတယ်။ အမူအရာ ရိုင်းစိုင်းရင်တော့ အပြစ်ပေး ခံရပါတယ်။

၄။ အဘိုးအဘွားတွေက ကလေးမထိန်းပါဘူး။

 

မိသားစု တွေ့ဆုံပွဲကို အားလပ်ရက်၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ အမြဲ ပြုလုပ်ပါတယ်။ မိသားစု တွေ့ဆုံပွဲမှာ အဘိုး အဘွားတွေက ကော်ဖီတွေ၊ ဝိုင်တွေပဲ သောက်နေ တတ်ပြီး မြေးတွေကို သိပ်မထိန်းပါဘူး။

၅။ ပြင်သစ်မှာ ကလေးအစားအစာ ဆိုပြီး သီးသန့် မရှိပါဘူး။

 

ပြင်သစ်လူနေမှု ဘဝမှာ အစားအသောက်က အရေးကြီးဆုံး အစိတ်အပိုင်း ပါပဲ။ နေ့လယ်စာကို နှစ်နာရီကြာအောင် စားပါတယ်။ တရက်ကို အနည်းဆုံး တခါတော့ ထမင်းလက်ဆုံ စားသင့်တယ်လို့ ပြင်သစ်တွေက ခိုင်ခိုင်မာမာ ယူဆကြပါတယ်။

 

ကလေးတွေနဲ့ လူကြီးတွေက အစားအစာ တစ်မျိုးတည်းကိုပဲ အတူတူ စားကြပါတယ်။ ကလေးစားတဲ့ အစားအစာ ဆိုပြီး ခွဲမထားပါဘူး။ ကလေးတွေ မကြိုက်တဲ့ အစားအစာတွေ ကိုတော့ မကျွေးပါဘူး။ အနည်းဆုံး စားချင်တာကိုတော့ မိဘတွေကို တောင်းဆိုလို့ ရပါတယ်။

၆။ ကိုယ်အမူအရာ ယဉ်ကျေးခြင်းက အများကြီး အဓိပ္ပါယ် သက်ရောက်မှု ရှိပါတယ်။

 

ပြင်သစ်ကလေးတွေက ဧည့်သည်တွေနဲ့ အိမ်နီးနားချင်းတွေကို နှုတ်ဆက်တတ်တဲ့ အလေ့အကျင့် ရှိပါတယ်။ တန်းစီစောင့်တတ်တဲ့ အကျင့်လည်း ရှိပါတယ်။ ဘတ်စ်ကားပေါ်မှာ သက်ကြီးရွယ်အို ပါလာရင် ထိုင်ခုံနေရာ ဖယ်ပေးပါတယ်။ ” ကျေးဇူးတင်ပါတယ်၊ ကောင်းသောနေ့ပါ၊ ရပါတယ်၊ ပြန်လိုက်ပါဦးမယ် ” ဆိုတဲ့ အရေးကြီးတဲ့၊ ယဉ်ကျေးတဲ့ စကားလေးခွန်းကို ငယ်ငယ်လေး ကတည်းကနေ သင်ကြားပေးထားပါတယ်။

၇။ ကလေးတွေကို အိမ်မှာ စာမသင်ပေးပါဘူး။

 

ကလေးအများစုက အသက် 5 နှစ် အထိ စာမဖတ်တတ် သေးပါဘူး။ စိတ်ကူးကောင်းတွေရဖို့၊ ကမ္ဘာကြီးကို စူးစမ်းဖို့ အတွက် ကလေးဘဝက အကောင်းဆုံးပါ။ ကလေးတွေကို ငယ်ရွယ်တဲ့ အချိန်မှာ ယဉ်ကျေးဖို့၊ တာဝန်ယူစိတ် ရှိဖို့ သင်ပေးထား ပါတယ်။ ကလေး အသက် 6 နှစ်လောက် ရောက်မှ စာဖတ်ဖို့၊ သင်္ချာတွက်ဖို့ သင်ပေးပါတယ်။

 

၈။ တနင်္ဂနွေနေ့မှာ မိသားစုနဲ့ပဲ အချိန်ကုန်ကြပါတယ်။

 

 

တနင်္ဂနွေနေ့က ပန်းခြံကို ပျော်ပွဲစားထွက်ဖို့၊ အကင်စားဖို့၊ စက်ဘီးစီးဖို့ အကောင်းဆုံးရက် ပါပဲ။ ပြင်သစ် လူမျိုးတွေက တနင်္ဂနွေနေ့ကို အလေးထားပြီး မိသားစုနဲ့ အတူ အချိန်ကို အကျိုးရှိရှိ ကုန်ဆုံးကြပါတယ်။

၉။ ကလေးတွေက မုန့်ဖိုးရကြပါတယ်။

 

 

ဈေးဝယ်နေတဲ့ အချိန်မှာဆိုရင် ကလေးတွေက ငြိမ်ငြိမ်လေးနေပြီး ဟိုဟာဝယ်ပေး၊ ဒီဟာဝယ်ပေး ဆိုပြီး မပူဆာတတ်ကြ ပါဘူး။ ကလေးတွေက အသက် 7 နှစ် အရွယ်မှာ မုန့်ဖိုး စရပြီး ကြိုက်တာဝယ်ဖို့ ခွင့်ပြုထား ပါတယ်။ လစဉ်ရတဲ့ မုန့်ဖိုးဟာ ကလေးရဲ့ အသက်နဲ့ အမြဲ ညီမျှ ပါတယ်။

Zombie (Lovemedia)

for zawgyi

ျပင္သစ္ႏိုင္ငံက ကေလးေတြ လိမၼာယဥ္ေက်းပီး ဉာဏ္ေကာင္းေနရတဲ့ လွ်ိဳ႕ဝွက္ခ်က္ (၉) ခု

ျပင္သစ္ႏိုင္ငံ ကေလးေတြက ယဥ္ေက်းတယ္၊ ဉာဏ္ေကာင္းတယ္၊ သြက္လက္တယ္ ဆိုတာကို လူေတာ္ေတာ္မ်ားမ်ား သတိထားမိၾက ပါတယ္။ ျပင္သစ္မွာ ကေလးေတြ ဇီဇာေၾကာင္ၿပီး ဆိုးတာကို ေတြ႕ရခဲပါတယ္။ ကေလးေတြက အစားလည္း ေၾကးမမ်ားဘဲ အိမ္နီးနားခ်င္းေတြ ကိုလည္း ယဥ္ယဥ္ေက်းေက်း ႏႈတ္ဆက္တတ္ ၾကပါတယ္။ ျပင္သစ္ အမ်ိဳးသမီးေတြက ကေလးထိန္းေက်ာင္းနည္း အေၾကာင္းေတြကို ေျပာျပထား ပါတယ္။

၁။ ကေလး တစ္ႏွစ္အ႐ြယ္

ျပင္သစ္ႏိုင္ငံက ငယ္႐ြယ္တဲ့ အမ်ိဳးသမီးေတြက ကေလးေမြးၿပီးရင္ 10 ပတ္ထက္ ပိုၿပီး အိမ္မွာ မေနပါဘူး။ အလုပ္ျပန္ဝင္ ၾကပါတယ္။ အိမ္မွာေနရင္ ကုန္က်စရိတ္ ပိုမ်ားတယ္လို႔ ယူဆလို႔ပါ။ ဥပေဒ အစ ကေလးေမြးၿပီး 10 ပတ္ အၾကာအထိ ကေလးကို ျပဳစုခြင့္ ရွိပါတယ္။ မီးဖြားခြင့္ ကုန္ဆုံးတဲ့ အခါ ကေလးကို ေန႔ကေလးထိန္း ဌာနကို ပို႔လိုက္ပါတယ္။ ကေလးေတြက ငယ္ငယ္ကတည္းက လူသစ္၊ ပတ္ဝန္းက်င္အသစ္နဲ႔ ႀကီးျပင္းလာရတဲ့ အခါ ပတ္ဝန္းက်င္မဲ့ ညႇိယူေနထိုင္တတ္ သြားၿပီး ဘဝမွာလည္း အမွီအခို ကင္းကင္း ေနတတ္သြားပါတယ္။

၂။ ျပင္သစ္ႏိုင္ငံက ကေလးေတြက အိပ္ရာခြဲၿပီး အိပ္ၾကပါတယ္။

ကေလးက ညဘက္မွာ ႏိုးၿပီး ငိုလာရင္ အေမက လာၿပီး ခဏေစာင့္ေပး ပါတယ္။ ေနာက္ညေတြ ေရာက္ေတာ့ ကေလးက တစ္ေယာက္တည္း အိပ္တတ္တာ အက်င့္ ပါသြားပါတယ္။

၃။ ကေလးေတြကို လြတ္လြတ္ လပ္လပ္ လႈပ္ရွားခြင့္၊ ကစားခြင့္ ေပးထားပါတယ္။

ျပင္သစ္မိဘေတြက ကေလးေတြကို သူတို႔ေဆာ့ႏိုင္သမွ် ေဆာ့ေအာင္ လြတ္လပ္ခြင့္ ေပးထားပါတယ္။ ကစားကြင္းမွာ မိဘနဲ႔ ကေလးအတူ ေဆာ့ေနတာမ်ိဳးကို ေတြ႕ရခဲ ပါတယ္။ ကေလး အခ်င္းခ်င္း ရန္ျဖစ္ရင္ မိဘေတြ ဝင္ေရာက္ စြက္ဖက္တာမ်ိဳး မလုပ္ပါဘူး။ သူတို႔ ျပႆနာကို သူတို႔ဘာသာ ေျဖရွင္းႏိုင္ေအာင္ ခြင့္ျပဳထားပါတယ္။ ျပင္သစ္မိဘေတြက ကေလးေတြကို ႐ိုး႐ိုးသားသား စေနာက္တာနဲ႔ အျပဳအမူ ႐ိုင္းစိုင္းတာကို ကြဲျပားေအာင္ သင္ေပးထား ပါတယ္။ အမူအရာ ႐ိုင္းစိုင္းရင္ေတာ့ အျပစ္ေပး ခံရပါတယ္။

၄။ အဘိုးအဘြားေတြက ကေလးမထိန္းပါဘူး။

မိသားစု ေတြ႕ဆုံပြဲကို အားလပ္ရက္၊ စေန၊ တနဂၤေႏြေန႔ေတြမွာ အၿမဲ ျပဳလုပ္ပါတယ္။ မိသားစု ေတြ႕ဆုံပြဲမွာ အဘိုး အဘြားေတြက ေကာ္ဖီေတြ၊ ဝိုင္ေတြပဲ ေသာက္ေန တတ္ၿပီး ေျမးေတြကို သိပ္မထိန္းပါဘူး။

၅။ ျပင္သစ္မွာ ကေလးအစားအစာ ဆိုၿပီး သီးသန႔္ မရွိပါဘူး။

ျပင္သစ္လူေနမႈ ဘဝမွာ အစားအေသာက္က အေရးႀကီးဆုံး အစိတ္အပိုင္း ပါပဲ။ ေန႔လယ္စာကို ႏွစ္နာရီၾကာေအာင္ စားပါတယ္။ တရက္ကို အနည္းဆုံး တခါေတာ့ ထမင္းလက္ဆုံ စားသင့္တယ္လို႔ ျပင္သစ္ေတြက ခိုင္ခိုင္မာမာ ယူဆၾကပါတယ္။ ကေလးေတြနဲ႔ လူႀကီးေတြက အစားအစာ တစ္မ်ိဳးတည္းကိုပဲ အတူတူ စားၾကပါတယ္။ ကေလးစားတဲ့ အစားအစာ ဆိုၿပီး ခြဲမထားပါဘူး။ ကေလးေတြ မႀကိဳက္တဲ့ အစားအစာေတြ ကိုေတာ့ မေကြၽးပါဘူး။ အနည္းဆုံး စားခ်င္တာကိုေတာ့ မိဘေတြကို ေတာင္းဆိုလို႔ ရပါတယ္။

၆။ ကိုယ္အမူအရာ ယဥ္ေက်းျခင္းက အမ်ားႀကီး အဓိပၸါယ္ သက္ေရာက္မႈ ရွိပါတယ္။

ျပင္သစ္ကေလးေတြက ဧည့္သည္ေတြနဲ႔ အိမ္နီးနားခ်င္းေတြကို ႏႈတ္ဆက္တတ္တဲ့ အေလ့အက်င့္ ရွိပါတယ္။ တန္းစီေစာင့္တတ္တဲ့ အက်င့္လည္း ရွိပါတယ္။ ဘတ္စ္ကားေပၚမွာ သက္ႀကီး႐ြယ္အို ပါလာရင္ ထိုင္ခုံေနရာ ဖယ္ေပးပါတယ္။ ” ေက်းဇူးတင္ပါတယ္၊ ေကာင္းေသာေန႔ပါ၊ ရပါတယ္၊ ျပန္လိုက္ပါဦးမယ္ ” ဆိုတဲ့ အေရးႀကီးတဲ့၊ ယဥ္ေက်းတဲ့ စကားေလးခြန္းကို ငယ္ငယ္ေလး ကတည္းကေန သင္ၾကားေပးထားပါတယ္။

၇။ ကေလးေတြကို အိမ္မွာ စာမသင္ေပးပါဘူး။

ကေလးအမ်ားစုက အသက္ 5 ႏွစ္ အထိ စာမဖတ္တတ္ ေသးပါဘူး။ စိတ္ကူးေကာင္းေတြရဖို႔၊ ကမာၻႀကီးကို စူးစမ္းဖို႔ အတြက္ ကေလးဘဝက အေကာင္းဆုံးပါ။ ကေလးေတြကို ငယ္႐ြယ္တဲ့ အခ်ိန္မွာ ယဥ္ေက်းဖို႔၊ တာဝန္ယူစိတ္ ရွိဖို႔ သင္ေပးထား ပါတယ္။ ကေလး အသက္ 6 ႏွစ္ေလာက္ ေရာက္မွ စာဖတ္ဖို႔၊ သခ်ၤာတြက္ဖို႔ သင္ေပးပါတယ္။

၈။ တနဂၤေႏြေန႔မွာ မိသားစုနဲ႔ပဲ အခ်ိန္ကုန္ၾကပါတယ္။

တနဂၤေႏြေန႔က ပန္းၿခံကို ေပ်ာ္ပြဲစားထြက္ဖို႔၊ အကင္စားဖို႔၊ စက္ဘီးစီးဖို႔ အေကာင္းဆုံးရက္ ပါပဲ။ ျပင္သစ္ လူမ်ိဳးေတြက တနဂၤေႏြေန႔ကို အေလးထားၿပီး မိသားစုနဲ႔ အတူ အခ်ိန္ကို အက်ိဳးရွိရွိ ကုန္ဆုံးၾကပါတယ္။

၉။ ကေလးေတြက မုန႔္ဖိုးရၾကပါတယ္။

ေဈးဝယ္ေနတဲ့ အခ်ိန္မွာဆိုရင္ ကေလးေတြက ၿငိမ္ၿငိမ္ေလးေနၿပီး ဟိုဟာဝယ္ေပး၊ ဒီဟာဝယ္ေပး ဆိုၿပီး မပူဆာတတ္ၾက ပါဘူး။ ကေလးေတြက အသက္ 7 ႏွစ္ အ႐ြယ္မွာ မုန႔္ဖိုး စရၿပီး ႀကိဳက္တာဝယ္ဖို႔ ခြင့္ျပဳထား ပါတယ္။ လစဥ္ရတဲ့ မုန႔္ဖိုးဟာ ကေလးရဲ႕ အသက္နဲ႔ အၿမဲ ညီမွ် ပါတယ္။

Zombie (Lovemedia)