အိမ်ထဲက အပြင်မထွက်ရဘဲ ဗိုက်တာမင်ဒီ လုံလောက်စေဖို့
အရိုး နဲ့ ကြွက်သားကျန်းမာရေးကောင်းဖို့အတွက် ဗိုက်တာမင်ဒီဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဗိုက်တာမင်ဒီကို နေဆာလှုံရင်းနဲ့ သဘာဝအလျောက် ရရှိနိုင်ပါတယ်။ အခုလို အိမ်တွင်းအောင်းတဲ့ကာလတွေမှာ အပြင်ထွက်ပြီး နေရောင်ခြည်အောက် တစ်နေ့ တစ်နာရီလောက် လမ်းလျှောက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီတော့ အိမ်ထဲမှာ နေရင်းနဲ့ ဗိုက်တာမင်ဒီဓါတ် ပြည့်ဝစေမယ့် နည်းလမ်းလေးတွေ ညွှန်းချင်ပါတယ်။
(၁) နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ
နေ့စဉ်ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်းဟာ ဗိုက်တာမင်ဒီ ထုတ်လုပ်မှုမှာ အထောက်အကူဖြစ်ပါတယ်။
(၂) ကယ်လ်ဆီယမ်ပြည့်ဝပါစေ
ဗိုက်တာမင်ဒီနဲ့ ကယ်လ်ဆီယမ်တို့ဟာ အရိုးကျန်းမာစေဖို့ အတူတူ အကျိုးပေးပါတယ်။ ကယ်လ်ဆီယမ်ကိုတော့ နို့ထွက်ပစ္စည်းတွေ ၊ ငါး ၊ တို့ဖူးနဲ့ အယ်လ်မွန်စေ့တွေ စားပေးရင် ရမှာ ဖြစ်ပါတယ်။
(၃) ဗိုက်တာမင်ဒီ ကြွယ်ဝတဲ့ အစားအစာစားပါ
ဗိုက်တာမင်ဒီ အားကောင်းဖို့အတွက် ဥအမျိုးမျိုး ၊ အသည်း နဲ့ အဆီများနဲ့ငါးတွေ စားပေးဖို့ လိုပါတယ်။ တစ်ချို့ မာဂျရင်းနဲ့ အဆီနည်း နို့တွေမှာလည်း ဗိုက်တာမင်ဒီ ပါဝင်ပါတယ်။ တစ်ခုရှိတာက အစားအစာဟာ ကိုယ်ခန္ဓာဗိုက်တာမင်ဒီ လိုအပ်ချက်ရဲ့ ၁၀% နှုန်းလောက်ပဲ ပံ့ပိုးပေးနိုင်လို့ အစားအစာတစ်ခုတည်းနဲ့ ဗိုက်တာမင်ဒီပြည့်ဝဖို့ မလွယ်ပါဘူး။
(၄) ဆရာဝန်ဆီက အကြံယူပါ
တကယ်လို့ ဗိုက်တာမင်ဒီ မလုံလောက်ဘူးလို့ ထင်တယ်ဆိုရင် ဖြည့်စွက်ဆေးဝါးတွေ စားဖို့ ဆရာဝန်ဆီက အကြံယူသင့်ပါတယ်။