အခ်စ္နွင့္ဘဝ
သင့်ကိုသူက အပျင်းပြေ အကဲလာစမ်းတာလားဆိုတာ သိနိုင်မယ့်အချက် (၅) ချက်
penny
Unicode,
သင့်ကိုသူက အပျင်းပြေ အကဲလာစမ်းတာလားဆိုတာ သိနိုင်မယ့်အချက် (၅) ချက်
အခုလိုအချိန်မျိုးက အကုန်လုံး အချိန်ပိုတွေ များနေပြီး ဘာမှလည်းလုပ်စရာမရှိတာကြောင့် အွန်လိုင်းပေါ်မှာပဲ အချိန်ကုန်နေကြတာ အားလုံးအသိပါပဲ။
အကုန်လုံးက အိမ်မှာပဲ နေရတဲ့ကာလအတွင်း အထီးကျန်ပြီး ပျင်းတာကြောင့် စကားပြောဖော်ရှာလာတတ်ကြပါတယ်။ ဒါကို အချစ်နဲ့ အထင်မှားတတ်ကြပါတယ်။
ဆိုတော့.. အွန်လိုင်းကနေတစ်ဆင့် သင့်ကို ကြိုက်တယ်လို့ လာပြောတဲ့ ကောင်လေးတွေလည်း ရှိမှာပဲ။
ကဲ ဒါဆို သူကသင့်ကို တကယ်စိတ်ဝင်စားလို့ လာကြိုက်တာလား၊ ဒါမှမဟုတ် qurantine-bored-text တွေလားဆိုတာ ဒီအချက် (၅) ချက်တည်းနဲ့ စမ်းစစ်ကြည့်ရအောင်။
(၁) ညသန်းခေါင်မှ ပေါ်လာမယ်
တစ်နေကုန် အလုပ်ရှိလို့ ညမှစကားအေးဆေးပြောဖြစ်တာမျိုးကို ပြောတာမဟုတ်ဘူးနော်။ တစ်နေကုန် စာတစ်ကြောင်း၊ ဖုန်းတစ်ကောတောင်မဆက်ဘဲ ညကြီးသန်းခေါင်မှထပြီး “မအိပ်သေးဘူးလား” ဆိုတာမျိုးကတော့ သူအိပ်လည်းမပျော်၊ ဘာမှလည်း လုပ်စရာမရှိဘဲ ပျင်းနေတာကြောင့် စကားလာပြောတယ်ဆိုတာ အသိသာကြီးပါ။
(၂) သူပြောချင်ရာပဲပြောမယ်
တကယ်သဘောကျတဲ့လူဆိုရင် သင့်အကြောင်းကို သိအောင် ကြိုးစားမှာပဲ။ သင်ဘာကြိုက်တတ်တယ်၊ သင့်ရဲ့စိတ်နေစိတ်ထားဘယ်လိုရှိတယ် စတာတွေဟာ အခုလို အိမ်ထဲမှာပဲ နေနေရတဲ့အချေိန်မှာဆိုတာ့ စကားလုံးတွေကတစ်ဆင့်ပဲ ပုံဖော်ကြည့်ရမှာပဲလေ။
ဒါကိုတောင် သင့်အကြောင်းလည်း မသိချင်ဘူး၊ သူ့အကြောင်းလည်း မပြောဘဲ ကြိုက်တယ်ပဲပြောနေမယ်၊ တခြားအကြောင်းတွေပဲ ပြောနေမယ်ဆိုရင်တော့ ပုံမကျတော့ပါဘူး။
(၃) အားထုတ်မှုကို မခံစားရဘူး
ကိုယ့်ကို ကြိုက်တယ်၊ ချစ်တယ်သာ ပြောနေတာ သူ့ကဖက်က ကိုယ့်ကို အားစိုက်ထုတ်မှု လုံးဝမရှိဘူး။ သူတို့ပုံစံက ရတော့လည်း အမြတ်၊ မရတော့လည်း အရင်းဆိုတဲ့ ပုံစံမျိုးပေါ့။
ဒါကို မိန်းကလေးတွေတော်တော်များများ စိတ်ခံစားချက်အရ သိကြမှာပါ။
(၄) ပျောက်ပျောက်သွားတတ်တယ်
နေ့တိုင်းစကားမပြောတော့ဘဲနဲ့ တစ်ခါတစ်လေကျရင် ၃၊ ၄ ရက်လောက် အကြောင်းရင်းမရှိဘဲ ပေျာက်သွားတတ်တယ်။ ပြီး မှ ပြန်ပေါ်လာပြီး ဘာမှမဟုတ်သလို စကားရောဖောသောနဲ့ စကားတွေပြန်လာပြောနေမယ်ဆိုရင် သိလိုက်ပါတော့။ သင်ဟာ သူ့ရဲ့ အပျင်းပြေစကားပြောဖော်ပဲဆိုတာ။
(၅) သင်ချေလိုက်ရင် ပေါ်မလာတော့ဘူး
သင့်ကို တကယ်ကြိုက်တဲ့လူဆိုတာ တစ်ခါလေး ချေလိုက်တာနဲ့ သင့်အနားကနေ ပစ်ပစ်ခါခါထွက်သွားမှာမဟုတ်ပါဘူး။
အနည်းဆုံးတော့ သင့်ကို ဖြေရှင်းချက်တောင်းပြီး သူ့ကို ပြန်ပြီးမကြိုက်နိုင်တာ သေချာလားဆိုတာကို သိအောင် အေးအေေးဆေးဆေး စကားပြောမှာပါ။ ဒါကြောင့် တစ်ခါလေး ချေချလိုက်ရုံနဲ့ သင့်အနားကနေ ပျောက်သွားမယ်ဆိုရင်တော့ သူ့ကို အဖတ်မလုပ်ပါနဲ့တော့။
penny