အခ်စ္နွင့္ဘဝ

ဒီအခ်က္ေလးေတြကို လစ္လ်ဴမရႈတတ္ဘူးဆိုရင္ေတာ့ သူဟာ ခ်စ္သူေကာင္းတစ္ေယာက္ပါ

ဒီအခ်က္ေလးေတြကို လစ္လ်ဴမရႈတတ္ဘူးဆိုရင္ေတာ့ သူဟာ ခ်စ္သူေကာင္းတစ္ေယာက္ပါ

တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ခ်စ္ေနတိုင္းလည္း သူဟာ ကိုယ့္အတြက္ ခ်စ္သူေကာင္းတစ္ေယာက္လို႔ သတ္မွတ္လို႔ မရပါဘူး။

သူက ကိုယ့္အေပၚ တကယ္ေကာင္းတဲ့ ခ်စ္သူေကာင္း တစ္ေယာက္ဆိုရင္ေတာ့ ဒီလိုအေျခအေနမ်ိဳးမွာ ဘယ္ေတာ့မွ လိုက္လ်ဴရႈေလ့ မရွိပါဘူးေနာ္။

သင္ ဒုကၡေရာက္ေနတဲ့ အခ်ိန္

သူသာ သင့္အတြက္ ခ်စ္သူေကာင္းတစ္ေယာက္ ျဖစ္ခဲ့မယ္ဆိုရင္ သင္ဒုကၡေရာက္ေနတဲ့ အခ်ိန္မွာေတာင္ သင့္လက္ကို ျဖဳတ္ခ်ပစ္ခဲ့မွာ မဟုတ္ပါဘူး။

တကယ္လို႔ အဆင္ေျပေနတဲ့ သင့္ကိုသာ ခ်စ္ၿပီး ဒုကၡေရာက္ေနခ်ိန္ မခ်စ္ခ်င္ေတာ့ဘူးဆိုရင္ေတာ့ သူအခ်စ္က သင့္အတြက္ အတုအေယာင္ျဖစ္ေနလို႔ပါေနာ္။

တကယ္ေတာ့ ခ်စ္သူေကာင္းေတြဆိုတာ ဘယ္လိုအေျခအေနမ်ိဳးမွာပဲ ျဖစ္ျဖစ္ ကိုယ့္အတြက္ ရွိေနေပးတတ္သူပဲ ျဖစ္ပါတယ္။

သင္လိုအပ္ေနတဲ့ အခ်ိန္

လူတိုင္းမွာ စိတ္ညစ္စရာ၊ စိတ္ရႈပ္စရာေတြကို ရင္ဖြင့္ေျပာျပခ်င္တဲ့ အခ်ိန္ဆိုတာ ရွိတတ္ပါတယ္။

ေနာက္ၿပီး လူေတြက အရမ္းစိတ္ပင္ပန္းေနတဲ့အခ်ိန္မွာ ကိုယ္ခ်စ္ရတဲ့သူရဲ႕ ေဖးမမႈကိုပဲ လိုခ်င္တတ္ၾကတာပါ။

ဒီလို ကိုယ့္ရဲ႕ နာက်င္ဝမ္းနည္းစရာ ဇတ္လမ္းေတြကို ေျပာျပဖို႔ လိုအပ္ေနတဲ့အခ်ိန္မွာ သင့္ေဘးမွာ ရွိေနေပးတတ္တဲ့သူဟာ ခ်စ္သူေကာင္း တစ္ေယာက္ျဖစ္လို႔ပါပဲ။

သင္ဘာေတြပဲ ခံစားေနရပါေစ ဂ႐ုမစိုက္ဘူးဆိုရင္ေတာ့ သူ႔ကို ခ်စ္သူေကာင္းအျဖစ္ မသတ္မွတ္ႏိုင္ပါဘူး။

သင့္ရဲ႕ စစ္မွန္တဲ့ ဘဝအေျခအေန

လူတစ္ေယာက္က ဘယ္ေလာက္ပဲ ၿပီးျပည့္စုံတဲ့သူ ျဖစ္ေနပါေစ အဲဒီ့လူမွာ ခ်ိဳ႕ယြင္းခ်က္ဆိုတာေတာ့ ရွိတတ္စၿမဲပါ။

ဒီလို ခ်ိဳ႕ယြင္းခ်က္ေတြကိုေတာင္ လက္ခံေပးတတ္တဲ့ ခ်စ္သူမ်ိဳး၊ သင့္ဘာပဲ ျဖစ္ေနေန သင့္ရဲ႕ ျဖစ္တည္မႈေလးကိုသာ ခ်စ္ေနေပးတတ္တဲ့ ခ်စ္သူမ်ိဳး၊ သင့္ဘဝရဲ႕ စစ္မွန္မႈေတြကိုသာ လက္ခံေပးတတ္တဲ့ ခ်စ္သူမ်ိဳးက တကယ့္ကို ခ်စ္သူေကာင္း ပီသတဲ့သူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။

သူ႔ေရွ႕မွာ ဟန္ေဆာင္ေနရၿပီး သင့္ရဲ႕ ေကာင္းကြက္ေတြပဲ ေ႐ြးခ်စ္တတ္တဲ့သူကေတာ့ သင့္ကို တကယ္ခ်စ္တာ မဟုတ္ပါဘူးေနာ္။

ေ႐ြးခ်ယ္ရခက္တဲ့ အေျခအေန

တစ္ခါတစ္ေလ ဘဝမွာ ေ႐ြးခ်ယ္ရခက္တဲ့ အခ်ိန္ဆိုတာမ်ိဳးေတြ ရွိတတ္ပါတယ္။

ဥပမာ- ႏွစ္ခုထဲက တစ္ခုကို ေ႐ြးခ်ယ္ရေတာ့မယ္ အခ်ိန္ေတြ၊ အရမ္းကို ခက္ခဲမႈေတြထဲ ေရာက္ေနတဲ့ အခ်ိန္ေတြမွာေတာင္ သူက သင့္ရဲ႕ လက္ကိုမျဖဳတ္ပဲ သင့္ကိုသာ ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ေတာ့ သူ သင့္အေပၚ တကယ့္ကို ေလးနက္စြာ ခ်စ္ခင္တယ္ဆိုတာကို ေဖာ္ျပေနသလို ခ်စ္သူေကာင္းတစ္ေယာက္ဆိုတာလည္း သက္ေသျပေနတာ ျဖစ္ပါတယ္။

credit-Khin

unicode

ဒီအချက်လေးတွေကို လစ်လျူမရှုတတ်ဘူးဆိုရင်တော့ သူဟာ ချစ်သူကောင်းတစ်ယောက်ပါ

တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ချစ်နေတိုင်းလည်း သူဟာ ကိုယ့်အတွက် ချစ်သူကောင်းတစ်ယောက်လို့ သတ်မှတ်လို့ မရပါဘူး။

သူက ကိုယ့်အပေါ် တကယ်ကောင်းတဲ့ ချစ်သူကောင်း တစ်ယောက်ဆိုရင်တော့ ဒီလိုအခြေအနေမျိုးမှာ ဘယ်တော့မှ လိုက်လျူရှုလေ့ မရှိပါဘူးနော်။

သင် ဒုက္ခရောက်နေတဲ့ အချိန်

သူသာ သင့်အတွက် ချစ်သူကောင်းတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် သင်ဒုက္ခရောက်နေတဲ့ အချိန်မှာတောင် သင့်လက်ကို ဖြုတ်ချပစ်ခဲ့မှာ မဟုတ်ပါဘူး။

တကယ်လို့ အဆင်ပြေနေတဲ့ သင့်ကိုသာ ချစ်ပြီး ဒုက္ခရောက်နေချိန် မချစ်ချင်တော့ဘူးဆိုရင်တော့ သူအချစ်က သင့်အတွက် အတုအယောင်ဖြစ်နေလို့ပါနော်။

တကယ်တော့ ချစ်သူကောင်းတွေဆိုတာ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်အတွက် ရှိနေပေးတတ်သူပဲ ဖြစ်ပါတယ်။

သင်လိုအပ်နေတဲ့ အချိန်

လူတိုင်းမှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေကို ရင်ဖွင့်ပြောပြချင်တဲ့ အချိန်ဆိုတာ ရှိတတ်ပါတယ်။

နောက်ပြီး လူတွေက အရမ်းစိတ်ပင်ပန်းနေတဲ့အချိန်မှာ ကိုယ်ချစ်ရတဲ့သူရဲ့ ဖေးမမှုကိုပဲ လိုချင်တတ်ကြတာပါ။

ဒီလို ကိုယ့်ရဲ့ နာကျင်ဝမ်းနည်းစရာ ဇတ်လမ်းတွေကို ပြောပြဖို့ လိုအပ်နေတဲ့အချိန်မှာ သင့်ဘေးမှာ ရှိနေပေးတတ်တဲ့သူဟာ ချစ်သူကောင်း တစ်ယောက်ဖြစ်လို့ပါပဲ။

သင်ဘာတွေပဲ ခံစားနေရပါစေ ဂရုမစိုက်ဘူးဆိုရင်တော့ သူ့ကို ချစ်သူကောင်းအဖြစ် မသတ်မှတ်နိုင်ပါဘူး။

သင့်ရဲ့ စစ်မှန်တဲ့ ဘဝအခြေအနေ

လူတစ်ယောက်က ဘယ်လောက်ပဲ ပြီးပြည့်စုံတဲ့သူ ဖြစ်နေပါစေ အဲဒီ့လူမှာ ချို့ယွင်းချက်ဆိုတာတော့ ရှိတတ်စမြဲပါ။

ဒီလို ချို့ယွင်းချက်တွေကိုတောင် လက်ခံပေးတတ်တဲ့ ချစ်သူမျိုး၊ သင့်ဘာပဲ ဖြစ်နေနေ သင့်ရဲ့ ဖြစ်တည်မှုလေးကိုသာ ချစ်နေပေးတတ်တဲ့ ချစ်သူမျိုး၊ သင့်ဘဝရဲ့ စစ်မှန်မှုတွေကိုသာ လက်ခံပေးတတ်တဲ့ ချစ်သူမျိုးက တကယ့်ကို ချစ်သူကောင်း ပီသတဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

သူ့ရှေ့မှာ ဟန်ဆောင်နေရပြီး သင့်ရဲ့ ကောင်းကွက်တွေပဲ ရွေးချစ်တတ်တဲ့သူကတော့ သင့်ကို တကယ်ချစ်တာ မဟုတ်ပါဘူးနော်။

ရွေးချယ်ရခက်တဲ့ အခြေအနေ

တစ်ခါတစ်လေ ဘဝမှာ ရွေးချယ်ရခက်တဲ့ အချိန်ဆိုတာမျိုးတွေ ရှိတတ်ပါတယ်။

ဥပမာ- နှစ်ခုထဲက တစ်ခုကို ရွေးချယ်ရတော့မယ် အချိန်တွေ၊ အရမ်းကို ခက်ခဲမှုတွေထဲ ရောက်နေတဲ့ အချိန်တွေမှာတောင် သူက သင့်ရဲ့ လက်ကိုမဖြုတ်ပဲ သင့်ကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သူ သင့်အပေါ် တကယ့်ကို လေးနက်စွာ ချစ်ခင်တယ်ဆိုတာကို ဖော်ပြနေသလို ချစ်သူကောင်းတစ်ယောက်ဆိုတာလည်း သက်သေပြနေတာ ဖြစ်ပါတယ်။

credit-Khin