သင့္ကို ပိုၿပီးဆြဲေဆာင္မႈရွိလာေစမယ့္ အမူအက်င့္ (၆) မ်ိဳး
လူတစ္ေယာက္ဆြဲေဆာင္မႈရွိမရွိဆိုတာ ကိုယ့္ရဲ႕ ႐ုပ္အသြင္အျပင္ ပုံပန္းသဏၰန္နဲ႔မဆိုင္ပါဘူး။
ေျပာခ်င္တာက သင့္ခႏၶာကိုယ္က ဝေနလို႔၊ ပိန္ေနလို႔၊ ႐ုပ္ဆိုးေနလို႔၊ စတိုလ္က ဂြမ္းေနလို႔ အစရွိသျဖင့္ ဒီလိုအျပင္ပိုင္း ပုံပန္းသဏၰန္ေၾကာင့္မဟုတ္ပါဘူး။
ဆြဲေဆာင္မႈရွိတယ္ မရွိဘူးဆိုတာ သင့္ရဲ႕ စိတ္ေနစိတ္ထား၊ သင့္ရဲ႕အျပဳအမႈ၊ သင့္ရဲ႕ပုံစံေပၚမႈတည္ၿပီး ဆုံးျဖတ္ေပးတာပါ။
ဒါေၾကာင့္ သင့္ကိုပိုၿပီးဆြဲေဆာင္မႈရွိလာေစမယ့္ အမႈအက်င့္ေတြကို မွ်ေဝေပးလိုက္ပါတယ္။
၁. ပြင့္လင္းပါ၊ အစစ္အမွန္ျဖစ္ပါေစ
ပြင့္လင္းပါဆိုတာ ေနရာတိုင္းကို အကုန္လုံးလိုက္ၿပီး ပြင့္ပြင့္လင္းလင္းေနပါ၊ေျပာပါမ်ိဳးမဟုတ္ပါဘူး။
ဥပမာ – ပိုက္ဆံမခ်မ္းသာေပမယ့္ ပိုက္ဆံရွိခ်င္ေယာင္ေဆာင္တာမ်ိဳး၊ အမွားလုပ္မိေပမယ့္ မသိခ်င္ေယာင္ေဆာင္ ဝန္မခံတာမ်ိဳး ဒါေတြက သူမ်ားသိသြားရင္လည္း မေကာင္းသလို သင့္ရဲ႕ ဆြဲေဆာင္မႈကိုပါ ေလ်ာ့က်ေစပါတယ္။
ေျပာခ်င္တာက သင့္အရွိအရွိတိုင္း ပုံစံအစစ္အမွန္ကိုခ်ျပၿပီး ပြင့္ပြင့္လင္းလင္းေနပါ။
အဲ့လိုေနျခင္းက လူေတြသင့္ကို ပိုေလးစားလာၿပီး ဆြဲေဆာင္မႈလည္းရွိလာမွာပါ။
၂. နားေထာင္ပါ
သင္ေျပာခ်င္တာကိုပဲေျပာမယ္ သူမ်ားေျပာတာလည္း လက္သင့္မခံသလို သူမ်ားေျပာတာလည္းနားမေထာင္ေပးဘူး။
ဒါေတြက သင့္ရဲ႕ဆြဲေဆာင္မႈကို အရမ္းေလ်ာ့က်ေစပါတယ္။ ဒါေၾကာင့္သူမ်ားနဲ႔စကားေျပာတဲ့အခါ သင္ကလည္းေျပာ သူမ်ားေျပာတာကိုလည္း ေသခ်ာနားေထာင္ေပးပါ။
၃. ၿပဳံးပါ၊ ရယ္ပါ
အၿပဳံးေလးေတြက လူအခ်င္းခ်င္းကူးစက္သြားတဲ့ အရာပါ။
သင့္ရဲ႕ ေပါင္းစပ္ထားတဲ့ရယ္ေမာျခင္းနဲ႔ အၿပဳံးေလးေတြက သင့္ကိုအမ်ားႀကီး ဆြဲေဆာင္မႈရွိလာေစမွာပါ။ ဒါေၾကာင့္ မ်ားမ်ားၿပဳံးရယ္ပါ။
အေအာင္ျမင္ဆုံးသူေတြက အၿပဳံးအမ်ားဆုံးသူေတြပါတဲ့။
၄. ေျဖရွင္းခ်က္ေတြအရမ္းမေပးပါနဲ႔
Complains ေတြ Reasons ေတြ အရမ္းေပးတတ္တဲ့သူေတြ- ေျပာရရင္ တစ္ခုခုဆိုလုပ္ေတာင္မလုပ္ၾကည့္ရေသးဘဲ လြယ္လြယ္ညဥ္းညဴတယ္၊ အၿမဲတမ္းလိုလို အေၾကာင္းျပခ်က္ေတြရွိေနတဲ့သူေတြကို လူေတြက သေဘာမက်ၾကပါဘူး။
ဒါေၾကာင့္ သင္လုပ္စရာရွိတာဆို မညဥ္းညဴဘဲ ေျပးလုပ္လိုက္တာ၊ တစ္ခုခုဆို Reasons ေတြေပးေနမွာထက္ အဆင္ေျပေအာင္ ႀကိဳးစားလုပ္လိုက္တာက သင့္ကို ပိုၿပီးဆြဲေဆာင္မႈရွိလာေစမွာပါ။
၅. Eye Contact ရွိပါ
စကားေျပာတဲ့အခါမွာ ယုံၾကည္မႈရွိရွိနဲ႔ သင္ေျပာေနတဲ့သူရဲ႕ မ်က္လုံးကို ေသခ်ာၾကည့္ၿပီးေျပာပါ။
ဒီလိုလုပ္ျခင္းက သင္နဲ႔စကားေျပာေနတဲ့သူရဲ႕ ဆြဲေဆာင္မႈရသလို သင္ေျပာတဲ့စကားကိုလည္း အေလးအနက္ထား နားေထာင္ေစမွာပါ။
၆. သင့္ကိုသင္ဆြဲေဆာင္မႈရွိတယ္လို႔ ယုံၾကည္ပါ။
‘ကိုယ့္ကိုယ္ကိုယ္မွ ဆြဲေဆာင္မႈရွိတယ္’လို႔မယုံၾကည္ထားရင္ သူမ်ားရဲ႕ဆြဲေဆာင္မႈကို ဘယ္ရေတာ့မလဲေနာ္။
ဒီလိုယုံၾကည္ထားတာေၾကာင့္ သင့္ပတ္ဝန္းက်င္မွာ သင္ကအရင္ကထက္ အမ်ားႀကီးဆြဲေဆာင္မႈပိုရွိလာမွာျဖစ္ၿပီး သင့္ကိုယ္သင္လည္းယုံၾကည္မႈတကယ္တိုးလာမွာပါ။
credit
unicode
သင့်ကို ပိုပြီးဆွဲဆောင်မှုရှိလာစေမယ့် အမူအကျင့် (၆) မျိုး
လူတစ်ယောက်ဆွဲဆောင်မှုရှိမရှိဆိုတာ ကိုယ့်ရဲ့ ရုပ်အသွင်အပြင် ပုံပန်းသဏ္ဏန်နဲ့မဆိုင်ပါဘူး။
ပြောချင်တာက သင့်ခန္ဓာကိုယ်က ဝနေလို့၊ ပိန်နေလို့၊ ရုပ်ဆိုးနေလို့၊ စတိုလ်က ဂွမ်းနေလို့ အစရှိသဖြင့် ဒီလိုအပြင်ပိုင်း ပုံပန်းသဏ္ဏန်ကြောင့်မဟုတ်ပါဘူး။
ဆွဲဆောင်မှုရှိတယ် မရှိဘူးဆိုတာ သင့်ရဲ့ စိတ်နေစိတ်ထား၊ သင့်ရဲ့အပြုအမှု၊ သင့်ရဲ့ပုံစံပေါ်မှုတည်ပြီး ဆုံးဖြတ်ပေးတာပါ။
ဒါကြောင့် သင့်ကိုပိုပြီးဆွဲဆောင်မှုရှိလာစေမယ့် အမှုအကျင့်တွေကို မျှဝေပေးလိုက်ပါတယ်။
၁. ပွင့်လင်းပါ၊ အစစ်အမှန်ဖြစ်ပါစေ
ပွင့်လင်းပါဆိုတာ နေရာတိုင်းကို အကုန်လုံးလိုက်ပြီး ပွင့်ပွင့်လင်းလင်းနေပါ၊ပြောပါမျိုးမဟုတ်ပါဘူး။
ဥပမာ – ပိုက်ဆံမချမ်းသာပေမယ့် ပိုက်ဆံရှိချင်ယောင်ဆောင်တာမျိုး၊ အမှားလုပ်မိပေမယ့် မသိချင်ယောင်ဆောင် ဝန်မခံတာမျိုး ဒါတွေက သူများသိသွားရင်လည်း မကောင်းသလို သင့်ရဲ့ ဆွဲဆောင်မှုကိုပါ လျော့ကျစေပါတယ်။
ပြောချင်တာက သင့်အရှိအရှိတိုင်း ပုံစံအစစ်အမှန်ကိုချပြပြီး ပွင့်ပွင့်လင်းလင်းနေပါ။
အဲ့လိုနေခြင်းက လူတွေသင့်ကို ပိုလေးစားလာပြီး ဆွဲဆောင်မှုလည်းရှိလာမှာပါ။
၂. နားထောင်ပါ
သင်ပြောချင်တာကိုပဲပြောမယ် သူများပြောတာလည်း လက်သင့်မခံသလို သူများပြောတာလည်းနားမထောင်ပေးဘူး။
ဒါတွေက သင့်ရဲ့ဆွဲဆောင်မှုကို အရမ်းလျော့ကျစေပါတယ်။ ဒါကြောင့်သူများနဲ့စကားပြောတဲ့အခါ သင်ကလည်းပြော သူများပြောတာကိုလည်း သေချာနားထောင်ပေးပါ။
၃. ပြုံးပါ၊ ရယ်ပါ
အပြုံးလေးတွေက လူအချင်းချင်းကူးစက်သွားတဲ့ အရာပါ။
သင့်ရဲ့ ပေါင်းစပ်ထားတဲ့ရယ်မောခြင်းနဲ့ အပြုံးလေးတွေက သင့်ကိုအများကြီး ဆွဲဆောင်မှုရှိလာစေမှာပါ။ ဒါကြောင့် များများပြုံးရယ်ပါ။
အအောင်မြင်ဆုံးသူတွေက အပြုံးအများဆုံးသူတွေပါတဲ့။
၄. ဖြေရှင်းချက်တွေအရမ်းမပေးပါနဲ့
Complains တွေ Reasons တွေ အရမ်းပေးတတ်တဲ့သူတွေ- ပြောရရင် တစ်ခုခုဆိုလုပ်တောင်မလုပ်ကြည့်ရသေးဘဲ လွယ်လွယ်ညဉ်းညူတယ်၊ အမြဲတမ်းလိုလို အကြောင်းပြချက်တွေရှိနေတဲ့သူတွေကို လူတွေက သဘောမကျကြပါဘူး။
ဒါကြောင့် သင်လုပ်စရာရှိတာဆို မညဉ်းညူဘဲ ပြေးလုပ်လိုက်တာ၊ တစ်ခုခုဆို Reasons တွေပေးနေမှာထက် အဆင်ပြေအောင် ကြိုးစားလုပ်လိုက်တာက သင့်ကို ပိုပြီးဆွဲဆောင်မှုရှိလာစေမှာပါ။
၅. Eye Contact ရှိပါ
စကားပြောတဲ့အခါမှာ ယုံကြည်မှုရှိရှိနဲ့ သင်ပြောနေတဲ့သူရဲ့ မျက်လုံးကို သေချာကြည့်ပြီးပြောပါ။
ဒီလိုလုပ်ခြင်းက သင်နဲ့စကားပြောနေတဲ့သူရဲ့ ဆွဲဆောင်မှုရသလို သင်ပြောတဲ့စကားကိုလည်း အလေးအနက်ထား နားထောင်စေမှာပါ။
၆. သင့်ကိုသင်ဆွဲဆောင်မှုရှိတယ်လို့ ယုံကြည်ပါ။
‘ကိုယ့်ကိုယ်ကိုယ်မှ ဆွဲဆောင်မှုရှိတယ်’လို့မယုံကြည်ထားရင် သူများရဲ့ဆွဲဆောင်မှုကို ဘယ်ရတော့မလဲနော်။
ဒီလိုယုံကြည်ထားတာကြောင့် သင့်ပတ်ဝန်းကျင်မှာ သင်ကအရင်ကထက် အများကြီးဆွဲဆောင်မှုပိုရှိလာမှာဖြစ်ပြီး သင့်ကိုယ်သင်လည်းယုံကြည်မှုတကယ်တိုးလာမှာပါ။
credit