ဒီေန႔ေခတ္တြင္ ရည္းစားကုိ ယုံမွတ္၍ပုံအပ္ကာ အေသြးအသားကုိ ေပးဆပ္လုိက္ရျပီး ဘဝပ်က္သြားၾကတဲ့ မိန္းမပ်ိဳမ်ားစြာ ရွိပါတယ္။
ပ်ားရည္ဆမ္းတဲ့ စကားလုံးတုိ႔ရဲ႕ေနာက္ကြယ္မွာ တပ္မက္မႈရမက္တဏွာမီးေတြေၾကာင့္ ဘဝပန္းအလွေၾကြလြင့္သြားရရွာတဲ့
မိန္းကေလးေတြအတြက္ မီးငယ္တုိ႔အသိၾကြယ္ေစဖုိ႔ ဤေဆာင္းပါးကုိ ေရးျခင္းျဖစ္ပါတယ္။
လက္ရွိတြဲေနတဲ့ရည္စားဟာ အေပ်ာ္တမ္းတြဲေနတာလား၊ တကယ္လက္ထပ္ဖုိ႔ ရည္ရြယ္ထားလား ထင္ရွားေစတဲ့
အခ်က္ (၁၁) ခ်က္ကုိ သတိျပဳမိဖြယ္ ေဖာ္ျပလုိက္ပါတယ္။
၁။ ေကာင္ေလးဟာ အနာဂတ္အတြက္ ျပင္ဆင္ေနမယ္။
တကယ္လက္ထက္ဖုိ႔အထိ ရည္ရြယ္ထားတဲ့ ေကာင္ေလးဟာ ရည္းစားျဖစ္တဲ့အခ်ိန္ကေနစၿပီး အနာဂတ္မွာ ဘာေတြလုပ္မယ္ ၊
ဘယ္လုိ ေဆာက္တည္မယ္ ၊ အိမ္ေထာင္ျပဳျပီးရင္ ဘယ္လုိအသက္ေမြးဝမ္းေၾကာင္းျပဳမယ္ကအစ ၾကိဳတင္ျပင္ဆင္ထားေလ့ရွိပါတယ္။
ကုိယ့္ရည္းစားဟာ ယခုအခ်ိန္ထိ သင္တုိ႔ႏွစ္ေယာက္အနာဂတ္အတြက္ ဘာမွျပင္ဆင္ထားျခင္းမရွိေသးတာကုိ ေလ့လာျခင္းျဖင့္ကုိယ့္ကုိယခုအခ်ိန္ထိ လက္ထပ္ဖုိ႔ရည္ရြယ္ခ်က္မရွိေသးတာကုိ သိရွိႏုိင္ပါတယ္။
၂။ သူ႕ရဲ႕ အခ်ိန္ေတြကုိ သင္နဲ႔ကုန္ဆုံးေစပါမယ္။
တကယ္လက္ထပ္ဖုိ႔ ရည္ရြယ္ခ်က္ရွိလာရင္ေတာ့ သူ႔မိသားစုႏွင့္မိတ္ဆက္ေပးတာျဖစ္ျဖစ္၊ ကုိယ့္ရဲ႕မိသားစုႏွင့္ မိတ္ဆက္ခုိင္းတာျဖစ္ျဖစ္ ျပဳလုပ္လာပါလိမ့္မယ္။
ထုိ႔အတူ သူ႕မိသားစုႏွင့္ကုန္ဆုံးေစတဲ့ မိသားစု ညစာစားပြဲမ်ားေတာင္ သူ႕ရဲ႕ကုိယ္ပြားေလးအျဖစ္ ဖိတ္ပါလိမ့္မယ္။
၃။ ေကာင္ေလးဟာ အခ်ိန္မွန္ ခစားပါလိမ့္မယ္။
ခ်ိန္းဆုိထားသည့္ေနရာျဖစ္ေစ၊ ကုိယ္ရွိေနတဲ့ ေနရာျဖစ္ေစ တစ္စကၠန္႔မ်ွေတာင္ ေနာက္မက်ေစဘဲ အေရာက္လာမွာပါ။
“ေယာက္်ားၾကိဳက္ေတာ့ စုိက္စုိက္လာ၊ မိန္းမၾကိဳက္ေတာ့ ေမ်ွာ္လုိက္တာ” ဟူတဲ့ စကားပုံအတုိင္း ေစာင့္ေမ်ွာ္ေနရင္းနဲ႔ အခ်ိန္မကုန္ေစခ်င္တာေၾကာင့္ကုိယ့္ဆီကုိ ဘယ္လုိအခက္အခဲမ်ိဳးျဖစ္ျဖစ္ အခ်ိန္မွန္အေရာက္လာမွာပါ။
၄။ ျပဳစုယုယပါလိမ့္မယ္။
ရည္းစားသက္တမ္း ၾကာရွည္လာပါေစ ၊ ရည္းစားျဖစ္ခါက ယုံယျခင္းပုံစံမ်ိဳးႏွင့္ ပုံစံမေျပာင္းဘဲ ယုယေနမွာပါ။
ၿပီးေတာ့လည္း ဟင္းခ်က္ေနခ်ိန္မွာ ကူခ်က္ေပးတာေတြ ၊ စာက်က္ေနခ်ိန္မွာ ဇတ္ေၾကာဆြဲေပးတာေတြ ၊ ရုပ္ရွင္ရုံထဲမွာ
အနမ္းေပးတာေတြကအစ ရင္ခုန္တိမ္းမူးဖြယ္ ျပဳစုယုယပါလိမ့္မယ္။
ရည္းစားဘဝမွာပင္ မိန္းကေလးတစ္ေယာက္ကုိ ကုိယ္ထိလက္ေရာက္က်ဴးလြန္တတ္တဲ့ေကာင္ေလးဟာ အိမ္ေထာင္က်လာရင္ဘယ္လုိဘယ္ပုံ အႏုိင္က်င့္မယ္ဆုိတာ ၾကိဳတင္ေတြးဆၾကည့္လုိ႔ရပါတယ္။
၅။ ေကာင္ေလးဟာ မေတြ႕ရရင္ လြမ္းဆြတ္ေနပါမယ္။
ေကာင္ေလးဟာ ကုိယ့္ကုိအေၾကာင္းတစ္မ်ိဳးမ်ိဳးေၾကာင့္ လူခ်င္းမေတြ႕ရသည့္တုိင္ ဖုန္းဆက္ျပီး အလြမ္းသယ္ပါလိမ့္မယ္။
စႏၵကိႏၷရီေမာင္ႏွံဟာ တစ္ညတာေဝးလုိ ႔ႏွစ္ေပါင္း၇ဝဝဆြးေနရသလုိ ့တစ္ခဏတာ မေတြ႕ရတာေတာင္ လြမ္းဆြတ္တမ္းတေနပါတယ္။
၆။ စိတ္ထဲမွာ တစ္ေယာက္တည္းပဲရွိတယ္။
ကုိယ့္မ်က္ႏွာေလး နည္းနည္းေျပာင္းလဲသြားတာကအစ ၊ အမူအရာေလး ပ်က္သြားတာအဆုံး ေသခ်ာဂရုစုိက္ၾကည့္ေနတတ္ပါတယ္။
ေကာင္ေလးရဲ႕ရင္ထဲမွာ ကုိယ့္ကုိပဲစုိးမုိးထားတာေၾကာင့္ ေနာက္တစ္ေယာက္ႏွင့္ ျခံခုန္ဖုိ႔ဆုိတာလည္း လုံးဝမျဖစ္ႏုိင္ပါဘူး။
ရည္းစားဘ၀ကပင္ ေဖာက္ျပန္တက္တဲ့ ေယာက္်ားဟာ ကုိယ့္ကုိ တကယ္တန္ဖုိးမထားသူျဖစ္ျပီး လက္ထပ္ဖုိ႔အထိ ရည္ရြယ္ထားတာလည္း မျဖစ္ႏုိင္ပါ။
၇။ အျမဲအတူရွိခ်င္တယ္။
ဘဏ္အေကာင့္မွာ အတူတူဖြင့္တာပဲျဖစ္ျဖစ္၊ ပရိေဘာဂပစၥည္း ၾကိဳတင္၀ယ္ထားတာပဲျဖစ္ျဖစ္ အတူေနခ်င္တဲ့ လကၡဏာေတြ အရိပ္အေယာက္ ျပသေနပါမယ္။
ၿပီးေတာ့လည္း သူ႕ဘဝရဲ႕ကုိယ္ပြားေလးျဖစ္တာေၾကာင့္ အတူေနႏုိင္ဖုိ႔ ေငြစုရုံတင္မကဘဲ အားလပ္ခ်ိန္ေတြပါ ႏွစ္ကုိယ္တူကုန္ဆုံးခ်င္ပါတယ္။
ဒါေတြကလည္း ေကာင္ေလးဟာ တကယ္လက္ထပ္ဖုိ႔အထိ ရည္ရြယ္ထားတယ္ဆုိတဲ့ သေကၤတေတြပါပဲ။
၈။ ပြင့္ပြင့္လင္းလင္း ေျပာလာမယ္။
ေကာင္ေလးဟာ အလုပ္မွာအဆင္မေျပတာပဲျဖစ္ျဖစ္၊ မိသားစုအိမ္တြင္းေရး ပဋိပကၡပဲျဖစ္ျဖစ္ အေၾကာင္းစုံ ဖြင့္ဟတုိင္ပင္တတ္ပါတယ္။
ၿပီးေတာ့လည္း အေကာင္းအဆုိး၊ အေၾကာင္းအက်ိဳးကုိလည္း ဖြင့္ေျပာတက္ၾကပါတယ္။
ရည္းစားဘ၀ကပင္ ကုိယ္ေရးအေၾကာင္းကုိ ဖြင့္မေျပာတတ္တဲ့သူဟာ လက္ထပ္ဖုိ႔ရည္ရြယ္တာ မျဖစ္ႏုိင္ပါ။
၉။ အခက္အခဲေတြ႕သည့္တုိင္ ေက်ာခုိင္းမသြားပါ။
ဘဝလမ္းခရီးဆုိသည္မွာ အျမဲတေစ ေျဖာင့္ျဖဴးတယ္ဆုိတာ မရွိႏုိင္ပါဘူး။ သင္အခက္အခဲ၊ အႏၱရာယ္ေတြ႕ၾကံဳေနသည့္တုိင္ကုိယ့္ေဘးမွာ အမာခံရပ္တည္ေပးျပီး တစ္ဘ၀လုံး မရွိအတူ၊ ရွိအတူ ရင္ဆုိင္သြားတက္ပါတယ္။
ဒါကလည္း တကယ္လက္ထပ္ဖို႔အထိ ရည္ရြယ္ထားတဲ့ေကာင္ေလးေတြရဲ႕ အျပဳအမူပဲျဖစ္ပါတယ္။
၁၀။ ၾကာေလေလ ပုိခ်စ္လာေလ။
ကုိယ္ႏွင့္အတူ အာလပ္ရက္ေတြ အခ်ိန္ကုန္ခဲ့သည့္တုိင္၊ သင္ႏွင့္အတူ ေပ်ာ္ရႊင္ဖြယ္ေန႔ရက္ေတြ ကုန္ဆုံးသည့္အတုိင္ အားမရဘဲအတူေနဖုိ႔ပဲ စိတ္ကူးထားၿပီး လက္ထပ္ဖုိ႔အတြက္ လုံးပန္းေနပါလိမ့္မယ္။
ေနာက္ၿပီးေတာ့ လက္ရွိေပးထားတဲ့အခ်ိန္ထက္ သူ႔ဘ၀တစ္ခုလုံးအတြက္ေတာင္ ပုိၿပီးအခ်ိန္ေပးလုိစိတ္ရွိၾကပါတယ္။
၁၁။ လက္ထပ္ခြင့္ ေတာင္းလာမယ္။
ေယာက္်ားေလးေတြဟာ လက္ထပ္ျခင္းကိစၥႏွင့္ ပက္သတ္လုိ႔ဆုိရင္ တကယ္ရည္ရြယ္ထားမွသာလ်င္ စတင္ဖြင့္ေျပာတက္ၾကတာပါ။
ေယာက္်ားေတြရဲ႕ပါးစပ္က “ခ်စ္တယ္” ဆုိတဲ့စကားက ထြက္တာလြယ္ေပမယ့္ “လက္ထပ္ခ်င္တယ္”လုိ႔ ဖြင့္ေျပာဖုိ႔က ခက္ခဲၾကလုိ႔ပါ။
ကုိယ့္ရည္းစားက တကယ္ဖြင့္ေျပာလာျပီဆုိရင္ ကုိယ့္အတြက္ စုတ္ေရာ လာဘ္ပါေကာင္းေနတဲ့ မယ္ကံေကာင္းၾကီး ျဖစ္ပါျပီလုိ႔ ဆုိခ်င္ပါတယ္။
crd ေက်ာ္စုိးေအာင္ (အခရာ)
Unicode version
ဒီနေ့ခေတ်တွင် ရည်းစားကို ယုံမှတ်၍ပုံအပ်ကာ အသွေးအသားကို ပေးဆပ်လိုက်ရပြီး ဘဝပျက်သွားကြတဲ့ မိန်းမပျိုများစွာ ရှိပါတယ်။
ပျားရည်ဆမ်းတဲ့ စကားလုံးတို့ရဲ့နောက်ကွယ်မှာ တပ်မက်မှုရမက်တဏှာမီးတွေကြောင့် ဘဝပန်းအလှကြွေလွင့်သွားရရှာတဲ့မိန်းကလေးတွေအတွက် မီးငယ်တို့အသိကြွယ်စေဖို့ ဤဆောင်းပါးကို ရေးခြင်းဖြစ်ပါတယ်။
လက်ရှိတွဲနေတဲ့ရည်စားဟာ အပျော်တမ်းတွဲနေတာလား၊ တကယ်လက်ထပ်ဖို့ ရည်ရွယ်ထားလား ထင်ရှားစေတဲ့
အချက် (၁၁) ချက်ကို သတိပြုမိဖွယ် ဖော်ပြလိုက်ပါတယ်။
၁။ ကောင်လေးဟာ အနာဂတ်အတွက် ပြင်ဆင်နေမယ်။
တကယ်လက်ထက်ဖို့အထိ ရည်ရွယ်ထားတဲ့ ကောင်လေးဟာ ရည်းစားဖြစ်တဲ့အချိန်ကနေစပြီး အနာဂတ်မှာ ဘာတွေလုပ်မယ် ၊
ဘယ်လို ဆောက်တည်မယ် ၊ အိမ်ထောင်ပြုပြီးရင် ဘယ်လိုအသက်မွေးဝမ်းကြောင်းပြုမယ်ကအစ ကြိုတင်ပြင်ဆင်ထားလေ့ရှိပါတယ်။
ကိုယ့်ရည်းစားဟာ ယခုအချိန်ထိ သင်တို့နှစ်ယောက်အနာဂတ်အတွက် ဘာမှပြင်ဆင်ထားခြင်းမရှိသေးတာကို လေ့လာခြင်းဖြင့်ကိုယ့်ကိုယခုအချိန်ထိ လက်ထပ်ဖို့ရည်ရွယ်ချက်မရှိသေးတာကို သိရှိနိုင်ပါတယ်။
၂။ သူ့ရဲ့ အချိန်တွေကို သင်နဲ့ကုန်ဆုံးစေပါမယ်။
တကယ်လက်ထပ်ဖို့ ရည်ရွယ်ချက်ရှိလာရင်တော့ သူ့မိသားစုနှင့်မိတ်ဆက်ပေးတာဖြစ်ဖြစ်၊ ကိုယ့်ရဲ့မိသားစုနှင့် မိတ်ဆက်ခိုင်းတာဖြစ်ဖြစ် ပြုလုပ်လာပါလိမ့်မယ်။
ထို့အတူ သူ့မိသားစုနှင့်ကုန်ဆုံးစေတဲ့ မိသားစု ညစာစားပွဲများတောင် သူ့ရဲ့ကိုယ်ပွားလေးအဖြစ် ဖိတ်ပါလိမ့်မယ်။
၃။ ကောင်လေးဟာ အချိန်မှန် ခစားပါလိမ့်မယ်။
ချိန်းဆိုထားသည့်နေရာဖြစ်စေ၊ ကိုယ်ရှိနေတဲ့ နေရာဖြစ်စေ တစ်စက္ကန့်မျှတောင် နောက်မကျစေဘဲ အရောက်လာမှာပါ။
“ယောက်ျားကြိုက်တော့ စိုက်စိုက်လာ၊ မိန်းမကြိုက်တော့ မျှော်လိုက်တာ” ဟူတဲ့ စကားပုံအတိုင်း စောင့်မျှော်နေရင်းနဲ့ အချိန်မကုန်စေချင်တာကြောင့်ကိုယ့်ဆီကို ဘယ်လိုအခက်အခဲမျိုးဖြစ်ဖြစ် အချိန်မှန်အရောက်လာမှာပါ။
၄။ ပြုစုယုယပါလိမ့်မယ်။
ရည်းစားသက်တမ်း ကြာရှည်လာပါစေ ၊ ရည်းစားဖြစ်ခါက ယုံယခြင်းပုံစံမျိုးနှင့် ပုံစံမပြောင်းဘဲ ယုယနေမှာပါ။
ပြီးတော့လည်း ဟင်းချက်နေချိန်မှာ ကူချက်ပေးတာတွေ ၊ စာကျက်နေချိန်မှာ ဇတ်ကြောဆွဲပေးတာတွေ ၊ ရုပ်ရှင်ရုံထဲမှာအနမ်းပေးတာတွေကအစ ရင်ခုန်တိမ်းမူးဖွယ် ပြုစုယုယပါလိမ့်မယ်။
ရည်းစားဘဝမှာပင် မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တတ်တဲ့ကောင်လေးဟာ အိမ်ထောင်ကျလာရင်ဘယ်လိုဘယ်ပုံ အနိုင်ကျင့်မယ်ဆိုတာ ကြိုတင်တွေးဆကြည့်လို့ရပါတယ်။
၅။ ကောင်လေးဟာ မတွေ့ရရင် လွမ်းဆွတ်နေပါမယ်။
ကောင်လေးဟာ ကိုယ့်ကိုအကြောင်းတစ်မျိုးမျိုးကြောင့် လူချင်းမတွေ့ရသည့်တိုင် ဖုန်းဆက်ပြီး အလွမ်းသယ်ပါလိမ့်မယ်။
စန္ဒကိန္နရီမောင်နှံဟာ တစ်ညတာဝေးလို ့နှစ်ပေါင်းရဝဝဆွးနေရသလို ့တစ်ခဏတာ မတွေ့ရတာတောင် လွမ်းဆွတ်တမ်းတနေပါတယ်။
၆။ စိတ်ထဲမှာ တစ်ယောက်တည်းပဲရှိတယ်။
ကိုယ့်မျက်နှာလေး နည်းနည်းပြောင်းလဲသွားတာကအစ ၊ အမူအရာလေး ပျက်သွားတာအဆုံး သေချာဂရုစိုက်ကြည့်နေတတ်ပါတယ်။
ကောင်လေးရဲ့ရင်ထဲမှာ ကိုယ့်ကိုပဲစိုးမိုးထားတာကြောင့် နောက်တစ်ယောက်နှင့် ခြံခုန်ဖို့ဆိုတာလည်း လုံးဝမဖြစ်နိုင်ပါဘူး။
ရည်းစားဘဝကပင် ဖောက်ပြန်တက်တဲ့ ယောက်ျားဟာ ကိုယ့်ကို တကယ်တန်ဖိုးမထားသူဖြစ်ပြီး လက်ထပ်ဖို့အထိ ရည်ရွယ်ထားတာလည်း မဖြစ်နိုင်ပါ။
၇။ အမြဲအတူရှိချင်တယ်။
ဘဏ်အကောင့်မှာ အတူတူဖွင့်တာပဲဖြစ်ဖြစ်၊ ပရိဘောဂပစ္စည်း ကြိုတင်ဝယ်ထားတာပဲဖြစ်ဖြစ် အတူနေချင်တဲ့ လက္ခဏာတွေ အရိပ်အယောက် ပြသနေပါမယ်။
ပြီးတော့လည်း သူ့ဘဝရဲ့ကိုယ်ပွားလေးဖြစ်တာကြောင့် အတူနေနိုင်ဖို့ ငွေစုရုံတင်မကဘဲ အားလပ်ချိန်တွေပါ နှစ်ကိုယ်တူကုန်ဆုံးချင်ပါတယ်။
ဒါတွေကလည်း ကောင်လေးဟာ တကယ်လက်ထပ်ဖို့အထိ ရည်ရွယ်ထားတယ်ဆိုတဲ့ သင်္ကေတတွေပါပဲ။
၈။ ပွင့်ပွင့်လင်းလင်း ပြောလာမယ်။
ကောင်လေးဟာ အလုပ်မှာအဆင်မပြေတာပဲဖြစ်ဖြစ်၊ မိသားစုအိမ်တွင်းရေး ပဋိပက္ခပဲဖြစ်ဖြစ် အကြောင်းစုံ ဖွင့်ဟတိုင်ပင်တတ်ပါတယ်။
ပြီးတော့လည်း အကောင်းအဆိုး၊ အကြောင်းအကျိုးကိုလည်း ဖွင့်ပြောတက်ကြပါတယ်။
ရည်းစားဘဝကပင် ကိုယ်ရေးအကြောင်းကို ဖွင့်မပြောတတ်တဲ့သူဟာ လက်ထပ်ဖို့ရည်ရွယ်တာ မဖြစ်နိုင်ပါ။
၉။ အခက်အခဲတွေ့သည့်တိုင် ကျောခိုင်းမသွားပါ။
ဘဝလမ်းခရီးဆိုသည်မှာ အမြဲတစေ ဖြောင့်ဖြူးတယ်ဆိုတာ မရှိနိုင်ပါဘူး။ သင်အခက်အခဲ၊ အန္တရာယ်တွေ့ကြုံနေသည့်တိုင်
ကိုယ့်ဘေးမှာ အမာခံရပ်တည်ပေးပြီး တစ်ဘဝလုံး မရှိအတူ၊ ရှိအတူ ရင်ဆိုင်သွားတက်ပါတယ်။
ဒါကလည်း တကယ်လက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့ကောင်လေးတွေရဲ့ အပြုအမူပဲဖြစ်ပါတယ်။
၁၀။ ကြာလေလေ ပိုချစ်လာလေ။
ကိုယ်နှင့်အတူ အာလပ်ရက်တွေ အချိန်ကုန်ခဲ့သည့်တိုင်၊ သင်နှင့်အတူ ပျော်ရွှင်ဖွယ်နေ့ရက်တွေ ကုန်ဆုံးသည့်အတိုင် အားမရဘဲအတူနေဖို့ပဲ စိတ်ကူးထားပြီး လက်ထပ်ဖို့အတွက် လုံးပန်းနေပါလိမ့်မယ်။
နောက်ပြီးတော့ လက်ရှိပေးထားတဲ့အချိန်ထက် သူ့ဘဝတစ်ခုလုံးအတွက်တောင် ပိုပြီးအချိန်ပေးလိုစိတ်ရှိကြပါတယ်။
၁၁။ လက်ထပ်ခွင့် တောင်းလာမယ်။
ယောက်ျားလေးတွေဟာ လက်ထပ်ခြင်းကိစ္စနှင့် ပက်သတ်လို့ဆိုရင် တကယ်ရည်ရွယ်ထားမှသာလျင် စတင်ဖွင့်ပြောတက်ကြတာပါ။
ယောက်ျားတွေရဲ့ပါးစပ်က “ချစ်တယ်” ဆိုတဲ့စကားက ထွက်တာလွယ်ပေမယ့် “လက်ထပ်ချင်တယ်”လို့ ဖွင့်ပြောဖို့က ခက်ခဲကြလို့ပါ။
ကိုယ့်ရည်းစားက တကယ်ဖွင့်ပြောလာပြီဆိုရင် ကိုယ့်အတွက် စုတ်ရော လာဘ်ပါကောင်းနေတဲ့ မယ်ကံကောင်းကြီး ဖြစ်ပါပြီလို့ ဆိုချင်ပါတယ်။
crd ကျော်စိုးအောင် (အခရာ)