အခ်စ္နွင့္ဘဝ

ဘယ်လောက်ပဲ နီးနေနေ ဘယ်လောက်ပဲ ဝေးနေနေ “ငါတကယ်အချစ်ခံနေရပီလား…

ဘယ်လောက်ပဲ နီးနေနေ ဘယ်လောက်ပဲ ဝေးနေနေ

“ငါတကယ်အချစ်ခံနေရတယ်” ဆိုတဲ့ ခံစားမှုမျိုးလေး ရရှိနေဖို့တော့ တကယ်လိုအပ်ပါတယ် အချိန်မှန် စာပို့ ဖုန်းတွေပြောနေတာထက် အများကြီးပိုတယ်

နေကောင်းအောင်နေ ထမင်းများများစား ဆိုတဲ့ အမှာစကားတွေထက် အများကြီးပိုတယ်

Goodnight အိပ်မက်လှလှမက်ပါစေ ဆိုတဲ့ Message ထက်လည်း အများကြီးပိုပါတယ်

ကိုယ့်အပေါ် သက်ရောက်လာတဲ့ အပြုအမူတိုင်းမှာ ကိုယ်တကယ် အချစ်ခံနေရတယ်ဆိုတဲ့ အငွေ့အသက်မျိုး ခံစားရဖို့ သိပ်မလွယ်ကူပါဘူး

သူ့ရဲ့ စိတ်ထဲ ရင်ထဲ နှလုံးသားထဲက မေတ္တာအဟုန်က အလွန်ကြီးမားမှသာ သူ့ရဲ့ ကြင်နာဂရုစိုက်မှုတွေက ကိုယ့်ကို ကြည်နူးပီတိဖြစ်စေတာ

နေ့နေ့ညည စကားတွေပြောနေတယ် အဆက်အသွယ်တွေ ရှိနေတယ် တစ်လပြီးတစ်လ တစ်နှစ်ပြီးတစ်နှစ် လက်တွေ တွဲနေတယ် ဒါပေမယ့် ချစ်ခြင်းမေတ္တာကို ခံစားရသေးရဲ့လား

ဘယ်လောက်ပဲ အချိန်တွေကြာကြာ ကိုယ့်ကို “ငါတကယ်အချစ်ခံနေရတယ်” ဆိုတဲ့ ခံစားမှုမျိုးလေး ပေးနိုင်တဲ့ ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားရရင်တော့ ကံကောင်းခြင်းတစ်ခုပဲ…

sakura 🌸

Zawgyi,









sakura 🌸