အခ်စ္နွင့္ဘဝ

သင့်ချစ်သူက ဒီစကား(၅)ခွန်းထွက်ဖူးခဲ့ရင် ဘယ်လောက်ချစ်ချစ်လမ်းခွဲလိုက်ပါ

သင့်ချစ်သူက ဒီစကား(၅)ခွန်းထွက်ဖူးခဲ့ရင် ဘယ်လောက်ချစ်ချစ်လမ်းခွဲလိုက်ပါ

လူတော်တော်များများက အပြောထက်အလုပ်က အဓိကကျတယ်လို့ ခံယူကြပေမယ့် အပြောကနေတစ်ဆင့် လုပ်လာမယ့်အရာတွေကို သိနိုင်ပါတယ်။

လူတစ်ယောက်ရဲ့အဆင့်အတန်း၊ အမူအကျင့်၊ စိတ်နေစိတ်ထားတွေကို သူပြောတဲ့စကားတွေကနေတစ်ဆင့် သိလို့ရပါတယ် …။

တကယ်လို့သင့်ချစ်သူဆီက ဒီစကား (၅)ခွန်း ဒါမှမဟုတ် ဒီအထဲက တစ်ခွန်းကိုပဲကြားဖူးတယ်ဆိုရင် ဘယ်လောက်ချစ်ချစ်လမ်းခွဲလိုက်ပါတော့။ ဘယ်လိုမှလူကောင်းမဖြစ်နိုင်လို့ပါ။

(၁) အပိုတွေလုပ်ပြန်ပြီ

ယောကျ်ားတစ်ယောက်၊ ချစ်သူတစ်ယောက်အနေနဲ့သင့်ရဲ့ ခံစားချက်ကို ဒီလိုမစော်ကားသင့်ပါဘူး။

သင်ဟာ ရက်တွေဆက်ပြီး စိတ်ဖိစီးနေတာလည်းဖြစ်ကောင်းဖြစ်မယ်၊သူ့ဖက်ကကြည့်လို့ အသေးအမွှားလို့ထင်ရတဲ့ ကိစ္စတွေတောင် သင့်အနေနဲ့ကြည့်ရင် အရမ်းပင်ပန်းကောင်းပင်ပန်းနေမယ်။

သင့်ဘာသာသင် အပိုတွေလုပ်နေတာပဲဖြစ်ဖြစ်၊ သင့်ချစ်သူတစ်ယောက်အနေနဲ့သင့်ကို နှစ်သိမ့်ပေးရမှာ သူ့တာဝန်ပါ။

ဒီလိုမဟုတ်ဘဲ အပိုတွေလုပ်နေပြန်ပြီ ဆိုတဲ့သဘောမျိုးသက်ရောက်တဲ့ စကားကိုပြောတယ်ဆိုရင်တော့ ဘယ်လောက်ချစ်ချစ်လမ်းခွဲလိုက်ပါ။

သင့်အပေါ်မှာ နည်းနည်းလေးမှ ညှာတာ၊ သနားစိတ်မရှိတဲ့သူကို အချိန်ကုန်ခံဆက်တွဲမနေသင့်တော့ပါဘူး။

(၂) နင်ငါ့ကိုတကယ်ချစ်ရင်

ဒီလိုစကားဟာ အစပိုင်းမှာတော့ ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် သင့်ကိုစိတ်ပိုင်းဆိုင်ရာကနေ နှိပ်စက်နေတာဖြစ်ပါတယ်။

နင်ငါ့ကိုတကယ်ချစ်ရင် ငါနဲ့အိပ်ပေးရမယ်၊ ဒါဝယ်ပေးရမယ်၊ ဒါလုပ်ပေးရမယ် အစရှိသဖြင့် ချစ်တာကို ခုတုံးလုပ်ပြီး သင့်ကိုခိုင်းစေတတ်တဲ့သူဆိုရင်တော့ ဘယ်လောက်ချစ်ချစ်လမ်းခွဲလိုက်ပါ။

သင့်ကိုတကယ်ချစ်တာမဟုတ်သလို၊ သစ္စာရှိမယ့်သူမျိုးလည်း မဟုတ်လို့ပါ။

မိန်းကလေးတစ်ယောက်ကို အခြားမိန်းကလေးတစ်ယောက်နဲ့ နှိုင်းယှဉ်တာဟာ လုံးဝမလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ပိုဆိုးတာကတော့ သူ့အရင်ရည်းစားနဲ့နှိုင်းယှဉ်ပြီးပြောခြင်းပါပဲ။

ဒါဟာ စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်တတ်တဲ့ ယောကျ်ားဖြစ်ကြောင်းသက်သေပြနေသလို၊ သင့်ကို နာကျင်စေမယ်မှန်းသိရက်နဲ့ တမင်လုပ်တတ်တဲ့သူဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုလူမျိုးကို လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ …။

(၃)မင်းအမေနဲ့တစ်ချိုးတည်းပဲ

သင့်မိခင်ဟာ သင့်ကို ဒီအရွယ်ထိရောက်အောင် ကျွေးမွေးပြုစုလာခဲ့တာဖြစ်ပါတယ်။

အမေမဟုတ်ရင်တောင် သင့်ကိုလူလားမြောက်အောင် ကျွေးမွေးပြုစုခဲ့တဲ့သူတစ်ယောက်ယောက်နဲ့ ဒီလိုမျိုး အဆိုးဖက်ကနေနှိုင်းပြီးပြောတတ်တဲ့ ယောကျ်ားမျိုးဟာစိတ်ဓာတ်ရေးရာညံ့ဖျင်းသေးသိမ်တဲ့သူပါ။

သင့်ရဲ့မိသားစုကို မကြည်ဖြူတဲ့ယောကျ်ားမျိုးကို ဘယ်လောက်ချစ်ချစ် လမ်းခွဲလိုက်ပါ။ သူကြောင့် သင်အမြဲနာကျင်နေရမှာမို့ပါ။

(၄) ဘာလို့ဒီလောက် ဦးနှောက်မရှိရတာလဲ

သင်ဟာ အမှားတွေခဏခဏလုပ်မိတတ်တယ်ဆိုရင်တောင်မှ သင်ချစ်တဲ့သူဆီကနေ အရူး၊ ဦးနှောက်မရှိဘူး၊ အသုံးမကျဘူးဆိုတဲ့စကားမျိုး ထွက်မလာသင့်ပါဘူး။

သင်အမှားလုပ်မိတဲ့အခါတွေမှာ သင့်ကိုသိမ်ငယ်သွားအောင်၊ စိတ်ကျဉ်းကျပ်သွားအောင်၊ ထူပူသွားအောင်ပြောဆိုတတ်တဲ့ယောကျ်ားဟာ အောက်တန်းကျတဲ့ယောကျ်ားမျိုးဖြစ်ပါတယ်။

သင့်ကိုတန်ဖိုးမထားမှန်းလည်းအရမ်းသိသာနေတာကြောင့်အဲလိုလူမျိုးကို လမ်းခွဲလိုက်တာအကောင်းဆုံးပါပဲ။ မဟုတ်ရင် သင့်တစ်ဘဝလုံးမျက်နှာငယ်နေရမှာဖြစ်ပါတယ် …။

Credit – မူရင်းရေးသားသူ

သင့်ချစ်သူက ဒီစကား(၅)ခွန်းထွက်ဖူးခဲ့ရင် ဘယ်လောက်ချစ်ချစ်လမ်းခွဲလိုက်ပါ

လူတော်တော်များများက အပြောထက်အလုပ်က အဓိကကျတယ်လို့ ခံယူကြပေမယ့် အပြောကနေတစ်ဆင့် လုပ်လာမယ့်အရာတွေကို သိနိုင်ပါတယ်။

လူတစ်ယောက်ရဲ့အဆင့်အတန်း၊ အမူအကျင့်၊ စိတ်နေစိတ်ထားတွေကို သူပြောတဲ့စကားတွေကနေတစ်ဆင့် သိလို့ရပါတယ်။

တကယ်လို့သင့်ချစ်သူဆီက ဒီစကား (၅)ခွန်း ဒါမှမဟုတ် ဒီအထဲက တစ်ခွန်းကိုပဲကြားဖူးတယ်ဆိုရင် ဘယ်လောက်ချစ်ချစ်လမ်းခွဲလိုက်ပါတော့။ ဘယ်လိုမှလူကောင်းမဖြစ်နိုင်လို့ပါ။

(၁) အပိုတွေလုပ်ပြန်ပြီ

ယောက်ျားတစ်ယောက်၊ ချစ်သူတစ်ယောက်အနေနဲ့သင့်ရဲ့ ခံစားချက်ကို ဒီလိုမစော်ကားသင့်ပါဘူး။

သင်ဟာ ရက်တွေဆက်ပြီး စိတ်ဖိစီးနေတာလည်းဖြစ်ကောင်းဖြစ်မယ်၊သူ့ဖက်ကကြည့်လို့ အသေးအမွှားလို့ထင်ရတဲ့ ကိစ္စတွေတောင် သင့်အနေနဲ့ကြည့်ရင် အရမ်းပင်ပန်းကောင်းပင်ပန်းနေမယ်။

သင့်ဘာသာသင် အပိုတွေလုပ်နေတာပဲဖြစ်ဖြစ်၊ သင့်ချစ်သူတစ်ယောက်အနေနဲ့သင့်ကို နှစ်သိမ့်ပေးရမှာ သူ့တာဝန်ပါ။

ဒီလိုမဟုတ်ဘဲ အပိုတွေလုပ်နေပြန်ပြီ ဆိုတဲ့သဘောမျိုးသက်ရောက်တဲ့ စကားကိုပြောတယ်ဆိုရင်တော့ ဘယ်လောက်ချစ်ချစ်လမ်းခွဲလိုက်ပါ။

သင့်အပေါ်မှာ နည်းနည်းလေးမှ ညှာတာ၊ သနားစိတ်မရှိတဲ့သူကို အချိန်ကုန်ခံဆက်တွဲမနေသင့်တော့ပါဘူး။

(၂) နင်ငါ့ကိုတကယ်ချစ်ရင်

ဒီလိုစကားဟာ အစပိုင်းမှာတော့ ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် သင့်ကိုစိတ်ပိုင်းဆိုင်ရာကနေ နှိပ်စက်နေတာဖြစ်ပါတယ်။

နင်ငါ့ကိုတကယ်ချစ်ရင် ငါနဲ့အိပ်ပေးရမယ်၊ ဒါဝယ်ပေးရမယ်၊ ဒါလုပ်ပေးရမယ် အစရှိသဖြင့် ချစ်တာကို ခုတုံးလုပ်ပြီး သင့်ကိုခိုင်းစေတတ်တဲ့သူဆိုရင်တော့ ဘယ်လောက်ချစ်ချစ်လမ်းခွဲလိုက်ပါ။

သင့်ကိုတကယ်ချစ်တာမဟုတ်သလို၊ သစ္စာရှိမယ့်သူမျိုးလည်း မဟုတ်လို့ပါ။

မိန်းကလေးတစ်ယောက်ကို အခြားမိန်းကလေးတစ်ယောက်နဲ့ နှိုင်းယှဉ်တာဟာ လုံးဝမလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ပိုဆိုးတာကတော့ သူ့အရင်ရည်းစားနဲ့နှိုင်းယှဉ်ပြီးပြောခြင်းပါပဲ။

ဒါဟာ စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်တတ်တဲ့ ယောက်ျားဖြစ်ကြောင်းသက်သေပြနေသလို၊ သင့်ကို နာကျင်စေမယ်မှန်းသိရက်နဲ့ တမင်လုပ်တတ်တဲ့သူဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုလူမျိုးကို လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။

(၃) မင်းအမေနဲ့တစ်ချိုးတည်းပဲ

သင့်မိခင်ဟာ သင့်ကို ဒီအရွယ်ထိရောက်အောင် ကျွေးမွေးပြုစုလာခဲ့တာဖြစ်ပါတယ်။

အမေမဟုတ်ရင်တောင် သင့်ကိုလူလားမြောက်အောင် ကျွေးမွေးပြုစုခဲ့တဲ့သူတစ်ယောက်ယောက်နဲ့ ဒီလိုမျိုး အဆိုးဖက်ကနေနှိုင်းပြီးပြောတတ်တဲ့ ယောက်ျားမျိုးဟာစိတ်ဓာတ်ရေးရာညံ့ဖျင်းသေးသိမ်တဲ့သူပါ။

သင့်ရဲ့မိသားစုကို မကြည်ဖြူတဲ့ယောက်ျားမျိုးကို ဘယ်လောက်ချစ်ချစ် လမ်းခွဲလိုက်ပါ။ သူကြောင့် သင်အမြဲနာကျင်နေရမှာမို့ပါ။

(၄) ဘာလို့ဒီလောက် ဦးနှောက်မရှိရတာလဲ

သင်ဟာ အမှားတွေခဏခဏလုပ်မိတတ်တယ်ဆိုရင်တောင်မှ သင်ချစ်တဲ့သူဆီကနေ အရူး၊ ဦးနှောက်မရှိဘူး၊ အသုံးမကျဘူးဆိုတဲ့စကားမျိုး ထွက်မလာသင့်ပါဘူး။

သင်အမှားလုပ်မိတဲ့အခါတွေမှာ သင့်ကိုသိမ်ငယ်သွားအောင်၊ စိတ်ကျဉ်းကျပ်သွားအောင်၊ ထူပူသွားအောင်ပြောဆိုတတ်တဲ့ယောက်ျားဟာ အောက်တန်းကျတဲ့ယောက်ျားမျိုးဖြစ်ပါတယ်။

သင့်ကိုတန်ဖိုးမထားမှန်းလည်းအရမ်းသိသာနေတာကြောင့်အဲလိုလူမျိုးကို လမ်းခွဲလိုက်တာအကောင်းဆုံးပါပဲ။ မဟုတ်ရင် သင့်တစ်ဘဝလုံးမျက်နှာငယ်နေရမှာဖြစ်ပါတယ်။

Credit – မူရင်းရေးသားသူ