အခ်စ္နွင့္ဘဝ

မိန္းကေလးေတြ ကိုယ့္ခ်စ္သူဆီက အစစ္အမွန္ လုိခ်င္ၾကတဲ့ အရာေလးေတြ

ဘယ္ေလာက္ပဲ ထက္ျမက္ၾကံ႕ခုိင္တဲ့ မိန္းကေလးပဲျဖစ္ျဖစ္ ကိုယ့္ခ်စ္ရသူဆီကေနၿပီးေတာ့ ဂ႐ုစိုက္ၾကင္နာမႈေလးေတြ လုိခ်င္ၾကသူခ်ည္းပါပဲ။ မိန္းကေလးေတြဟာ ကိုယ့္ခ်စ္သူဆီကေန တစ္ျခားတန္ဖိုးႀကီးအရာေတြထက္ ဒီအရာေလးေတြကိုပဲ ပိုလိုခ်င္တပ္မက္ ၾကတာပါ။

ခ်စ္ခင္ၾကင္နာမႈ

ကိုယ့္ခ်စ္ရသူဆီက ခ်စ္ခင္ၾကင္နာမႈကို မလိုခ်င္တဲ့သူရယ္လုိ႔ေတာ့ ႐ွိမယ္မထင္ပါဘူး။ မိန္းကေလးေတြဟာ ကိုယ့္ခ်စ္သူဆီကေန ခ်စ္ခင္မႈကို တစ္ျခားသူေတြထက္ပိုၿပီး လုိခ်င္ၾကတာျဖစ္ၿပီးေတာ့ တြဲလာတဲ့ခ်ိန္ ၾကာသြားတာေတာင္ မေလ်ာ့ေသာ ခ်စ္ျခင္းေတြနဲ႔ ခ်စ္ခင္တာမ်ိဳးကို လုိခ်င္ၾကတာ ျဖစ္ပါတယ္။

ခံစားမႈေတြကို နားလည္ေပးတတ္တာ

မိန္းကေလးေတြရဲ႕ စိတ္ဟာ မွန္းဆရသိပ္ခက္တယ္ဆုိေပမယ့္ ဒီလိုမွန္းဆရခက္မႈေတြဟာ ကိုယ္ခ်စ္ရတဲ့ သူေၾကာင့္ျဖစ္ေပၚလာရတာ မ်ားပါတယ္။ သူတုိ႔ခံစားေနရတာေတြကို ထုတ္မေျပာရင္ေတာင္ ကိုယ့္ခ်စ္သူက ကိုယ္ဘာျဖစ္ေနတယ္ဆုိတာကို ခ်က္ခ်င္းသိၿပီး ကိုယ့္ရဲ႕ခံစားခ်က္ေတြကို မွ်ေဝေပးမယ့္ သူမ်ိဳးကို လုိခ်င္တာ ျဖစ္ပါတယ္။

ဂ႐ုတစိုက္ နားေထာင္ေပးမႈ

ေယာက်ာ္းေလးေတြက စိတ္မ႐ွည္တတ္ဘူးဆိုၿပီး ကိုယ့္ခ်စ္သူရဲ႕စကားကို ၿပီးစလြယ္္နားေထာင္တတ္တာမ်ိဳးေတြ ႐ွိတတ္ပါတယ္။ တကယ္တမ္းမွာေတာ့ မိန္းကေလးေတြ တကယ္လုိခ်င္တာက သူတို႔ရဲ႕ စကားေတြကို ဂ႐ုတစိုက္ အေလးထားၿပီး နားေထာင္ေပးတတ္တဲ့ သူမ်ိဳးကိုပါ။ သူတုိ႔ရဲ႕ စကားေတြကို အေလးမထားတဲ့ သူေတြကိုေတာ့ ဘယ္အရာကိုမွ ေျပာျပတုိင္ပင္ခ်င္စိတ္ မ႐ွိတတ္ၾကေတာ့ပါဘူး။

ေႏြးေထြးလံုျခံဳမႈ ေပးႏုိင္တာ

မိန္းကေလးေတြဟာ ကိုယ္ခ်စ္ရသူအေပၚမွာ မွီတြယ္အားကိုးခ်င္စိတ္ ပိုတတ္တဲ့သူေတြ ျဖစ္ၾကပါတယ္။ ဘယ္ေလာက္ပဲ တစ္ျခားေနရာမွာ သန္မာၾကံခုိင္ေနပါေစ ခ်စ္္ရသူေ႐ွ႕မွာေတာ့ ကိုိယ့္ခ်စ္သူရဲ႕ ကာကြယ္ေပးတတ္မႈကိုပဲ လုိခ်င္ၾကသူေတြပါ။ ဒါေၾကာင့္ သူတုိ႔ခ်စ္သူဆီက သူတုိ႔ရဲ႕စိတ္ကို ေႏြးေထြးလံုျခံဳေပးႏုိင္တာေလးကို လိုခ်င္ၾကတာ ျဖစ္ပါတယ္။

အေလးထားမႈ

ကိုယ့္ခ်စ္သူရဲ႕ အေလးထားမႈကို ရ႐ွိတဲ့ မိန္းကေလးဟာ တကယ့္ကို ကံေကာင္းတဲ့သူတစ္ေယာက္ပါပဲ။ ခ်စ္ရသူရဲ႕ ဂ႐ုစိုက္အေလးထားမႈေတြဟာ မိန္းကေလးတစ္ေယာက္ကို ပိုလွေအာင္ ပံ႔ပိုးႏုိင္သလုိ ပိုေပ်ာ္႐ႊင္ေအာင္လည္း လုပ္ေဆာင္ႏုိင္ပါတယ္။

Khin

unicode

ဘယ်လောက်ပဲ ထက်မြက်ကြံ့ခိုင်တဲ့ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်ရသူဆီကနေပြီးတော့ ဂရုစိုက်ကြင်နာမှုလေးတွေ လိုချင်ကြသူချည်းပါပဲ။ မိန်းကလေးတွေဟာ ကိုယ့်ချစ်သူဆီကနေ တစ်ခြားတန်ဖိုးကြီးအရာတွေထက် ဒီအရာလေးတွေကိုပဲ ပိုလိုချင်တပ်မက် ကြတာပါ။

ချစ်ခင်ကြင်နာမှု

ကိုယ့်ချစ်ရသူဆီက ချစ်ခင်ကြင်နာမှုကို မလိုချင်တဲ့သူရယ်လို့တော့ ရှိမယ်မထင်ပါဘူး။ မိန်းကလေးတွေဟာ ကိုယ့်ချစ်သူဆီကနေ ချစ်ခင်မှုကို တစ်ခြားသူတွေထက်ပိုပြီး လိုချင်ကြတာဖြစ်ပြီးတော့ တွဲလာတဲ့ချိန် ကြာသွားတာတောင် မလျော့သော ချစ်ခြင်းတွေနဲ့ ချစ်ခင်တာမျိုးကို လိုချင်ကြတာ ဖြစ်ပါတယ်။

ခံစားမှုတွေကို နားလည်ပေးတတ်တာ

မိန်းကလေးတွေရဲ့ စိတ်ဟာ မှန်းဆရသိပ်ခက်တယ်ဆိုပေမယ့် ဒီလိုမှန်းဆရခက်မှုတွေဟာ ကိုယ်ချစ်ရတဲ့ သူကြောင့်ဖြစ်ပေါ်လာရတာ များပါတယ်။ သူတို့ခံစားနေရတာတွေကို ထုတ်မပြောရင်တောင် ကိုယ့်ချစ်သူက ကိုယ်ဘာဖြစ်နေတယ်ဆိုတာကို ချက်ချင်းသိပြီး ကိုယ့်ရဲ့ခံစားချက်တွေကို မျှဝေပေးမယ့် သူမျိုးကို လိုချင်တာ ဖြစ်ပါတယ်။

ဂရုတစိုက် နားထောင်ပေးမှု

ယောကျာ်းလေးတွေက စိတ်မရှည်တတ်ဘူးဆိုပြီး ကိုယ့်ချစ်သူရဲ့စကားကို ပြီးစလွယ််နားထောင်တတ်တာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်တမ်းမှာတော့ မိန်းကလေးတွေ တကယ်လိုချင်တာက သူတို့ရဲ့ စကားတွေကို ဂရုတစိုက် အလေးထားပြီး နားထောင်ပေးတတ်တဲ့ သူမျိုးကိုပါ။ သူတို့ရဲ့ စကားတွေကို အလေးမထားတဲ့ သူတွေကိုတော့ ဘယ်အရာကိုမှ ပြောပြတိုင်ပင်ချင်စိတ် မရှိတတ်ကြတော့ပါဘူး။

နွေးထွေးလုံခြုံမှု ပေးနိုင်တာ

မိန်းကလေးတွေဟာ ကိုယ်ချစ်ရသူအပေါ်မှာ မှီတွယ်အားကိုးချင်စိတ် ပိုတတ်တဲ့သူတွေ ဖြစ်ကြပါတယ်။ ဘယ်လောက်ပဲ တစ်ခြားနေရာမှာ သန်မာကြံခိုင်နေပါစေ ချစ််ရသူရှေ့မှာတော့ ကိိုယ့်ချစ်သူရဲ့ ကာကွယ်ပေးတတ်မှုကိုပဲ လိုချင်ကြသူတွေပါ။ ဒါကြောင့် သူတို့ချစ်သူဆီက သူတို့ရဲ့စိတ်ကို နွေးထွေးလုံခြုံပေးနိုင်တာလေးကို လိုချင်ကြတာ ဖြစ်ပါတယ်။

အလေးထားမှု

ကိုယ့်ချစ်သူရဲ့ အလေးထားမှုကို ရရှိတဲ့ မိန်းကလေးဟာ တကယ့်ကို ကံကောင်းတဲ့သူတစ်ယောက်ပါပဲ။ ချစ်ရသူရဲ့ ဂရုစိုက်အလေးထားမှုတွေဟာ မိန်းကလေးတစ်ယောက်ကို ပိုလှအောင် ပံ့ပိုးနိုင်သလို ပိုပျော်ရွှင်အောင်လည်း လုပ်ဆောင်နိုင်ပါတယ်။

Khin