unicode
ပရိသတ်အချစ်တော် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ဟာ အနုပညာ လောကမှာ မိန်းကလေး ပရိသတ်တွေ ရဲ့ သည်းသည်းလှုပ် အချစ်တွေ ကို
အခိုင်အမာရရှိထားပြီး ပြည်တွင်း ပရိသတ်တွေအပြင် ပြည်ပနိုင်ငံတွေအထိ အောင်မြင် ကျော်ကြားတဲ့ မော်လ်ဒယ် မင်းသားချော လေး ပိုင်တံခွန်ပဲ ဖြစ်ပါတယ်..။
ပိုင်တံခွန် ကတော့ လူထုလှုပ်ရှား မှုတွေနဲ့ အင်တိုက် အားတိုက် နဲ့ နေတိုင်းလိုလို ပါဝင် လှုပ်ရှားနေတာ တွေကြောင့် တက်ကြွ ရဲရင့်တဲ့ လူငယ်တစ်ယောက် အဖြစ်ပရိသတ်တွေ ရဲ့ ချီးကျူးအားပေး မှု တွေကို ရရှိနေသူလည်း ဖြစ်ပါ တယ်နော်..။
သူ့ရဲ့ ထင်ပေါ် မှု နဲ့ ကြိုးစား တော်လှန် နေမှု တွေကြောင့် တစ်ဖက် ကို မျက်စိ ကျစရာဖြစ်လာခဲ့ ရပြီး လက်ရှိ မှာတော့ ပိုင်တံခွန် ဟာ ရှောင်တိမ်းပုန်းခိုနေရကာ
မိသားစု နဲ့ အဆက်အသွယ် ပြတ်နေတယ် လို့ သိရပါတယ်နော်..။အများပြည်သူတွေ နဲ့ အတူ ရှေ့ဆုံးကနေ တက်တက် ကြွကြွ ပါဝင်လှုပ်ရှား မှုတွေ ပြုလုပ်နေသလို
ရှောင်တိမ်း နေရတဲ့ အချိန်မှာတော့ အဆက်အသွယ် ပြတ်သွားတာ ကြောင့် မိသားစု နဲ့ ပရိသတ်တွေ အားလုံးကလည်း ပိုင်တံခွန် အတွက်စိုးရိမ် ပူပန်နေကြတာလည်း တွေ့ရ ပါတယ်..။
“ညီမ ပိုင်တံခွန် ရဲ့ အစ်မပါ ပိုင် နဲ့ လွန်ခဲ့တဲ့ ၁ နာရီက အဆက်သွယ် ရပါတယ်။ အခုလုံးဝ ဆက်သွယ် မရလို့ ညီမတို့လည်း စိတ်ပူ နေပါတယ်။
ဘာမှ မဖြစ်ရင်တော့ အကောင်းဆုံးပါ ။ ပိုင့် ပရိတ်သတ်တွေ အခြေနေ တခုခု သိရရင်လည်း ညီမတို့ကို ပြန်ပြောပေးပါ..” ဆိုပြီး မေချစ်သွေး ကရေးသားပြောပြထားတာပါ..။အဲ့ဒီ့ ပို့စ် ရဲ့အောက်မှာတော့ အနုပညာရှင် မိတ်ဆွေသူငယ်ချင်းတွေ အပြင် ပရိသတ်တွေ ကလည်း စိုးရိမ်တကြီး နဲ့
ဆုတောင်း စကားလေးတွေ နဲ့အတူ အားပေး စကားလေးတွေ လည်း ပြောထား ကြတာ ဖြစ် ပါတယ်နော်..။