ၾကားသိရသမွ်

ဗိုလ်ချုပ်အောင်ဆန်းတောင် သက်ရှိနေသေးရင် ဂုဏ်ယူရလောက်တဲ့ လစာမဲ့ပြည်သူတပ်မတော်….

ဗိုလ်ချုပ်အောင်ဆန်းတောင် သက်ရှိနေသေးရင် ဂုဏ်ယူရလောက်တဲ့ လစာမဲ့၊အခမဲ့ ပြည်သူလိုအပ်ချိန်မှာပေါ်ပေါက်လာတဲ့ ပြည်သူတပ်မတော်….

နိူင်ငံတခုမှာ တပ်မတော်ဆိုတာ မရှိလို့ မဖြစ်ဘူး တဲ့ ဟိုဘက်က ဝါဒဖြန့်တဲ့စကား

ဒါဆိုရင် ပြည်သူ့ကာကွယ်ရေးတပ် PDF ပုံရိပ်တချို့လုံး၀ ပြည်သူကြားက မွေးဖွားလာတဲ့ တပ်မတော်ပြည်သူအစစ်တွေက မွေးဖွားလာတဲ့ တပ်မတော်

အရပ်သားပြည်သူတွေကနေ မိမိတို့ရဲ့ လွတ်လပ်သော သဘောဆန္ဒနဲ့အညီမိမိတို့ဖာသာဝင်ရောက်ကြတဲ့ တပ်မတော်

ပြီးတော့ . . .ပြည်သူတွေကပဲ မိမိတို့ချွေးနည်းစာတွေနဲ့ အခက်အခဲမျိုးစုံကြားက ထောက်ပံ့ကျွေးမွေးနေကြတဲ့ပြည်သူက ကျွေးထားတဲ့တပ်မတော် . . .

ဒီလို ပြည်သူ့တပ်မတော်စစ်စစ် ရှိနေပြီပဲဟာတခြားဘာလိုသေးလို့လဲ . . .

ဪ . . . နောက်ပြီးအရေးကြီးဆုံးအချက်ပြည်သူ့တပ်မတော် ဆိုတာ . . .ပြည်သူဘက် သေနတ်ပြောင်း ပြန်မလှည့်ရဘူး . . .

ပြည်သူက . . .မိမိသဘောထားကို လွတ်လပ်ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တဲ့အခါ ခေါင်းပွင့်အောင်ပစ်မသတ်ရဘူး . . .ပြည်သူ့ပိုင်ဆိုင်မှုကို . . .ပလာတာကနေ ဖုန်းအထိ လုမစားရဘူး . . .

ညကြီးအချိန်မတော် ရပ်ကွက်တွေထဲလှည့်အမေနှမ ကိုင်တုတ်ဆဲဆိုပြီးသေရဲတဲ့ကောင်ဆင်းခဲ့စမ်းလို့သေနတ်ကြီးတကားကားနဲ့ စိန်မခေါ်ရဘူး . . .

အဲ့ဒီလို လုပ်ရင်လည်း ပြည်သူ့တပ်မတော်မဟုတ်တော့ဘူး . . .ဓားပြအဖွဲ့ပဲ ဖြစ်သွားပြီ။

အခု ကျုပ်တို့ မြန်မာပြည်သူတွေအတွက် တပ်မတော်ဆိုတာ တစ်ခုပဲ ရှိတယ် . . .ပြည်သူ့ ကာကွယ်ရေးတပ်မတော် ” PDF ” ပဲဖြစ်တယ် . . .

အခုစာဖတ်နေတဲ့သူယော လက်ခံတယ်မို့လား ။

မျိုးချစ်တော်လှန်ရေး (ချင်းမြေ)

saiktahwan

အရေးတော်ပုံအောင်ရမည်။

unicode














saiktahwan
