ရုပ္ေခ်ာတာ ေကာင္းတဲ့အခ်က္ပဲလို႔ ေျပာၾကပါတယ္။ တကယ္ေတာ့ ဘယ္အရာမဆို မေကာင္းတဲ့အခ်က္ေတြက ရွိေနတာပါပဲ။ဒါေၾကာင့္ ရုပ္ေခ်ာတဲ့ ေကာင္မေလးေတြမွာလည္း သူ႔အခက္အခဲနဲ႔ သူ ေနေနၾကရတာပါ။ ရုပ္ေခ်ာေတာ့ ေကာင္းတာေပါ့လုိ႔ ေျပာတာကိုခံၾကရသလို
ဒီလိုမ်ိဳး အခက္အခဲေတြကိုလည္း သူတို႔က ၾကံဳေနၾကရပါေသးတယ္။
(၁) ရုပ္ေခ်ာတာကို အျပစ္ေျပာခံရတယ္
ရုပ္ေခ်ာတဲ့သူေတြမွာ မျဖစ္မေန ၾကံဳေနရတာက ထစ္ခနဲရွိ ရုပ္ကို ခလုတ္တိုက္ၿပီး အေျပာခံရတာပါ။ ရုပ္ကေလးက ေခ်ာေနတာကိုး၊ ရုပ္ကေလး ေခ်ာတာပဲ ရွိတယ္ ဘာမွအသံုးမက်ဘူး၊ ရုပ္ေခ်ာေနေတာ့ စိတ္က ဘယ္ကို ေရာက္ေနတာ၊ ရုပ္ကေလးကို ဗန္းျပၿပီး.. စသျဖင့္ တိုးတိုးတစ္မ်ိဳး၊ က်ယ္က်ယ္တစ္မ်ိဳး အေျပာခံေနရတာက ရုပ္ေခ်ာတဲ့သူေတြပဲ ခံစားရတာမ်ိဳးပါ။
(၂) အရည္အခ်င္းကို ေနာက္မွ ျမင္တယ္
ရုပ္ေခ်ာတဲ့သူေတြကို အရည္အခ်င္းထက္ ရုပ္ကို ပိုၿပီး လူသိမ်ားခံၾကရတတ္ပါတယ္။ ရုပ္ေခ်ာၿပီး စာေတာ္တယ္ဆိုတာမ်ိဳးက ေက်ာင္းတုန္းက ျဖစ္ၿပီး လက္ေတြ႔ဘဝထဲမွာဆုိရင္ ကိုယ့္အရည္အခ်င္းထက္ ကိုယ့္ရုပ္ကိုပဲ ဦးစားေပးေျပာဆိုခံရတဲ့အခါ နည္းနည္းေတာ့ ေအာင့္သက္သက္ ျဖစ္ၾကရပါတယ္။
(၃) လြတ္လပ္မႈ မရွိဘူး
ရုပ္ေခ်ာတဲ့သူေတြက လမ္းသြားရင္ေတာင္ လြတ္လြတ္လပ္လပ္ မသြားၾကရတဲ့သူေတြ ျဖစ္ပါတယ္။ ရုပ္ေခ်ာလို႔ ေဘးကလူ မွန္သမွ်က လိုက္ႀကည့္သလို၊ ရုပ္ေခ်ာလို႔ နာမည္ႀကီးၿပီး လူသိမ်ားလြန္းတာမ်ိဳးလည္း ျဖစ္တတ္ၾကပါေသးတယ္။ ရုပ္ေခ်ာတာေၾကာင့္ ကိုယ့္လြတ္လပ္ခြင့္ပါ ဆံုးရံႈးေနရတာ သူတို႔ပါပဲ။
(၄) အေၾကာင္ခံရမယ္
ရုပ္ေခ်ာတဲ့ ေကာင္မေလးေတြက လူႀကိဳက္မ်ားပါတယ္။ ဒါေၾကာင့္ ခ်ဴခ်င္သူေတြ ေပါလြန္းလွပါတယ္။ တကယ္ေတာ့ ရုပ္ရည္ေၾကာင့္ လာႀကိဳက္ခံၾကရတာ ျဖစ္ပါတယ္။ တကယ္ ခ်စ္တာမ်ိဳး မဟုတ္ဘဲ ရုပ္ေခ်ာလို႔ လာၿပီး ရည္းစားစကား ေျပာတာကိုလည္း ခံေနၾကရတာ ျဖစ္ပါတယ္။ သိပ္ကို စိတ္အေႏွာင့္အယွက္ ျဖစ္ေနၾကရတဲ့ ကိစၥပါပဲေနာ္။
(၅) အမုန္းခံရမယ္
ရုပ္ေခ်ာတဲ့သူ အမ်ားစုက လူခ်စ္လူခင္ ေပါတယ္ဆိုေပမယ့္လည္း ရုပ္ေခ်ာတာကို အေၾကာင္းျပဳၿပီး မုန္းၾကတာလည္း ရွိပါတယ္။ ဘာအေၾကာင္းျပခ်က္မွ ေရေရရာရာ မရွိပါဘဲ ကိုယ့္ရုပ္ေခ်ာတာကို ၾကည့္ၿပီး ၾကည့္မရ ျဖစ္ေနတဲ့သူေတြကလည္း အမ်ားအျပားပါပဲ။
Kham
Credit
Unicode
ရုပ်ချောတာ ကောင်းတဲ့အချက်ပဲလို့ ပြောကြပါတယ်။ တကယ်တော့ ဘယ်အရာမဆို မကောင်းတဲ့အချက်တွေက ရှိနေတာပါပဲ။ဒါကြောင့် ရုပ်ချောတဲ့ ကောင်မလေးတွေမှာလည်း သူ့အခက်အခဲနဲ့ သူ နေနေကြရတာပါ။ ရုပ်ချောတော့ ကောင်းတာပေါ့လို့ ပြောတာကိုခံကြရသလို
ဒီလိုမျိုး အခက်အခဲတွေကိုလည်း သူတို့က ကြုံနေကြရပါသေးတယ်။
(၁) ရုပ်ချောတာကို အပြစ်ပြောခံရတယ်
ရုပ်ချောတဲ့သူတွေမှာ မဖြစ်မနေ ကြုံနေရတာက ထစ်ခနဲရှိ ရုပ်ကို ခလုတ်တိုက်ပြီး အပြောခံရတာပါ။ ရုပ်ကလေးက ချောနေတာကိုး၊ ရုပ်ကလေး ချောတာပဲ ရှိတယ် ဘာမှအသုံးမကျဘူး၊ ရုပ်ချောနေတော့ စိတ်က ဘယ်ကို ရောက်နေတာ၊ ရုပ်ကလေးကို ဗန်းပြပြီး.. စသဖြင့် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး အပြောခံနေရတာက ရုပ်ချောတဲ့သူတွေပဲ ခံစားရတာမျိုးပါ။
(၂) အရည်အချင်းကို နောက်မှ မြင်တယ်
ရုပ်ချောတဲ့သူတွေကို အရည်အချင်းထက် ရုပ်ကို ပိုပြီး လူသိများခံကြရတတ်ပါတယ်။ ရုပ်ချောပြီး စာတော်တယ်ဆိုတာမျိုးက ကျောင်းတုန်းက ဖြစ်ပြီး လက်တွေ့ဘဝထဲမှာဆိုရင် ကိုယ့်အရည်အချင်းထက် ကိုယ့်ရုပ်ကိုပဲ ဦးစားပေးပြောဆိုခံရတဲ့အခါ နည်းနည်းတော့ အောင့်သက်သက် ဖြစ်ကြရပါတယ်။
(၃) လွတ်လပ်မှု မရှိဘူး
ရုပ်ချောတဲ့သူတွေက လမ်းသွားရင်တောင် လွတ်လွတ်လပ်လပ် မသွားကြရတဲ့သူတွေ ဖြစ်ပါတယ်။ ရုပ်ချောလို့ ဘေးကလူ မှန်သမျှက လိုက်ကြည့်သလို၊ ရုပ်ချောလို့ နာမည်ကြီးပြီး လူသိများလွန်းတာမျိုးလည်း ဖြစ်တတ်ကြပါသေးတယ်။ ရုပ်ချောတာကြောင့် ကိုယ့်လွတ်လပ်ခွင့်ပါ ဆုံးရှုံးနေရတာ သူတို့ပါပဲ။
(၄) အကြောင်ခံရမယ်
ရုပ်ချောတဲ့ ကောင်မလေးတွေက လူကြိုက်များပါတယ်။ ဒါကြောင့် ချူချင်သူတွေ ပေါလွန်းလှပါတယ်။ တကယ်တော့ ရုပ်ရည်ကြောင့် လာကြိုက်ခံကြရတာ ဖြစ်ပါတယ်။ တကယ် ချစ်တာမျိုး မဟုတ်ဘဲ ရုပ်ချောလို့ လာပြီး ရည်းစားစကား ပြောတာကိုလည်း ခံနေကြရတာ ဖြစ်ပါတယ်။ သိပ်ကို စိတ်အနှောင့်အယှက် ဖြစ်နေကြရတဲ့ ကိစ္စပါပဲနော်။
(၅) အမုန်းခံရမယ်
ရုပ်ချောတဲ့သူ အများစုက လူချစ်လူခင် ပေါတယ်ဆိုပေမယ့်လည်း ရုပ်ချောတာကို အကြောင်းပြုပြီး မုန်းကြတာလည်း ရှိပါတယ်။ ဘာအကြောင်းပြချက်မှ ရေရေရာရာ မရှိပါဘဲ ကိုယ့်ရုပ်ချောတာကို ကြည့်ပြီး ကြည့်မရ ဖြစ်နေတဲ့သူတွေကလည်း အများအပြားပါပဲ။
Kham
Credit