အခ်စ္နွင့္ဘဝ

သင့္ခ်စ္သူက ဒီလိုအျပဳအမူ (၁၀)ခ်က္ လုပ္ခဲ့ရင္ သင္ခန္႔မွန္းသလို သင့္ကိုတကယ္မခ်စ္ပါဘူး….

သင့္ခ်စ္သူေကာင္ေလးရဲ႕ ထူးဆန္းေနတဲ့အျပဳအမူ၊ အမူအယာေတြကိုၾကည့္ၿပီး သူတို႔ရဲ႕စိတ္ကိုခန္႔မွန္းၾကည့္ဖူးပါသလား။ တခ်ိဳ႕အရာေတြမွာ သင္ထင္တာနဲ႔ လံုး၀ကြက္တိျဖစ္ႏိုင္ေပမယ့္ ယခုေဖာ္ျပမယ့္ လႈိ႕၀ွက္ခ်က္ (၁၀) ခ်က္ကေတာ့ သင္ခန္႔မွန္းတာနဲ႔ ဆန္႔က်င္ဖက္ေတြ ျဖစ္ခ်င္ျဖစ္ေနပါလိမ့္မယ္။

ဒါေပမယ့္ ဒီအျပဳအမူေတြကေတာ့ ေယာက်္ားေလးလႈိ႕၀ွက္ဓါတ္ခြဲခန္းမွာ မိန္းကေလးေတြစိတ္ေရာေထြးေစဖို႔ သီးသန္႔ဖန္တီးထားသလို ေယာက်္ားေလးတိုင္း တထပ္တည္းက်ေနပါတယ္။

၁။ သင္နဲ႔လေပါင္းမ်ားစြာေ၀းေနၿပီး ဘာမွမျဖစ္ခဲ့သလို ျပန္ေတြ႕တဲ့အခါ

သင္နဲ႔လေပါင္းမ်ားစြာ အဆက္အသြယ္ျပတ္ေနၿပီး သူကျပန္ဆက္သြယ္လို႔ေတြ႕ၾကတဲ့အခါ သင္ထင္တာက သူဟာအလုပ္ရမ္းမ်ားေနၿပီး သင့္ဆီစာေရးဖို႔ေတာင္ အခ်ိန္မရွိလို႔။ ဒါမွမဟုတ္ အင္တာနက္ေတာင္သံုးခ်ိန္မရလို႔။

သို႔မဟုတ္ သူဟာအျပစ္မရွိပဲနဲ႔ ေထာင္က်ေနခဲ့တာ၊ ဒါေပမယ့္ မိနစ္တိုင္းမွာ သင့္အေၾကာင္းပဲ ေတြးေနလိမ္မယ္လို႔ သင္ထင္ခ်င္ထင္ပါလိမ့္မယ္။ ဒါေပမဲ့ တကယ့္အဓိပၸာယ္အမွန္က သင္ယခုအခ်ိန္အထိအသက္ရွင္ေနေသးၿပီး သူ႔ကိုခ်စ္ေနေသးတာကို သူအရမ္းအံ့ၾသေနပါတယ္။

၂။ သူကအရင္ဆံုး စကားလာေျပာတယ္၊ ၿပီးရင္အဖက္မလုပ္ပဲ ေပ်ာက္သြားတတ္တယ္

ဒီလိုျဖစ္ခဲ့ရင္ သင္ထင္တာက အေရးေပၚ စီးပြားေရးအလုပ္ေတြေပၚလာတာလား၊ ဒါမွမဟုတ္ သူ႕ဖုန္းဘတၱရီ ကုန္သြားတာျဖစ္မယ္၊ ဒါမွမဟုတ္ၿဂိဳလ္သားေတြ ျပန္ေပးဆြဲသြားတာလား၊ မဟုတ္ေသးပါဘူး အေရးႀကီးဖုန္း၀င္လာလို႔ေနမွာ။ ဒါေပမယ့္ သူငါနဲ႔ပဲ ေျပာခ်င္ေနမွာ က်ိန္းေသတယ္။

တကယ့္တကယ္ အဓိပၸာယ္ကေတာ့ သင့္ကို၀တၱရားအရႏႈတ္ဆက္တာျဖစ္ၿပီး သူ႔အေပၚအေျခအေနဘယ္လိုရွိလဲဆိုတာ သိခ်င္ယံုသက္သက္ပါ။

၃။ Online မွာေျပာေနေပမယ့္ Offline မွာေျပာဖို႔ သူမႀကိဳးစားဘူး

သင္နဲ႔ အြန္လိုင္းမွာအျမဲတမ္းေျပာေနတာၾကာေနေပမယ့္ အျပင္မွာေတြ႔ဖို႔တစ္ခါမွ စကားမဟျခင္းကို သင္ထင္တာက သူကအရမ္း႐ိုးသားတာပဲ၊ ငါျငင္းမွာကို သူေၾကာက္ေနတာေနမွာ၊ ငါ့လိုလွတဲ့မိန္းကေလးနဲ႔ အျပင္မွာဆံုဖို႕ သူအဆင္သင့္မျဖစ္ေသးတာလည္း ျဖစ္ႏိုင္တယ္။

သူငါ့ကို အရမ္းေၾကာက္ေနေပမယ့္ တစ္ေန႔ေန႔မွာေတာ့ ငါ့ကိုခ်ိန္းေတြ႔ဖို႔ေမးမွာ လံုး၀ေသခ်ာတယ္။တကယ့္အစစ္အမွန္က သူဟာသင္နဲ႔စကားေျပာခ်င္႐ံုသက္သက္ပါ။ ဒါေပမယ့္ တကယ့္ဘ၀ထဲမွာေတာ့ မဟုတ္ပါဘူး။ဒါေၾကာင့္ သင့္ကိုေတြ႔ဖို႔ မေမးတာပါ။

၄။ သူ႔ရဲ႕ပိရိတဲ့ အစီအစဥ္ေတြမွာ သင့္ကိုအသံုးျပဳထားတယ္

သင္တို႔ႏွစ္ေယာက္ဟာ ေပ်ာ္စရာေကာင္းတဲ့အခ်ိန္ေတြရွိခဲ့ၿပီး မၾကာခဏဆိုသလို ေပ်ာက္ကြယ္သြားျပန္တယ္။ ဒါကိုသင္ထင္တဲ့ အဓိပၸာယ္က သူငါစိတ္ရွည္မလားလို႔ စမ္းသပ္ေနတာ ဒါမွမဟုတ္ သူ႔အလုပ္ထဲမွာ ျပႆနာနဲ႔ၾကံဳေနလို႔ ငါ့ကိုခ်စ္ဖို႔အခ်ိန္မရွိတာလား၊

အိုဘာပဲျဖစ္ျဖစ္ မနက္ျဖန္၊ သဘက္ခါ ဒါမွမဟုတ္ တျခားေန႔ေတြမွာ ငါတို႔ႏွစ္ေယာက္ၾကား အရာအားလံုးေကာင္းသြားမွာပါ။တကယ့္အဓိပၸာယ္က သင္နဲ႔စဥ္ဆက္မျပတ္ ခ်စ္ေနဖို႔သူစိတ္မ၀င္စားလို႔ပါ။

၅။ သင့္ကိုစိတ္၀င္စားေနတဲ့ အျခားတစ္ေယာက္နဲ႔ သူကၿပိဳင္ဘက္ ျဖစ္ခ်င္တယ္

သင့္ကို အျခားသူေတြစိတ္၀င္စားေနတဲ့ အခ်ိန္ဆိုရင္ သူေပၚလာတတ္တယ္။ သင္ထင္တဲ့ အဓိပၸာယ္က သူကသင့္အေပၚ သ၀န္တိုေနတာ၊ အခုခ်ိန္ကစၿပီး အရာအားလံုး ေျပာင္းလဲသြားပါၿပီ၊ တျခားတစ္ေယာက္ ငါ့ကိုလာႀကိဳက္မွပဲ သူ႔အခ်စ္ေတြကို လက္ေတြ႔က်က်လက္ခံလိုက္ပံုရတယ္။

အခုအခ်ိန္ေလာက္ဆို သူငါ့ကို ဆံုး႐ႈံးရမွာ ေသမေလာက္ေၾကာက္ေနလိမ့္မယ္။ဒါေပမဲ့ တကယ့္အဓိပၸာယ္အမွန္က Relationship တစ္ခုဟာ အဆက္မျပတ္ယွဥ္ၿပိဳင္မႈ မရွိရင္ သူ႔အတြက္စိတ္၀င္စားစရာမေကာင္းတာေၾကာင့္ ၿပိဳင္ဘက္ကို သူလိုခ်င္ေနတာပါ။

၆။ အရမ္းေကာင္းတဲ့ Relationship တစ္ခုျဖစ္ဖို႔ သူႀကိဳးစားေနတယ္၊ ဒါေပမယ့္ အခ်စ္မဟုတ္ပဲနဲ႔ေပါ့

သူက သူငယ္ခ်င္းေတြလိုပဲေနဖို႔ အၾကံျပဳခဲ့တယ္။ ဒါေပမဲ့ ပေရာပရည္ေတာ့ လုပ္တတ္တယ္။ဒါကိုသင္ထင္တာက သူငါ့ကိုအရမ္းခ်စ္ေနတာကို သူ႔ကိုယ္သူ သေဘာမေပါက္ေသးတာလား၊ ဒါမွမဟုတ္ ငါျငင္းလိုက္မွာကို စိုးရိမ္ေနတာလား၊ သူငါ့ရဲ႕အလွကေန ႐ုန္းမထြက္ႏိုင္ဘူး။

အရမ္းကို စိတ္ကူးယဥ္ဆန္တဲ့ Relationship တစ္ခုရဖို႔ အရင္ဆံုး အေကာင္းဆံုးသူငယ္ခ်င္းေတြ ျဖစ္ေအာင္ေနေနတာ သိသားပဲ။တကယ့္အဓိပၸာယ္အမွန္က သင္ဟာသူ႔ကို စိတ္၀င္စားေနၿပီဆိုတာကို သူရွင္းရွင္းလင္းလင္း သိပါတယ္။

ၿပီးေတာ့ ဒီလိုအခ်ိန္အၾကာႀကီး သင့္ကို ကစားေနရတာကလည္း သူ႔အတြက္ေပ်ာ္စရာတစ္ခုပါ။ ဒါေပမဲ့ သိပ္မၾကာမီ သူပ်င္းလာပါလိမ့္မယ္၊ ဒါမွမဟုတ္ သူ႔မွာခ်စ္သူအသစ္ရရင္ သင့္ကိုဒီထက္ပို လိုအပ္ေတာ့မွာမဟုတ္ပါဘူး။ သင့္အတြက္နာက်င္စရာပါပဲ။

၇။ သူဟာသင့္အတြက္ အခ်ိန္မေပးတတ္ဖူး၊ သူလိုအပ္တဲ့အခ်ိန္ဆိုရင္ေတာ့ သင့္ဆီေရာက္လာတတ္တယ္သူ႔အလုပ္ေတြ ၿပီးစီးတဲ့အခါ ရံဖန္ရံခါ သင္နဲ႔ေတြ႕ဆံုတတ္တယ္။သင္ထင္တာက သူကအရမ္း အလုပ္မ်ားတာပဲ။

ဒါေတာင္မွ သူ႔ရဲ႕အားလပ္ခ်ိန္ေလးကို ငါနဲ႔အတူတူ ႐ိုမန္တစ္ဆန္ဆန္ ျဖတ္သန္းခ်င္ေနတာ၊ သူငါ့ကိုအရမ္းခ်စ္တာပဲ၊ တစ္ခါတစ္ေလ ညဖက္ေတြေတာင္ အိမ္မျပန္ႏိုင္ပဲ ငါ့ေဘးမွာေနေပးတယ္။

တကယ့္အဓိပၸာယ္အစစ္က သူ႕အတြက္ အျမဲေဖ်ာ္ေျဖႏိုင္မယ့္ လိင္မိတ္ဖက္ ရွိေနတာ သူ႔အတြက္အရမ္းအဆင္ေျပပါတယ္။ ဒါေပမယ့္ သူတကယ္ခ်စ္တဲ့ေကာင္မေလးနဲ႔ေတြ႔ၿပီး လက္တြဲတဲ့အခါ ….

သူ႕အလုပ္ေတြက အခုအခ်ိန္လို သူ႔အတြက္သိပ္အေရးမပါေတာ့တာကို သင္ေတြ႔ပါလိမ့္မယ္။ ဒီလိုအခ်ိန္ေရာက္ရင္ေတာ့ သင့္ကိုယ္သင္ ” ဘာေၾကာင့္လဲ? ” လို႔ ျပန္ေမးရပါလိမ့္မယ္။

၈။ သင့္ကို သူ႔ရဲ႕သူငယ္ခ်င္းေတြ၊ မိဘေတြနဲ႔ မိတ္ဆက္မေပးဘူး

သင္တို႔ႏွစ္ေယာက္ဟာ အရမ္းကိုၾကင္နာၿပီး ခ်စ္ၾကေပမယ့္ သူ႔ရဲ႕သူငယ္ခ်င္းေတြ၊ မိသားစုေတြနဲ႔ ျမင္ရခဲလြန္းပါတယ္။ ဒါမွမဟုတ္ သူတို႔ေတြကို သင္ေကာင္းေကာင္း မသိတာလည္း ျဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္ သင္တို႔ႏွစ္ေယာက္ရဲ႕ အားလပ္ရက္ေတြကို သီးျခားပဲကုန္ဆံုးရပါလိမ့္မယ္။

သင္ထင္တာက သူငါရွက္ေနမွာကို မလိုလားတာပါ၊ သူကသူ႔မိသားစုေတြ သူငယ္ခ်င္းေတြကို အရမ္းခ်စ္တာေၾကာင့္ တကယ္လို႔သူတို႔အတြက္ အခ်ိန္ေပးတာကို ငါသိရင္ ငါမႀကိဳက္မွာကို သူစိုးရိမ္ေနတာ။တကယ့္အဓိပၸာယ္အမွန္က သင္ဟာသူ႔မိသားစု၊ သူငယ္ခ်င္းေတြေလာက္ေတာင္ အေရးမပါပါဘူး။

ဒါေၾကာင့္ သင့္ကို သူ႔ရဲ႕ခ်စ္သူမွန္း သူနဲ႔ပတ္သတ္သူေတြ သိသြားမွာကို မလိုလားပါဘူး၊ သူ႕ရဲ႕သတို႔သမီးေလာင္း လို႔ထင္သြားရင္ ပိုေတာင္ဆိုးပါေသးတယ္။ ဒါဟာဘာေၾကာင့္လည္းဆိုေတာ့ ဒီလိုမ်ိဳးပံုစံနဲ႔ သင့္ကိုမျမင္ခ်င္လို႔ပါပဲ။

၉။ သူက သူငယ္ခ်င္းလိုပဲ ျပဳမူတယ္

သင္တို႔ႏွစ္ေယာက္ဟာ အြန္လိုင္းမွွာ အခ်ိန္တိုင္းဆက္သြယ္ေနၾကတယ္။ သင္တို႔ႏွစ္ေယာက္ဟာ တစ္ေယာက္တည္းျဖစ္ေနသလိုကို သင္ထင္ခ်င္ထင္ပါလိမ့္မယ္။ သင့္မွာအရမ္းေကာင္းတဲ့အခ်ိန္ေတြ အတူတကြရရွိခဲ့ၾကတယ္။ ဒါေပမယ့္ ဒါေတြဟာ ႐ိုမန္တစ္ေတာ့ လံုး၀မဆန္ခဲ့ဘူး။

သင္ထင္တာက သူငါ့ကို အရမ္းခ်စ္တယ္၊ ဒါေပမယ့္ သူရဲ႕အရင္ Relationship ကရခဲ့တဲ့ ဒဏ္ရာေတြမက်က္ေသးတဲ့အတြက္ ေနာက္ထပ္ဒီလိုျဖစ္မွာကို သူစိုးရိမ္ေနတာ။ ငါဟာသူ႔ရဲ႕အေကာင္းဆံုး သူငယ္ခ်င္းတစ္ေယာက္ ျဖစ္ေနလိမ့္မယ္။ ေနာက္ေတာ့ သူငါ့ကိုအရမ္းခ်စ္တယိဆိုတာကုိ သူနားလည္လာပါလိမ့္မယ္။

တကယ့္အဓိပၸာယ္အမွန္က သင္ဟာ သူ႔အတြက္ သူငယ္ခ်င္းေကာင္းပါ။ သင္နဲ႔ခင္ရတာအရမ္းကိုေကာင္းပါတယ္။ ဒါေပမယ့္ သင္ဟာသူ႔ခ်စ္သူမဟုတ္ပါဘူး။ သူငယ္ခ်င္းထက္ပိုၿပီးေတာ့ ဘာမွျဖစ္လာမွာ မဟုတ္ပါဘူး။

၁၀။ သူဟာသင္နဲ႔အတူတူ အနာဂတ္ကိုမေဆြးေႏြးခ်င္သလို မည္သည့္အေျပာင္းအလဲကုိမွ မလိုလားဘူးသင္တို႔ရဲ႕ အနာဂတ္အေၾကာင္းကို သင္ေျပာဖို႔ႀကိဳးစားတဲ့အခါ သူဟာအရမ္းကိုလႈိ႔၀ွက္လာၿပီး အ၇မ္းကိုေဒါသထြက္ လာပါတယ္။

သင္ထင္တဲ့အဓိပၸာယ္က သူကငါ့ကို အံ့ၾသေအာင္႐ုတ္တရက္ လက္ထပ္ခြင့္ေတာင္းမလို႔ထင္တယ္။ ဒါေပမယ့္ သူ႔မွာေငြေရးေၾကးေရး အခက္အခဲရွိပံုရတယ္။ ဒီလိုအခက္အခဲေတြကို ငါ့ပခံုးေပၚေရာက္မွာ သူစိုးရိမ္ေနတာ၊ ဒါေတြ သူေျဖရွင္းၿပီးမွ ငါတို႔လက္ထပ္ၾကမယ္ထင္တယ္။

ဒါေပမယ့္ တကယ္ကေတာ့ သင့္ကို သူ႔ရဲ႕အေကာင္းဆံုးဇနီး၊ သူ႔ကေလးေတြရဲ႕အေကာင္းဆံုအေမျဖစ္လာမယ္လို႔ သူမယံုၾကည္လို႔ပါ။ သင့္ကိုသူအိမ္ေထာင္ဖက္အျဖစ္မလိုခ်င္တာေၾကာင့္ အနာဂတ္အေၾကာင္းေျပာတဲ့အခါ ဟန္မေဆာင္ႏိုင္တာပါ…..။

LM_Naung_Naung ။ Lifestyle_Myanmar

unicode

သင့်ချစ်သူကောင်လေးရဲ့ ထူးဆန်းနေတဲ့အပြုအမူ၊ အမူအယာတွေကိုကြည့်ပြီး သူတို့ရဲ့စိတ်ကိုခန့်မှန်းကြည့်ဖူးပါသလား။ တချို့အရာတွေမှာ သင်ထင်တာနဲ့ လုံးဝကွက်တိဖြစ်နိုင်ပေမယ့် ယခုဖော်ပြမယ့် လှို့ဝှက်ချက် (၁၀) ချက်ကတော့ သင်ခန့်မှန်းတာနဲ့ ဆန့်ကျင်ဖက်တွေ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။

ဒါပေမယ့် ဒီအပြုအမူတွေကတော့ ယောကျ်ားလေးလှို့ဝှက်ဓါတ်ခွဲခန်းမှာ မိန်းကလေးတွေစိတ်ရောထွေးစေဖို့ သီးသန့်ဖန်တီးထားသလို ယောကျ်ားလေးတိုင်း တထပ်တည်းကျနေပါတယ်။

၁။ သင်နဲ့လပေါင်းများစွာဝေးနေပြီး ဘာမှမဖြစ်ခဲ့သလို ပြန်တွေ့တဲ့အခါ

သင်နဲ့လပေါင်းများစွာ အဆက်အသွယ်ပြတ်နေပြီး သူကပြန်ဆက်သွယ်လို့တွေ့ကြတဲ့အခါ သင်ထင်တာက သူဟာအလုပ်ရမ်းများနေပြီး သင့်ဆီစာရေးဖို့တောင် အချိန်မရှိလို့။ ဒါမှမဟုတ် အင်တာနက်တောင်သုံးချိန်မရလို့။

သို့မဟုတ် သူဟာအပြစ်မရှိပဲနဲ့ ထောင်ကျနေခဲ့တာ၊ ဒါပေမယ့် မိနစ်တိုင်းမှာ သင့်အကြောင်းပဲ တွေးနေလိမ်မယ်လို့ သင်ထင်ချင်ထင်ပါလိမ့်မယ်။ ဒါပေမဲ့ တကယ့်အဓိပ္ပာယ်အမှန်က သင်ယခုအချိန်အထိအသက်ရှင်နေသေးပြီး သူ့ကိုချစ်နေသေးတာကို သူအရမ်းအံ့သြနေပါတယ်။

၂။ သူကအရင်ဆုံး စကားလာပြောတယ်၊ ပြီးရင်အဖက်မလုပ်ပဲ ပျောက်သွားတတ်တယ်

ဒီလိုဖြစ်ခဲ့ရင် သင်ထင်တာက အရေးပေါ် စီးပွားရေးအလုပ်တွေပေါ်လာတာလား၊ ဒါမှမဟုတ် သူ့ဖုန်းဘတ္တရီ ကုန်သွားတာဖြစ်မယ်၊ ဒါမှမဟုတ်ဂြိုလ်သားတွေ ပြန်ပေးဆွဲသွားတာလား၊ မဟုတ်သေးပါဘူး အရေးကြီးဖုန်းဝင်လာလို့နေမှာ။ ဒါပေမယ့် သူငါနဲ့ပဲ ပြောချင်နေမှာ ကျိန်းသေတယ်။

တကယ့်တကယ် အဓိပ္ပာယ်ကတော့ သင့်ကိုဝတ္တရားအရနှုတ်ဆက်တာဖြစ်ပြီး သူ့အပေါ်အခြေအနေဘယ်လိုရှိလဲဆိုတာ သိချင်ယုံသက်သက်ပါ။

၃။ Online မှာပြောနေပေမယ့် Offline မှာပြောဖို့ သူမကြိုးစားဘူး

သင်နဲ့ အွန်လိုင်းမှာအမြဲတမ်းပြောနေတာကြာနေပေမယ့် အပြင်မှာတွေ့ဖို့တစ်ခါမှ စကားမဟခြင်းကို သင်ထင်တာက သူကအရမ်းရိုးသားတာပဲ၊ ငါငြင်းမှာကို သူကြောက်နေတာနေမှာ၊ ငါ့လိုလှတဲ့မိန်းကလေးနဲ့ အပြင်မှာဆုံဖို့ သူအဆင်သင့်မဖြစ်သေးတာလည်း ဖြစ်နိုင်တယ်။

သူငါ့ကို အရမ်းကြောက်နေပေမယ့် တစ်နေ့နေ့မှာတော့ ငါ့ကိုချိန်းတွေ့ဖို့မေးမှာ လုံးဝသေချာတယ်။တကယ့်အစစ်အမှန်က သူဟာသင်နဲ့စကားပြောချင်ရုံသက်သက်ပါ။ ဒါပေမယ့် တကယ့်ဘဝထဲမှာတော့ မဟုတ်ပါဘူး။ဒါကြောင့် သင့်ကိုတွေ့ဖို့ မမေးတာပါ။

၄။ သူ့ရဲ့ပိရိတဲ့ အစီအစဉ်တွေမှာ သင့်ကိုအသုံးပြုထားတယ်

သင်တို့နှစ်ယောက်ဟာ ပျော်စရာကောင်းတဲ့အချိန်တွေရှိခဲ့ပြီး မကြာခဏဆိုသလို ပျောက်ကွယ်သွားပြန်တယ်။ ဒါကိုသင်ထင်တဲ့ အဓိပ္ပာယ်က သူငါစိတ်ရှည်မလားလို့ စမ်းသပ်နေတာ ဒါမှမဟုတ် သူ့အလုပ်ထဲမှာ ပြဿနာနဲ့ကြုံနေလို့ ငါ့ကိုချစ်ဖို့အချိန်မရှိတာလား၊

အိုဘာပဲဖြစ်ဖြစ် မနက်ဖြန်၊ သဘက်ခါ ဒါမှမဟုတ် တခြားနေ့တွေမှာ ငါတို့နှစ်ယောက်ကြား အရာအားလုံးကောင်းသွားမှာပါ။တကယ့်အဓိပ္ပာယ်က သင်နဲ့စဉ်ဆက်မပြတ် ချစ်နေဖို့သူစိတ်မဝင်စားလို့ပါ။

၅။ သင့်ကိုစိတ်ဝင်စားနေတဲ့ အခြားတစ်ယောက်နဲ့ သူကပြိုင်ဘက် ဖြစ်ချင်တယ်

သင့်ကို အခြားသူတွေစိတ်ဝင်စားနေတဲ့ အချိန်ဆိုရင် သူပေါ်လာတတ်တယ်။ သင်ထင်တဲ့ အဓိပ္ပာယ်က သူကသင့်အပေါ် သဝန်တိုနေတာ၊ အခုချိန်ကစပြီး အရာအားလုံး ပြောင်းလဲသွားပါပြီ၊ တခြားတစ်ယောက် ငါ့ကိုလာကြိုက်မှပဲ သူ့အချစ်တွေကို လက်တွေ့ကျကျလက်ခံလိုက်ပုံရတယ်။

အခုအချိန်လောက်ဆို သူငါ့ကို ဆုံးရှုံးရမှာ သေမလောက်ကြောက်နေလိမ့်မယ်။ဒါပေမဲ့ တကယ့်အဓိပ္ပာယ်အမှန်က Relationship တစ်ခုဟာ အဆက်မပြတ်ယှဉ်ပြိုင်မှု မရှိရင် သူ့အတွက်စိတ်ဝင်စားစရာမကောင်းတာကြောင့် ပြိုင်ဘက်ကို သူလိုချင်နေတာပါ။

၆။ အရမ်းကောင်းတဲ့ Relationship တစ်ခုဖြစ်ဖို့ သူကြိုးစားနေတယ်၊ ဒါပေမယ့် အချစ်မဟုတ်ပဲနဲ့ပေါ့

သူက သူငယ်ချင်းတွေလိုပဲနေဖို့ အကြံပြုခဲ့တယ်။ ဒါပေမဲ့ ပရောပရည်တော့ လုပ်တတ်တယ်။ဒါကိုသင်ထင်တာက သူငါ့ကိုအရမ်းချစ်နေတာကို သူ့ကိုယ်သူ သဘောမပေါက်သေးတာလား၊ ဒါမှမဟုတ် ငါငြင်းလိုက်မှာကို စိုးရိမ်နေတာလား၊ သူငါ့ရဲ့အလှကနေ ရုန်းမထွက်နိုင်ဘူး။

အရမ်းကို စိတ်ကူးယဉ်ဆန်တဲ့ Relationship တစ်ခုရဖို့ အရင်ဆုံး အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်အောင်နေနေတာ သိသားပဲ။တကယ့်အဓိပ္ပာယ်အမှန်က သင်ဟာသူ့ကို စိတ်ဝင်စားနေပြီဆိုတာကို သူရှင်းရှင်းလင်းလင်း သိပါတယ်။

ပြီးတော့ ဒီလိုအချိန်အကြာကြီး သင့်ကို ကစားနေရတာကလည်း သူ့အတွက်ပျော်စရာတစ်ခုပါ။ ဒါပေမဲ့ သိပ်မကြာမီ သူပျင်းလာပါလိမ့်မယ်၊ ဒါမှမဟုတ် သူ့မှာချစ်သူအသစ်ရရင် သင့်ကိုဒီထက်ပို လိုအပ်တော့မှာမဟုတ်ပါဘူး။ သင့်အတွက်နာကျင်စရာပါပဲ။

၇။ သူဟာသင့်အတွက် အချိန်မပေးတတ်ဖူး၊ သူလိုအပ်တဲ့အချိန်ဆိုရင်တော့ သင့်ဆီရောက်လာတတ်တယ်သူ့အလုပ်တွေ ပြီးစီးတဲ့အခါ ရံဖန်ရံခါ သင်နဲ့တွေ့ဆုံတတ်တယ်။သင်ထင်တာက သူကအရမ်း အလုပ်များတာပဲ။

ဒါတောင်မှ သူ့ရဲ့အားလပ်ချိန်လေးကို ငါနဲ့အတူတူ ရိုမန်တစ်ဆန်ဆန် ဖြတ်သန်းချင်နေတာ၊ သူငါ့ကိုအရမ်းချစ်တာပဲ၊ တစ်ခါတစ်လေ ညဖက်တွေတောင် အိမ်မပြန်နိုင်ပဲ ငါ့ဘေးမှာနေပေးတယ်။

တကယ့်အဓိပ္ပာယ်အစစ်က သူ့အတွက် အမြဲဖျော်ဖြေနိုင်မယ့် လိင်မိတ်ဖက် ရှိနေတာ သူ့အတွက်အရမ်းအဆင်ပြေပါတယ်။ ဒါပေမယ့် သူတကယ်ချစ်တဲ့ကောင်မလေးနဲ့တွေ့ပြီး လက်တွဲတဲ့အခါ ….

သူ့အလုပ်တွေက အခုအချိန်လို သူ့အတွက်သိပ်အရေးမပါတော့တာကို သင်တွေ့ပါလိမ့်မယ်။ ဒီလိုအချိန်ရောက်ရင်တော့ သင့်ကိုယ်သင် ” ဘာကြောင့်လဲ? ” လို့ ပြန်မေးရပါလိမ့်မယ်။

၈။ သင့်ကို သူ့ရဲ့သူငယ်ချင်းတွေ၊ မိဘတွေနဲ့ မိတ်ဆက်မပေးဘူး

သင်တို့နှစ်ယောက်ဟာ အရမ်းကိုကြင်နာပြီး ချစ်ကြပေမယ့် သူ့ရဲ့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ မြင်ရခဲလွန်းပါတယ်။ ဒါမှမဟုတ် သူတို့တွေကို သင်ကောင်းကောင်း မသိတာလည်း ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သင်တို့နှစ်ယောက်ရဲ့ အားလပ်ရက်တွေကို သီးခြားပဲကုန်ဆုံးရပါလိမ့်မယ်။

သင်ထင်တာက သူငါရှက်နေမှာကို မလိုလားတာပါ၊ သူကသူ့မိသားစုတွေ သူငယ်ချင်းတွေကို အရမ်းချစ်တာကြောင့် တကယ်လို့သူတို့အတွက် အချိန်ပေးတာကို ငါသိရင် ငါမကြိုက်မှာကို သူစိုးရိမ်နေတာ။တကယ့်အဓိပ္ပာယ်အမှန်က သင်ဟာသူ့မိသားစု၊ သူငယ်ချင်းတွေလောက်တောင် အရေးမပါပါဘူး။

ဒါကြောင့် သင့်ကို သူ့ရဲ့ချစ်သူမှန်း သူနဲ့ပတ်သတ်သူတွေ သိသွားမှာကို မလိုလားပါဘူး၊ သူ့ရဲ့သတို့သမီးလောင်း လို့ထင်သွားရင် ပိုတောင်ဆိုးပါသေးတယ်။ ဒါဟာဘာကြောင့်လည်းဆိုတော့ ဒီလိုမျိုးပုံစံနဲ့ သင့်ကိုမမြင်ချင်လို့ပါပဲ။

၉။ သူက သူငယ်ချင်းလိုပဲ ပြုမူတယ်

သင်တို့နှစ်ယောက်ဟာ အွန်လိုင်းမှာ အချိန်တိုင်းဆက်သွယ်နေကြတယ်။ သင်တို့နှစ်ယောက်ဟာ တစ်ယောက်တည်းဖြစ်နေသလိုကို သင်ထင်ချင်ထင်ပါလိမ့်မယ်။ သင့်မှာအရမ်းကောင်းတဲ့အချိန်တွေ အတူတကွရရှိခဲ့ကြတယ်။ ဒါပေမယ့် ဒါတွေဟာ ရိုမန်တစ်တော့ လုံးဝမဆန်ခဲ့ဘူး။

သင်ထင်တာက သူငါ့ကို အရမ်းချစ်တယ်၊ ဒါပေမယ့် သူရဲ့အရင် Relationship ကရခဲ့တဲ့ ဒဏ်ရာတွေမကျက်သေးတဲ့အတွက် နောက်ထပ်ဒီလိုဖြစ်မှာကို သူစိုးရိမ်နေတာ။ ငါဟာသူ့ရဲ့အကောင်းဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်နေလိမ့်မယ်။ နောက်တော့ သူငါ့ကိုအရမ်းချစ်တယိဆိုတာကို သူနားလည်လာပါလိမ့်မယ်။

တကယ့်အဓိပ္ပာယ်အမှန်က သင်ဟာ သူ့အတွက် သူငယ်ချင်းကောင်းပါ။ သင်နဲ့ခင်ရတာအရမ်းကိုကောင်းပါတယ်။ ဒါပေမယ့် သင်ဟာသူ့ချစ်သူမဟုတ်ပါဘူး။ သူငယ်ချင်းထက်ပိုပြီးတော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

၁၀။ သူဟာသင်နဲ့အတူတူ အနာဂတ်ကိုမဆွေးနွေးချင်သလို မည်သည့်အပြောင်းအလဲကိုမှ မလိုလားဘူးသင်တို့ရဲ့ အနာဂတ်အကြောင်းကို သင်ပြောဖို့ကြိုးစားတဲ့အခါ သူဟာအရမ်းကိုလှို့ဝှက်လာပြီး အရမ်းကိုဒေါသထွက် လာပါတယ်။

သင်ထင်တဲ့အဓိပ္ပာယ်က သူကငါ့ကို အံ့သြအောင်ရုတ်တရက် လက်ထပ်ခွင့်တောင်းမလို့ထင်တယ်။ ဒါပေမယ့် သူ့မှာငွေရေးကြေးရေး အခက်အခဲရှိပုံရတယ်။ ဒီလိုအခက်အခဲတွေကို ငါ့ပခုံးပေါ်ရောက်မှာ သူစိုးရိမ်နေတာ၊ ဒါတွေ သူဖြေရှင်းပြီးမှ ငါတို့လက်ထပ်ကြမယ်ထင်တယ်။

ဒါပေမယ့် တကယ်ကတော့ သင့်ကို သူ့ရဲ့အကောင်းဆုံးဇနီး၊ သူ့ကလေးတွေရဲ့အကောင်းဆုံအမေဖြစ်လာမယ်လို့ သူမယုံကြည်လို့ပါ။ သင့်ကိုသူအိမ်ထောင်ဖက်အဖြစ်မလိုချင်တာကြောင့် အနာဂတ်အကြောင်းပြောတဲ့အခါ ဟန်မဆောင်နိုင်တာပါ…..။

LM_Naung_Naung ။ Lifestyle_Myanmar